Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Nidānavagga-aṭṭhakathā
(SN) Nidānavagga-aṭṭhakathā

1. Tiṇakaṭṭhasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

အနမတဂ္ဂသံယုတ္တဿ၊ အနမတဂ္ဂသံယုတ်၏။ ပဌမေ၊ ပဌမသုတ်၌။ အတ္ထော၊ အနက်ကို။ ဧဝံ၊ ဤဆိုအပ်လတ္တံ့သောနည်းဖြင့်။ ဝေဒိတဗ္ဗော၊ သိအပ်၏။ **အနမတဂ္ဂေါ**တိ၊ အနမတဂ္ဂေါဟူသည်ကား။ အနု အမတဂ္ဂေါ၊ လျှောက်၍မသိအပ်သော အစွန်းရှိ၏။ ဝဿသတံ၊ အနှစ်တရာပတ်လုံး။ ဝဿသဟဿံ၊ အနှစ်တထောင်ပတ်လုံး။ ဉာဏေန၊ ဉာဏ်ဖြင့်။ အနုဂန္တွာပိ၊ လျှောက်၍လည်း။ အမတဂ္ဂေါ၊ မသိအပ်သောအစွန်းရှိ၏။ အဝိဒိတဂ္ဂေါ၊ မထင်သောအစွန်းရှိ၏။ ဣတော ဝါ၊ ဤကာလမှလည်းကောင်း။ ဧတ္တောဝါ၊ ထိုကာလမှလည်းကောင်း။ အဿ၊ ထိုသံသရာ၏။ အဂ္ဂံ၊ အစွန်းကို။ ဇာနိတုံ၊ သိခြင်းငှါ။ နသက္ကာ၊ မတတ်စကောင်း။ အပရိစ္ဆိန္နပုဗ္ဗာပရကောဋိကော၊ မပိုင်းခြားအပ်သော ရှေ့အစွန်းနောက်အစွန်းရှိ၏။ ဣတိအတ္ထော၊ ဤကားအနက်တည်း။
**သံသာရော**တိ၊ သံသာရောဟူသည်ကား။ ခန္ဓာဒီနံ၊ ခန္ဓာငါးပါးအစရှိသည်တို့၏။ အဝိစ္ဆိန္နပဝတ္တာ၊ မပြတ်ဖြစ်ခြင်းရှိသော။ ပဋိပါဋိ၊ အစဉ်တည်း။
**ပုဗ္ဗာ ကောဋိ န ပညာယတီ**တိ၊ ပုဗ္ဗာ ကောဋိ န ပညာယတိဟူသည်ကား။ ပုရိမမရိယာဒါ၊ ရှေ့ဖြစ်သောအပိုင်းအခြားသည်။ နဒိဿတိ၊ မထင်။
ယဒဂ္ဂေန စ၊ အကြင်အစွန်းဖြင့်လည်း။ အဿ၊ ထိုသံသရာ၏။ ပုရိမကောဋိ၊ ရှေ့၌ဖြစ်သောအပိုင်းအခြားသည်။ နပညာယတိ၊ မထင်။ တဒဂ္ဂေနေဝ၊ ထိုအစွန်းဖြင့်သာလျှင်။ ပစ္ဆိမာပိကောဋိ၊ နောက်၌ဖြစ်သောအပိုင်းအခြားသည်လည်း။ န ပညာယတိ၊ မထင်။ သတ္တာပန၊ သတ္တဝါတို့သည်ကား။ ဝေမဇ္ဈေယေဝ၊ သံသရာအလယ်၌သာလျှင်။ သံသရန္တိ၊ ထိုဘဝမှဤဘဝသို့ဤဘဝမှထိုဘဝသို့တပြောင်းပြန်ပြန်ပြေးသွားကျင်လည်ကုန်၏။ ဣတိ၊ ဤသို့မှတ်အပ်၏။
**ပရိယာဒါနံ ဂစ္ဆေယျာ**တိ၊ ပရိယာဒါနံ ဂစ္ဆေယျဟူသော။ ဣဒံ၊ ဤစကားကို။ ဥပမာယ၊ ဥပမာ၏။ ခုဒ္ဒကတ္တာ၊ နည်းငယ်သည်၏အဖြစ်ကြောင့်။ ဝုတ္တံ၊ မိန့်တော်မူအပ်၏။
ဟိ၊ ဆိုသင့်၏။ ဗာဟိရသမယသ္မိံ၊ သာသနာတော်မှအပဖြစ်သောတိတ္ထိဘောင်၌။ အတ္ထော၊ အနက်သည်။ ပရိတ္တော၊ နည်းသည်။ ဟောတိ၊ ဖြစ်၏။ ဥပမာ၊ ဥပမာကား။ မဟတိ၊ ကြီးကျယ်သည်။ ဟောတိ၊ ဖြစ်၏။
