ဒွါဒသမေ၊ ဒွါဒသမသုတ်၌။
**ကတညုတာ**တိ၊ ကတညုတာဟူသည်ကား။
ကတဇာနနံ၊ ပြုဘူးသောကျေးဇူးကိုသိခြင်းတည်း။
**ကတဝေဒိတာ**တိ၊ ကတဝေဒိတာဟူသည်ကား။
ကတဝိသေသဇာနနံ၊ ပြုအပ်ဖူးသောကျေးဇူးကို အထူးသဖြင့် သိခြင်းတည်း။
တတြ၊ ထိုစကား၌။
ဣဒံ၊ ဤဆိုအပ်လတ္တံ့သည်ကား။
ဇရသိင်္ဂါလဿ၊ မြေခွေး၏။
ကတညုတာယ၊ ပြုဘူးသောကျေးဇူးကိုသိသည်၏အဖြစ်၌။
ဝတ္ထု၊ သက်သေတည်း။
ကိရ၊ ထင်စွာပြဦးအံ့။
သတ္တ၊ ခုနှစ်ယောက်ကုန်သော။
ဘာတရော၊ ညီအစ်ကိုတို့သည်။
ခေတ္တံ၊ လက်ကို။
ကသန္တိ၊ ထွန်ကုန်၏။
တေသံ၊ ထိုညီအစ်ကိုတို့တွင်။
သဗ္ဗကနိဋ္ဌော၊ ခြောက်ယောက်လုံးတို့၏ ညီအငယ်သည်။
ခေတ္တပရိယန္တေ၊ လယ်အဆုံး၌။
ဌတွာ၊ တည်၍။
ဂါဝေါ၊ နွားတို့ကို။
ရက္ခတိ၊ စောင့်၏။
အထ၊ ထိုအခါ၌။
ဧကံဇရသိင်္ဂါလံ၊ မြေခွေးတကောင်ကို။
အဇဂရော၊ စပါးကြီးမြွေသည်။
ဂဏှိ၊ ဖမ်းယူ၏။
သော၊ ထိုသူငယ်သည်။
တံ၊ ထိုစပါးကြီးမြွေကို။
ဒိသွာ၊ မြင်၍။
ယဋ္ဌိယာ၊ လှံတံဖြင့်။
ပေါထေတွာ၊ ပုတ်ခတ်၍။
ဝိဿဇ္ဇာပေသိ၊ လွှတ်စေ၏။
အဇဂရော၊ စပါးကြီးမြွေသည်။
သိင်္ဂါလံ၊ မြေခွေးကို။
ဝိဿဇ္ဇိတွာ၊ လွှတ်၍။
တမေဝ၊ ထိုသူငယ်ကိုပင်လျှင်။
ဂဏှိ၊ ဖမ်းယူပြန်၏။
သိင်္ဂါလော၊ မြေခွေးသည်။
စိန္တေသိ၊ ကြံ၏။
မယှံ၊ ငါ၏။
ဣမိနာ၊ ဤသူငယ်သည်။
ဇီဝိတံ၊ အသက်ကို။
ဒိန္နံ၊ ချမ်းသာပေးပေပြီ။
အဟမ္ပိ၊ ငါသည်လည်း။
ဣမဿ၊ ဤသူငယ်အား။
ဒဿာမိ၊ အသက်ကိုပေးတုံ့ပေးအံ့။
ဣတိ၊ ဤသို့ကြံ၍။
ယာဂုဃဋဿ၊ ယာဂုအိုး၏။
ဥပရိ၊ အထက်၌။
ဌပိတံ၊ ထားအပ်သော။
ဝါသိံ၊ ပဲခွပ်ကို။
မုခေန၊ နှုတ်သီးဖြင့်။
ဍံသိတွာ၊ ကိုက်၍။
တဿ၊ ထိုသူငယ်၏။
သန္တိကံ၊ အနီးသို့။
အဂမာသိ၊ သွားလေ၏။
ဣတရေ၊ ညီငယ်မှတပါးကုန်သော။
ဘာတရာ၊ အစ်ကိုတို့သည်။
ဒိသွာ၊ မြင်ကုန်၍။
သိင်္ဂါလော၊ မြေခွေးသည်။
ဝါသိံ၊ ပဲခွပ်ကို။
ဟရတီတိ၊ ဆောင်၏ဟု။
အနုဗန္ဓိံသု၊ အစဉ်လိုက်ကုန်၏။
သော၊ ထိုမြေခွေးသည်။
တေဟိ၊ ထိုအစ်ကိုတို့သည်။
ဒိဋ္ဌဘာဝံ၊ မြင်သောအဖြစ်ကို။
ဉတွာ၊ သိ၍။
ဝါသိံ၊ ပဲခွပ်ကို။
တဿ၊ ထိုသူငယ်၏။
သန္တိကေ၊ အနီး၌။
ဆဍ္ဍေတွာ၊ စွန့်၍။
ပလာယိ၊ ပြေးလေ၏။
ဣတရေ၊ အစ်ကိုတို့သည်။
အာဂန္တွာ၊ လာကုန်၍။
ကနိဋ္ဌံ၊ ညီငယ်ကို။
အဇဂရေန၊ စပါးကြီးမြွေသည်။
ဂဟိတံ၊ ဖမ်းသည်ကို။
ဒိသွာ၊ မြင်၍။
ဝါသိယာ၊ ပဲခွပ်ဖြင့်။
အဇဂရံ၊ စပါးကြီးမြွေကို။
ဆိန္ဒိတွာ၊ ဖြတ်၍။
တံ၊ ထိုညီငယ်ကို။
ဂဟေတွာ၊ ယူ၍။
အာဂမံသု၊ လာကုန်၏။
ဧဝံ၊ ဤသို့။
ဇရသိင်္ဂါလောပိ၊ မြေခွေးစဉ်လျက်လည်း။
ယာကာစိ၊ အကြင်အမှတ်မရှိ တစိုးတစိအခါ၌။
ကတညုတာ၊ ပြုဘူးသည့်ကျေးဇူးကိုသိသောအဖြစ်သည်။
ကတဝေဒိတာ၊ ပြုအပ်ဘူးသည့်ကျေးဇူးကိုအထူးသိသည်၏အဖြစ်သည်။
သိယာ၊ ဖြစ်ရာသေးသည်သာလျှင်တည်း။
**သကျပုတ္တိယပဋိညာ**တိဣဒံပိ၊ သကျပုတ္တိယပဋိညာဟူသောဤစကားကိုလည်း။
ဒေဝဒတ္တဿ၊ ရှင်ဒေဝဒတ်၏။
အာစာရမေဝ၊ အကျင့်ကိုသာလျှင်။
သန္ဓာယ၊ ရည်၍။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
ဣတိ၊ ဤသို့သိအပ်၏။
ဒွါဒသမံ၊ ဒွါဒသမသုတ်တည်း။
ဩပမ္မသံယုတ္တံ၊ ဩပမ္မသံယုတ်သည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။