Issues
Select Version
နိဿယ
မြန်မာဘာသာ
Paṭisambhidāmaggapāḷi
Paṭisambhidāmaggapāḷi

56-63. Saccañāṇacatukkadvayaniddeso

Author: နိဿယ @ IAPT

ပရိညဋ္ဌေ၊ ပိုင်းခြား၍သိအပ်သော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ ဒုက္ခေ ဉာဏံ၊ ဒုက္ခကိုသိသော ဉာဏ်မည်သည်။ ပဟာနဋ္ဌေ၊ ပယ်အပ်သော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာပညာသည်။ သမုဒယေ ဉာဏံ၊ သမုဒယဉာဏ် မည်သည်။ သစ္ဆိကိရိယဋ္ဌေ၊ မျက်မှောက်ပြုအပ်သော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ နိရောဓေ ဉာဏံ၊ နိရောဓဉာဏ်မည်သည်။ ဘာဝနဋ္ဌေ၊ ပွါးစေအပ်သော သဘော၌။ (ပဝတ္တာ၊ ဖြစ်သော။) ပညာ၊ ပညာသည်။ မဂ္ဂေ ဉာဏံ၊ မဂ္ဂဉာဏ်မည်သည်။ ကထံ ဟောတိ၊ အဘယ်သို့ဖြစ်သနည်းဟူမူကား။
ဒုက္ခဿ၊ ဒုက္ခသစ္စာ၏။ ပီဠနဋ္ဌော၊ နှိပ်စက်တတ်သော သဘောသည်။ သင်္ခတဋ္ဌော၊ ပြုပြင်အပ်သော သဘောသည်။ သန္တာပဋ္ဌော၊ ပူပန်စေတတ်သောသဘောသည်။ ဝိပရိဏာမဋ္ဌော၊ ဖောက်ပြန်တတ်သော သဘောသည်။ ပရိညာတဋ္ဌော၊ ပိုင်းခြား၍ သိအပ်သော သဘောမည်၏။
သမုဒယဿ၊ သမုဒယသစ္စာ၏။ အာယူဟနဋ္ဌော၊ အားထုတ်သော သဘောသည်။ နိဒါနဋ္ဌော၊ အကြောင်းဖြစ်သော သဘောသည်။ သညောဂဋ္ဌော၊ ဝဋ်၌ ယှဉ်စေတတ်သောသဘောသည်။ ပလိဗောဓဋ္ဌော၊ ဝဋ်၌နှောင်ဖွဲ့တတ်သော သဘောသည်။ ပဟာနဋ္ဌော၊ ပယ်အပ်သော သဘောမည်၏၊
နိရောဓဿ၊ နိရောဓသစ္စာ၏။ နိဿရဏဋ္ဌော၊ ဝဋ်မှ ထွက်မြောက်သော သဘောသည်။ ဝိဝေကဋ္ဌော၊ ဝဋ်မှကင်းဆိတ်သော သဘောသည်။ အသင်္ခတဋ္ဌော၊ မပြုပြင်အပ်သော သဘောသည်။ အမတဋ္ဌော၊ သေခြင်းကင်းသော သဘောသည်။ သစ္ဆိကိရိယဋ္ဌော၊ မျက်မှောက်ပြုအပ်သော သဘောမည်၏။
မဂ္ဂဿ၊ မဂ္ဂသစ္စာ၏။ နိယျာနဋ္ဌော၊ ဝဋ်မှထွက်သွားသော သဘောသည်။ ဟေတုဋ္ဌော၊ အကြောင်းဖြစ်သော သဘောသည်။ ဒဿနဋ္ဌော နိဗ္ဗာန်ကိုမြင်သော သဘောသည်။ အာဓိပတေယျဋ္ဌော၊ အစိုးရသော သဘောသည်။ ဘာဝနဋ္ဌော၊ ပွါးအပ်သောသဘောမည်၏။
တံ၊ ထိုဒုက္ခသစ္စာစသည်ကို သိသော ဉာဏ်သည်။ ဉာတဋ္ဌေန၊ ကြောင့်။ ဉာဏံ၊ ဉာဏ်မည်၏။ ပဇာနနဋ္ဌေန၊ ကြောင့်။ ပညာ၊ ပညာမည်၏။
တေန၊ ထို့ကြောင့်။ ဝုစ္စတိ၊ ဆိုအပ်၏။
