Issues
Select Version
Xuanjian-Beginner
中文
莊春江讀經站
繁体中文
နိဿယ
မြန်မာဘာသာ
Paṭisambhidāmaggapāḷi
Paṭisambhidāmaggapāḷi

7. Bhaṅgānupassanāñāṇaniddeso

Author: နိဿယ @ IAPT

အာရမ္မဏံ၊ ရုပ်အစရှိသောအာရုံကို။ ပဋိသင်္ခါ၊ ရှုဆင်ခြင်ပြီး၍။ ဝါ၊ ကုန်သည်ပျက်သည်ဟု သိမြင်ပြီး၍။ ဘင်္ဂါနုပဿနေ၊ ရှုမြင်သော ထိုစိတ်၏အပျက်ကို တဖန်ရှုရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဝိပဿနေဉာဏံ၊ ဝိပဿနာဉာဏ် မည်သည်။ ကထံ ဟောတိ၊ အဘယ်သို့ ဖြစ်သနည်း ဟူမူကား။
ရူပါရမ္မဏတာ၊ ရုပ်လျင်အာရုံရှိသော။ (ရုပ်လျှင်အာရုံရှိသည်အဖြစ်၌-လည်းဟူ) စိတ္တံ၊ စိတ်သည်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပြီး၍။ ဘိဇ္ဇတိ၊ ပျက်၏။
တံ အာရမ္မဏံ၊ ထိုရုပ်အာရုံကို။ ပဋိသင်္ခါ၊ ကုန်သည်ပျက်သည်ဟု သိမြင်ပြီး၍။ တဿ စိတ္တဿ၊ ထိုသိမြင်သောစိတ်၏။ ဘင်္ဂံ၊ အပျက်ကို။ အနုပဿတိ၊ တဖန်ရှု၏။ ဝါ၊ အဖန်တလဲလဲရှု၏။
အနုပဿတီတိဧတ္ထ၊ အနုပဿတိဟူသော ဤပုဒ်၌။ ကထံ၊ အဘယ်သို့လျှင်။ အနုပဿတိ၊ တဖန်ရှုပါသနည်း။
အနိစ္စတော၊ မမြဲဟု။ အနုပဿတိ၊ ရှု၏။ နိစ္စတော၊ မြဲသည်ဟု။ နော အနုပဿတိ၊ မရှု။
ဒုက္ခတော၊ ဆင်းရဲဟု။ အနုပဿတိ၊ ရှု၏။ သုခတော၊ ချမ်းသာဟု။ နော အနုပဿတိ၊ မရှု။
အနတ္တတော၊ အတ္တမဟုတ်ဟု။ အနုပဿတိ၊ ရှု၏။ အတ္တတော၊ အတ္တဟု။ နော အနုပဿတိ၊ မရှု။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ နော နန္ဒတိ၊ မနှစ်သက်,မပျော်မွေ့။ ဝိရဇ္ဇတိ၊ တပ်မက်ခြင်းကင်း၏။ နော ရဇ္ဇတိ၊ မတပ်မက်။
နိရောဓေတိ၊ ချုပ်စေ၏။ နော သမုဒေတိ၊ မဖြစ်စေ။
ပဋိနိဿဇ္ဇတိ၊ စွန့်လွှတ်၏။ နောအာဒိယတိ၊ လက်မခံ,မယူ။
အနိစ္စတော၊ မမြဲဟု။ အနုပဿန္တော၊ ရှုသည်ရှိသော။ နိစ္စသညံ၊ မြဲသည်ဟုထင်မှတ်မှုနိစ္စသညာကို။ ပဇဟတိ၊ ပယ်၏။
ဒုက္ခတော၊ ဆင်းရဲဟု။ အနုပဿန္တော၊ ရှုသည်ရှိသော်။ သုခသညံ၊ ချမ်းသာဟုထင်မှတ်မှု သုခသညာကို။ ပဇဟတိ၊ ပယ်၏။
