ဒုတိယေ၊ ဒုတိယသုတ်၌။
**ဗာဠိသိကော**တိ၊ ဗာဠိသိကောဟူသည်ကား။
ဗဠိသံ၊ သံမျှားချိတ်ကို။
ဂဟေတွာ၊ ယူ၍။
စရမာနော၊ သွားလာရှာဖွေသော။
မစ္ဆဃာတကော၊ တငါသည်သည်။
**အာမိသဂတန္တိ**၊ အာမိသဂတံဟူသည်ကား။
အာမိသမက္ခိတ္တံ၊ အာမိသဖြင့်လိမ်းကျံအပ်သော။
**အာမိသစက္ခူ**တိ၊ အာမိသစက္ခုဟူသည်ကား။
အဿ၊ ထိုငါးအား။
အာမိသေ၊ နှမ်းဖတ်ဖွဲနုစသည် အာမိသ၌။
စက္ခု ဒဿနံ၊ ရှုကြည့်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ထိုကြောင့်။
အာမိသစက္ခု၊ အာမိသစက္ခုမည်၏။
**ဂိလဗဠိသော**တိ၊ ဂိလဗဠိသောဟူသည်ကား။
ဂိလဗဠိသော၊ အာမိသ၌ရှုကြည့်လေ့ရှိသောငါးသည်မြိုအပ်သော ငါးမျှားချိတ်တည်း။
**အနယံ အာပန္နော**တိ၊ အနယံ အာပန္နောဟူသည်ကား။
ဒုက္ခံ၊ ဆင်းရဲခြင်းသို့။
ပတ္တော၊ ရောက်၏။
**ဗျသနံ အာပန္နော**တိ၊ ဗျသနံ အာပန္နောဟူသည်ကား။
ဝိနာသံ၊ ပျက်စီးခြင်းသို့။
ပတ္တော၊ ရောက်၏။
**ယထာကာမကရဏီယော**တိ၊ ယထာကာမကရဏီယောဟူသည်ကား။
ယထာကာမေန ယထာရုစိယာ၊ အကြင်အကြင်အလိုသည်။
ပဝတ္တာ၊ ဖြစ်၏။
တထာကာမေန တထာရုစိယာ၊ ထိုထိုအလိုဖြင့်။
နံ၊ ထိုငါးကို။
ဗာဠိသိကော၊ သံမျှားချိတ်အရှင်တငါယောကျ်ားသည်။
ယထေဝ၊ အကြင်အခြင်းအရာဖြင့်သာလျှင်။
ဣစ္ဆတိ၊ ပြုလို၏။
တထေဝ၊ ထိုအခြင်းအရာဖြင့်သာလျှင်။
အဿအနေန၊ ဤသံမျှားချိတ်အရှင်တငါယောကျ်ားသည်။
ကတ္တဗ္ဗော၊ ပြုပိုင်ချေ၏။
ဣတိအတ္ထော၊ ဤကားအနက်တည်း။
**ယထာကာမကရဏီယော ပါပိမတော**တိ၊ ယထာကာမကရဏီယော ပါပိမတောဟူသည်ကား။
ယထာ၊ အကြင်အခြင်းအရာဖြင့်။
ကိလေသမာရဿ၊ ကိလေသမာရ်၏။
ကာမော၊ အလိုသည်။
ဟောတိ၊ ဖြစ်၏။
ဧဝံတထာ၊ ထိုအခြင်းအရာဖြင့်။
ကတ္တဗ္ဗော၊ ပြုအပ်၏။
နိရယံဝါ၊ နရက်ငရဲသို့လည်းကောင်း။
တိရစ္ဆာနယောနိံ ဝါ၊ တိရစ္ဆာန်အမျိုးသို့လည်းကောင်း။
ပေတ္တိဝိသယံဝါ၊ ပြိတ္တာဘုံသို့လည်းကောင်း။
ပါပေတဗ္ဗော၊ ရောက်စေအပ်၏။
ဒုတိယံ၊ ဒုတိယသုတ်တည်း။