သီလမယဉာဏေ၊ သီလမယဉာဏ်၌။
ဝုတ္တသီလသံဝရေန၊ ဆိုအပ်သော သီလသံဝရဖြင့်။
သံဝရိတွာ၊ ကောင်းစွာစောင့်စည်း၍။
သမာဒဟနေ၊ တခုတည်းသောအာရုံ၌ စိတ်ကို ကောင်းစွာထားရာ၌။
(ပဝတ္တာ၊ ဖြစ်သော။)
ပညာ၊ ပညာသည်။
သမာိူ ဘာဝနာမယေ ဉာဏံ၊ သမာဓိဘာဝနာမယဉာဏ်မည်သည်။
ကထံ ဟောတိ၊ အဘယ်သို့ဖြစ်သနည်း ဟူမူကား။
ဧကော၊ တပါးသော။
သမာဓိ၊ သမာဓိသည်။
ဟောတိ၊ ဖြစ်၏။
စိတ္တဿ၊ စိတ်၏။
ဧကဂ္ဂတာ၊ တခုတည်းသော အာရုံရှိသည်၏ အဖြစ်ပေတည်း။
ဝါ၊ တအာရုံတည်း၌ တည်သည်၏အဖြစ်ပေတည်း။
သမာဓီ၊ သမာဓိတို့သည်။
လောကိယော သမာဓိ၊ လောကီသမာဓိ၎င်း။
လောကုတ္တရော တမာဓိ၊ လောကုတ္တရာ သမာဓိ၎င်း။
ဣတိ၊ ဤသို့။
ဒွေ၊ နှစ်ပါးတို့တည်း။
သမာဓီ၊ သမာဓိတို့သည်။
သဝိတက္ကသဝိစာရော၊ ဝိတက်လည်းရှိ ဝိစာရလည်း ရှိသော။
သမာဓိ၊ သမာဓိ၎င်း။
အဝိတက္ကဝိစာရမတ္တော၊ ဝိတက်မရှိမှု၍ ဝိစာရမျှသာရှိသော။
သမာဓိ၊ သမာဓိ၎င်း။
အဝိတက္ကအဝိစာရော၊ ဝိတက် ဝိစာရ မရှိသော။
သမာဓိ၊ သမာဓိ၎င်း။
ဣတိ၊ ဤသို့။
တယော၊ သုံးပါးတို့တည်း။
သမာဓီ၊ သမာဓိတို့သည်။
ဟာနဘာဂိယော၊ ဆုတ်ယုတ်ခြင်း အဖို့ရှိသော။
သမာဓိ၊ သမာဓိ၎င်း။
ဌိတိ ဘာဂိယော၊ တည်တန့်ခြင်း အဖို့ ရှိသော။
သမာဓိ၊ သမာဓိ၎င်း။
ဝိသေသ ဘာဂိယော၊ ထူးခြားသော အဖို့ရှိသော။
သမာဓိ၊ သမာဓိ၎င်း။
နိဗ္ဗေဓဘာဂိယော၊ ဖောက်ခွဲခြင်းအဖို့ရှိသော။
သမာဓိ၊ သမာဓိ၎င်း။
ဣတိ၊ ဤသို့။
စတ္တာရော၊ လေးပါးတို့တည်း။
သမာဓီ၊ သမာဓိတို့သည်။
ပီတိဖရဏတာ၊ ပီတိပြန့်နှံ့ သည်၏ အဖြစ်တည်းဟူသော ပဌမဈာန်,ဒုတိယဈာန်သမာဓိ၎င်း။
သုခဖရဏတာ၊ သုခပြန့်နှံ့ သည်၏ အဖြစ်တည်းဟူသော ပဌမ, ဒုတိယ,တတိယဈာန်သမာဓိ၎င်း။
စေတောဖရဏတာ၊ သူတပါး၏စိတ်ကို သိလျက် ပြန့်နှံ့ သည်၏ အဖြစ်တည်းဟူသော စေတောပရိယအဘိညာသမာဓိ၎င်း။
အာလောကဖရဏတာ၊ အရောင်အလင်းပြန့်နှံ့ သည်၏ အဖြစ်တည်းဟူသော ဒိဗ္ဗစက္ခုအဘိညာသမာဓိ၎င်း။
