Issues
Select Version
Paṭisambhidāmaggapāḷi
Paṭisambhidāmaggapāḷi

2. Diṭṭhikathā

Author: နိဿယ @ IAPT

ဒိဋ္ဌိ၊ ဒိဋ္ဌိဟူသည်။ ကာ၊ အဘယ်နည်း။ ဒိဋ္ဌိဋ္ဌာနာနိ၊ ဒိဋ္ဌိ၏ အကြောင်းတို့သည်။ ကတိ၊ အဘယ်မျှတို့နည်း။ ဒိဋ္ဌိပရိယုဋ္ဌာနာနိ၊ ဒိဋ္ဌိ၏ ဖြစ်ပေါ်ခြင်းတို့သည်။ ကတိ၊ အဘယ်မျှတို့နည်း။ ဒိဋ္ဌိယော၊ ဒိဋ္ဌိတို့သည်။ ကတိ၊ အဘယ်မျှတို့နည်း။ ဒိဋ္ဌာဘိနိဝေသာ၊ ဒိဋ္ဌိ၏ နှလုံးသွင်းခြင်းတို့သည်။ ကတိ၊ အဘယ်မျှတို့နည်း။ ဒိဋ္ဌိဋ္ဌာနသမုဂ္ဃါတော၊ ဒိဋ္ဌိ၏ အကြောင်းကို အကြွင်းမဲ့ပယ်နုတ်ခြင်းသည်။ ကတမော၊ အဘယ်နည်း။

ဒိဋ္ဌိ၊ ဒိဋ္ဌိဟူသည်။ ကာ၊ အဘယ်နည်း။ ဣတိပဉှေ၊ ဤအမေး၌။ ။တနည်းကား။ ကာဒိဋ္ဌီတိ၊ ကာ ဒိဋ္ဌိ ဟူသောဤအမေး၌။ ဝါ၊ ဒိဋ္ဌိဟူသည် အဘယ်နည်းဟူသော အမေး၌။ အဘိနိဝေသပရာမသော၊ နိစ္စ စသည်ဖြင့် နှလုံးသွင်းလျက် မှားသောအားဖြင့် သုံးသပ်ခြင်းသည်။ ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။

ကတိ ဒိဋ္ဌိဋ္ဌာနာနီတိ၊ ဒိဋ္ဌိ၏ အကြောင်းတို့သည် အဘယ်မျှတို့နည်း ဟူသော အမေး၌။ ဒိဋ္ဌိဋ္ဌာနာနိ၊ ဒိဋ္ဌိ၏ အကြောင်းတို့သည်။ အဋ္ဌ၊ ရှစ်ပါးတို့တည်း။

ကတိ ဒိဋ္ဌိပရိယုဋ္ဌာနာနီတိ၊ ဒိဋ္ဌိ၏ ဖြစ်ပေါ်ခြင်းတို့သည် အဘယ်မျတို့နည်း ဟူသော အမေး၌။ ဒိဋ္ဌိပရိယုဋ္ဌာနာနိ၊ ဒိဋ္ဌိ၏ ဖြစ်ပေါ်ခြင်းတို့သည်။ အဋ္ဌာရသ၊ တဆယ့်ရှစ်ပါးတို့တည်း။

ကတိ ဒိဋ္ဌိယောတိ၊ ဒိဋ္ဌိတို့သည် အဘယ်မျှတို့နည်း ဟူသော အမေး၌။ ဒိဋ္ဌိယော၊ ဒိဋ္ဌိတို့သည်။ သောဋ္ဌသ၊ တဆယ့်ခြောက်ပါးတို့တည်း။

ကတိ ဒိဋ္ဌာဘိနိဝေသာတိ၊ ဒိဋ္ဌိ၏ နှလုံးသွင်းခြင်းတို့သည် အဘယ်မျှတို့နည်းဟူသော အမေး၌။ ဒိဋ္ဌာဘိနိဝေသာ၊ ဒိဋ္ဌိ၏ နှလုံးသွင်းခြင်းတို့သည်။ တီဏိသတံ၊ သုံးရာတို့တည်း။

ကတမော ဒိဋ္ဌိဋ္ဌာန သမုဂ္ဃါတောတိ၊ ဒိဋ္ဌိ၏ အကြောင်းကို အကြွင်းမဲ့ ပယ်နုတ်ခြင်းသည် အဘယ်နည်းဟူသော အမေး၌။ ဒိဋ္ဌိဋ္ဌာနသမုဂ္ဃါတော၊ သောတာပတ္တိမဂ်ပေတည်း။

အဘိနိဝေသ ပရာမာသော၊ နိစ္စ စသည်ဖြင့် နှလုံးသွင်းလျက် မှားသောအားဖြင့်သုံးသပ်ခြင်းဟု ဆိုအပ်သော။ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။ ကထံ ဟောတိ၊ အဘယ်သို့ ဖြစ်သနည်းဟူမူကား။
ဝေဒနံ၊ ဝေဒနာကို။ ဧတံ၊ ဤဝေဒနာသည်။ မမ၊ ငါ၏ ဥစ္စာတည်း။ပ။ ဧသော၊ ဤဓမ္မဝိစာရသည်။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏။ ဧသော၊ ဤဓမ္မာဝိစာရသည်။ မေ၊ ၏။ အတ္တာ၊ အထည်ကိုယ်တည်း။ ဣတိ၊ ဤသို့။ အဘိနိဝေသပရာမာသော၊ နှလုံးသွင်းလျက် မှားသောအားဖြင့် သုံးသပ်ခြင်းသည်။ ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။
ဣတိ၊ ဤသို့။ အဘိနိဝေသပရာမာသော၊ နှလုံးသွင်းလျက် မှားသောအားဖြင့် သုံးသပ်ခြင်းသည်။ ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။ စက္ခု၊ မျက်စိကို။ ဧတံ၊ ဤမျက်စိသည်။ မမ၊ ငါ၏ ဥစ္စာတည်း။ပ။ မနံ၊ စိတ်ကို။ "ဧတံ၊ ဤစိတ်သည်။ မမ၊ ငါ၏ ဥစ္စာတည်း။ ဧသော၊ ဤစိတ်သည်။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏။ ဧသော၊ ဤစိတ်သည်။ မေ၊ ငါ၏။ အတ္တာ၊ အတ္တ-အထည်ကိုယ်တည်း"။ ဣတိ၊ ဤသို့။ အဘိနိဝေသ ပရာမာသော၊ နှလုံးသွင်းလျက် မှားသောအားဖြင့် သုံးသပ်ခြင်းသည်။
ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။ ရူပေ၊ အဆင်းရူပါရုံတို့ကို။ ဧတံ၊ ဤရူပါရုံသည်။ မမ၊ ငါ၏ ဥစ္စာတည်း။ပ။ ဓမ္မေ၊ သဘောတရားဓမ္မာရုံတို့ကို။ ဧတံ၊ ဤဓမ္မာရုံသည်။ မမ၊ ငါ၏ ဥစ္စာတည်း။ ဧသော၊ ဤဓမ္မာရုံသည်။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏။ ဧသော၊ ဤဓမ္မာရုံသည်။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏။ ဧသော၊ ဤဓမ္မာရုံသည်။ မေ၊ ၏။ အတ္တာ၊ အတ္တ-အထည်ကိုယ်တည်း။
စက္ခုဝိညာဏံ၊ စက်ခုဝိညာဉ်ကို။ ဧတံ၊ ဤစက္ခုဝိညာဉ်သည်။ မမ၊ ငါ၏ ဥစ္စာတည်း။ပ။ မနောဝိညာဏံ၊ မနောဝိညာဉ်ကို။ ဧတံ၊ ဤမနောဝိညာည်သည်။ မမ၊ ငါ၏ ဥစ္စာတည်း။ ဧသော၊ ဤမနောဝိညာဉ်ကို။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏။ ဧသော၊ ဤမနောဝိညာဉ်သည်။ မေ၊ ငါ၏။ အတ္တာ၊ အတ္တ-အထည်ကိုယ်တည်း။ ဣတိ၊ ဤသို့။ အဘိနိဝေသ ပရာမာသော၊ နှလုံးသွင်းလျက် မှားသောအားဖြင့် သုံးသပ်သည်။
