Issues
Select Version
Paṭisambhidāmaggapāḷi
Paṭisambhidāmaggapāḷi

1. Mahāvaggo

Author: နိဿယ @ IAPT

နတွာ ဝတ္တုတ္တယံ သုခ၊ ဒ္ဒဒံ သာဓုံဝ နိဿယံ။ လိခိသဿာမိ အာစေရဿ၊ ဝါစနတ္ထံ ပရမ္ပရာ။ သုခဒ္ဒဒံ၊ ချစ်သားသုံးပါးကို ပေးတော်မူတတ်သော။ ဝတ္ထုတ္တယံ၊ ရတနာသုံးပါးအပေါင်းကို။ နတွာ-နမာမိ၊ ရှိခိုးပါ၏။ နတွာ၊ ရှိခိုးပြီး၍။ အာစေရဿ၊ ဆင်တဲဆရာတော်၏။ ဝါစနတ္ထံ၊ ချနက်ဖြစ်သော။ နိဿယံ၊ မှီရာနိဿယကို။ ပရမ္ပရာ၊ အဆင့်အဆင့်။ သပ္ပုရိသေဟိ၊ သူတော်ကောင်းတို့သည်။ ပေက္ခိတုံ၊ ကြည့်ရှုစိမ့်သောငှာ။ သာဓုံဝ၊ ကောင်းစွာလျှင်။ လိခိဿာမိ၊ ရေးတင်လိုက်အံ့။

သောတာဝဓာနေ၊ နာကြားအပ်သော တရားအပေါင်း၌။ ဝါ၊ သောတဒွါရကို အစဉ်မှီးသဖြင့် သိအပ် မှတ်အပ်သော တရားအပေါင်း၌။ (ပဝတ္တာ၊ ဖြစ်သော)။ ပညာ၊ ပညာသည်။ သုတမယေ ဉာဏံ၊ သုတမယဉာဏ်မည်၏။ ဝါ၊ သုတဖြင့်ပြီးသော ဉာဏ်မည်၏။ (သုတမယဉာဏေ၊ သုတမဉာဏ်၌။ ဝုတ္တံ၊ ဆိုအပ်သော။ ဓမ္မံ၊ တရားကို။)
သုတွာန၊ နာကြားပြီး၍။ ဝါ၊ နာကြားရသောကြောင့်။ သံဝရေ၊ လေးပါးသော စောင့်စည်း ခြင်း၌။ (ပဝတ္တာ၊ ဖြစ်သော။ ။ တစ်နည်းကား။ သမ္ပယုတ္တာ၊ ယှဉ်သော။) ပညာ၊ ပညာသည်။ သီလမယေ ဉာဏံ၊ သီလမယဉာဏ်မည်၏။ ဝါ၊ သီလဖြင့်ပြီးသော ဉာဏ်မည်၏။ သီလမယေဉာဏေ၊ သီလမယဉာဏ်၌။ ဝုတ္တသီလသံဝရေန၊ ဆိုအပ်သော သီလသံဝရဖြင့်။)
သံဝရိတွာ၊ ကောင်းစွာစောင့်စည်း၍။ သမာဒဟနေ၊ (တစ်ခုတည်းသောအာရုံ၌စိတ်ကို)ကောင်းစွာထားရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ သမာဓိဘာဝနာမယေ ဉာဏံ၊ သမာဓိဘာဝနာမယဉာဏ်မည်၏။ ဝါ၊ သမာဓိဘာဝနာဖြင့်ပြီးသော ဉာဏ်မည်၏။
ပစ္စယပရိဂ္ဂဟေ၊ အကြောင်းတရားတို့ကို သိမ်းဆည်းရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဓမ္မဋ္ဌိတိဉာဏံ၊ ဓမ္မဋ္ဌိတိဉာဏ်မည်၏။ ဝါ၊ အကျိုးတရားတို့၏ တည်ကြောင်းကို သိသောဉာဏ်မည်၏။
အတီတာနာဂတပစ္စုပ္ပန်န္နာနံ၊ အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်ကုန်သော။ ဓမ္မာနံ၊ (ခန္ဓာငါးပါး) တရားတို့ကို။ (ဧကေကလက္ခဏေ၊ အနိစ္စအစရှိသော တပါးပါးသော လက္ခဏာ၌)။ သံခိပိတွာ၊ ချုံး၍။ ဝါ၊ ပေါင်းရုံး၍။ ဝဝတ္ထာနေ၊ ပိုင်းခြားမှတ်သားရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ သမ္မသနေ ဉာဏံ၊ သမ္မသနဉာဏ်မည်၏။ ဝါ၊ သုံးသပ်ဆင်ခြင်သော ဉာဏ်မည်၏။