ပစ္စဝေက္ခဏာနိမိတ္တံ၊ ပစ္စဝေက္ခဏာသမာဓိ၎င်း။
ဣတိ၊ ဤသို့။
ပဉ္စ၊ ငါးပါးတို့တည်း။
သမာဓီ၊ သမာဓိတို့သည်။
ဆ၊ ခြောက်ပါးတို့တည်း။
ဗုဒ္ဓါနုဿတိဝသေန၊ ဗုဒ္ဓါနုဿတိ၏အစွမ်းအားဖြင့်။
စိတ္တဿ၊ စိတ်၏။
ဧကဂ္ဂတာ၊ တည်ကြည်သည်၏ အဖြစ်ဟု ဆိုအပ်သော။
အဝိက္ခေပေါ၊ မပျံ့လွင့်ခြင်းတည်းဟူသော။
သမာဓိ၊ သမာဓိ၎င်း။
ဓမ္မာနုဿတိဝသေန၊ ဓမ္မာနုဿတိ၏ အစွမ်းအားဖြင့်။ပ။
ဒေဝတာနုဿတိဝသေန၊ ဒေဝတာနုဿတိ၏ အစွမ်းအားဖြင့်။
စိတ္တဿ၊ စိတ်၏။
ဧကဂ္ဂတာ၊ တည်ကြည်သည်၏ အဖြစ်ဟု ဆိုအပ်သော။
အဝိက္ခေပေါ၊ မပျံ့လွင့်ခြင်းတည်းဟူသော။
သမာဓိ၊ သမာဓိ၎င်းတည်း။
သမာဓီ၊ တို့သည်။
သတ္တ၊ ခုနစ်ပါးတို့တည်း။
သမာဓိကုသလတာ၊ သမာဓိ၌ ကျွမ်းကျင်လိမ္မာသည်၏ အဖြစ်၎င်း။
သမာဓိဿ၊ သမာဓိကို။
သမာပတ္တိကုသလတာ၊ ဝင်စားခြင်း၌ လိမ္မာသည်၏အဖြစ်၎င်း။
သမာဓိဿ၊ သမာဓိ၏။
ဌိတိကုသလတာ၊ တည်တန့်မှု၌ လိမ္မာသည်၏ အဖြစ်၎င်း။
သမာဓိဿ၊ သမာဓိ၏။
ဝါ၊ မှ။
ဝုဋ္ဌာနကုသလတာ၊ ထခြင်း၌ လိမ္မာသည်၏ အဖြစ်၎င်း။
သမာဓိဿ၊ သမာဓိ၏။
ကလ္လဘာကုသလတာ၊ ခန့်ကျန်းမှု၌ လိမ္မာသည်၏ အဖြစ်၎င်း။
သမာဓိဿ၊ သမာဓိ၏။
ဂေါစရကုသလတာ၊ အာရုံ၌ လိမ္မာသည်၏ အဖြစ်၎င်း။
သမာဓိဿ၊ သမာဓိကို။
အဘိနီဟာရကုသလတာ၊ လိုရာရာသို့ ရှေးရှူဆောင်ခြင်း၌ လိမ္မာသည်၏ အဖြစ်၎င်းတည်း။
သမာဓီ၊ သမာဓိတို့သည်။
အဋ္ဌ၊ ရှစ်ပါးတို့တည်း။
ပထဝီကသိဏဝသေန၊ ပထဝီကသိုဏ်း၏အစွမ်းအားဖြင့်။
စိတ္တဿ၊ စိတ်၏။
ဧကဂ္ဂတာ၊ တည်ကြည်သည်၏ အဖြစ်ဟု ဆိုအပ်သော။
အဝိက္ခေပေါ၊ မပျံ့လွင့်ခြင်းတည်းဟူသော။
သမာဓိ၊ သမာဓိ၎င်း။
အာပေါကသိဏဝသေန၊ အာပေါကသိုဏ်း၏ အစွမ်းအားးဖြင့်။ပ။
ဩဒါတကသိဏဝသေန၊ ဩဒါတကသိုဏ်း၏ အစွမ်းအားဖြင့်။
စိတ္တဿ၊ စိတ်၏။
ဧကဂ္ဂတာ၊ တည်ကြည်သည်၏ အဖြစ်ဟု ဆိုအပ်သော။
အဝိက္ခေပေါ၊ မပျံ့လွင့်ခြင်းတည်းဟူသော။
သမာဓိ၊ သမာဓိ၎င်းတည်း။
သမာဓီ၊ သမာဓိတို့သည်။