အနတ္တတော၊ အတ္တမဟုတ်ဟု။ အနုပဿန္တော၊ ရှုသည်ရှိသော်။ အတ္တသညံ၊ အတ္တဟု ထင်မှတ်မှု အတ္တသညာကို။ ပဇဟတိ၊ ပယ်၏။
နိဗ္ဗိန္ဒန္တော၊ ငြီးငွေ့သည်ရှိသော်။ နန္ဒိံ၊ နှစ်သက်ပျော်မွေ့ခြင်းကို။ ပဇဟတိ၊ ပယ်၏။
ဝိရဇ္ဇန္တော၊ တပ်မက်ခြင်းကင်းသည်ရှိသော်။ ရာဂံ၊ တပ်မက်ခြင်းကို။ ပဇဟတိ၊ ပယ်၏။
နိရောဓေန္တော၊ ချုပ်စေသည်ရှိသော်။ သမုဒယံ၊ ဖြစ်ခြင်းကို။ ပဇဟတိ၊ ပယ်၏။
ပဋိနိဿဇ္ဇန္တော၊ စွန့်လွှတ်သည်ရှိသော်။ အာဒါနံ၊ လက်ခံခြင်း,ယူခြင်းကို။ ပဇဟတိ၊ ပယ်၏။
ဝေဒနာရမ္မဏတာ၊ ဝေဒနာလျှင် အာရုံရှိသော။ စိတ္တံ၊ စိတ်သည်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပြီး၍။ ဘိဇ္ဇတိ၊ ပျက်၏။ပ။ ဇရာမရဏာရမ္မဏတာ၊ ဇရာမရဏလျင် အာရုံရှိသော။ စိတ္တံ၊ စိတ်သည်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပြီး၍။ ဘိဇ္ဇတိ၊ ပျက်၏။
တံအာရမ္မဏံ၊ ထိုဇရာမရဏအာရုံကို။ ပဋိသင်္ခါ၊ ကုန်သည်ပျက်သည်ဟုသိမြင်ပြီး၍။ တဿ စိတ္တဿ၊ သိမြင်သော ထိုစိတ်၏။ ဘင်္ဂံ၊ အပျက်ကို။ အနုပဿတိ၊ တဖန်ရှု၏။ ။[အနုပဥတီတိ စသည်၌ အနက်တူပြီ။]
ဝတ္ထုသင်္ကမနာစေဝ၊ အာရုံ၏အပျက်ဟူသော ရှေးဝတ္ထုမှ ဝိပဿနာစိတ်၏ အပျက်ဟူသော အခြားဝတ္ထုသို့ ပြောင်းရွေ့ခြင်း၎င်း။ ပညာယ၊ အဖြစ်အပျက် နှစ်ပါးစုံကိုရှုနေသော ပညာ၏။ ဝိဝဋ္ဋနာ စ၊ အဖြစ်မှ ဆုတ်နစ်ခြင်း၎င်း။ ဝါ၊ အဖြစ်ကိုပယ်၍ အပျက်၌တည်ခြင်း၎င်း။
အာဝဇ္ဇနာဗလဉ္စေဝ၊ (အာရုံ၏အပျက်ကိုရှုပြီးသည်၏ အခြားမဲ့၌ပင်လျှင်ထိုရှုသောစိတ်၏ အပျက်ကို ရှုခြင်းငှါ) နှလုံးသွင်းဆင်ခြင်နိုင်သော အာဝဇ္ဇန်း အားစွမ်း၎င်း။ ဧသာ၊ ဤအင်္ဂါသုံးပါး နှင့်ပြည့်စုံသော ဝိပဿနာသည်။ ပဋိသင်္ခါဝိပဿနာ၊ ပဋိသင်္ခါ ဝိပဿနာမည်၏။ ဝါ၊ အာရုံ၏ အပျက်ကိုရှုပြီး၍ ဝိပဿနာစိတ်၏ အပျက်ကိုတဖန်ရှုသော ဉာဏ်မည်၏။