ပရိညဋ္ဌေ ပညာ ဒုက္ခေ ဉာဏံ ပဟာနဋ္ဌေ ပညာ သမုဒယေ ဉာဏံ၊ သစ္ဆိကိရိယာဋ္ဌေ ပညာ နိရောဓေ ဉာဏံ ၊ဘာဝနဋ္ဌေ ပညာ မဂ္ဂေဉာဏန္တိ၊ ဉာဏ-ဟူ၍။
ဒုက္ခေ၊ ဒုက္ခသစ္စာ၌။ ဉာဏံ၊ သိသောဉာဏ်သည်။ ဒုက္ခသမုဒယေ၊ ဒုက္ခ၏ဖြစ်ကြောင်း၌။ ဉာဏံ၊ သိသောဉာဏ်သည်။ ဒုက္ခနိရောဓေ၊ ဒုက္ခ၏ချုပ်ရာ၌။ ဉာဏံ၊ သိသောဉာဏ်သည်။ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျုင့်၌။ ဉာဏံ၊ သိသောဉာဏ်သည်။ ကထံ ဟောတိ၊ အဘယ်သို့ဖြစ်သနည်းဟူမူကား။
မဂ္ဂသမင်္ဂိဿ၊ မဂ်ဖြစ်ဆဲ မဂ္ဂသမင်္ဂိပုဂ္ဂိုလ်၏။ ယံဉာဏံ၊ အကြင်မဂ်ဉာဏ်သည်။ အတ္ထိ၊ ရှိ၏။ ဧတံဉာဏံ၊ ဤမဂ်ဉာဏ်သည်။ ဒုက္ခေပိ၊ ဒုက္ခသစ္စာ၌လည်း။ ဟောတိ၊ ဖြစ်၏။ ဧတံ ဉာဏံ၊ ဤမဂ်ဉာဏ်သည်။ ဒုက္ခသမုဒယေပိ၊ ဒုက္ခ၏ဖြစ်ကြောင်း၌လည်း။ ဟောတိ၊ ဖြစ်၏။ ဧတံ ဉာဏံ၊ ဤမဂ်ဉာဏ်သည်။ ဒုက္ခနိရောဓေပိ၊ ဒုက္ခ၏ချုပ်ရာ၌လည်း။ ဟောတိ၊ ၏။ ဧတံ ဉာဏံ၊ ဤမဂ်ဉာဏ်သည်။ ဒုက္ခနိရောဓဂါမိနနိယာ ပဋိပဒါယပိ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်၌လည်း။ ဟောတိ၊ ၏။
တတ္ထ၊ ထိုလေးပအါးသော ဉာဏ်တို့တွင်၏။ ဒုက္ခေဉာဏံ၊ ဒုက္ခဉာဏ်သည်။ ကတမံ၊ အဘယ်နည်း။
ဒုက္ခံ၊ ဒုက္ခသစ္စာကို။ အာရဗ္ဘ၊ အာရုံပြု၍။ ယာ ပညာ၊ အကြင်အပြားအားဖြင့်သိသော ပညာသည်။ ယာပဇာနနာ၊ အကြင်အပြားအားဖြင့်သည်။ ယောဝိစယော၊ အကြင်စိစစ်ခြင်းသည်။ ယောပစိစယော၊ အကြင်အပြားအားဖြင့် စိစစ်ခြင်းသည်။ ယော ဓမ္မဝိစယော၊ အကြင်တရာတို့ကို စိစစ်ခြင်းသည်။ ယာ၊ အကြင်သို့သော။ သလ္လက္ခဏာ၊ ကောင်းစွာမှတ်ခြင်းသည်။ ဥပလက္ခဏာ၊ မြဲမြံစွာမှတ်ခြင်းသည်။ ပစ္စုပလက္ခဏာ၊ အနိစ္စစသည်ကို စွဲ၍ မြဲမြံစွာမှတ်ခြင်းသည်။ ယံ၊ အကြင်သို့သော။ ပဏ္ဏိစ္စံ၊ ပညာရှိဖြစ်သည်။ ကောသလ္လံ၊ ကျွမ်းကျင်လိမ္မာသည်၏အဖြစ်သည်။ နေပုညံ၊ သိမ်မွေ့သည်၏အဖြစ်သည်။ ယာ၊ အကြင်သို့သော။ ဝေဘဗျာ၊ အနိစ္စစသည်ကိုထင်စွာပြုခြင်းသည်။ စိန္တာ၊ အနိစ္စစသည်ကို ကြံခြင်းသည်။ ဥပပရိက္ခာ၊ စူးစမ်းဆင်ခြင်ခြင်းသည်။ ဘူရိ၊ မြေကြီးအလား ထူထဲကြီးမားသော ပညာသည်။ မေဓာ၊ ကိလေသာကို နှိပ်စက်ဖျက်ဆီးတတ်သောပညာသည်။ ပရိဏာယိကာ၊ ရှေ့ဆောင်ညွန်ပြတတ်သော ပညာသည်။ ဝိပဿနာ၊ အနိစ္စအစရှိသော အထူးထူးသော အခြင်းအရာဖြင့် ရှုတတ်သော ပညာသည်။ ယံ သမ္ပဇညံ၊ အကြင်ကောင်းစွာအပြားအားဖြင့်သိသည်၏ အဖြစ်သည်။ ယော ပတောဒေါ၊ အကြင်လမ်းမှန်သို့ သွားအောင် ထိုးဆွတတ်သော နှင်တံနှင့်တူစွာသော ပညာသည်။ ပညာ၊ ပညာဟု ဆိုအပ်သော။ ယံ၊ အကြင်သို့သော။ ပညိန္ဒြိယံ၊ ပညိန္ဒြေသည်။ ပညာဗလံ၊ ပညာဗိုလ်သည်။ ပညာသတ္တံ၊ ပညာတည်းဟူသော ထားလက်နက်သည်။ ယော၊ အကြင်သို့သော။ ပညာပါသာဒေါ၊ ပညာတည်းဟူသော ပြာသာဒ်သည်။ ပညာအာလောကော၊ ပညာတည်းဟူသော အလင်းသည်။ ပညာဟဘာသော၊ ပညာတည်းဟူသော အရောင်သည်။ ပညာပဇ္ဇောတော၊ ပညာတည်းဟူသော တောက်ပခြင်းသည်။ ယံ ပညာရတနံ၊ အကြင်ပညာတည်းဟူသော ရတနာသည်။ ယော အမောဟော၊ အကြင် မတွေဝေခြင်းသည်။ ယော ဓမ္မဝိစယော၊ အကြင်တရားကို စိစစ်ခြင်းသည်။ ယာ သမ္မာဒိဋ္ဌိ၊ အကြင်မှန်စွာမြင်ခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣဒံ သဗ္ဗံ၊ ဤအလုံးစုံကို။ ဒုက္ခေဉာဏန္တိ၊ ဒုက္ခဉာဏ်-ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခသမုဒယဉာဏ်သည်။ ကတမံ၊ အဘယ်နည်း။ (ပါလိ၌ ဤပုစ္ဆာကျနေသည်။) ဒုက္ခသမုဒယံ၊ ဒုက္ခ၏ဖြစ်ကြေင်းကို။ အာရဗ္ဘ၊ အာရုံပြု၍။ပ။ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်ကို။ အာရဗ္ဘ၊ အာရုံပြု၍။ ယာ ပညာ၊ အကြင်ပညာသည်။ပ။ ယာ သမ္မာဒိဋ္ဌိ၊ အကြင်မှန်စွာ မြင်ခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣဒံ သဗ္ဗံ၊ ဤအလုံးစုံကို။ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏန္တိ၊ ဉာဏံ-ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
တံ၊ ထိုဒုက္ခစသောဉာဏ်သည်။ ဉာတဋ္ဌေန၊ ကြောင့်။ ဉာဏံ၊ ဉာစ်မည်၏။ ပဇာနနဋ္ဌေန၊ ကြောင့်။ ပညာ၊ ပညာမည်၏။
တေန၊ ထို့ကြောင့်။ ဝုစ္စတိ၊ ဆိုအပ်၏။
ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏန္တိ၊ ဉာဏံ-ဟူ၍။
တေသဋ္ဌိမော၊ ခြောက်ဆယ့် သုံးခုမြောက်ဖြစ်သော။ သစ္စဉာဏစတုက္ကဒွယနိဒ္ဒေသော၊ သည်။ နိဋ္ဌိတော၊ ပြီးပြီ။