နဝ၊ ကိုးပါးတို့တည်း။
ရူပါဝစရောသမာဓိ၊ ရူပါဝစရသမာဓိသည်။
ဟီနော၊ ယုတ်သော သမာဓိသည်။
အတ္ထိ၊ ရှိ၏။
မဇ္ဈိမော၊ အလတ်ဖြစ်သော သမာဓိသည်။
အတ္ထိ၊ ရှိ၏။
ပဏီတော၊ မြတ်သော သမာဓိသည်။
အတ္ထိ၊ ရှိ၏။
အရူပါဝစရော သမာဓိ၊ အရူပါဝစရသမာဓိသည်။
ဟီနော၊ ယုတ်သော သမာဓိသည်။
အတ္ထိ၊ ရှိ၏။
မဇ္ဈိမော၊ အလတ်ဖြစ်သော သမာဓိသည်။
အတ္ထိ၊ ရှိ၏။
ပဏီတော၊ မြတ်သော သမာဓိသည်။
အတ္ထိ၊ ရှိ၏။
သုညတောသမာဓိ၊ သုညတသမာဓိ၎င်း။
အနိမိတ္တောသမာဓိ၊ အနိမိတ္တသမာဓိ၎င်း။
အပ္ပဏိဟိတောသမာဓိ၊ အပ္ပဏိဟိတသမာဓိ၎င်းတည်း။
သမာဓီ၊ သမာဓိတို့သည်။
ဒသ၊ ဆယ်ပါးတို့တည်း။
ဥဒ္ဓုမာတကသညာဝသေန၊ ဥဒ္ဓုမာတကသညာ၏ အစွမ်းအားဖြင့်။
စိတ္တဿ၊ စိတ်၏။
ဧကဂ္ဂတာ၊ တည်ကြည်သည်၏ အဖြစ်ဟု ဆိုအပ်သော။
အဝိက္ခေပေါ၊ မပျံ့လွင့်ခြင်းတည်းဟူသော။
သမာဓိ၊ ၎င်း။
ဝိနီလကသညာဝသေန၊ ဝိနီလကသညာ၏ အစွမ်းအားဖြင့်။ပ။
အဋ္ဌိကသညာဝသေန၊ အဋ္ဌိကသညာ၏ အစွမ်းအားဖြင့်။
စိတ္တဿ၊ စိတ်၏။
ဧကဂ္ဂတာ၊ တည်ကြည်သည်၏ အဖြစ်ဟု ဆိုအပ်သော။
အဝိက္ခေပေါ၊ မပျံ့လွင့်ခြင်းတည်းဟူသော။
သမာဓိ၊ သမာဓိ၎င်းတည်း။
ဣမေ ပဉ္စပညာသ သမာဓိ၊ ဤငါးဆယ့်ငါးပါးသော သမာဓိတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
အပိစ၊ တနည်းလည်း။
သမာဓိဿ၊ သမာဓိ၏။
သမာဓိဋ္ဌာ၊ တည်ကြည်ခြင်းသဘောတို့သည်။
ပဉ္စဝီသတိ၊ နှစ်ဆယ့်ငါးပါးတို့တည်း။
ပရိဂ္ဂဟဋ္ဌေန၊ သဒ္ဒါစသော ဣန္ဒြေတို့က သိမ်းဆည်းအပ်သော အနက်သဘောကြောင့်။
သမာဓိ၊ သမာဓိမည်၏။
ပရိဝါဋ္ဌေန၊ တပါးသည် တပါး၏အခြံ အရံဟူသော အနက်သဘောကြောင့်။
ပရိပူရဋ္ဌေန၊ ပြည့်တတ်သော အနက်သဘောကြောင့်။
ဧကဂ္ဂဋ္ဌေန၊ တခုတည်းသော အနက်သဘောကြောင့်။
အဝိက္ခေပဋ္ဌေန၊ မပျံ့လွင့်သော အနက်သဘောကြောင့်။
အဝိသာရဋ္ဌေန၊ မပြန့်သော အနက်သဘောကြောင့်။
(ဖရိုဖရဲ မရှိသော အနက်သဘောကြောင့်လည်းဟူ။ ။အဋ္ဌကထာ အလိုအားဖြင့် ဤပုဒ် မရှိသင့်။)