စက္ခုဝိညာဏံ၊ စက္ခုဝိညာဉ်ကို။ ဧတံ၊ ဤစက္ခုဝိညာဉ်သည်။ မမ၊ ငါ၏ ဥစ္စာတည်း။ပ။ မနောဝိညာဏံ၊ မနောဝိညာဉ်ကို။ ဧတံ၊ ဤမနောဝိညာဉ်သည်။ မမ၊ ငါ၏ ဥစ္စာတည်း။ ဧသော၊ ဤမနောဝိညာဉ်သည်။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏။ ဧသော၊ ဤမနောဝိညာဉ်သည်။ မေ၊ ငါ၏။ အတ္တာ၊ အတ္တ-အထည်ကိုယ်တည်း။ ဣတိ၊ ဤသို့။ အဘိနိဝေသ ပရာမာသော၊ နှလုံးသွင်းလျက် မှားသောအားဖြင့် သုံးသပ်ခြင်းသည်။
ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။ စက္ခုသမ္ဖဿံ၊ စက္ခုသမ္ဖဿကို။ ဧတံ၊ ဤစက္ခုသမ္ဖဿသည်။ မမ၊ ငါ၏ ဥစ္စာတည်း။ပ။ စက္ခုသမ္ဖဿဇံ၊ စက္ခုသမ္ဖဿကြောင့်ဖြစ်သော။ ဧတံ၊ ဤစက္ခုသမ္ဖဿသည်။ မမ၊ ငါ၏ ဥစ္စာတည်း။ပ။ စက္ခုသမ္ဖဿဇံ၊ စက္ခုသမ္ဖဿကြောင့်ဖြစ်သော။ ဝေဒနံ၊ ဝေဒနာကို။ ဧတ့၊ ဤဝေဒနာသည်။ မမ၊ ငါ၏ ဥစ္စာတည်း။ပ။
ရူပသညံ၊ ရူပသ၀ညာကို။ ဧတံ၊ ဤရူပသညာသည်။ မမ၊ ငါ၏ ဥစ္စာတည်း။ပ။ ရူပသဉ္စေတနံ၊ ရူပသဉ္စေတနာကို။ ဧတံ၊ ဤရူပသဉ္စေတနာသည်။ မမ၊ ငါ၏ ဥစ္စာတည်း။ပ။ ရူပတဏှံ၊ ရူပတဏှာကို။ ဧတံ၊ ဤရူပတဏှာသည်။ မမ၊ ငါ၏ ဥစ္စာတည်း။ပ။ ရူပဝိတက္ကံ၊ ရူပဝိတက်ကို။ ဧတံ၊ ဤရူပဝိတက်သည်။ မမ၊ ငါ၏ဥစ္စာတည်း။ပ။ ရူပဝိစာရံ၊ ရူပဝိစာရကို။ ဧတံ၊ ဤရူဝိစာရသည်။ မမ၊ ငါ၏ဥစ္စာတည်း။ပ။ ဓမ္မဝိစာရံ၊ ဓမ္မဝိစာရကို။ ဧတံ၊ ဤဓမ္မဝိစာရသည်။ မမ၊ ငါ၏ဥစ္စာတည်း။ ဧသော၊ ဤဓမ္မဝိစာရသည်။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏။ ဧသော၊ ဤဓမ္မတိစာရသည်။ မေ၊ ၏။ အတ္တာ၊ အထည်ကိုယ်တည်း။ ဣတိ၊ ဤသို့။ အဘိနိဝေသပရာမာသော၊ နှလုံးသွင်းလျက်များသောအားဖြင့် သုံးသပ်ခြင်းသည်။ ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။
ပထဝီဓာတုံ၊ ပထဝီဓာတ်ကို။ ဧတံ၊ ဤပထဝီဓာတ်သည်။ မမ၊ ငါ၏ဥစ္စာတည်း။ပ။ ဝိညာဏဓာတုံ၊ ဝိညာဏဓတ်သည်။ မမ၊ ငါ၏ဥစ်စာတည်း။
ပထဝီကသိဏံ၊ ပထဝီကသိုဏ်းကို။ ဧတံ၊ ဤပထဝီကသိုဏ်းသည်။ မမ၊ ငါ၏ဥစ္စတည်း။ပ။ ဝိညာဏသိဏံ၊ ဝိညာဏကသိုဏ်းကို။ ဧတံ၊ ဤဝိညာဏကသိုဏ်းသည်။ မမ၊ ငါ၏ဥစ္စာတည်း။ ဧသော၊ ဤဝိညာဏကသိုဏ်းသည်။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏။ ဧသော၊ ဤဝိညာဏကသိုဏ်းသည်။ မေ၊ ငါ၏။ အတ္တာ၊ အထည်ကိုဘ်တည်း။ ဣတိ၊ ဤသို့။ အဘိနိိဝေသပရာမာသော၊ နှလုံးသွင်းလျက် မှားသောအားဖြင့် သုံးသပ်ခြင်းသည်။ ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။
ကေသံ၊ ဆံပင်ကို။ ဟတံ၊ ဤဆံပင်သည်။ မမ၊ ငါ၏ဥစ္စာတည်း။ (ကေသေ၊ ဆံပင်တို့ကို။ပ။ လောမေ၊ အမွေးတို့ကို။ပ။ နခါ၊ လက်သည်းခြေသည်းတို့ကို။ပ။ ဒန္တေ၊ သွားတို့ကိုဟု ဤ ၄-ပုဒ်၌ဗဟုဝုစ်နှင့်ရှိသင့်၏)။ပ။ မတ္ထလုင်္ဂံ၊ ဦးနှောက်ကို။ ဧတံ၊ ဤဦးနှောက်သည်။ မမ၊ ငါ၏ဥစ္စာတည်း။ ဧသော၊ ဤဦးနှောက်သည်။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏။ ဧသော၊ ဤဦးနှောက်သည်။ မေ၊ ငါ၏။ အတ္တာ၊ အထည်ကိုယ်တည်း။ ဣတိ၊ ဤသို့။ အဘိနိဝေသပရာမာသော၊ သည်။ ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။
စက္ခာယတနံ၊ စက္ခာယတနကို။ ဧတံ၊ ဤစက္ခာယတနသည်။ မမ၊ ငါ၏ဥစ္စာတည်း။ ရူပါယတနံ၊ ရူပါယတနကို။ ဧတံ၊ ဤရူပါယတနသည်။ မမ၊ ငါ၏ဥစ္စာတည်း။ပ။ မနာယတနံ၊ မနာယတနာကို။ ဧတံ၊ ဤမနာယတနသည်။ မမ၊ ငါ၏ဥစ္စာတည်း။ ဓမ္မာယတနံ၊ ဓမ္မာယတနကို။ ဧတံ၊ ဤဓမ္မာယတနသည်။ မမ၊ ၏။ အတ္တာ၊ တည်း။
စက္ခုဓာတုံ၊ စက္ခုဓာတ်ကို။ ဧတံ၊ ဤစက္ခုဓာတ်သည်။ မမ၊ ငါ၏ဥစ္စာတည်း။ ရူပဓာတုံ၊ ရူပဓာတ်ကို။ပ။
စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေကို။ ဧတံ၊ ဤစက္ခုန္ဒြေသည်။ မမ၊ ငါ၏ဥစ္စာတည်း။ပ။
ကာမဓာတုံ၊ ကာမဓာတ်ကို။ ဧတံ၊ ဤကာမဓာတ်သည်။ မမ၊ ငါ၏ဥစ္စာတည်း။ပ။ ပဉ္စဝေါကာရဘဝံ၊ ပဉ္စဝေါကာရဘဝကို။ ဧတံ၊ ဤပဉ္စဝေါကာရဘဝသည်။ မမ၊ ငါ၏ဥစ္စာတည်း။ ပဌမံ ဈာနံ၊ ပဌမဈာန်ကို။ ဧတံ၊ ဤပဌမဈာန်သည်။ မမ၊ ငါ၏ဥစ္စာတည်း။ပ။ မေတ္တံ စေတောဝိမုတ္တိံ၊ မေတ္တာစေတောဝိမုတ္တိကို။ ဧတံ၊ သည်။ မမ၊ ငါ၏ဥစ္စာတည်း။ပ။ အာကာသာနဉ္စာယတနသမာပတ္တိံ၊ အာကာသာနဉ္စာယတနသမာပတ်ကို။ ဧတံ၊ သည်။ မမ၊ ငါ၏ဥစ္စာတည်း။ပ။
