ပဉ္စမေ၊ ပဉ္စမသုတ်၌။
**မိဠှကာ**တိ၊ မိဠှကာဟူသည်ကား။
ဂူထပါဏကာ၊ ဘင်စုကို အလိုရှိသော ပိုးလောက်တို့သည်။
**ဂူထာဒီ**တိ၊ ဂူထာဒိဟူသည်ကား။
ဂူထဘက္ခာ၊ ဘင်စုကိုစားသော။
**ဂူထပူရာ**တိ၊ ဂူထပူရာဟူသည်ကား။
အန္တော၊ ဝမ်းတွင်း၌။
ဂူထေန၊ မစင်ဖြင့်။
ပူရိတာ၊ ပြည့်သော။
**ပုဏ္ဏာ ဂူထဿာ**တိဣဒံ၊ ပုဏ္ဏာဂူထဿဟူသောဤပုဒ်သည်။
ပုရိမဿေဝ၊ ဂူထပူရာဟူသောရှေ့ပုဒ်၏သာလျှင်။
အတ္ထဒီပနံ၊ အနက်ကိုပြကြောင်းဖြစ်သောပုဒ်တည်း။
**အတိမညေယျာ**တိ၊ အတိမညေယျဟူသည်ကား။
ပစ္ဆိမပါဒေ၊ နောက်ခြေတို့ကို။
ဘူမိယံ၊ မြေ၌။
ဌပေတွာ၊ ထား၍။
ပုရိမပါဒေ၊ ရှေ့ခြေတို့ကို။
ဂူထဿ၊ ဘင်စု၏။
ဥပရိ၊ အထက်၌။
အာရောပေတွာ၊ တင်၍။
ဌိတာ၊ တည်လျက်။
အဟမ္ပိ၊ ငါသည်လည်း။
ဂူထာဒီတိ၊ ဘင်ကိုစားသောက်သူသည်။
အမှိ၊ ဖြစ်၏။
ဣတိဘဏန္တီ၊ ဤသို့ကြုံးဝါးဆိုလျက်။
အတိမညေယျ၊ မထေမဲ့အောက်မေ့ရာ၏။
**ပိဏ္ဍပါတောစဿပူရော**တိ၊ ပိဏ္ဍပါတောစဿပူရောဟူသည်ကား။
ပတ္တပူရော၊ သပိတ်ပြည့်သော။
ပဏီတပိဏ္ဍပါတော၊ မွန်မြတ်သောဆွမ်းသည်။
ဘဝေယျ၊ ဖြစ်ရာ၏။
ပဉ္စမံ၊ ပဉ္စမသုတ်တည်း။