ပစ္စုပ္ပန္နာနံ၊ ပစ္စုပ္ပန်ဖြစ်ကုန်သော။ ဓမ္မာနံ၊ (ခန္ဓာငါးပါး) တရားတို့၏။ ဝိပရိဏာမာနုပဿနေ၊ ဖောက်ပြန်ပျက်စီးခြင်းကို အဖန်တလဲလဲရှုရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဥဒယဗ္ဗယာနုပဿနေ ဉာဏံ၊ ဥဒယဗ္ဗယာနုပဿနာဉာဏ်မည်၏။ ဝါ၊ အဖြစ် အပျက်ကိုအဖန်တလဲလဲ ရှုသောဉာဏ်မည်။
အာရမ္မဏံ၊ (ရုပ်အစရှိသော) အာရုံကို။ ပဋိသင်္ခါ၊ ရှုဆင်ခြင်ပြီး၍။ ဝါ၊ ကုန်သည် ပျက်သည်ဟု သိမြင်ပြီး၍။ ဘင်္ဂါနုပဿနေ၊ (ရှုမြင်သော ထိုစိတ်၏) အပျက်ကို တဖန်ရှုရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဝိပဿနေဉာဏံ၊ ဝိပဿနာဉာဏ်မည်၏။ ဝါ၊ အထူးထူးအပြားပြားအားဖြင့် ရှုသောဉာဏ်မည်၏။
ဘယတုပဋ္ဌာနေ၊ ဘေးအားဖြင့် ထင်သောအာရုံ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ။တစ်နည်းကား။ ဘယတုပဋ္ဌာနေပညာ၊ ဘေးဟုထင်မြင်သော ပညာသည်။ အာဒီနဝေဉာဏံ၊ အာဒီနဝဉာဏ်မည်၏။ ဝါ၊ အပြစ်ကို သိသောဉာဏ် မည်၏။
မုဉ္စိတုကမျတာပဋိသင်္ခါသန္တိဋ္ဌနာ၊ (ဥပ္ပါဒစသည်ကို) စွန့်လွတ်လိုသဖြင့် ရှုဆင်ခြင်၍ကောင်းစွာတည်သော။ ပညာ၊ ပညာသည်။ သင်္ခါရုပေက္ခာသု ဉာဏံ၊ သင်္ခါရုပေက္ခာဉာဏ် မည်၏။ ဝါ၊ သင်္ခါရတို့ကိငု လျစ်လျူရှုသော ဉာဏ်မည်၏။
ဗဟိဒ္ဓါ၊ အပြင်ပဖြစ်သော သင်္ခါရနိမိတ်မှ။ ဝုဋ္ဌာနဝိဝဋ္ဋနေ၊ ထခြင်း ကင်းခြင်း၌။ ဝါ၊ ထခြင်း ဆုတ်နစ်ဖဲခွါခြင်း၌။ ဝါ၊ ထခြင်း မျက်လွှဲပြုခြင်း၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဂေါတြဘုဉာဏံ၊ ဂေါတြဘူဉာဏ်မည်၏။ ပုထုဇဉ်အနွယ်ကို ကျာ်လွန်သော ဉာဏ်မည်၏။ ဝါ၊ အရိယာအနွယ်သို့ သက်ရောက်သော ဉာဏ်မည်၏။
ဒုဘတော၊ နိမိတ္တ, ပဝတ္တနှစ်ပါးစုံမှ။ ဝုဋ္ဌာနဝိဝဋ္ဋနေ၊ ထခြင်း ကင်းခြင်း၌။ ဝါ၊ ထခြင်း ဆုတ်နစ်ဖဲခွာခြင်း၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ မဂ္ဂေ ဉာဏံ၊ မဂ်ဉာဏ်မည်၏။ ဝါ၊ မဂ်၌ ပါဝင်သော ဉာဏ်မည်၏။
ပယောဂပ္ပဋိပ္ပဿဒ္ဓိပညာ၊ (နှစ်ပါးစုံမှထမူ) မဂ်လံ့ုလ၏ ငြိမ်ခြင်းကြောင့် ဖြစ်သော ပညာသည်။ ဖလေ ဉာဏံ၊ ဖိုလ်ဉာဏ်မည်၏။ ဝါ၊ (မဂ်၏အကျိုး) ဖိုလ်၌ပါဝင်သော ဉာဏ်မည်၏။
ဆိန္နဝဋုမာနုပဿနေ၊ (ထိုထိုအရိယမဂ်ဖြင့်) ဖြတ်အပ်ပြီးသော သံသရာ လမ်းကြောင်း (ကိလေသာအပေါင်း)ကို တဖန်ပြန်လှည့်၍ ရှုဆင်ခြင်ရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဝိမုတ္တိဉာဏံ၊ ဝိမုတ္ထိဉာဏ်မည်၏။ ဝါ၊ ကိလေသာတို့မှ လွတ်မြောက်ခြင်းကိုသိသော ဉာဏ်မည်၏။
တဒါ၊ ထို မဂ်ခဏ ဖိုလ်ခဏ၌။ သမုဒါဂတေ၊ ဖြစ်ပေါ် လာကုန်ပြီးသော။ ဝါ၊ ရအပ်သိအပ်ကုန်ပြီးသော။ ဓမ္မေ၊ မဂ်ဖိုလ်နိဗ္ဗာန်တရားတို့ကို။ ဝါ၊ သစ္စာလေးပါးတရားတို့ကို။ ပဿနေ၊ ရှုရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ပစ္စဝေက္ခဏေ ဉာဏံ၊ ပစ္စဝေက္ခဏာဉာဏ်မည်၏။ ဝါ၊ တဖန် ပြန်လှည့်၍ ဆင်ခြင်သောဉာဏ်မည်၏။