အဝိဇ္ဇံ၊ အဝိဇ္ဇာကို။ ဧတံ၊ ဤအဝိဇ္ဇာသည်။ မမ၊ ငါ၏ဥစ္စာတည်း။ပ။ အဝိဇ္ဇံ၊ အဝိဇ္ဇာကို။ ဧတံ၊ ဤအဝိဇ္ဇာသည်။ မမ၊ ငါ၏ဥစ္စာတည်း။ပ။ ဇရာမရမဏံ၊ ဇရာမရဏကို။ ဧတံ၊ ဤဇရာမရဏသည်။ မမ၊ ငါ၏ဥစ္စာတည်း။ ဧသော၊ ဤဇရာမရဏသည်။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏။ ဧသော၊ ဤဇရာမရဏသည်။ မေ၊ ငါ၏။ အတ္တာ၊ အတ္တ-အထည်ကိုယ်တည်း။ ဣတိ၊ ဤသို့။ အဘိနိဝေသပရာမာသော၊ နှလုံးသွင်းလျက် မှားသောအားဖြင့် သုံးသပ်ခြင်းသည်။၊ ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။
ဧဝံ၊ ဤသို့။ အဘိနိဝေသပရာမာသော၊ နိစ္စစသည်ဖြင့် နှလုံးသွင်းလျက် မှားသောအားဖြင့် သုံးသပ်ခြင်းသည်။ ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။
အဋ္ဌ၊ ရှစ်ပါးကုန်သော။ ဒိဋ္ဌိဋ္ဌာနာနိ၊ ဒိဋ္ဌိ၏ဖြစ်ကြောင်းတို့သည်။ ကတမာနိ၊ အဘယ်တို့နည်း ဟူမူကား။
ခန္ဓာပိ၊ ခန္ဓာတို့သည်လည်း။ ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏ဖြစ်ကြောင်းမည်၏။ အဝိဇ္ဇာပိ၊ အဝိဇ္ဇာသည်လည်း။ ဒိဋ္ဌိဋ္ဌာနံ၊ မည်၏။ ဖဿောပိ၊ ဖဿသည်လည်း။ ဒိဋ္ဌိဋ္ဌာနံ၊ မည်၏။ သညာပိ၊ သညာသည်လည်း။ ဒိဋ္ဌိဋ္ဌာနံ၊ မည်၏။ ဝိတက္ကောပိ၊ မသင့်သောအကြောင်းဖြင့် နှလုံးသွင်းခြင်းသည်လည်း။ ဒိဋ္ဌိဋ္ဌာနံ၊ မည်၏။ ပါပမိတ္တောပိ၊ ယုတ်မာသောအဆွေခင်ပွန်းသည်လည်း။ ဒိဋ္ဌိဋ္ဌာနံ၊ မည်၏။ ပရတောဃောသောပိ၊ သူတပါးထံမှ ပြောဟောသောစကားသံသည်လည်း။ ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏ဖြစ်ကြောင်းမည်၏။
ခန္ဓာ၊ ခန္ဓာတို့သည်။ ဟေတု၊ ဇနကအကြောင်းတည်း။ ခန္ဓာ၊ ခန္ဓာတို့သည်။ ပစ္စယော၊ ဥပတ္ထမ္ဘကအကြောင်းတည်း။ (ဣတိ၊ ထို့ကြောင့်။) ဥပါဒါယ၊ စွဲမှီ၍။ သမုဋ္ဌာနဋ္ဌေန၊ ဖြစ်ကြောင်းသဘောအားဖြင့်။ ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏ဖြစ်ကြောင်းမည်၏။ (ဤအနက်ကား ယခုလက်ရှိ ပါဠိစာအုပ်များ၌ ရှိရင်းပါဌ်အတိုင်း သင့်လျော်အောင် ပြန်အပ်သောအနက်ပေတည်း၊ သဒ္ဒါ အနက် အဓိပ္ပါဘ် အလုံးစုံပင် မချောမောမပြေပြစ်လုပေ။ ဤပါလိ၌ "ဒိဋ္ဌိဋ္ဌာနံ ဥပါဒါယ"ဟူသောပုဒ် နှစ်ခုသည် ချွတ်ယွင်းနေဟန်ရှိသည်။ အဋ္ဌကထာမူဟောင်းစာအုပ်၌ "ခန္ဓာဧဝ ဒိဋ္ဌီနံ ဥပ္ပါဒါယ ဇနကဟေတုစေဝ ဥပတ္တမ္ဘကပစ္စယော စတိ အတ္ထော"ဟု ပါဌ်မှန်ကို ဖွင့်ပြထားလျက် ရှိသည်။ ၎င်းပါဌ်မှာသဒ္ဒါ အနက် အဓိပ္ပါယ် အလုံးစုံပင်ချောမော ပြေပြစ်၏။ သီလက္ခန်အဋ္ဌကထာ မူဟောင်းများပလည်း ဗြဟ္မဇာလသုတ် သဿတဝါဒအရာ၌ ဤပါဠိကို သာဓကအဖြစ် ထုတ်ပြရာတွင် "ဒိဋ္ဌီနံ ဥပ္ပါဒါယ"ဟူ၍ပင် ပါဌ်မှန်အတိုင်း ပြလျက်ရှိ၏။ ၎င်းပါဌ်သည် "ဒွေပစ္စယာ သမ္မာဒိဋ္ဌိယာ ဥပ္ပါဒါယ" ဟူသော မဟာဝေဒလ္လသုတ် မ ၁၊ ၃၆၈ နှင့်လည်း ပါဠိနေပုံချင်း တူသဖြင့် သင့်လျော်၏။ ထို့ပြင် ဤပါဠိ၌ 'သမုဋ္ဌာနဋ္ဌေန'ဟူသော ပုဒ်သည်လည်း 'ဒိဋ္ဌိဋ္ဌာနံ'ဟူသော နောက်ပုဒ်နှင့်သာ စပ်သင့်သောကြောင့် ဧဝံပုဒ်၏ နောက်၌သာ ရှိသင့်သည်။ သို့ဖြစ်၍ ဤအရာ၌ "ခန္ဓာဟေတု ခန္ဓာ ပစ္စယော ဒိဋ္ဌီနံ ဥပ္ပါဒါယ၊ ဧဝံ သမုဋ္ဌာနဋ္ဌေန ခန္ဓာပိ ဒိဋ္ဌိဋ္ဌာနံ" စသည်ဖြင့်ပါဌ်မှန် ရှိသင့်သည်။ ၎င်း၏အနက်မှာ- "ဒိဋ္ဌီနံ၊ ဒိဋ္ဌိတို့၏။ ဥပ္ပါဒါယ၊ ဖြစ်‌ပေါ်ခြင်းငှါ။ ခန္ဓာ၊ ခန္ဓာာတို့သည်။ ဟေတု၊ အကြောင်းတည်း။ ခန္ဓာ၊ ခန္ဓာတို့သည်။ ပစ္စယော၊ အထောက်အပံ့တည်း။ ဧဝံ၊ ဤသို့။ သမုဋ္ဌာနဋ္ဌေန၊ ဖြစ်ကြောင်းသဘောအားဖြင့်။ ခန္ဓာပိ၊ ခန္ဓာတို့သည်လည်း။ ဒိဋ္ဌိဋ္ဌာနံ၊ ဒိဋ္ဌိ၏ဖြစ်ကြောင်းမည်၏"။ ဤသို့စသည်ဖြင့် ပြန်ဆိုရာ၏)။
အဝိဇ္ဇာ၊ သည်။ ဟေတု၊ ဇနကအကြောင်းတည်း။ပ။ ဖဿေ၊ သည်။ပ။ သညာ၊ သည်။ပ။ ဝိတက္ကော၊ သည်။ပ။ အယောနိသော မနသိကာရော၊ သည်။ပ။ ပါပမိတ္တော၊ သည်။ ပရတောဃောသော၊ သည်။ ဟေတု၊ ဇနက အကြောင်းတည်း။ ပစ္စယော၊ ဥပတ္ထမ္ဘက အကြောင်းတည်း။ (ဣတိ၊ ထို့ကြောင့်။) ဥပါဒါယ၊ စွဲမှီ၍။ သမုဋ္ဌာနဋ္ဌေန၊ ဖြစ်ကြောင်းသဘောအားဖြင့်။ ဒိဋ္ဌိဋ္ဌာနံ၊ မည်၏။ ဧဝံ၊ ဤသို့။ ပရတောဃောသောပိ၊ သူတပါးထံမှ ပြောဟောသောစကားသံသည်လည်း။ ဣမာနိ၊ ဤပြဆိုခဲ့သော အကြောင်းရှစ်ပါးတို့ပင်တည်း။
အဋ္ဌာရသ၊ တဆယ့်ရှစ်ပါးကုန်သော။ ဒိဋ္ဌိပရိယုဋ္ဌာနာနိ၊ ဒိဋ္ဌိ၏ဖြစ်ပေါ်ခြင်းတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်းဟူမူကား။