အနာဝိလဋ္ဌေန၊ မနောက်ကျုသော အနက်သဘောကြောင့်။
အနိဉ္ဇနဋ္ဌေန၊ မတုန်လှုပ်သော အနက်သဘောကြောင့်။
ဝိမုတ္တဋ္ဌေန၊ လွတ်သော အနက်သဘောကြောင့်။
ဧကတ္တုပဋ္ဌာနဝသေန၊ တခုတည်းသော အာရုံ၌တည်သည်၏ အစွမ်းအားဖြင့်။
စိတ္တဿ၊ စိတ်၏။
ဌိတတ္တာ၊ တည်သည်၏ အဖြစ်ကြောင့်။
သမာဓိ၊ သမာဓိမည်၏။
သမံ၊ (ဈာန်၏ ဆန့်ကျင်ဘက် နီဝရဏစသည်ကို)ငြိမ်းစေတတ်သော အပ္ပနာကို။
ဝါ၊ အညီအမျှဖြစ်သော အပ္ပနာကို။
ဧသတိ၊ ရှာမှီးတတ်၏။
(တမံ၊ အညီအညွတ်။
ဧသတိ၊ ရှာမှီးတတ်၏ဟူ၍လည်း သင့်၏။)
ဣတိ၊ ထို့ကြောင့်။
သမာဓိ၊ သမာဓိမည်၏။
ဝိသမံ၊ အပ္ပနာ၏ ဆန့်ကျင်ဘက် နီဝရဏစသည်ကို။
ဝါ၊ မညီမညွတ်သော နီဝရဏစသည်ကို။
န ဧသတိ၊ မရှာမှီးတတ်။
(ဝိသမံ၊ မညီမညွတ်။
နဧသတိ၊ မရှာမှီးတတ် ဟူ၍လည်း သင့်၏ နောက်၌လည်း နည်းတူပင်။)
ဣတိ၊ ထို့ကြောင့်။
သမာဓိ၊ သမာဓိမည်၏။
သမံ၊ အပ္ပနာကို။
ဧသိတတ္တာ၊ ရှာမှီးတတ်သည်၏အဖြစ်ကြောင့်။
သမာဓိ၊ မည်၏။
ဝိသမံ၊ ဆန့်ကျင်ဘက် နီဝရဏစသည်ကို။
နဧသိတတ္တာ၊ မရှာမှီးတတ်သည်၏ အဖြစ်ကြောင့်။
သမာဓိ၊ မည်၏။
သမံ၊ အပ္ပနာကို။
အာဒိယတိ၊ ယူတတ်၏။
ဣတိ၊ ထို့ကြောင့်။
သမာဓိ၊ မည်၏။
ဝိသမံ၊ ဆန့်ကျင်ဘက် နီဝရဏစသည်ကို။
နအာဒိယတိ၊ မယူတတ်။
ဣတိ၊ ထို့ကြောင့်။
သမာဓိ၊ မည်၏။
သမံ၊ အပ္ပနာကို။
အာဒိန္နတ္တာ၊ ယူတတ်သည်၏အဖြစ်ကြောင့်။
သမာဓိ၊ မည်၏။
ဝိသမံ၊ ဆန့်ကျင်ဘက် နီဝရဏစသည်ကို။
အနာဒိန္နတ္တာ၊ မယူတတ်သည်၏ အဖြစ်ကြောင့်။
သမာဓိ၊ မည်၏။
သမံ၊ အပ္ပနာသို့။
ပဋိပဇ္ဇတိ၊ သွားတတ်၏။
ဣတိ၊ ထို့ကြောင့်။
သမာဓိ၊ မည်၏။
ဝိသမံ၊ ဆန့်ကျင်ဘက် နီဝရဏစသည်သို့။
နပ္ပဋိပဇ္ဇတိ၊ မသွားတတ်။
ဣတိ၊ ထို့ကြောင့်။
သမာဓိ၊ မည်၏။
သမံ၊ အပ္ပနာသို့။
ပဋိပန္နတ္တာ၊ သွားတတ်သည်၏ အဖြစ်ကြောင့်။
သမာဓိ၊ မည်၏။
ဝိသမံ၊ ဆန့်ကျင်ဘက် နီဝရဏစသည်သို့။
နပ္ပဋိပန္နတ္တာ၊ မသွားတတ်သည်၏အဖြစ်ကြောင့်။
