ယာဝတာ၊ လောက်။
ဣန္ဒြိယပရောပရိယတ္တေ ဉာဏံ၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်ကို။
ဉာတံ၊ သိအပ်သည်။ ။[တူပြီ]။
အနာဝရဏဉာဏေ၊ ၌။
ပဉ္စဝီသတိဓမ္မာ၊ နှစ်ဆယ့်ငါးပါးသော ပါဠိဓမ္မတို့သည်၎င်း။
ပဉ္စဝီသတိအတ္ထာ၊ နှစ်ဆယ့်ငါးပါးသော အနက်အတ္ထတို့သည်၎င်း။
ပညာသနိရုတ္တိဓမ္မာ၊ ငါးဆယ်သော ပါဠိသဒ္ဒါဝေါဟာရတို့သည်၎င်း။
သတံဉာဏာနိ၊ တရားသောဉာဏ်တို့သည်၎င်း။
ဟောန္တိ၊ ကုန်၏။
ဆသု၊ ခြောက်ပါးကုန်သော။
ဗုဒ္ဓဓမ္မေသု၊ ဗုဒ္ဓဓမ္မတို့၌။
ဒိယဍ္ဎသတံဓမ္မာ၊ တရာ့ငါးဆယ်သောပါဠိဓမ္မတို့သည်၎င်း။
ဒိယဍ္ဎသတံအတ္ထာ၊ တရာ့ငါးဆယ်သော အနက်အတ္ထတို့သည်၎င်း။
တီဏိနိရုတ္တိသတာနိ၊ သုံးရာသော ပါဠိသဒ္ဒါဝေါဟာရတို့သည်၎င်း။
ဆဉာဏသတာနိ၊ ခြောက်ရာသောဉာဏ်တို့သည်၎င်း။
ဟောန္တိ၊ ကုန်၏။
ပဋိဘာန ပဋိသမ္ဘိဒါဓိကရဏေ၊ ပဋိဘာနပဋိသမ္ဘိဒါအရာ၌။
အဍ္ဎနဝမအတ္ထသတာာနိ၊ အခွဲလျှင်ကိုးရာမြောက်ရှိသော။
ဝါ၊ ရှစ်ရာ့ငါးဆယ်သော ပါဠိဓမ္မတို့သည်၎င်း။
အဍ္ဎနဝမအတ္ထသတာနိ၊ တို့သည်၎င်း။ ။(ဤ၌ အဍ္ဎနဝမ-ဟူသောပါဌ်မှာ ရှေးဟံသာဝတီရိုက် ပါဠိမူဟောင်းနှင့် နိဿယဟောင်း၌ ရှိရင်းပါဌ်ပေတည်း။
အဍ္ဎတေယျ-စသည်နှင့် ညီသောကြောင့်သင့်၏)။ ။
နိရုတ္တိသဟဿဉ္စ၊ တထောင်သော ပါဠိသဒ္ဒါဝေါဟာရတို့သည်၎င်း။
သတ္တ စ နိရုတ္တိသတာနိ၊ ခုနစ်ရာသော ပါဠိသဒ္ဒါဝေါဟာရတို့သည်၎င်း။
တီဏိ ဉာဏသဟဿာနိ၊ သုံးထောင်သော ဉာဏ်တို့သည်၎င်း။
စတ္တာရိဉာဏသတာနိစ၊ လေးရာသော ဉာဏ်တို့သည်၎င်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ပဋိသမ္ဘိ ကထာ၊ ပဋိသမ္ဘိဒါကို ပြဆိုသောစကားသည်။
နိဋ္ဌိတာ၊ ပြီးပြီ။