ဣမေဟိ စ ပန နီဝရဏေဟိ၊ ဤရှစ်ပါးသော နီဝရဏတို့မှ။
ဝိသုဒ္ဓစိတ္တဿ၊ စင်ကြယ်သောစိတ်ရှိသည်ဖြစ်၍။
ဝါ၊ စင်ကြယ်သောစိတ်ရှိလျက်။
သောဠသဝတ္ထုကံ၊ တဆယ့်ခြောက်ပါးသော ဝတ္ထုရှိသော။
အာနာပါနဿတိသမာဓိံ၊ အာနာပါနသတိသမာဓိကို။
ဘာဝယတော၊ ပွါးစေသော ယောဂီပုဂ္ဂိုလ်အား။
ခဏိကသမောဓါနာ၊ ထိုထိုခဏ၌ ဥပက္ကိလေသတို့၏ စုပေါင်းမိခြင်းကြောင့်။
ဝါ၊ ထိုထိုခဏ၌ဖြစ်သော ဥပက္ကိလေသတို့ အစုအပေါင်း၏အစွမ်းအားဖြင့်။
(အဋ္ဌာရသ၊ တဆယ့်ရှစ်ပါးကုန်သော။
ဥပက္ကိလေသာ၊ ဘာဝနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသတို့သည်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ် တတ်ကုန်၏။)
ကတမေ အဋ္ဌာရသ ဥပက္ကိလေသာ၊ အဘယ်တဆယ့်ရှစ်ပါးသော ဥပက္ကိလေသတို့သည်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ် တတ်ကုန်သနည်း။
(ရှေးဟံသာဝတီတိုက်ရိုက်စာအုပ်နှင့် ပေစာတို့၌ "ဣမေဟိ စ ပ န နီဝရဏေဟိ ဝိသုဒ္ဓစိတ္တဿ သောဋ္ဌသဝတ္ထုကံ အာနာပါနဿတိသမဓိံ ဘာဝဘတော ခဏိကသမောဓာနာ ကတမေ အဋ္ဌာရသ ဥပက္ကိလေသာ ဥပ္ပဇ္ဇန္တိ" ဟု စာပိုဒ်တည်း၊ တဝါပင် ဆက်လျက်ရှိ၏။
"ဣမေဟိ စ ပ န နီဝရဏေဟိ။ပ။
ခဏိကသမောဓာနာ"ဟူသော စကားရပ်ထဲတွင် ပဓာနဖြစ်သော ကတ္တား နှင့် ကြိယာ မရှိသည်ကို ထောက်လျှင် ၎င်းစကားရပ်သည် တကမေ အဋ္ဌာရသ"စသည်နှင့် တဝါကျိတည်းဖြစ်ကြောင်း ထင်ရှား၏။
ဤအရာ၌ 'ခဏိကသမောဓာနာ'ပုဒ်ကို "ဥပက္ကိလေသာ ဥပ္ပဇ္ဇန္တိ"၏ ဟိတ်အဖြစ်,ဝိသေသနအဖြစ်ဖြင့် ဖွင့်ပြထာသော အဋ္ဌကထာကိုလည်း အထူးသတိပြုသင့်၏။
ထို့ပြင် ပါဠိစာအုပ်နံပါတ် ၁၆၆-ဤဥပက္ကိလေသဉာဏနိဒ္ဒေသ၏အဆုံး၌ "တေဟိ စ ပ န နီဝရဏေဟိ။ပ။
ခဏိကသမောဓာနာ အဋ္ဌာရသ ဥပက္ကိလေသာ ဥပ္ပဇ္ဇန္တိ" ဟု တဝါကျတည်း တည်ရှိသော နိဂုံးစကားကို ထောက်လျှင် ဤဥဒ္ဒေသာအရာ၌လည်း တဝါကျတည်းဖြစ်ကြောင်း အထူးသဖြင့် ထင်ရှားလှပေ၏။
သို့သော် ကတမေဟူသော-ပုစ္ဆာဝါစာကပုဒ်မှာ ဝါကျ၏ အစ၌သာရှိတတ်သောကြောင့်၎င်း၊ နိဒ္ဒေသပုစ္ဆာဝါကျရှိလျှင် ဥဒ္ဒေသသာမည ဝါကျရှိပြီး ဖြစ်သင့်သောကြောင့်၎င်း တဝါကျတည်းယူရန်သံသယ မကင်းသည်လည်း ရှိရာ၏။