ယာဒိဋ္ဌိ၊ အကြင်ဒဋ္ဌိသည်။ အတ္ထိ၊ ရှိ၏။ သာ ဒိဋ္ဌိ၊ ထိုဒိဋ္ဌိသည်။ ဒိဋ္ဌိဂတံ၊ ဒိဋ္ဌိဂတမည်၏။ ဝါ၊ ခြောက်ဆယ့်နှစ်ပါးသောဒိဋ္ဌိတို့၌ အတွင်းဝင်၏။ ဒိဋ္ဌိဂဟနံ၊ ဒိဋ္ဌိတည်းဟူသော ငြောင့်ဖြစ်၏။ ဒိဋ္ဌိဝိပ္ဖန္ဒိတံ၊ ဒိဋ္ဌိတည်းဟူသော လှုပ်ရှားမှုဖြစ်၏။ ဒိဋ္ဌိသညောဇနံ၊ ဒိဋ္ဌိတည် ဟူသော ယှဉ်စေမှု ဖြစ်၏။ ဒိဋ္ဌိသလ္လံ၊ ဒိဋ္ဌိတည်းဟူသော မြားဖြစ်၏။ ဒိဋ္ဌိသမ္ဗာဓော၊ ဒိဋ္ဌိတည်းဟူသော ကျဉ်းမြောင်းရာဖြစ်၏။ ဒိဋ္ဌိပလိဗောဓော၊ ဒိဋ္ဌိတည်းဟူသော ကြောင့်ကြမှုဖြစ်၏။ ဒိဋ္ဌိဗန္ဓနံ၊ ဒိဋ္ဌိတည်းဟူသော အနှောင်အဖွဲ့ ဖြစ်၏။ ဒိဋ္ဌိပပါတော၊ ဒိဋ္ဌိတည်းဟူသော ချောက်ကမ်းပါးပြတ် ဖြစ်၏။ ဒိဋ္ဌာနုသယော၊ ဒိဋ္ဌိ တည်းဟူသော အနုသယဖြစ်၏။ ဒိဋ္ဌိသန္တောပေါ၊ ဒိဋ္ဌိတည်းဟူသော ပူပန်ခြင်းဖြစ်၏။ ဒိဋ္ဌိပရိဋ္ဌာဟော၊ ဒိဋ္ဌိတည်းဟူသော ပြင်းစွာပူလောင်ခြင်း ဖြစ်၏။ ဒိဋ္ဌိဂန္တော၊ ဒိဋ္ဌိတည်းဟူသော အထုံးအဖွဲ့ဖြစ်၏။ ဒိဋ္ဌုပါဒါနံ၊ ဒိဋ္ဌိတည်းဟူသော စွဲလမ်းခြင်းဖြစ်၏။ ဒိဋ္ဌာဘိနိဝေသော၊ ဒိဋ္ဌိတည်းဟူသော မြဲမြံစွာ နှလုံးသွင်းခြင်း ဖြစ်၏။ ဒိဋ္ဌိပရာမာသော၊ ဒိဋ္ဌိတည်းဟူသော မှားသောအားဖြင့် သုံးသပ်ခြင်းဖြစ်၏။ အဋ္ဌာရသ၊ တဆယ့်ရှစ်ပါးကုန်သော။ ဒိဋ္ဌိပရိယုဋ္ဌာန၊ ဒိဋ္ဌ၏ဖြစ်‌ပေါ်ခြင်းတို့သည်။ ဣမာနိ၊ ဤတဆယ့်ရှစ်ပါးတို့ပင်တည်း။
သောဠသ၊ တဆယ့်ခြောက်ပါးကုန်သော။ ဒိဋ္ဌိယာ၊ ဒိဋ္ဌိတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်းဟူမူကား။
အဿာဒဒိဋ္ဌိ၊ သုခသောမနဿဟုဆိုအပ်သော သာယာဖွယ်၌ ဖြစ်သော ဒိဋ္ဌိ၎င်း။ အတ္တာနုဒိဋ္ဌိ၊ အတ္တသို့အစဉ်လျှောက်သောဒိဋ္ဌိ၎င်း။ မိစ္ဆာဒိဋ္ဌိ၊ ဖောက်ပြန်မှားယွင်းသောအယူဟူသောဒိဋ္ဌိ၎င်း။ သက္ကာယဒိဋ္ဌိ၊ ထင်ရှားရှိသော ရုပ်နာမ်အပေါင်း၌ သတ္တဝါဟုအထင်အမြင်မှာသောဒိဋ္ဌိ၎င်း။ သက္ကာယဝတ္ထုကာ၊ ထင်ရှားရှိသော ရုပ်နာမ်အပေါင်းလျှင်တည်ရာရှိသော။ သဿတဒိဋ္ဌိ၊ တည်မြဲနေသည်ဟု ထင်မြင်ယူဆသောဒိဋ္ဌိ၎င်း။ သက္ကာယဝတ္ထုကာ၊ သော ဒိဋ္ဌိ၎င်း။ ကန္တဂ္ဂါဟိကာဒိဋ္ဌိ၊ သဿဘစသော အဖို့ကိုယူသောဒိဋ္ဌိ၎င်း။ ပုဗ္ဗန္တာနုဒိဋ္ဌိ၊ ရှေးအစွန်းသို့ အစဉ်လျှောက်သောဒိဋ္ဌိ၎င်း။ သညောဇနိကာ၊ အကျိုးမဲ့၌ ယှဉ်စေတတ်သော။ ဒိဋ္ဌိ၊ ဒိဋ္ဌိ၎င်း။ အဟန္တိမာနဝိနိဗန္ဓာဒိဋ္ဌိ၊ ငါဟုမာန်မူခြင်းဖြင့် နှောင်ဖွဲ့သော ဒိဋ္ဌိ၎င်း။ မမန္တိမာနဝိဗန္ဓာဒိဋ္ဌိ၊ ငါ့ဥစ္စာဟု မာန်မူခြင်းဖြင့်နှောင်ဖွဲ့သော ဒိဋ္ဌိ၎င်း။ အတ္တဝါဒပဋိသညုတ္တာ၊ အတ္တဟု စွဲလမ်းပြောဆိုသောဝါဒနှင့် စပ်သော။ ဒိဋ္ဌိ၊ ဒိဋ္ဌိ၎င်း။ လောကဝါဒပဋိသညုတ္တာ၊ လောကဟု စွဲလမ်းပြောဆိုသောဝါဒနှင့် စပ်သော။ ဒိဋ္ဌိ၊ ဒိဋ္ဌိ၎င်း။ ဘဝဒိဋ္ဌိ၊ ရှိမြဲရှိနေသည်ဟု ယူဆသော ဘဝဒိဋ္ဌိ၎င်း။ ဝိဘဝဒိဋ္ဌိ၊ ဘဝပြတ်စဲသည်ဟု ယူဆသော ဝိဘဝဒိဋ္ဌိ၎င်း။ (ဣတိ၊ ဤသို့။) ဣမာ၊ ဤဒိဋ္ဌိတို့သည်။ သောဠသ၊ တဆယ့်ခြောက်ပါးကုန်သော။ ဒိဋ္ဌိယော၊ ဒိဋ္ဌိတို့ပေတည်း။
တီဏိသတံ၊ သုံးရာကုန်သော။ ဒိဋ္ဌာဘိနိဝေသာ၊ ဒိဋ္ဌိ၏နှလုံးသွင်းခြင်း တို့သည်။ ကတမေ-ကတမာနိ၊ အဘယ်သည်တို့နည်းဟူမူကား။
အဿာဒဒိဋ္ဌိယာ၊ အဿာဒဒိဋ္ဌိ၏။ ကတိဟာကာရေဟိ၊ အဘယ်မျှသော အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ နှလုံးသွင်းခြင်းသည်။ ဟောတိ၊ ဖြစ်သနည်း။ ။တနည်းကား။
ကတိဟာကာရေဟိ၊ အဘယ်မျှသောအခြင်းအရာတို့ဖြင့်။ အဿာဒိဋ္ဌိယာ၊ အဿာဒဒိဋ္ဌိ၏။ အဘိနိဝေသော၊ နှလုံးသွင်းခြင်းသည်။ ဟောတိ၊ ဖြစ်သနည်း။ အတ္တာနုဒိဋ္ဌိယာ၊ အတ္တာနုဒိဋ္ဌိ၏။ ကတိဟာကာရေဟိ၊ အဘယ်မျှလောက်သော အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ နှလုံးသွင်းခြင်းသည်။ ဟောတိ၊ ဖြစ်သနည်း။
မိစ္ဆာဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိ၏။ ကတိဟာကာရောဟိ၊ အဘယ်မျှလောက်သော အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
သက္ကာယဒိဋ္ဌိယာ၊ ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
သက္ကာယဝတ္ထုကာယ၊ သက္ကာယလျှင်တည်ရာရှိသော။ သဿတဒိဋ္ဌိယာ၊ သဿတဒိဋ္ဌိ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
သက္ကာယဝတ္ထုကာယ၊ သက္ကာယလျှင် တည်ရာရှိသော။ ဥစ္ဆေဒဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
