သောဋ္ဌသဝတ္ထုကံ၊ တဆယ့်ခြောက်ပါးသော ဝတ္ထုရှိသော။
အာနာပါနဿတိသမညာဓိံ၊ အာနာပါနသတိသမာဓိကို။
ဝါ၊ ဝင်သက်ထွက်သက်အမှတ်နှင့်ယှဉ်သော သမာဓိကို။
ဘာဝယတော၊ ပွါးစေသော ပုဂ္ဂိုလ်အား။
အဋ္ဌ၊ ရှစ်ပါးကုန်သော။
ပရိပန္ထေ ဉာဏာနိ စ၊ ပရိပန္တ ဉာဏ်တို့၎င်း။
ဝါ၊ အနှောက်အယှက် ဘေးရန်၌ ဖြစ်သော ဉာဏ်တို့၎င်း။
(တားမြစ်ခြင်း၌ ဉာဏ်တို့၎င်း ဟူ၍လည်း ပြန်ကြ၏။)
အဋ္ဌ၊ ရှစ်ပါးကုန်သော။
ဥပကာရေ ဉာဏာနိ စ၊ ဥပကာရဉာဏ်တို့၎င်း။
ဝါ၊ ကျေးဇူးပြုသော အထောက်အပံ့၌ဖြစ်သော ဉာဏ်တို့၎င်း။
(ကျေးဇူးပြုရာ၌ ဉာဏ်တို့၎င်းဟူ၍လည်း ပြုကြ၏။)
အဋ္ဌာရသ၊ တဆယ့်ရှစ်ပါး ကုန်သော။
ဥပက္ကိလေသေ ဉာဏာနိ၊ ဥပက္ကိလေသာဉာဏ်တို့၎င်း။
ဝါ၊ ညစ်ညူးကြောင်း၌ဖြစ်သော ဉာဏ်တို့၎င်း။
တေရသ၊ တဆယ့်သုံးပါးကုန်သော။
ဝေါဒါနေ ဉာဏာနိ၊ ဝေါဒါနဉာဏ်တို့၎င်း။
ဝါ၊ စင်ကြယ်ကြောင်း၌ဖြစ်သော ဉာဏ်တို့၎င်း။
ဗာတ္တိံ သ၊ သုံးဆယ့်နှစ်ပါးသော။
သတောကာရိဿ ဉာဏာနိ၊ သတောကာရိဉာဏ်တို့၎င်း။
ဝါ၊ အမှတ်ပြုသူ၏ဉာဏ်တို့၎င်း။
စတုဝီသတိ၊ နှစ်ဆယ့်လေးပါးသော။
သမာဓိဝသေန ဉာဏာနိ၊ သမာဓိ၏ အစွမ်းအားဖြင့် ဖြစ်သောဉာဏ်တို့၎င်း။
ဒွေသတ္တတိ၊ ခုနစ်ဆယ့်နှစ်ပါးသော။
ဝိပဿနာဝသေန ဉာဏာနိ၊ ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်သော ဉာဏ်တို့၎င်း။
အဋ္ဌ၊ ရှစ်ပါးကုန်သော။
နိဗ္ဗိဒါဉာဏာနိ၊ ငြီးငွေ့လျက်ဖြစ်သော နိဗ္ဗိဒါဉာဏ်တို့၎င်း။
အဋ္ဌ၊ ရှစ်ပါးကုန်သော။
နိဗ္ဗိနုလောမဉာဏာနိ၊ နိဗ္ဗိဒါဉာဏ်အားလျော်သော ဉာဏ်တို့၎င်း။
အဋ္ဌ၊ ရှစ်ပါးကုန်သော။
နိဗ္ဗိဒါပဋိပ္ပဿဒ္ဓိဉာဏာနိ၊ နိဗ္ဗိဒါဉာဏ်၏ ငြိမ်းခြင်း၌ဖြစ်သော ဉာဏ်တို့၎င်း။
ဧကဝီသတိ၊ နှစ်ဆယ့်တပါးသော။
ဝိမုတ္တိသုခေဉာဏာနိ၊ ဝိမုတ္တိသုခဉာဏ်တို့၎င်း။
ဝါ၊ လွတ်မြောက်သော ချမ်းသာ၌ ဖြစ်သော ဉာဏ်တို့၎င်း။
(ဣတိ၊ ဤသို့။)
သမဓိကာနိ၊ အကျော်အလွန်နှင့်တကွ ဖြစ်ကုန်သော။
ဒွေဉာဏသတာနိ၊ နှစ်ရာသောဉာဏ်တို့သည်။ ။တနည်း။
သမဓိကာနိ ဒွေဉာဏသတာနိ၊ နှစ်ရာကျော်သောဉာဏ်တို့သည်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ပေါ်ကုန်၏။
(ဤတွင် ဂဏနဝါရပြီးဆုံးသည်။
အဋ္ဌကထာမူဟောင်း စာအုပ်၌လည်း ဤအရာတွင်ပင် "ဂဏနဝါရဝဏ္ဏနာ နိဋ္ဌိတာ"ဟု ရှိသည်။
ထိုကြောင့် ဤအရာ၌ "ဂဏနဝါရော ပဌမော" ဟု နိဂုံးစကား ရှိသင့်၏)။
ပဌမော၊ ရှေးဦးစွာသော။
ဂဏနဝါရော၊ ဉာဏ်တို့၏ အရေအတွက်ကိုပြရာအပိုင်းသည်။
နိဋ္ဌိတော၊ ပြီးပြီ။