ထို့ကြောင့် ခဏိကသမောဓာနာ-နောင် "အဋ္ဌာရသဥပက္ကိလေသာ ဥပ္ပဇ္ဇန္တိ" ဟူသော ပဓာန သုံးပုဒ်ကို ထည့်၍ ဥဒ္ဒေသသာမညဝါကျအဖြစ်ဖြင့် ယူလိုကယူရန်၎င်း၊ သို့မဟုတ် ၎င်း သုံးပုဒ်ကို မထည့်ဘဲ တဝါကျတည်း ယူလိုကယူရန်၎င်း ရည်ရွယ်၍ "အဋ္ဌာရသ ဥပက္ကိလေသာ ဥပ္ပဇ္ဇန္တိ" ဟူသော အပိုသုံးပုဒ်ကို လက်သည်းကွင်းဖြင့် ပိုင်းခြား၍ ထည့်ပြလိုက်ပေသည်)။
အဿာသာဒိမဇ္ဈပရိယောသာန့၊ ဝသ်သက်လေ၏ အစ အလယ် အဆုံးကို။
သတိယာ၊ အမှတ်သတိဖြင့်။
အနုဂစ္ဆတော၊ အစဉ်လိုက်သော ယောဂီပုဂ္ဂိုလ်၏။
အဇ္ဈတ္တဝိက္ခေပဂတံ၊ အတွင်းသန္တာန်၌ပျံ့လွင့်ခြင်းသို့ ရောက်သော။
(အဿာသ၏ အစ အလယ် အဆုံးကို လိုက်၍ ရှုလျှင် ကိုယ်တွင်း၌ပျံ့လွင့်သည်ဟု ဆိုသော ဤပါဠိကို မှီ၍ ရှေးစာပိုဒ်နံပါတ် ၈၁-၌လည်း အဿာသဝသေန၊ ဝင်သက်၏ အစွမ်းအားဖြင့် ဟု ပြန်ခဲ့သည်၊ နောက်၌လည်း အဿာသ-ပုဒ်ကို ဝင်သက်ဟူ၍ချည်းပြန်မည်။
သို့မှ ဤကျမ်းကိုဟောသော ဒေသကပုဂ္ဂိုလ်၏ အလိုကျ၍ ရှေးနောက်လည်း အညီမည်။)
စိတ္တံ၊ စိတ်သည်။
သမာဓိဿ၊ သမာဓိ၏။
ပရိပန္တော၊ အနှောင့်အယှက်ဘေးရန်တည်း။
ပဿာသာဒိဇ္ဈပုရိယောသာနံ၊ ထွက်သက်လေ၏ အစ အလယ် အဆုံးကို။
သတိယာ၊ အမှတ်သတိဖြင့်။
အနုဂစ္ဆတော၊ အစည်လိုက်သော ယောဂီပုဂ္ဂိုလ်၏။
ဗဟိဒ္ဓါဝိက္ခေပဂတံ၊ အပ၌ ပျံ့လွင့်ခြင်းသို့ရောက်သော။
(ဤပါဠိနှင့်အညီ ရှေးစာပိုဒ်နံပါတ် ၈၁-၌လည်း ပဿာသဝသေန၊ ထွက်သက်၏အစွမ်းအားဖြင့် ဟု ပြန်ခဲ့သည်။
နောက်၌လည်း ပဿာဿ-ကို ထွက်သက်ဟူ၍ချည်း ပြန်မည်။)
စိတ္တံ၊ စိတ်သည်။
သမာဓိဿ၊ သမာဓိ၏။
ပရိပန္ထော၊ ဘေးရန်တည်း။
အဿာသပဋိကင်္ခနာနိကန္တိ၊ ဝင်သက်လေကို တောင့်တလိုလားခြင်း ဟူသော။
(ပဿသပဋိသင်္ခနာနိကန္တီတိ-ဟု သံဝဏ္ဏေတဗ္ဗ တည်၍ ပြသော အဋ္ဌကထာနှင့်အညီနိကန္တိ-ပုဒ်ကို ရှေးပုဒ်နှင့် သမာသ်တွဲလျက်သော် ယူသင့်၏။
စာမျက်မှာ ၁၆၅-၌"အဿာသပဋိကင်္ခနာယ နိကန္တိယာ" ဟူသောပါဌ်နှင့်အညီ လသမာသ်မတွဲဘဲ အသီးအသီးတပုဒ်စီ သော်လည်း ယူသင့်၏)။
တဏှာစရိယာ၊ တဏှာ၏ ဖြစ်ခြင်းသည်။
သမာဓိဿ၊ သမာဓိ၏။
ပရိပန္ထော၊ ဘေးရန်တည်း။
ပဿာသပဋိကင်္ခနာနိကန္တိ၊ ထွက်သက်လေကို တောင့်တလိုလားခြင်းဟူသော။
တဏှာစရိယာ၊ တဏှာ၏ဖြစ်ခြင်းသည်။
သမာဓိဿ၊ သမာဓိ၏။
ပရိပန္ထော၊ ဘေးရန်တည်း။
အဿာသေန၊ ဝင်သက်လေဖြင့်။
ဝါ၊ သည်။
အဘိတုန္နဿ၊ နှိပ်စက်အပ်သော ယောဂီပုဂ္ဂိလ်၏။