အဇ္ဈတ္တဝဝတ္ထာနေ၊ အဇ္ဈတ္တမည်သော စက္ခာယတနစသည်တို့ကို ပိုင်းခြားမှတ်သားရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဝတ္ထုနာနတ္တေ ဉာဏံ၊ ဝတ္ထုနာနတ္တ ဉာဏ်မည်၏။ ဝါ၊ တည်ရာဝတ္ထုအထူးထူးကို သိသောဉာဏ်မည်၏။
ဗဟိဒ္ဓါဝဝတ္ထာနေ၊ ဗဟိဒ္ဓမည်သော ရှုပါယတနစသည်တို့ကို ပိုင်းခြားမှတ်သားရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဂေါစရနာနတ္တေ ဉာဏံ၊ ဂေါစရနာနတ္တ ဉာဏ်မည်၏။ ဝါ၊ အာရုံအထူးထူးကို သိသောဉာဏ်မည်၏။
စရိယာဝဝတ္ထာနေ၊ သုံးပါးသောစရိယာတို့ကို ပိုင်းခြားမှတ်သားရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ စရိယာနာနတ္တေ ဉာဏံ၊ စရိယာနာနတ္တဉာဏ်မည်၏။ ဝါ၊ ဖြစ်ခြင်း အထူးထူးကိုသိသောဉာဏ်မည်၏။
စတုဓမ္မဝဝတ္ထာနေ၊ လေးပါးသော တရားတို့ကို ပိုင်းခြား မှတ်သားရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဘူမိနာန‌တ္တေဉာဏံ၊ ဘူမိနာနတ္တဉာဏ်မည်၏။ ဝါ၊ ဘုံအထူးထူးကိုသိသောဉာဏ်မည်၏။
နဝဓမ္မဝဝတ္ထာနေ၊ ကိုးပါးသောတရားတို့ကို ပိုင်းခြား မှတ်သားရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဓမ္မနာနတ္တေ ဉာဏံ၊ ဓမ္မနာနတ္တဉာဏ်မည်၏။ ဝါ၊ တရားအထူးထူးကို သိသောဉာဏ်မည်၏။
အဘိညာပညာ၊ အထူးသဖြင့် သိသောပညာသည်။ ဝါ၊ ရှေးရှူပြု၍ သိသောပညာသည်။ ဝါ၊ တင့်တယ်စွာ သိသောပညာသည်။ ဉာတဋ္ဌေ ဉာဏံ၊ ဉာတဋ္ဌဉာဏ်မည်၏။ ဝါ၊ သိအပ်သိိထိုက်သော သဘောကို သိသောဉာဏ် မည်၏။
ပရိညာပညာ၊ ပိုင်းခြား၍သိသော ပညာသည်။ ဝါ၊ နှံ့နှံ့ စပ်စပ် သိသောပညာသည်။ တီရဏဋ္ဌေ ဉာဏံ၊ တီရဏဋ္ဌဉာဏ်မည်၏။ ဝါ၊ စူးစမ်းဆုံးဖြတ်သော ဉာဏ်မည်၏။
ပဟာနေပညာ၊ (နိစ္စသညာစသည်ကို) ပယ်သောပညာသည်။ ပရိစ္စာဂဋ္ဌေ ဉာဏံ၊ ပရိစ္စာဂဋ္ဌဉာဏ်မည်၏။ ဝါ၊ စွန့်အပ်စွန့်ထိုက်သော သဘောကို စွန့်သောဉာဏ်မည်၏။
ဘာဝနာပညာ၊ ပွားစေအပ်သောပညာသည်။ ဧကရသဋ္ဌေ ဉာဏံ၊ ဧကရသဋ္ဌဉာဏ်မည်၏။ ဝါ၊ ကိစ္စတူသောသဘောရှိသော ဉာဏ်မည်၏။
သစ္ဆိကိရိယာ ပညာ၊ (ပဋိဝေဓ,ပဋိလာဘ၏ အစွမ်းအားဖြင့်) မျက်မှောက် ပြုသောပညာသည်။ ဖဿနဋ္ဌေ ဉာဏံ၊ ဖဿနဋ္ဌ ဉာဏ်မည်၏။ ဝါ၊ ထိုးထွင်း၍သိခြင်း,ရခြင်းတို့၏ အစွမ်းအားဖြင့် ထိရောက်သော ဉာဏ်မည်၏။
အတ္ထနာနတ္တေ၊ အနက်အကျိုးတို့၏ အထူးထူးသော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ အတ္ထပဋိသမ္ဘိဒေ ဉာဏံ၊ အတ္ထပဋိသမ္ဘိဒါဉာဏ်မည်၏။ ဝါ၊ အနက်,အကျိုးတို့ကို ခွဲခြား၍သိသော ဉာဏ်မည်၏။
