Issues
Select Version
နိဿယ
မြန်မာဘာသာ
Paṭisambhidāmaggapāḷi
Paṭisambhidāmaggapāḷi

16. Gocaranānattañāṇaniddeso

Author: နိဿယ @ IAPT

ဗဟိဒ္ဓါ ဝဝတ္ထာ‌နေ၊ ဗဟိဒ္ဓမည်သော ရူပါယတနစသည်တို့ကို ပိုင်းခြား မှတ်သားရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဂေါစရနာနတ္တေ ဉာဏံ၊ ဂေါစရနာနတ္တဉာဏ်မည်သည်။ ကထံ ဟောတိ၊ အဘယ်သို့ ဖြစ်သနည်းဟူမူကား။
ဗဟိဒ္ဓါ၊ ဗဟိဒ္ဓတရားမည်ကုန်သော။ ဝါ၊ အပြင်ပ တရားမည်ကုန်သော။ ဓမ္မေ၊ တရားတို့ကို။ ကထံ၊ အသို့လျှင်။ ဝဝတ္တေတိ၊ ပိုင်းခြားမှတ်သားသနည်း။ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓတရား မည်ကုန်သော။ ဝါ၊ အပြင်ပတရား မည်ကုန်သော။ ရူပေ၊ ရူပါရုံတို့ကို။ ဝဝတ္တေတိ၊ ပိုင်းခြားမှတ်သား၏။ သဒ္ဒေ၊ သဒ္ဒါရုံတို့ကို။ပ။ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓတရား မည်ကုန်သော။ ဓမ္မေ၊ ဓမ္မာရုံတို့ကို။ ဝဝတ္တေတိ၊ ပိုင်းခြားမှတ်သား၏။
ရူပါ၊ ရူပါရုံတို့သည်။ အဝိဇ္ဇာသမ္ဘူတာ၊ အဝိဇ္ဇာကြောင့်ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ ဝဝတ္တေတိ၊ ပိုင်းခြားမှတ်သား၏။ပ။ ပဋိနိဿဇ္ဇန္တော၊ စွန့်လွှတ်သည်သည်ရှိသော်။ အာဒါနံ၊ လက်ခံခြင်း,ယူခြင်းကို။ ပဇဟတိ၊ ပယ်၏။ ဧဝံ၊ ဤသို့။ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓတရားမည်ကုန်သော။ ရူပေ၊ ရူပါရုံတို့ကို။ ဝဝတ္တေတိ၊ ပိုင်းခြားမှတ်သား၏။ ။[သဒ္ဒေ ဗဟိဒ္ဓါ ဝဝတ္တေတိ အစရှိသော ပုစ္ဆာ ဝိဿဇ္ဇနာဝါရတို့၌ကား အနက်တူပြီ။]
ဗဟိဒ္ဓါ၊ ဗဟိဒ္ဓတရားမည်ကုန်သော။ ရူပေ၊ ရူပါရုံတို့ကို။ ကထံ၊ အသို့လျှင်။ ဝဝတ္တေတိ၊ ပိုင်းခြားမှတ်သားသနည်း။
ရူပါ၊ ရူပါရုံတို့သည်။ အဝိဇ္ဇာသမ္ဘူတာ၊ အဝိဇ္ဇာကြောင့်ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ ဝဝတ္တေတိ၊ ပိုင်းခြားမှတ်သား၏။ပ။ ရူပါ၊ ရူပါရုံတို့သည်။ တဏှာသမ္ဘူတာတိ၊ တဏှာကြောင့် ဖြစ်၏။ ဝဝတ္ထေတိ၊ ပိုင်းခြားမှတ်သား၏။ ရူပါ၊ ရူပါရုံတို့သည်။ ကမ္မသမ္ဘူတာတိ၊ ကံကြောင့် ဖြစ်၏။ ဝဝတ္ထေတိ၊ ပိုင်းခြားမှတ်သား၏။ ရူပါ၊ ရူပါရုံတို့သည်။ အာဟာရသမ္ဘူတာတိ၊ အာဟာရကြောင့်ဖြစ်၏။ ဝဝတ္ထေတိ၊ ပိုင်းခြားမှတ်သား၏။ ရူပါ၊ ရူပါရုံတို့သည်။ စတုန္နံ မဟာဘူတာနံ၊ လေးပါးသော မဟာဘုတ်တို့ကို။ ဥပါဒါယာတိ၊ စွဲ၍။ ဝဝတ္ထေတိ၊ ပိုင်းခြားမှတ်သား၏။ ပဝတ္တံ၊ ဖြစ်၏။ စက္ခု၊ စက္ခုသည်။ ရူပါ၊ ရူပါရုံတို့သည်။ ဥပ္ပန္နာတိ၊ ဖြစ်ပေါ်သော သဘောတည်း။ ဝဝတ္ထေတိ၊ ပိုင်းခြားမှတ်သား၏။ ရူပါ၊ ရူပါရုံတို့သည်။ သမုဒါဂတာတိ၊ အကြောင်းကြောင့် ပေါ်လာသော သဘောတည်း။ ဝဝတ္ထေတိ၊ ပိုင်းခြားမှတ်သား၏။
ရူပါ၊ ရူပါရုံတို့သည်။ အဟုတွာ၊ မူလက မရှိမူ၍။ သမ္ဘူတံ၊ ယခုမှ ဖြစ်ပေါ်လာသည်။ ဟုတွာ၊ ဖြစ်ပြီး၍ (လည်း။) နဘဝိဿတိ၊ မရှိပဲ ဖြစ်သွားလတ္တံ့။ ဝဝတ္ထေတိ၊ ပိုင်းခြားမှတ်သား၏။
ရူပါ၊ ရူပါရုံတို့သည်။ အန္တဝန္တတော၊ အဆုံးအပိုင်းအခြား ရှိသော အားဖြင့်။ ဝဝတ္ထေတိ၊ ပိုင်းခြားမှတ်သား၏။ ရူပါ၊ ရူပါရုံတို့သည်။ အဒ္ဓါဝါ၊ မခိုင်မြဲ။ အသဿတံ၊ မတည်မြဲ။ ဝိပရိဏာမဓမ္မာတိ၊ ဖောက်ပြန် ပျက်စီးခြင်းသဘော ရှိ၏။ ဝဝတ္ထေတိ၊ ပိုင်းခြားမှတ်သား၏။
ရူပါ၊ ရူပါရုံတို့သည်။ ပနိစ္စာ၊ မမြဲ။ သင်္ခတော၊ စုပေါာင်း၍ ပြုအပ်သော သဘောတည်း။ ပဋိစ္စသမုပ္ပန္နာ၊ အကြောင်းကိုစွဲ၍ ဖြစ်၏။ ခယဓမ္မာ၊ ကုန်ခြင်းသဘောရှိ၏။ ဝယဓမ္မာ၊ ပျက်ခြင်းသဘော ရှိ၏။ ဝိရာဂဓမ္မာ၊ ကင်းခြင်းသဘောရှိ၏။ နိရောဓမ္မာတိ၊ ချုပ်ခြင်းသဘောရှိ၏။ ဝဝတ္တေတိ၊ ပိုင်းခြားမှတ်သား၏။
ဧဝံ၊ ဤသို့။ ဗဟိဒ္ဓါ၊ ဗဟိဒ္ဓတရား မည်ကုန်သော။ ဓမ္မေ၊ ဓမ္မာရုံတို့ကို။ ဝဝတ္တေတိ၊ ပိုင်းခြားမှတ်သား၏။
တံ၊ ထိုဂေါစရနာနတ္တဉာဏ်သည်။ ဉာတဋ္ဌေန၊ သိတတ်သော အနက်သဘောကြောင့်။ ဉာဏံ၊ ဉာဏ်မည်၏။ ပဇာနနဋ္ဌေန၊ အပြားအားဖြင့် သိတတ်သောအနက်သဘောကြောင့်။ ပညာ၊ ပညာမည်၏။
တေန၊ ထို့ကြောင့်။ ဝုစ္စတိ၊ ဆိုအပ်ပေသတည်း။
ဗဟိဒ္ဓါ ဝဝတ္ထောနေ ပညာ ဂေါစရ နာနတ္တေ ဉာဏန္တိ၊ ဉာဏံ-ဟူ၍။
သောဠသမော၊ တဆယ့်ခြောက်ခုမြောက်ဖြစ်သော။ ဂေါစရနာနတ္တဉာဏနိဒ္ဒေသော၊ ဂေါစရနာနတ္တဉာဏ်ကို အကျယ်ပြရာ အပိုင်းသည်။ နိဋ္ဌိတော၊ ပြီးပြီ။