Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
(SN) Nidānavagga-aṭṭhakathā
(SN) Nidānavagga-aṭṭhakathā

6. Sagāthāsuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ဆဋ္ဌေ၊ ဆဋ္ဌသုတ်၌။ **ဂူထောဂူထေနသံသန္ဒတိ သမေတီ**တိ၊ ဂူထောဂူထေနသံသန္ဒတိ သမေတိဟူသည်ကား။ သမုဒ္ဒန္တရေ၊ သမုဒ္ဒရာတဘက်၌။ ဇနပဒန္တရေ၊ ဇနပုဒ်တဘက်၌။ စက္ကဝါဠန္တရေ၊ စကြာဝဠာတဘက်၌။ ဌိတောပိ၊ တည်သော်လည်း။ ဝဏ္ဏေနပိ၊ အဆင်းအားဖြင့်လည်း။ ဂန္ဓေနပိ၊ အနံ့အားဖြင့်လည်း။ ရသေနပိ၊ အရသာအားဖြင့်လည်း။ နာနတ္တံ၊ ထူးပြားသည်အဖြစ်သို့။ အနုပဂစ္ဆန္တော၊ မရောက်သည်ဖြစ်၍။ သံသန္ဒတိ၊ နှီးနှော၏။ သမေတိ၊ တူသောအဖြစ်သို့ရောက်၏။ ဧကသဒိသောဝ၊ ထပ်တူထပ်မျှသည်သာလျှင်။ နိရန္တရော၊ အထူးအခြား မရှိသည်။ ဟောတိ၊ ဖြစ်၏။
သေသေသုပိ၊ ကြွင်းသောမုတ္တခေဠ အစရှိသည်တို့၌လည်း။ ဧသေဝ၊ ဤဂူထ၌ဆိုပြီးသောအစီအရင်သည်သာလျှင်။ နယော၊ နည်းတည်း။
ပန၊ ဆက်ဦးအံ့။ အယံအနိဋ္ဌဥပမာ၊ ဂူထအစရှိသော ဤအနိဋ္ဌဥပမာကို။ ဟီနဇ္ဈာသယာနံ၊ ယုတ်သောအလို အဇ္ဈာသယရှိသောပုဂ္ဂိုလ်တို့အား။ ဟီနအဇ္ဈာသယဿ၊ ယုတ်သောအလို အဇ္ဈာသယ၏။ သရိက္ခဘာဝဒဿနတ္ထံ၊ တူသည်အဖြစ်ကိုပြခြင်းငှါ။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာဟဋာ၊ ထုတ်ဆောင်တော်မူ၏။ သင်္ခါရာနံ၊ နွားနို့ဆီအစရှိသောသင်္ခါရတို့၏။ ဣဋ္ဌောပမာ၊ ဣဋ္ဌဖြစ်သော ဥပမာကို။ ကလျာဏဇ္ဈာသယာနံ၊ ကောင်းသောအလိုအဇ္ဈာသယရှိသော ပုဂ္ဂိုလ်တို့အား။ အဇ္ဈာသယဿ၊ အလိုအဇ္ဈာသယ၏။ သရိက္ခဘာဝဒဿနတ္ထံ၊ တူသည်အဖြစ်ကိုပြခြင်းငှါ။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာဟဋာ၊ ထုတ်ဆောင်တော်မူ၏။
**သံသဂ္ဂါ**တိ၊ သံသဂ္ဂါဟူသည်ကား။ ဒဿနသဝနသံသဂ္ဂါဒိဝတ္ထုကေန၊ ဒဿနသံသဂ္ဂသဝနသံသဂ္ဂစသည် အကြောင်းရှိသော။ တဏှာသ္နေဟေန၊ တဏှာတည်းဟူသောအစေးကြောင့်။
**ဝနထော ဇာတော**တိ၊ ဝနထော ဇာတောဟူသည်ကား။ ကိလေသဝနံ၊ ကိလေသာဟူသောတောသည်။ ဇာတံ၊ ဖြစ်၏။
**အသံသဂ္ဂေန ဆိဇ္ဇတီ**တိ၊ အသံသဂ္ဂေန ဆိဇ္ဇတိဟူသည်ကား။ ဧကတော၊ အတူတကွ။ ဌာနနိသဇ္ဇာဒီနိ၊ ရပ်ခြင်းထိုင်ခြင်း အစရှိသောဣရိယာပုထ်တို့ကို။ အကရောန္တဿ၊ မပြုသည်ဖြစ်၍။ အသံသဂ္ဂေန၊ မနှီးနှောခြင်းကြောင့်။ အရဇ္ဇနေန၊ မတပ်ခြင်းကြောင့်။ ဆိဇ္ဇတိ၊ ပြတ်၏။
**သာဓုဇီဝီ**တိ၊ သာဓုဇီဝိဟူသည်ကား။ ပရိသုဒ္ဓဇီဝိတံ၊ စင်ကြယ်စွာသောအသက်မွေးခြင်းကို။ ဇီဝမာနော၊ အသက်မွေးလေ့ရှိသောသူသည်။
**သဟာဝသေ**တိ၊ သဟာဝသေဟူသည်ကား။ သဟဝါသံ၊ အတူတကွနေခြင်းကို။ ဝသေယျ၊ နေရာ၏။
ဆဋ္ဌံ၊ ဆဋ္ဌသုတ်တည်း။