အန္တဂ္ဂါဟိကာယ၊ အန္တဂ္ဂါဟိကဖြစ်သော။ ဒိဋ္ဌိယာ၊ ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
ပုဗ္ဗန္တာနုဒိဋ္ဌိယာ၊ ပုဗ္ဗန္တာနုဒိဋ္ဌိ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
အပရန္တာနုဒိဋ္ဌိယာ၊ အပရန္တာနုဒိဋ္ဌိ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
သညောဇနိကာယ၊ သံယောဇနိကဖြစ်သော။ ဒိဋ္ဌိယာ၊ ဒိဋ္ဌိ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
အဟန္တမာနဝိနိဗန္ဓာယ၊ ငါဟုမာန်မူခြင်းဖြင့်နှောင်ဖွဲ့သော။ ဒိဋ္ဌိယာ၊ ဒိဋ္ဌိ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
မမန္တိမာနဝိနိဗန္ဓာယ၊ ငါ့ဥစ္စာဟု မာန်မူခြင်းဖြင့် နှောင်ဖွဲ့သော။ ဒိဋ္ဌိယာ၊ ၏။ ကတိဟာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
အတ္တဝါဒပဋိသညုတ္တာယ၊ အတ္တဟုစွဲလမ်းပြောဆိုသော ဝါဒနှင့်စပ်သော။ ဒိဋ္ဌိယာ၊ ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
လောကဝါဒပဋိသညုတ္တာယ၊ လောကဟု စွဲလမ်းပြောဆိုသော ဝါဒနှင့်စပ်သော။ ဒိဋ္ဌိယာ၊ ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
ဘဝဒိဋ္ဌိယာ၊ ဘဝဒိဋ္ဌိ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
ဝိဘဝဒိဋ္ဌိယာ၊ ဝိဘဝဒိဋ္ဌိ၏။ ကတိဟာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်သနည်း။
အဿာဒဒိဋ္ဌိယာ၊ အဿာဒဒိဋ္ဌိ၏။ ပဉ္စတိံ သာယ၊ သုံးဆယ့်ငါးပါးကုန်သော။ အာကာရောဟိ၊ အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ နှလုံးသွင်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။
အတ္တာနုဒိဋ္ဌိယာ၊ အတ္တာနုဒိဋ္ဌိ၏။ ဝီသတိယာအာကာရေဟိ၊ နှစ်ဆယ်သော အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
မိစ္ဆာဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိ၏။ ဒသာဟာကာရေဟိ၊ ဆယ်ပါးသောအခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
သက္ကာယဒိဋ္ဌိယာ၊ သက္ကာယဒိဋ္ဌိ၏။ ဝီသတိယာ အာကာရေဟိ၊ နှစ်ဆယ်သော အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
သက္ကာယဝတ္ထုကာယ၊ သက္ကာယလျှင် တည်ရာရှိသော။ သဿတဒိဋ္ဌိယာ၊ သဿတဒိဋ္ဌိ၏။ ပန္နရသဟိ၊ တဆယ့်ငါးပါးကုန်သော။ အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
သက္ကာယဝတ္ထုကာယ၊ သက္ကာယလျှင် တည်ရာရှိသော။ သဿတဒိဋ္ဌိ၊ ၏။ ပန္နရသတိ၊ တဆယ့်ငါးပါးကုန်သော။ အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။ သက္ကာဘဝတ္ထုကာယ၊ သက္ကာယလျှင် တည်ရာရှိသော။ ဥစ္ဆေဒဒိဋ္ဌိယာ၊ ဥစ္ဆေဒဒိဋ္ဌိ၏။ ပဉ္စဟာကာရေဟိ၊ ငါးပါးကုန်သော အခြင်းအရာ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
အန္တဂ္ဂါဟိကာယ၊ အန္တဂ္ဂါဟိကဖြစ်သော။ ဒိဋ္ဌိယာ၊ ၏။ ပညာသာယ၊ ငါးဆယ်သော။ အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
ပုဗ္ဗန္တာနုဒိဋ္ဌိယာ၊ ပုဗ္ဗန္တာနုဒိဋ္ဌိ၏။ အဋ္ဌာရသဟိ၊ တဆယ့်ရှစ်ပါး ကုန်သော။ အာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
အပရန္တာနုဒိဋ္ဌိယာ၊ အပရန္တာနုဒိဋ္ဌိ၏။ စတုစတ္တာလီသာယ၊ လေးဆယ့်လေးပါးသော။ အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
သညောဇနိကာယ၊ သံယောဇနိကဖြစ်သော။ ဒိဋ္ဌိယာ၊ ၏။ အဋ္ဌာရသဟိ၊ တဆယ့်ရှစ်ပါးကုန်သော။ အာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
အဟန္တမာနဝိနိဗန္ဓာယ၊ ငါဟုမာန်မူခြင်းဖြင့်နှောင်ဖွဲ့သော။ ဒိဋ္ဌိယာ၊ ၏။ အဋ္ဌာရသဟိ၊ ကုန်သော။ အာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
မမန္တိမာနဝိနိဗန္ဓာယ၊ ငါ့ဥစ္စာဟုမာန်မူခြင်းဖြင့် နှောင်ဖွဲ့သော။ ဒိဋ္ဌိယာ၊ ၏။ အဋ္ဌာရသဟိ၊ ကုန်သော။ အာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။ပ။
အတ္တဝါဒပဋိသညုတ္တာယ၊ အတ္တဝါဒနှင့် စပ်သော။ ဒိဋ္ဌိယာ၊ ၏။ ဝီသတိယာ၊ နှစ်ဆယ်သော။ အာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
လောကဝါဒပဋိသညုတ္တာယ၊ လောကဝါဒနှင့်စပ်သော။ ဒိဋ္ဌိယာ၊ ၏။ အဋ္ဌဟိ၊ ရှစ်ပါးကုန်သော။ အာကာရေဟိ၊ တို့ဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