ဓမ္မနာနတ္တေ၊ ဒေသနာ ပါဠိ, အကြောင်းတို့၏အထူးထူးသောသဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဓမ္မပဋိသမ္ဘိဒေ ဉာဏံ၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်မည်၏။ ဝါ၊ ဒေသနာပါဠိ, အကြောင်းတို့ကိုခွဲခြား၍ သိသော ဉာဏ်မည်၏။
နိရုတ္တိနာနတ္တေ၊ ပါဠိသဒ္ဒါတို့၏ အထူးထူးသော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ နိရုတ္တိပဋိသမ္ဘိဒေ ဉာဏံ၊ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်မည်၏။ ဝါ၊ ပါဠိသဒ္ဒါကို ခွဲခြား၍ သိသော ဉာဏ်မည်၏။
ပဋိဘာနာနတ္တေ၊ ထင်မြင်ဉာဏ် ပဋိဘာန်တို့၏ အထူးထူးသော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ပဋိဘာနပဋိသမ္ဘိဒေ ဉာဏံ၊ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်မည်၏။ ဝါ၊ ထင်မြင်ဉာဏ်တို့ကို ခွဲခြား၍သိသော ဉာဏ်မည်၏။
ဝိဟာရနာနတ္တေ၊ နေထိုင်မှု ဝိဟာရတို့၏ အထူးထူးသော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဝိဟာရဋ္ဌေ ဉာဏံ၊ ဝိဟာရဋ္ဌဉာဏ်မည်၏။ ဝါ၊ အထူးထူးသော နေထိုင်မှု ဝိပဿနာဝိဟာရကို သိသောဉာဏ်မည်၏။
သမာပတ္တိနာနတ္တေ၊ သမာပတ်တို့၏ အထူးထူးသောသဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ သမာပတ္တဋ္ဌေ ဉာဏံ၊ သမာပတ္တဋ္ဌဉာဏ်မည်၏။ ဝါ၊ အထူးထူးသော သမာပတ်ဝင်စားမှုကို သိသော ဉာဏ်မည်၏။
ဝိဟာရသမာပတ္တိနာနတ္တေ၊ နေထိုင်မှုဝိဟာရနှင့် သမာပတိတို့၏ ထူးသော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဝိဟာရသမာပတ္တဋ္ဌေ ဉာဏံ၊ ဝိဟာရသမာပတ္တဋ္ဌဉာဏ်မည်၏။ ဝါ၊ အထူးထူးသော နေထိုင်မှု ဝိပဿနာဝိဟာရနှင့် အထူးထူးသော သမာပတ်ဝင်စားမှုတို့ကို သိသောဉာဏ်မည်၏။
အဝိက္ခေပပရိသုဒ္ဓတ္တာ၊ မပျံ့လွင့်မှု သမာဓိစင်ကြယ်သည်၏ အဖြစ်ကြောင့်။ အာသဝသမုစ္ဆေဒေ၊ အာသဝတို့ကို ကောင်းစွာဖြတ်ရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ အာနန္တရိကသမာဓိမှိ ဉာဏံ၊ အာနန္တရိကသမာဓိဉာဏ်မည်၏။ ဝါ၊ မိမိ၏အခြားမဲ့၌ပင် အကျိုးပေးတတ်သော မဂ်သမာဓိဉာဏ်မည်၏။
ဒဿနာဓိပတေယျံ စ၊ ရှုမှုလျှင် အကြီးအမှူးရှိသော ဝိပဿနာဉာဏ်သည်၎င်း။ သန္တော၊ ငြိမ်သက်သော။ ဝိဟာရာဓိဂမော စ၊ ရအပ်သော ဝိဟာရဟုဆိုအပ်သော အရဟတ္တဖလ သမာပတ္တိပညာသည်၎င်း။ ပဏီတာဓိမုတ္တတာ၊ မြတ်သော အရဟတ္တဖလသမာပတ်၌ နှလုံးသွင်း ညွတ်ကိုင်းသည်၏ အဖြစ်ဟုဆိုအပ်သော။ ပညာ စ၊ (အရဟတ္တ ဖလသမာပတ်၏ ရေးအဖို့၌ဖြစ်သော) ပညာသည်၎င်း။ အရဏဝိဟာရေ ဉာဏံ၊ အရဏဝိဟာရဉာဏ်မည်၏။ ဝါ၊ ကိလေသာကင်းသော နေထိုင်မှုကိုသိသော ဉာဏ်မည်၏။
