စတုတ္ထဝဂ္ဂဿ၊ စတုတ္ထဝဂ်၏။
ပဌမေ၊ ပဌမသုတ်၌။
အတ္ထော၊ အနက်ကို။
ဧဝံ၊ ဤဆိုအပ်လတ္တံ့သောနည်းဖြင့်။
ဝေဒိတဗ္ဗော၊ သိအပ်၏။
**ပထဝီဓာတူ**တိ၊ ပထဝီဓာတုဟူသည်ကား။
ပတိဋ္ဌာဓာတု၊ သဟဇာတ်တရားတို့၏တည်ရာဖြစ်၍ ဖြစ်သောဓာတ်တည်း။
**အာပေါဓာတူ**တိ၊ အာပေါဓာတုဟူသည်ကား။
အာဗန္ဓနဓာတု၊ သဟဇာတ်တရားတို့ကို ဖွဲ့တတ်သည်ဖြစ်၍ ဖြစ်သောဓာတ်တည်း။
**တေဇောဓာတူ**တိ၊ တေဇောဓာတုဟူသည်ကား။
ပရိပါစနီယဓာတု၊ သဟဇာတ်တရားတို့ကို ရင့်စေတတ်သည်ဖြစ်၍ ဖြစ်သောဓာတ်တည်း။
**ဝါယောဓာတူ**တိ၊ ဝါယောဓာတုဟူသည်ကား။
ဝိတ္ထမ္ဘနဓာတု၊ သဟဇာတ်တရားတို့ကို ထောက်ပံ့တတ်ခိုင်စေတတ်သည်ဖြစ်၍ ဖြစ်သောဓာတ်တည်း။
အယံ၊ ဤဆိုအပ်ပြီးသောစကားသည်။
ဧတ္ထ၊ ဤပါဠိအရာ၌။
သင်္ခေပေါ၊ အကျဉ်းတည်း။
ဝိတ္ထာရတောပန၊ အကျယ်အားဖြင့်ကား။
ဝီသတိကောဋ္ဌာသာဒိဝသေန၊ နှစ်ဆယ်သော ကောဋ္ဌာသအစရှိသည်တို့၏အစွမ်းဖြင့်။
ကထေတဗ္ဗာ၊ ဆိုသင့်၏။
ပဌမံ၊ ပဌမသုတ်တည်း။