ဘဝဒိဋ္ဌိယာ၊ ဘဝဒိဋ္ဌိ၏။ ဧကေန၊ တပါးသော။ အာကာရေန၊ အခြင်းအရာဖြင့်။ အဘိနိဝေသော၊ သည်။ ဟောတိ၊ ဖြစ်၏။
ဝိဘဝဒိဋ္ဌိယာ၊ ဝိဘဝဒိဋ္ဌိ၏။ ဧကေန၊ တပါးသော။ အာကာရေန၊ အခြင်းအရာဖြင့်။ အဘိနိဝေသော၊ နှလုံးသွင်း ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
အဿာဒဒိဋ္ဌိယာ၊ အဿာဒဒိဋ္ဌိ၏။ ကတမေဟိ ပဉ္စတိံ သာယ၊ အဘယ်သုံးဆယ့်ငါးပါးသော။ အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ နှလုံးသွင်းခြင်းသည်။ ဟောတိ၊ ဖြစ်သနည်း။ ။ တနည်း။ အဿဒဒိဋ္ဌိယာ၊ ၏။ အဘိနိဝေသော၊ နှလုံးသွင်းခြင်းသည်။ ကတမေဟိ ပဉ္စတိံသာယ အာကာရေဟိ၊ အဘယ်သုံးဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့်။ ဟောတိ၊ ဖြစ်သနည်း။
ရူပံ၊ ရုပ်ကို။ ပဋိစ္စ၊ စွဲ၍။ ယံ သုခံ၊ အကြင် ကိုယ်ချမ်းသာ သုခသည်။ ယံ သောမနဿံ၊ အကြင်စိတ်ချမ်းသာ သောမနဿသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ အယံ၊ ရုပ်ကိုမှီသော သုခသောမနဿသည်။ ရူပဿ၊ ရုပ်၏။ အဿာဒေါ၊ သာယာဖွယ်တည်း။ ဣတိ၊ ဤသို့။ အဘိနိဝေသ ပရာမာသော၊ နှလုံးသွင်းလျက် မှားသောအားဖြင့် သုံးသပ်ခြင်းသည်။ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။
န အဿဒေါ၊ သာယာဖွယ်မဟုတ်။ အဿာဒေါ၊ သာယာဖွယ်သည်။ န ဒိဋ္ဌိ၊ ဒိဋ္ဌိမဟုတ်။ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။
အညာ၊ တပါးတည်း။ အဿာဒေါ၊ သာယာဖွယ်သည်။ အညော၊ တပါးတည်း။
ယာ စ ဒိဋ္ဌိ၊ အကြင်ဒိဋ္ဌိသည်၎င်း။ ယော စ အဿာဒေါ၊ အကြင် သာယာဖွယ်သည်၎င်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤဒိဋ္ဌိနှင့် သာယာဖွယ်နှစ်ပါးစုံကို။ အဿာဒဒိဋ္ဌိ(သာယာဖွယ်အယူ,ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
အဿဒဒိဋ္ဌိ၊ အသာဒဒိဋ္ဌိသည်။ မိစ္ဆာဒိဋ္ဌိ၊ မှားသောအယူတည်း။ ဒိဋ္ဌိဝိပတ္တိ၊ သမ္မာဒိဋ္ဌိ (မှနန်သောအယူ)၏ ပျက်စီးခြင်းတည်း။
တာယ ဒိဋ္ဌိဝိပတ္တိယာ၊ ထိုအယူမှန်၏ ပျက်စီးခြင်းနှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဒိဋ္ဌိဝိပန္နော၊ အယူပျက်သော သူ မည်၏။
ဒိဋ္ဌိဝိပန္နော၊ အယူပျက်သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်ကို။၊ န သေဝိတဗ္ဗော၊ မမှီဝဲအပ်။ န ဘဇိတဗ္ဗော၊ မချဉ်းကပ်အပ်။ န ပယိရုပါသိတဗ္ဗော၊ မဆည်းကပ်အပ်။
တံ၊ ထိုသို့ မဆည်းကပ်အပ်ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း ဟူမူကား။
အဿ၊ ထိုပုဂ္ဂိုလ်၏။ ဒိဋ္ဌိ၊ အယူသည်။ ဟိ ယသ္မာ၊ အကြင်ကြောင့်။ ပါပိကာ၊ ယုတ်ညံ့သည်။
ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်ပေတည်း။ ဒိဋ္ဌိယာ၊ ဒိဋ္ဌိ၌။ ပဝတ္တော၊ ဖြစ်သော။ ယော ရာဂေါ၊ အကြင်ရာဂသည်။ အတ္ထိ၊ ရှိ၏။ သောရာဂါ၊ ထိုရာဂသည်။ န ဒိဋ္ဌိ၊ ဒိဋ္ဌိမဟုတ်။
ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။ န ရာဂါ၊ ရာဂမဟုတ်။
ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။ အညာ၊ တပါးတည်း။ ရာဂေါ၊ ရာဂသည်။ အညော၊ တပါးတည်း။
ယာ စ ဒိဋ္ဌိ၊ အကြင်ဒိဋ္ဌိသည်၎င်း။ ယော စ ရာဂေါ၊ အကြင်ရာဂသည်၎င်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤိဒိဋ္ဌိနှင့် ရာဂနှစ်ပါးစုံကို။ ဒိဋ္ဌိရာဂေါ၊ ဒိဋ္ဌိရာဂဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
တယ စ ဒိဋ္ဌိယာ၊ ထိုဒိဋ္ဌိနှင့်၎င်း။ တေန စ ရာဂေန၊ ထိုရာဂနှင့်၎င်း။ သမန္နာဂတော၊ ပြည့်စုံသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဒိဋ္ဌိရာဂရတ္တော၊ ဒိဋ္ဌိရာဂဖြင့်တပ်စွဲသည်။
ဟောတိ၊ ဖြစ်၏။ ဒိဋ္ဌိရာဂရတ္တေ၊ ဒိဋ္ဌိရာဂဖြင့် တပ်စွဲသော။ ပုဂ္ဂလေ၊ ပုဂ္ဂိုလ်၌။ ဒိန္နံ၊ လှူအပ်သော။ ဒါနံ၊ အလှူသည်။ မဟပ္ဖလံ၊ များသောအကျိုးရှိသည်။ န ဟောတိ၊ မဖြစ်။ မဟာနိသံသံ၊ များသောအကျိုးဆက်ရှိသည်။ န ဟောတိ၊ မဖြစ်။
တံ၊ ထိုသို့ များသောအကျိုးရင်အကျိုးဆက်မရှိခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း ဟူမူကား။
အဿ၊ ထိုပုဂ္ဂိုလ်၏။ ဒိဋ္ဌိ၊ အယူသည်။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ ပါပိကာ၊ ယုတ်ညံ့သည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်ပေတည်း။ အဿာဒဒိဋ္ဌိ၊ သည်။ မိစ္ဆာဒိဋ္ဌိ၊ မှားသောအယူတည်း။