ဒွီဟိ၊ နှစ်ပါးကုန်သော။ ဗလေဟိ၊ သမထ ဝိပဿနာခွန်အားတို့နှင့်။ သမန္နာဂတတ္တာ စ၊ ပြည့်စုံသည်၏ အဖြစ်ကြောင့်၎င်း။ တယော တိဏ္ဏံ၊ သုံးပါးကုန်သော။ သင်္ခါရရာနံ၊ ဝစီသင်္ခါရ,ကာယသင်္ခါရ, စိတ္တသင်္ခါရတို့၏။ ပဋိပ္ပဿဒ္ဓိယာ စ၊ ငြိမ်းခြင်းကြောင့်၎င်း။ သောဠသဟိ၊ တဆယ့်ခြောက်ပါးကုန်သော။ ဉာဏစရိယာဟိစ၊ ဉာဏ်၏ဖြစ်ခြင်းတို့ဖြင့်၎င်း။ နဝဟိ၊ ကိုးပါးကုန်သော။ သမာဓိစရိယာ စ၊ သမာဓိ၏ဖြစ်ခြင်းတို့ဖြင့်၎င်း။ တသီဘာဝတာ၊ လေ့လာနိုင်နင်းခြင်း ရှိသည်၏အဖြစ်တည်းဟူသော။ ပညာ၊ ပညာသည်။ နိရောဓသမာပတ္တိယာ ဉာဏံ၊ နိရောဓသမာပတ္တိဉာဏ်မည်၏။ ဝါ၊ နိရောဓသမာပတ်၏အကြောင်းကို သိသောဉာဏ်မည်၏။
သမ္ပဇာနဿ၊ ကောင်းစွာအပြားအားဖြင့် သိသောသူ၏။ ပဝတ္တပရိယာဒါနေ၊ ကိလေသာ ခန္ဓာတို့၏ ဖြစ်စဉ်ကို ကုန်စေရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ပရိနိဗ္ဗာနေ ဉာဏံ၊ ပရိနိဗ္ဗာန ဉာဏ်မည်၏။ ဝါ၊ ပရိနိဗ္ဗာန်ကို သိသော ဉာဏ်မည်၏။
သဗ္ဗဓမ္မာနံ၊ အလုံးစုံသော တေဘူမက သင်္ခါရတရားတို့ကို။ သမ္မာ၊ ကောင်းစွာ။ သမုစ္ဆေဒေ စ၊ ဖြတ်ရာ၌၎င်း။ နိရောဓာ စ၊ ချုပ်စေရာ၌၎င်း။ အနုပဋ္ဌာနတာ အနုပဋ္ဌာနတာယ စ၊ တဖန်မထင်ခြင်း မဖြစ်ခြင်း၌၎င်း။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ သမသီသဋ္ဌေ ဉာဏံ၊ သမသီသဋ္ဌေ ဉာဏ်မည်၏။ ဝါ၊ သုံးပါးသော သမသီသ သဘောကို သိသော ဉာဏ်မည်၏။
ပုထုနာနတ္တ တေဇပရိယာဒါနေ၊ ရာဂစသော သီးခြားတရား, ကာမစ္ဆန္ဒစသော အထူးထူးသောသဘော,ဒုဿီလျစသော တန်ခိုးတို့ကို ကုန်စေရာ၌။ ဝါ၊ သီးခြားတရား, အထူးထူးသောသဘောတို့၏ တန်ခိုးကိုကုန်စေရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ သလ္လေခဋ္ဌေ ဉာဏံ၊ သလ္လေခဋ္ဌဉာဏ်မည်၏။ ဝါ၊ (သုံးဆယ့်ခုနစ်ပါးသော) သလ္လေခသဘောကို သိသောဉာဏ်မည်၏။
အသလ္လီနတ္တပဟိတတ္တ ပဂ္ဂဟဋ္ဌေ၊ မဆုတ်နစ်သော စိတ်ရှိသည်ဖြစ်၍၊ နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိလျက် အားထုတ်ခြင်းသဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဝီရိယာရမ္ဘေ ဉာဏံ၊ ဝီရိယာရမ္ဘဉာဏ် မည်၏။ ဝါ၊ အပြင်းအထန် အားထုတ်မှုကို သိသောဉာဏ်မည်၏။
နာနာဓမ္မပ္ပကာသနတာ၊ အထူးထူးသောတရားတို့ကို ပြတတ်သည်၏ အဖြစ်တည်းဟူသော။ ဝါ၊ အထူးထူးသောတရားတို့ကို ဟောတတ်သည်၏ အဖြစ်တည်းဟူသော။ ပညာ၊ ပညာသည်။ အတ္ထသန္ဒဿနေ ဉာဏံ၊ အတ္ထသန္ဒဿနဉာဏ်မည်၏။ ဝါ၊ အနက်သဘောကို ပြတတ်သောဉာဏ်မည်၏။
သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းသောတရားတို့၏။ ဧကသင်္ဂဟတာနာနတ္တေကတ္တပဋိဝေဓေ၊ တူသောအားဖြင့် ရေတွက်အပ်သည်၏အဖြစ်၊ အထူးထူးသောသဘော၊ တမျိုးတည်းသောသဘောတို့ကိုသိရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဒဿနဝိသုဒ္ဓိဉာဏံ၊ ဒဿနဝိသုဒ္ဓိဉာဏ်မည်၏။ ဝါ၊ အမြင်စင်ကြယ်သော မဂ်ဖိုလ်ဉာဏ်မည်၏။
ဝိဒိတ္တာ၊ ထင်ရှားသိအပ်ပြီးသည်၏အဖြစ်ကြောင့်။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ခန္တိဉာဏံ၊ ခန္တိဉာဏ်မည်၏။ ဝါ၊ နှစ်သက် သဘောကျသော ဉာဏ်မည်၏။
ဖုဋ္ဌတ္တာ၊ ဉာဏ်ဖြင့် တွေ့အပ်ပြီးသည်၏အဖြစ်ကြောင့်။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ပရိယောဂါဟဏေ ဉာဏံ၊ ပရိယောဂါဟဏဉာဏ် မည်၏။ ဝါ၊ သက်ဝင်သောဉာဏ်မည်၏။
သမောဒဟနေ၊ (ခန္ဓာစသည်တို့တွင် တစိတ် တဒေသ ဖြစ်သော တလောကလုံးမှဝေဒနာတရားကို) စုပေါင်း၍ရှုရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ပဒေစသဝဟာရေဉာဏံ၊ ပဒေသဟိဟာရဉာဏ်မည်၏။ ဝါ၊ ခန္ဓာ အာယတန စသည်တို့တွင် တစိတ် တဒေသမျှဖြစ်သော ဝေဒနာကို ရှုဆင်ခြင်၍ နေမှုဝိဟာရကို သိသော ဉာဏ်မည်၏။ (ထိုဝေဒနာမှာ တမျိုးတည်းပင် ဖြစ်သော်လည်း ဘုံ ၃၁-တလောကလုံးမှ ရှိရှိသမျှဝေဒနာတို့ကို စုပေါင်း၍ ရှာဆင်ခြင်မှုဖြစ်သောကြောင့် ၎င်းဆင်ခြင်မှုကို 'သမောဒဟန'ဟုဆိုသည်ဟူ၍ ယူအပ်၏။)
အဓိပတတ္တာ၊ နေက္ခမ္မစသည်ကို အကြီးအမှူးပြု၍ ဖြစ်သော။ ဝါ၊ နေက္ခမ္မစသည်သည်လွှမ်းမိုးအပ်သော။ ပညာ၊ ပညာသည်။ သညာဝိဝဋ္ဋ ဉာဏံ၊ သညာဝိဝဋ္ဋဉာဏ်မည်၏။
နာနတ္တေ၊ ကာမစ္ဆန္ဒစသော အထူးထူးသော သဘောကြောင့်။ ဝါ၊ အထူးထူးသောသဘောကိုပယ်ခြင်းကြောင့်။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ စေတောဝိဝဋ္ဋေ ဉာဏံ၊ စေတောဝိဝဋ္ဋဉာဏ်မည်၏။ ဝါ၊ စေတနာဖြင့် ကာမစ္ဆန္ဒစသည်မှ ကင်းခြင်း (မျက်လွှဲပြုခြင်းကို)သိသော ဉာဏ်မည်၏။
အဓိဋ္ဌာနေ၊ နေက္ခမ္မစသည်တို့၏ အစွမ်းအားဖြင့် စိတ်ကို ဆောက်တည်ရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ စိတ္တဝိဝဋ္ဋေ ဉာဏံ၊ စိတ္တဝိဝဋ္ဋဉာဏ်မည်၏။ ဝါ၊ စိတ်ဖြင့် ကာမစ္ဆန္ဒစသည်မှ ကင်းခြင်း (မျက်လွှဲပြုခြင်း)ကို သိသောဉာဏ်မည်၏။
သုညတေ၊ ဆိတ်သုဉ်းခြင်း၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဉာဏဝိဝဋ္ဋေဉာဏံ၊ ဉာဏဝိဝဋ္ဋဉာဏ်မည်၏။ ဝါ၊ အတ္တဟု မြဲမြံစွာ နှလုံးသွင်းခြင်းမှ ကင်းသော (မျက်လွှဲပြုသော)အသိဉာဏ်မည်၏။