အာရမ္မဏအနွယေန၊ မျက်မှောက်မြင်အပ်ပြီးသောအာရုံသို့ အစဉ်လိုက်သော အနုမာနဉာဏ်ဖြင့်။ ဥဘော၊ (မျက်မှောက်မြင်အပ်သော ပစ္စုပ္ပန်သင်္ခါရနှင့် မျက်မှောက် မမြင်အပ်သော အတိတ်အနာဂတ်သင်္ခါရဟူသော) နှစ်မျိုးလုံးသောအာရုံတို့ကို။ ဧကဝဝတ္ထနာ၊ (တခဏခြင်းပျက်တတ်သော သဘောအားဖြင့်)တူညီကြသည်ဟု ပိုင်းခြင်း မှတ်သားနိုင်ခြင်း၎င်း။
နိရောဓေ၊ ပျက်ခြင်း ဘင်ဟု ဆိုအပ်သော ချုပ်ခြင်း၌။ အဓိမုတ္တတာ၊ စိတ်ဝင်စားသည်၏အဖြစ်,ညွတ်ကိုင်းသည်၏အဖြစ်၎င်း။ ဧသာ၊ ဤအင်္ဂါနှစ်ပါးနှင့် ပြည့်စုံသောဝိပဿနာသည်။ ဝယလက္ခဏဝိပဿနာ၊ ဝယလက္ခဏဝိပဿနာမည်၏။ ဝါ၊ အပျက်လက္ခဏာကိုရှုသော ဉာဏ်မည်၏။
အာရမ္မဏဉ္စ၊ ရုပ်ဝေဒနာစသော တပါးပါးသောအာရုံကိုလည်း။ ပဋိသင်္ခါ၊ ကုန်သည်ပျက်သည်ဟုသိမြင်ပြီး၍။ ဘင်္ဂဉ္စ၊ ထိုသိမြင်သောစိတ်၏ အပျက်ကိုလည်း။ အနုပဿတိ၊ တဖန်ရှု၏။
သုညတောစ၊ ပျက်တတ်သော ပုဂ္ဂိုလ်မှ ဆိတ်သောအားဖြင့်လည်း။ ဥပဋ္ဌာနံ၊ ထင်သည်။ ဟောတိ၊ ဖြစ်၏။ အယံ၊ ဤသုံးပါးသော ဝိပဿနာသည်။ အဓိပညာဝိပဿနာ၊ အဓိပညာ ဝိပဿနာမည်၏။ ဝါ၊ လွန်ကဲသော ဝိပဿနာ ဉာဏ်မည်၏။
တီသု၊ (အနိစ္စာနုပဿနာ စသည်အားဖြင့်) သုံးပါးကုန်သော။ အနုပဿနာသု၊ အနုပဿနာတို့၌။ ကုသလော၊ လိမ္မာသောယောဂီပုဂ္ဂိုလ်သည်။ စတဿော___စတူသု၊ (နိဗ္ဗိဒါနုပဿနာစသည်အားဖြင့်) လေးပါးကုန်သော။ ဝိပဿနာသုစ၊ ဝိပဿနာတို့၌၎င်း။
တယောဥပဋ္ဌာနေ စ၊ (ခယ ဝယ သုညအားဖြင့် ထင်ခြင်းဟူသော)သုံးပါးသောထင်ခြင်း၌၎င်း။ ကုသလတာ___ကုသလတာယ၊ လိမ္မာသည်၏ အဖြစ်ကြောင့်။ နာနာိဋ္ဌီသု၊ အထူးထူးသော အယူဝါဒတို့၌။ ဝါ၊ အယူဝါဒတို့ ကြောင့်။ န ကမ္ပတိ၊ မတုန် မလှုပ်။
တံ၊ ထိုဝိပဿနာဉာဏ်သည်။ ဉာတဋ္ဌေန၊ သိတတ်သောအနက်သဘောကြောင့်။ ဉာဏံ၊ ဉာဏ်မည်၏။ ပဇာနနဋ္ဌေန၊ အပြားအားဖြင့်သိတတ်သောအနက်သဘောကြောင့်။ ပညာ၊ ပညာမည်၏။
တေန၊ ထို့ကြောင့်။ ဝုစ္စတိ၊ ဆိုအပ်ပေသတည်း။
အာရမ္မဏံ ပဋိသင်္ခါဘင်္ဂါနုပဿနေ ပညာ ဝိပဿနေ ဉာဏန္တိ၊ ဉာဏံ-ဟူ၍။
သတ္တမော၊ ခုနစ်ခုမြောက်ဖြစ်သော။ ဘင်္ဂါနုပဿနာ ဉာဏနိဒ္ဒေသော၊ ဘင်္ဂါ နုပဿနာ ဉာဏ်ကို အကျယ်ပြရာ အပိုင်းသည်။ နိဋ္ဌိတော၊ ပြီးပြီ။