Issues
Select Version
နိဿယ
မြန်မာဘာသာ
Paṭisambhidāmaggapāḷi
Paṭisambhidāmaggapāḷi

20-24. Ñāṇapañcakaniddeso

Author: နိဿယ @ IAPT

အဘိညာ ပညာ၊ အထူးသဖြင့် သိသော ပညာသည်။ ဉာတဋ္ဌေန ဉာဏံ၊ ဉာတဋ္ဌဉာဏ်မည်သည်။ ပရိညာပညာ၊ ပိုင်းခြား၍သိသော ပညာသည်။ တီရဏဋ္ဌ ဉာဏံ၊ တီရဏဋ္ဌဉာဏ်မည်သည်။ ပဟာနေ ပညာ၊ ပယ်သော ပညာသည်။ ပရိစ္စာဂဋ္ဌေ ဉာဏံ၊ ပရိစ္စာဂဋ္ဌဉာဏ်မည်သည်။ ဘာဝနာ ပညာ၊ ပွါးစေအပ်သော ပညာသည်။ ဧကရသဋ္ဌေ ဉာဏံ၊ ဧကရသဋ္ဌဉာဏ်မည်သည်။ သစ္ဆိကိရိယာ ပညာ၊ မျက်မှောက်ပြုအပ်သော ပညာသည်။ ဖဿနဋ္ဌေ ဉာဏံ၊ ဖဿနဋ္ဌဉာဏ်မည်သည်။ ကထံ ဟောတိ၊ အဘယ်သို့ဖြစ်သနည်း ဟူမူကား။
ယေ ယေ ဓမ္မာ၊ အကြင်အကြင်တရားတို့ကို။ ဝါ၊ အကြင်အကြင်တရားတို့သည်။ အဘိညာတာ၊ ထူးသော ဉာဏ်ဖြင့် သိအပ်ကုန်သည်။ ဝါ၊ ရှေးရှူပြု၍သိအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ တေ ဓမ္မာ၊ ထိုထိုတရားတို့ကို။ ဝါ၊ ထိုထိုတရားတို့သည်။ ဉာတာ၊ သိအပ်ကုန်သည်။ ဝါ၊ သိအပ်ပြီးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ယေ ယေ ဓမ္မာ၊ အကြင်အကြင်တရားတို့ကို။ ပရိညာတာ၊ ပိုင်းခြား၍ သိအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ တေ ဓမ္မာ၊ ထိုထိုတရားတို့ကို။ ဝါ၊ ထိုထိုတရားတို့သည်။ တီရိတာ၊ ဆုံးဖြတ်အပ်ကုန်သည်။ ဝါ၊ ဆုံးဖြတ်အပ်ပြီးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ယေ ယေ ဓမ္မာ၊ အကြင်အကြင်တရားတို့ကို။ ပဟီနာ၊ ပယ်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ တေ ဓမ္မာ၊ တို့သည်။ ပရိစ္စတ္တာ၊ စွန့်အပ်ကုန်ပြီးသည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ယေ ယေ ဓမ္မာ၊ အကြင်အကြင်တရားတို့ကို။ ဘာဝိတာ၊ ပွါးစေအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ တေ ဓမ္မာ၊ ထိုထိုဘုရားတို့သည်။ ဧကရသာ၊ တူသော ကိစ္စရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ယေ ယေ ဓမ္မာ၊ အကြင်အကြင်တရားတို့ကို။ သစ္ဆိကတာ၊ မျက်မှောက် ပြုအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ တေ ဓမ္မာ၊ ထိုထိုတရားတို့သည်။ ဖဿိတာ၊ ထိရောက်အပ်ကုန်ပြီးသည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တံ၊ ထိုဉာတဋ္ဌဉာဏ်,တီရဏဋ္ဌဉာဏ်,ပရိစ္စာဂဋ္ဌဉာဏ်,ဖဿနဋ္ဌဉာဏ်သည်။ ဉာတဋ္ဌေန၊ သိတတ်သော အနက်သဘောကြောင့်။ ဉာဏံ၊ ဉာဏ်မည်၏။ ပဇာနနဋ္ဌေန၊ အပြားအားဖြင့် သိတတ်သော အနက်သဘောကြောင့်။ ပညာ၊ ပညာမည်၏။
တေန၊ ထို့ကြောင့်။ ဝုစ္စတိ၊ ဆိုအပ်ပေသတည်း။
အဘိညာပညာ ဉာတဋ္ဌေ ဉာဏံ ၊ ပရိပညာ ပညာ တီရဏဋ္ဌေ ဉာဏံ ၊ ပဟာနေ ပညာ ပရိစာဂဋ္ဌေ ဉာဏံ ၊ ဘာဝနာ ပညာ ဧကရသဋ္ဌေ ဉာဏံ ၊ သစ္ဆိကိရိယာ ပညာ ဖဿနဋ္ဌေ ဉာဏန္တိ၊ ဉာဏံ-ဟူ၍။
စတုဝီသတိမော၊ နှစ်ဆယ့်လေးခုမြောက်ဖြစ်သော။ ဉာဏပဉ္စကနိဒ္ဒေသော၊ ဉာဏ်ငါးပါး'ကို အကျယ်ပြရာ အပိုင်းသည်။ နိဋ္ဌိတော၊ ပြီးပြီ။