ဝေါသဂ္ဂေ၊ စွန့်လွတ်ခြင်း၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဝိမောက္ခဝိဝဋ္ဋေ ဉာဏံ၊ ဝိမောက္ခ ဝိဝဋ္ဋဉာဏ်မည်၏။ ဝါ၊ လွတ်မြောက်လျက် ကာမစ္ဆန္ဒစသည်မှ ကင်းသောဉာဏ်မည်၏။
တထဋ္ဌေ၊ မဖောက်မပြန် မှန်ကန်သော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ သစ္စဝိဝဋ္ဋေ ဉာဏံ၊ သစ္စဝိဝဋ္ဋဉာညဏ်မည်၏။ ဝါ၊ သစ္စာတို့၌သိလျက် နိမိတ္တ,ပဝတ္တမှ ကင်းသောဉာဏ်မည်၏။
ကာယမ္ပိ၊ ရူပကာယကို၎င်း။ စိတ္တမ္ပိ၊ ပါဒကဈာန်စိတ်ကို၎င်း။ ဧကဝဝတ္ထာနတာ စ၊ တခုတည်း၏ အဖြစ်ဖြင့် ပိုင်းခြားတတ် မှတ်တတ်သည်၏ အဖြစ်ဖြင့်၎င်း။ သုသညဉ္စ၊ သုသညာကို၎င်း။ လဟုသညဉ္စ၊ လဟုသညာကို၎င်း။ အဓိဋ္ဌာနဝသေန စ၊ ဆောက်တည်သည်၏ အစွမ်းအားဖြင့်၎င်း။ ဣဇ္ဈနဋ္ဌေ၊ ပြီးစီးပြည့်စုံခြင်း သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။) ဣဒ္ဓိဝိဓဉာဏံ၊ ဣဒ္ဓိဝိဓဉာဏ်မည်၏။
ဝိတက္ကဝိပ္ဖါရဝသေန၊ ကြံစည်မှု ဝိတက်ပျံ့နှံ့ သည်၏ အစွမ်းအားဖြင့်။ နာနတ္တေကတ္တသဒ္ဒနိမိတ္တာနံ၊ အထူးထူး သဘောရှိသော အသံနိမိတ်, တမျိုးတည်းသဘောရှိသော အသံနိမိတ်တို့သို့။ ပရိယောဂါဟဏေ၊ သက်ဝင်ရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ သောတဓာတုဝိသုဒ္ဓိဉာဏံ၊ သောတဓာတုဝိသုဒ္ဓိဉာဏ်မည်၏။
တိဏ္ဏန္နံ၊ ဒေါမနဿ,ဥပေက္ခာ၏ အစွမ်းအားဖြင့် သုံးပါးကုန်သော။ စိတ္တာနံ၊ စိတ်တို့၏။ ဝိပ္ဖါရတ္တာ၊ ပျံ့နှံ့သည်၏ အဖြစ်ကြောင့်။ ဣန္ဒြိယာနံ၊ စက္ခု အစရှိသော ခြောက်ပါးကုန်သော ဣန္ဒြေတို့၏။ ပသာဒဝသေန၊ ကြည်သည်၏ အစွမ်းအားဖြင့်။ နာနတ္တေကတ္တဝိညာဏစရိယာပရိယောဂါဟဏေ၊ အထူးထူးသဘောရှိသောစိတ်ဝိညာဏ် တမျိုးတည်းသဘောရှိသောစိတ်ဝိညာဏ်တို့၏ ဖြစ်ခြင်းသို့ သက်ဝင်ရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ စေတောပရိယဉာဏံ၊ စေတောပရိယဉာဏ်မည်၏။
နာနတ္တေကတ္တကမ္ပဝိပ္ဖါရဝသေန၊ အထူးထူး သဘောရှိသောကံ,တမျိုးတည်း သဘောရှိသောကံတို့၏ ပျံ့နှံ့ သည်၏ အစွမ်းအားဖြင့်။ ပစ္စယဝတ္တာနံ၊ အကြောင်းကြောင့်ဖြစ်ကုန်သော။ ဓမ္မာနံ၊ အကျိုးတရားတို့သို့။ ပရိယောဂါဟဏေ၊ သက်ဝင်ရာ၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ပုဗ္ဗေနိဝါသာနုဿတိဉာဏံ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်မည်၏။
ဩဘာသဝသေန၊ အရောင်အလင်း၏ အစွမ်းအားဖြင့်။ နာနတ္တေကတ္တရူပနိမိတ္တာနံ၊ အထူးထူးသဘောရှိသော အဆင်းနိမိတ်,တမျိုးတည်း သဘောရှိသော အဆင်းနိမိတ်တို့ကို။ ဒဿနဋ္ဌေ၊ မြင်ခြင်းသဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဒိဗ္ဗစက္ခုဉာဏံ၊ ဒိဗ္ဗစက္ခုဉာဏ် မည်၏။