မိစ္ဆာဒိဋ္ဌိကဿ၊ မှားသောအယူရှိသော။ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်အား။ နိရယော ဝါ၊ ငရဲ (၌ဖြစ်ခြင်း)သည်သော်၎င်း။ တိစ္ဆာနယောနိ ဝါ၊ တိရစ္ဆာန်အမျိုး (၌ဖြစ်ခြင်း)သည်သော်၎င်း။ ဣတိ၊ ဤသို့။ ဒွေဝ ဂတိယော၊ နှစ်ပါးသောဂတိတို့သည်သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။
မိစ္ဆာဒိဋ္ဌိကဿ၊ မိစ္ဆာအယူရှိသော။ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်၏။ ယထာဒိဋ္ဌိ၊ မယူအားလျော်စွာ။ သမတ္တံ၊ အပြည့်အစုံ။ သမာဒိန္နံ၊ ဆောက်တည်အပ်သော။ ယဉ္စေဝ ကာယကမ္မံ၊ အကြင်ကာယကံသည်၎င်း။ပ။ ယဉ္စ ဝစီကမ္မံ၊ အကြင်ဝစီကံသည်၎င်း။ပ။ ယဉ္စ မနောကမ္မံ၊ အကြင် မနောကံသည်၎င်း။ ယာ စ စေတနာ၊ အကြင်(ဒိဋ္ဌိနှင့်တကွ ဖြစ်သော)စေတနာသည်၎င်း။ ယာ စ ပတ္ထနာ၊ အကြင် (ဒိဋ္ဌိနှင့်တကွ ဖြစ်သော)တောင့်တခြင်းသည်၎င်း။ ယော စ ပဏိဓိ၊ အကြင် (ဒိဋ္ဌိနှင့်တကွ ဖြစ်သော) ဆောက်တည်ခြင်းသည်၎င်း။ ယေ စ သင်္ခါရာ၊ အကြင်( ဒိဋ္ဌိနှင့်တကွဖြစ်သော) သင်္ခါရတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ အနိဋ္ဌာယ၊ အလိုမရှိအပ်သော။ အကန္တာယ၊ မနှစ်သက်အပ်သော။ အမနာပါယ၊ နှလုံးကို မပွါးစေတတ်သော။ အဟိတာယ၊ အစီးအပွါး မရှိသော။ ဒုက္ခာယ၊ ဆင်းရဲအလို့ငှါ။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ ။တနည်း။ အနိဋ္ဌာယ၊ အလိုမရှိအပ်သော အကျိုးမဲ့အလို့ငှါ။ အကန္တာယ၊ မနှစ်သက်အပ်သော အကျိုးမဲ့အလို့ငှါ။ ဒုက္ခာယ၊ ဆင်းရဲအလို့ငှါ။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
တံ၊ ထိုသို့ဖြစ်ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း ဟူမူကား။
အဿ၊ ထိုပုဂ္ဂိုလ်၏။ ဒိဋ္ဌိ၊ အယူသည်။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ ပါပိကာ၊ ယုတ်ညံ့သည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့် ပေတည်း။
သေယျထာပိ၊ ဥပမာအားဖြင့်။ အလ္လာယ၊ စိုစွတ်သော။ ပထဝိယာ၊ မြေ၌။ နိက္ခိတ္တံ၊ ချထားအပ် စိုက်အပ်သော။ နိမ္ဗဗီဇံဝါ၊ ဗူးခါးစေ့သည်၎င်း။ ယဉ္စေဝပထဝိရသံ၊ အကြင် မြေ၏ဩဇာ အရသာကိုလည်း။ ဥပါဒိယတိ၊ ယူ၏။ ယဉ္စ အာပေါရသံ၊ အကြင်ရေ၏ ဩဇာအရသာကိုလည်း။ ဥပါဒိယတိ၊ ယူ၏။ တံ သဗ္ဗံ၊ ထို‌ မြေ ရေ ဩဇာ အလုံးစုံသည်။ တိတ္တကတ္တာယ၊ ခါးခြင်းအကျိုးငှါ။ ကဋုကတ္တာယ၊ စပ်ခြင်းအကျိုးငှါ။ အသာတတ္တာယ၊ မသာယာဖွယ် ဖြစ်ခြင်းအကျိုးငှါ။ သံဝတ္တတိ၊ ဖြစ်တတ်၏။
တံ၊ ထိုသို့ဖြစ်ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း ဟူမူကား။
အဿ၊ ထိုတမာအစရှိသည်၏။ ဗီဇံ၊ အစေ့သည်။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ ပါပိကံ၊ ယုတ်ညံ့သည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်ပေတည်း။
ဧဝမေဝံ၊ ဤအတူပင်လျှင်။ မိစ္ဆာဒိဋ္ဌိကဿ၊ မိစ္ဆာအယူရှိသော။ ပုရိသပုဂ္ဂလဿ၊ ယောကျ်ားပုဂ္ဂိုလ်၏။ ယထာဒိဋ္ဌိ၊ အယူအားလျော်စွာ။ သမတ္တံ၊ အပြည့်အစုံ။ သမာဒိန္နံ၊ ဆောက်တည်အပ်သော။ ယဉ္စေဝ ကာယကမ္မံ၊ အကြင် ကာယကံသည်၎င်း။ပ။ ယာ စ စေတနာ၊ အကြင်စေတနာသည်၎င်း။ ယာ စ ပတ္ထနာ၊ အကြင် တောင့်တခြင်းသည်၎င်း။ ယော စ ပဏိဓိ၊ အကြင်ဆောက်တည်ခြင်းသည်၎င်း။ ယေ စ သင်္ခါရာ၊ အကြင် သင်္ခါရတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ အနိဋ္ဌာယ၊ အလိုမရှိအပ်သော။ပ။ ဒုက္ခာယ၊ ဆင်းရဲအလို့ငှါ။ သံဝတ္တန္တိ၊ ဖြစ်တတ်ကုန်၏။
တံ၊ ထိုသို့ဖြစ်ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း ဟူမူကား။
အဿ၊ ထိုပုဂ္ဂိုလ်၏။ ဒိဋ္ဌိ၊ အယူသည်။ ဟိ တသ္မာ၊ အကြင့်ကြောင့်။ ပါပိကာ၊ ယုတ်ညံ့သည်။ ဟောတိ၊ ၏။ တသ္မာ၊ ထို့ကြောင့် ပေတည်း။ အဿာဒဒိဋ္ဌိ၊ သည်။ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိတည်း။
မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိသည်။ ဒိဋ္ဌိဓဂတံ၊ ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိတို့၌ အတွင်းဝင်၏။ ဒိဋ္ဌိဂဟနံ၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော တောရှုပ်ဖြစ်၏။ပ။ ဒိဋ္ဌာဘိနိဝေသော၊ မိစ္ဆာဒိဋ္ဌိတည်းဟူသော မြဲမြံစွာ နှလုံးသွင်းခြင်းဖြစ်၏။ ဒိဋ္ဌိပရာမာသော၊ ဒိဋ္ဌိတည်းဟူသော မှားသောအားဖြင့် သုံးသပ်ခြင်းဖြစ်၏။ (ဣတိ၊ ဤသို့။) အဋ္ဌာရသဟိ၊ တဆယ့်ရှစ်ပါးကုန်သော။ ဣမေဟိ အာကာရေဟိ၊ ဤ အခြင်းအရာတို့ဖြင့်။ ပရိယုဋ္ဌိတစိတ္တဿ၊ နှိပ်စက်အပ်သော စိတ်ရှိသော ပုဂ္ဂိုလ်ကို။ ဒိဋ္ဌိယာ၊ ဒိဋ္ဌိသည်။ ဝါ၊ ဒိဋ္ဌိက။ သညောဂေါ၊ သံသရာ၌ယှဉ်စေခြင်း နှောင်ဖွဲ့ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ သညောဇနာနိစေဝ၊ သံယောဇဉ်တို့လည်း မည်ကုန်သော။ ဒိဋ္ဌိယော စ၊ ဒိဋ္ဌိတို့လည်းမည်ကုန်သော တရားတို့သည်။
အတ္ထိ၊ ရှိကုန်၏။ သညောဇနာနိ၊ သံယောဇဉ်တို့သာ မည်ကုန်၍။ န စ ဒိဋ္ဌိယော၊ ဒိဋ္ဌိတို့ကား မမည်ကုန်သော တရားတို့သည်။ အတ္ထိ၊ ရှိကုန်၏။
သညောဇနာနိ စေဝ၊ သံယောဇဉ်တို့လည်း မည်ကုန်သော။ ဒိဋ္ဌိယော စ၊ ဒိဋ္ဌိတို့လည်း မည်ကုန်သော တရားတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း ဟူမူကား။
သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ၎င်း။ သီလဗ္ဗတပရာမာသော၊ သီလဗ္ဗတပရာမာသ၎င်း။ ဣမာနိ၊ ဤ သက္ကာယဒိဋ္ဌိနှင့် သီလဗ္ဗတပရာမာသတို့သည်။ သညောဇနာနိစေဝ၊ သံယောဇဉ် တို့လည်း မည်ကုန်၏။ ဒိဋ္ဌိယော စ၊ ဒိဋ္ဌိတို့လည်း မည်ကုန်၏။
သညောဇနာနိ၊ သံယောဇဉ်တို့သာ မည်ကုန်၍။ န စ ဒိဋ္ဌိယော၊ ဒိဋ္ဌိတို့ကား မမည်ကုန်သောတရားတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း ဟူမူကား။
ကာမရာဂညောဇနံ၊ ကာမရာဂသံယောဇဉ်၎င်း။ ပဋိဃသညောဇနံ၊ ပဋိဃ သံယောဇဉ်၎င်း။ မာနသညောဇနံ၊ မာနသံယောဇဉ်၎င်း။ ဝိစိကိစ္ဆာသညောဇနံ၊ ဝိစိကိစ္ဆာသံယောဇဉ်၎င်း။ ဘဝရာဂသညောဇနံ၊ ဘဝရာဂသံယောဇဉ်၎င်း။ အနုနယသညောဇနံ၊ အနုနယသံယောဇဉ်၎င်း။ အဝိဇ္ဇာသညောဇနံ၊ အဝိဇ္ဇာသံယောဇဉ်၎င်း။ ဣမာနိ၊ ဤကာမရာဂသံယောဇဉ် စသည်တို့သည်။ သညောဇနာနိ၊ သံယောဇဉ်တို့သာ မည်ကုန်၏။ န စ ဒိဋ္ဌိယော၊ ဒိဋ္ဌိတို့ကား မမည်ကုန်။
‌ဝေဒနံ၊ ဝေဒနာကို။ ပဋိစ္စ၊ စွဲ၍။ ယံ သုခံ၊ အကြင်ကိုယ်ချမ်းသာ သုခသည်။ပ။ သညံ၊ သညာကို။ ပဋိစ္စ၊ စွဲ၍။ပ။ သင်္ခါရေ၊ သင်္ခါရတို့ကို။ ပဋိစ္စ၊ စွဲ၍။ပ။ ဝိညာဏံ၊ ဝိညာဉ်ကို။ ပဋိစ္စ၊ စွဲ၍။ပ။ စက္ခုံ၊ မျက်စိကို။ ပဋိစ္စ၊ ၍။ပ။ မနံ၊ စိတ်နှလုံးကို။ ပဋိစ္စ၊ ၍။ပ။ ရူပေ၊ အဆင်းရူပါရုံတို့ကို။ ပဋိစ္စ၊ စွဲ၍။ပ။ ဓမ္မေ၊ သဘောဓမ္မာရုံတို့ကို။ ပဋိစ္စ၊ ၍။ပ။ စက္ခုဝိညာဏံ၊ မျက်စိအသိမြင်မှု,စက္ခုဝိညာဉ်ကို။ ပဋိစ္စ၊ ၍။ပ။ မနောသမ္ဖဿဇံ၊ မနောသမ္ဖဿကြောင့်ဖြစ်သော။ ‌ဝေဒနံ၊ ဝေဒနာကို။ ပဋိစ္စ၊ ၍။ပ။ ယံ သုခံ၊ အကြင်ကိုယ်ချမ်းသာ သုခသည်။ ယံ သောမနဿံ၊ အကြင်စိတ်ချမ်းသာ သောမနဿသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ အယံ၊ ဤသုခနှင့် သောမနဿသည်။ မနောသမ္ဖဿဇာယ၊ မနောသမ္ဖဿကြောင့်ဖြစ်သော။ ဝေဒနာယ၊ ဝေဒနာ၏။ အဿာဒေါ၊ သာယာဖွယ်တည်း။ ဣတိ၊ ဤသို့။ အဘိနိဝေသဝရာမာသော၊ နလုံးသွင်းလျက် မှားသောအားဖြင့် သုံးသပ်ခြင်းသည်။ ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။
ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။ န အဿာဒေါ၊ အဿာဒမဟုတ်။ အဿာဒေါ၊ အဿာဒသည်။ န ဒိဋ္ဌိ၊ ဒိဋ္ဌိမဟုတ်။
ဒိဋ္ဌိ၊ သည်။ အညာ၊ တပါးတည်း။ အဿာဒေါ၊ အဿာဒသည်။ အညော၊ တပါးတည်း။
ယာ စ ဒိဋ္ဌိ၊ အကြင်ဒိဋ္ဌိသည်၎င်း။ ယော စ အဿာဒေါ၊ အကြင်အဿာဒသည်၎င်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအဿာဒနှင့်ဒိဋ္ဌိကို။ အဿာဒဒိဋ္ဌိယာ၊ အဿာဒဒိဋ္ဌိဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ။ [အဿာဒဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိ-စသော လေးပိုဒ်၌ အနက်တူပြီ။ ]
အဿာဒဒိဋ္ဌိယာ၊ အဿာဒဒိဋ္ဌိ၏။ ဣမေဟိ ပဉ္စတိံ သာယ အာကာရေဟိ၊ ဤသုံးဆယ့်ငါးပါးသော အခြင်းအရာတို့ဖြင့်။ အဘိနိဝေသော၊ နှလုံးသွင်းခြင်းသည််။ ဟောတိ၊ ဖြစ်၏။ (အခြင်းအရာ သုံးဆယ့်ငါးပါး ဟူသည်မှာ ခန္ဓာငါးပါ၌ နှလုံးသွင်းပုံ အခြင်းအရာငါးပါး၊ အဇ္ဈတ္တိကာယတန,ဗာဟိရာယတန,ဝိညာဉ်,ဖဿ,ဝေဒနာတို့၌ ခြောက်ပါးစီသုံးဆယ်၊ ဤသုံးဆယ့်ငါးပါးတို့ပေတည်း)။
ပဌမော၊ သော။ အဿာဒဒိဋ္ဌိနိဒ္ဒေသော၊ သည်။ နိဋ္ဌိတော၊ ပြိီးပြီ။