ပဿာသပဋိလာဘေ၊ ထွက်သက်လေကိုရခြင်း၌။
မုစ္ဆနာ၊ သာယာဖွယ် ထင်လျက် တပ်မက်ခြင်းသည်။
ဝါ၊ သာယာဖွယ်ထင်ခြင်းဟူသော တွေဝေခြင်းသည်။
သမာဓိဿ၊ သမာဓိ၏။
ပရိပန္ထော၊ ဘေးရန်တည်း။
ပဿာသေန၊ ထွက်သက်လေဖြင့်။
ဝါ၊ သည်။
အဘိတုန္နဿ၊ နှိပ်စက်အပ်သော ယောဂီပုဂ္ဂိုလ်၏။
အဿာသပဋိလာဘေ၊ ဝငင်သက်လေကို ရခြင်း၌။
မုစ္ဆနာ၊ သာယာဖွယ် ထင်လျက် တပ်မက်ခြင်းသည်။
ဝါ၊ သာယာဖွယ်ထင်ခြင်းဟူသော တွေဝေခြင်းသည်။
သမာဓိဿ၊ သမာဓိ၏။
ပရိပန္ထော၊ အနှောင့်အယှက်ဘေးရန်တည်း။
အဿာသံ၊ တင်သက်လေကို။
အနုဂစ္ဆနာ၊ အစဉ်လိုက်သော။
သတိ စ၊ သန္တာန်၌ပျံ့လွင့် ကြောင်း ဖြစ်သော အမှတ်သတိ၎င်း။
ပဿာသံ၊ ထွက်သက်လေကို။
အနုဂစ္ဆနာ၊ အစဉ်လိုက်သော။
သတိ စ၊ အပ၌ ပျံ့လွင့်ကောင်းဖြစ်သော အမှတ်သတိ၎င်း။
အဇ္ဈတ္တဝိက္ခေပါကင်္ခနာ စ၊ အတွင်းသန္တာန်၌ ပျံ့လွင့်စေတတ်သော ဝင်သက်လေကို တောင့်တခြင်း၎င်း။
ဗဟိဒ္ဓါဝိက္ခေပပတ္ထနာ စ၊ အပ၌ ပျံ့လွင့်စေတတ်သော ထွက်သက်လေကို တောင့်တခြင်း၎င်း။
အဿာသေန၊ ဝင်သက်လေဖြင့်။
ဝါ၊ ဝင်သက်လေသည်။
အဘိတုန္နဿ၊ နှိပ်စက်အပ်သော ယောဂီပုဂ္ဂိုလ်၏။
ပဿာသပဋိလာဘေ၊ ထွက်သက်လေကို ရခြင်း၌။
မုစ္ဆနာ၊ သာယာဖွယ်ထင်လျက် တပ်မက်ခြင်း၎င်း။
ဝါ၊ သာယာဖွယ်ထင်ခြင်းဟူသော တွေဝေခြင်း၎င်း။
ပဿာသေန၊ ထွက်သက်လေဖြင့်။
ဝါ၊ သည်။
အဘိတုန္နဿ၊ နှိပ်စက်အပ်သောယောဂီပုဂ္ဂိုလ်၏။
အဿာသ ပဋိလာဘေ၊ ဝင်သက်ကို ရခြင်း၌။
မုစ္ဆနာ၊ သာယာဖွယ်ထင်လျက် တပ်မက်ခြင်း၎င်း။
ဝါ၊ သာယာဖွယ်ထင်ခြင်းဟူသော တွေဝေခြင်း၎င်း။
(ဣတိ၊ ဤသို့။)
ဧတေ ဆ၊ ဤ ၆-ပါးတို့သည်။
အာနာပါနဿတိသမာဓိဿ၊ အာနာပါနသတိသမာဓိ၏။
ဥပက္ကိလေသာ၊ ညစ်ညူးကြောင်း ဥပက္ကိလေသ တို့တည်း။
ယေဟိ၊ ယင်း ဥပက္ကိ လေသတို့သည်။
ဝါ၊ ယင်း ဥပက္ကိလေသတို့က။
ဝိက္ခိပ္ပမာနဿ၊ ပျံ့လွင်းခြင်းသို့ ရောက်စေအပ်သော သူ၏။
စိတ္တံ၊ စိတ်သည်။
နော စ ဝိမုစ္စတိ၊ ဝင်သက်ထွက်သက်အာရုံ၌လည်း မသက်ဝင်။
ဝါ၊ ဆန့်ကျင်ဘက်တို့မှလည်း မလွတ်မြောက်။
ဝိမောက္ခံ၊ သက်ဝင်ခြင်း, လွတ်မြောက်ခြင်းကို။
အပ္ပဇာနန္တာ၊ မျက်မှောက်ကိုယ်တွေ့အားဖြင့် မသိကုန်သော။
တေ၊ ထိုပုဂ္ဂိုလ်တို့သည်။
ပရပတ္တိယာ စ၊ သူတပါးပြောချက်ကိုသာ အားကို ယုံကြည်ရကုန်သည်လည်း။
ဟောန္တိ၊ ဖြစ်ကုန်၏။