စတုသဋ္ဌိယာ အာကာရေဟိ၊ ခြောက်ဆယ့်လေးပါးသော အခြင်းအရာတို့ဖြင့်။ တိဏ္ဏန္နံ၊ အနညာတညဿာမီတိန္ဒြေ,အညိန္ဒြေ, အညာတာဝိန္ဒြေအားဖြင့် သုံးပါးကုန်သော။ ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏။ ဝသီဘာဝတာ၊ လေ့လာခြင်းရှိသော သူ၏အဖြစ်တည်းဟူသော။ ပညာ၊ ပညာသည်။ အာသဝါနံ ခယေ ဉာဏံ၊ အာသဝက္ခယဉာဏ်မည်၏။
ပရိညဋ္ဌေ၊ ပိုင်းခြား၍ သိအပ်သော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဒုက္ခေ ဉာဏံ၊ ဒုက္ခဉာဏ်မည်၏။
ပဟာနဋ္ဌေ၊ ပယ်အပ်သော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ သမုဒယေ ဉာဏံ၊ သမုဒယဉာဏ်မည်၏။
သစ္ဆိကိရိယဋ္ဌေ၊ မျက်မှောက် ပြုအပ်သောသဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ နိရောဓေ ဉာဏံ၊ နိရောဓဉာဏ်မည်၏။
ဘာဝနဋ္ဌေ၊ ပွားစေအပ်သော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ မဂ္ဂေ ဉာဏံ၊ မဂ္ဂဉာဏ်မည်၏။
ဒုက္ခေ ဉာဏံ၊ ဒုက္ခကိုသိသောဉာဏ်။
ဒုက္ခသမုဒယေ ဉာဏံ၊ ဒက္ခ၏အကြောင်းကို သိသောဉာဏ်။
ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်ကို သိသောဉာဏ်။
ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြင့်သော အကျင့်ကို သိသောဉာဏ်။
အတ္ထပဋိသမ္ဘိဒေ ဉာဏံ၊ အကျိုးကိုသိသောယဉာဏ်။ (ဝါ၊ အနက်ကိုသိသောဉာဏ်။)
ဓမ္မပဋိသမ္ဘိဒေ ဉာဏံ၊ အကြောင်းကိုသိသောဉာဏ်။ (ဝါ၊ ပါဠိကို သိသောဉာဏ်။)
နိရုတ္တိပဋိသမ္ဘိဒေ ဉာဏံ၊ အမည်သဒ္ဒါကို သိသောဉာဏ်။
ပဋိဘာနပဋိသမ္ဘိဒေ ဉာဏံ၊ ပညာကိုသိသောဉာဏ်။
ဣန္ဒြယပရောပရိယတ္တေ ဉာဏံ၊ သဒ္ဒါစသော ဣန္ဒြေငါးပါးတို့၏ အမြတ်အယုတ် အရင့်အနုကို သိသောဉာဏ်။
သတ္တာနံ၊ သတ္တဝါတို့၏။ အာသယာနုသယေ ဉာဏံ၊ အာသယ အနုသယကိုသိသောဉာဏ်။
ယမကပါဋိဟာရိယေ ဉာဏံ၊ ယမကပါဋိဟာရိယကို သိသောဉာဏ်။
မဟာကရုဏာသမာပတ္တိယာ ဉာဏံ၊ မဟာကရုဏာသမာပတ်နှင့် ယှဉ်သောဉာဏ် ။
သဗ္ဗညုတညာဏံ၊ သဗ္ဗညုတဉာဏ်။
အနာပရဏဉာဏံ၊ အနာဝရဏဉာဏ်။
ဣမာနိ၊ ဤသည်တို့ကား။ တေသတ္တတိဉာဏာနိ၊ ခုနစ်ဆယ့်ပါးသော ဉာဏ်တို့ပေတည်း။
ဣမေသံ တေသတ္တတိယာ ဉာဏာနံ၊ ဤခုနစ်ဆယ့်သုံးပါးသော ဉာဏ်တို့တွင်။ သတ္တသဋ္ဌိဉာဏာနိ၊ ခြောက်ဆယ့်ခုနစ်ပါးသော ဉာဏ်တို့သည်။ သာဝကသာဓာရဏာနိ၊ သာဝကတို့နှင့် ဆက်ဆံကုန်၏။
ဆ ဉာဏာနိ၊ ခြောက်ပါးသော ဉာဏ်တို့သည်။ သာဝကေဟိ၊ သာဝကတို့နှင့်။ အသာဓာရဏာနိ၊ မဆက်ဆံကုန်။
မာတိကာ၊ မာတိကာသည်။ နိဋ္ဌိတာ၊ ပြီးပြီ။