သမာဓိ၊ မည်၏။
သမံ၊ အညီအညွတ်။
ဈာယတိ၊ ထွန်းတောက်ပတတ်၏။
(ဤ၌ သမံပုဒ်ကို ဘာဝ နပုံးဟု အဋ္ဌကထာက ဖွင့်၏။)
ဣတိ၊ ထို့ကြောင့်။
သမာဓိ၊ မည်၏။
ဝိသမံ၊ ဆန့်ကျင်ဘက် နီဝရဏစသည်ကို။
ဈာပေတိ၊ လောင်ကျွမ်းစေတတ်၏။
(နဈာယတိဟုရှိလျှင်၊ နေသတိ စသည်နှင့်ညီညွတ်၏။
သို့ရှိလျှင်၊ သမံဈာယတိ၊ အညီအညွတ်ရှု၏။
ဝိသမံဈာယတိ၊ မညီမညွတ်မရှုဟူ၍လည်း သင့်ရာ၏။)
ဣတိ၊ ထို့ကြောင့်။
သမာဓိ၊ မည်၏။
သမံ၊ အညီအညွတ်။
ဈာတတ္တာ၊ ထွန်းတောက်တတ်သည်၏အဖြစ်ကြောင့်။
သမာဓိ၊ မည်၏။
ဝိသမံ၊ ဆန့်ကျင်ဘက်နီဝရဏစသည်ကို။
ဈာပိတတ္တာ၊ လောင်ကျွမ်းစေတတ်သည်၏အဖြစ်ကြောင့်။
သမာဓိ၊ သမာဓိမည်၏။
သမော စ၊ ဆန့်ကျင်ဘက်တို့ကို ငြိမ်းလည်း ငြိမ်းစေတတ်၏။
ဝါ၊ ညီလည်းညီညွတ်၏။
ဟိတောစ၊ အာရုံ၌ မတုန်လှုပ်သည်ကို ပြုသဖြင့် တည်လည်းတည်စေအပ်၏။
(သမောဟူသောပုဒ်ဖြင့် သမ၏အနက်၊ သို့မဟုတ်သ့၏အနက်ကိုပြသည်။ ဟိတောဟူသောပုဒ်ဖြင့် အာဓိ၏အနက်ကိုပြသည်။
ထိုနှစ်ရပ်ဖြင့် သမ+အာဓိ မှ၊ သို့မဟုတ် သံ+အာဓိမှသမာဓိပုဒ်ပြီးသည်ဟုဆိုလို၏။)
သုခေါစ၊ ငြိမ်သက်သောသဘောဖြစ်၍ ချမ်းသာလည်းချမ်းသာ၏။
ဣတိ၊ ထို့ကြောင့်။
သမာဓိ၊ သမာဓိမည်၏။
ဣမေ၊ ဝိသမံ ဈာပိတတ္တ တိုင်အောင် ဤ နှစ်ဆယ့်ငါးပါးသော သဘောတို့သည်။
သမာဓိဿ၊ သမာဓိ၏။
ပဉ္စဝီသတိ၊ နှစ်ဆယ့်ငါးပါးကုန်သော။
သမာဓိဋ္ဌာ၊ တည်ကြည်ခြင်းသဘောတို့ပေတည်း။
တံ၊ ထိုသမာဓိဘာဝနာမယဉာဏ်သည်။
ဉာတဋ္ဌေန၊ သိတတ်သောအနက်သဘောကြောင့်။
ဉာဏံ၊ ဉာဏ်မည်၏။
ပဇာနနဋ္ဌေန၊ အပြားအားဖြင့် သိတတ်သော အနက်သဘောကြောင့်။
ပညာ၊ ပညာမည်၏။
တေန၊ ထို့ကြောင့်။
ဝုစ္စတိ၊ ဆိုအပ်ပေသတည်း။
သံဝရိတွာ သမာဒဟနေ ပညာ သမာဓိဘာဝနာမယေဉာဏန္တိ၊ ဉာဏံ-ဟူ၍။
တတိယော၊ သုံးခုမြောက်ဖြစ်သော။
သမာဓိဘာဝနာမယဉာဏနိဒ္ဒေသော၊ သမာဓိဘာဝနာမယေဉာဏ်ကို အကျယ်ပြရာအပိုင်းသည်။
နိဋ္ဌိတော၊ ပြီးပြီ။