ဟိ၊ ဥပမာအသို့ကြီးကျယ်သနည်း။ အယံသူကရော၊ ဤဝက်သည်။ ဟတ္ထီဝိယ၊ ဆင်ကဲ့သို့တည်း။ ဂေါဏောဝိယ၊ နွားကဲ့သို့တည်း။ အယံတဠာကံ၊ ဤတဘက်ဆည်ကန်သည်။ သမုဒ္ဒေါဝိယ၊ သမုဒ္ဒရာကဲ့သို့တည်း။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။ တေသံ၊ ထိုဝက်တဘက်ဆည်ကန်တို့၏။ တာဒိသံ၊ ထိုသို့ဆင်နွားသမုဒ္ဒရာနှင့်တူသော။ ပမာဏံ၊ အပြင်အလျားပမာဏသည်။ နဟောတိ၊ မဖြစ်သည်သာတည်း။
ပန၊ ထိုမှတပါး။ ဗုဒ္ဓသမယေ၊ မြတ်စွာဘုရားသာသနာတော်၌။ ဥပမာ၊ ဥပမာသည်။ ပရိတ္တာ၊ နည်းသည်။ အတ္ထော၊ အနက်ကား။ မဟာ၊ ကြီးကျယ်သည်။ ဟောတိ၊ ဖြစ်၏။
ဟိသစ္စံ၊ မှန်၏။ ပါဠိယံ၊ ပါဠိ၌။ ဧကော ဇမ္ဗုဒီပေါ၊ ဇမ္ဗူဒိပ်တကျွန်းကို။ ဂဟိတော၊ ယူတော်မူအပ်၏။ ပန၊ ယင်းသို့ယူတော်မူအပ်သော်လည်း။ ဧဝရူပါနံ၊ ဤသို့သဘောရှိကုန်သော။ ဇမ္ဗုဒီပါနံ၊ ဇမ္ဗူဒိပ်ကျွန်းတို့၏။ သတေပိ၊ အရာ၌လည်းကောင်း။ သဟဿေပိ၊ အထောင်၌လည်းကောင်း။ သတသဟဿေပိ၊ အသိန်း၌လည်းကောင်း။ တိဏာဒီနိ၊ မြက်ထင်းအစရှိသည်တို့ကို။ တေန ဥပက္ကမေန၊ ထိုသို့ခုတ်ဖြတ်ရုံးစုလျက်လက်လေးသစ် လက်လေးသစ်အပိုင်းပြုပြီးမှချခြင်းဟူသော လုံ့လဖြင့်။ ပရိယာဒါနံ၊ ဆုံးခြင်းကုန်ခြင်းသို့။ ဂစ္ဆေယျုံ၊ ရောက်ကုန်ရာ၏။ ပုရိသဿ၊ ယောကျ်ား၏။ မာတု မာတရော၊ အမိအဆက်ဆက်သည်။ ပရိယာဒါနံ၊ ဆုံးခြင်းကုန်ခြင်းသို့။ နတွေဝဂစ္ဆေယျုံ၊ မရောက်နိုင်ကုန်သည်သာတည်း။ ဣတိအတ္ထော၊ ဤသို့သောအနက်ကို။ ဝေဒိတဗ္ဗော၊ သိအပ်၏။
**ဒုက္ခံ ပစ္စနုဘူတန္တိ**၊ ဒုက္ခံ ပစ္စနုဘူတံဟူသည်ကား။ တုမှေဟိ၊ သင်ချစ်သားတို့သည်။ ဒုက္ခံ၊ ဆင်းရဲကို။ အနုဘူတံ၊ ခံစားဖူးလှလေပြီ။
**တိဗ္ဗန္တိ**၊ တိဗ္ဗံဟူသောသဒ္ဒါသည်။ တဿေဝ၊ ထိုဒုက္ခသဒ္ဒါ၏သာလျှင်။ ဝေဝစနံ၊ ဝေဝုစ်စကားလှယ်သဒ္ဒါတည်း။
**ဗျသနန္တိ**၊ ဗျသနံဟူသည်ကား။ ဉာတိဗျသနာဒိ အနေကဝိဓံ၊ ဆွေမျိုးတို့၏ ပျက်စီးခြင်းအစရှိသည် များသောအပြားရှိသော ဗျသနကို။
**ကဋသီ**တိ၊ ကဋသိဟူသည်ကား။ သုသာနံ၊ သင်းချိုင်းတည်း။ ဝါ၊ တနည်းကား။ ပထဝီယေဝ၊ မြေကြီးပင်လျှင်တည်း။
ဟိ၊ ထိုစကားသင့်စွ။ သာ၊ ထိုမြေကြီးကို။ ပုနပ္ပုနံ၊ အဖန်ဖန်။ မရန္တေဟိ၊ သေရကုန်သောသူတို့သည်။ သရီရနိက္ခေပေန၊ ကိုယ်ကောင်ကိုပစ်ချခြင်းဖြင့်။ ဝဍ္ဎိတာ၊ ပွါးစေအပ်သည်။ ဟောတိ၊ ဖြစ်၏။
**အလမေဝါ**တိ၊ အလမေဝဟူသည်ကား။ ယုတ္တမေဝ၊ သင့်တော့သည်သာတည်း။
ပဌမံ၊ ပဌမသုတ်တည်း။