မိစ္ဆာဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိ၏။
ကတမေဟိ ဒသာဟာကာရေဟိ၊ အဘယ်ဆယ်ပါးသောအခြင်းအရာတို့ဖြင့်။
အဘိနိဝေသော၊ သည်။
ဟောတိ၊ ဖြစ်သနည်း။
ဒိန္နံ၊ ပေးလှူခြင်းသည်။
ဝါ၊ ပေးလှူခြင်း၏။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့ဆိုအပ်သော ပေးလှူခြင်းသည်။
ဝတ္ထု၊ ဒိဋ္ဌိ၏တည်ရာတည်း။ ။တနည်း။
ဣတိ၊ ဤသို့။
(ဝုစ္စမာနံ၊ ဆိုအပ်သော။
ဒါနံ၊ သည်။
ဒိဋ္ဌိယာ၊ ဒိဋ္ဌိ၏။)
တတ္ထု၊ တည်ရာတည်း။
ဣတိ၊ ဤသို့။
(ဝုစ္စမာနံ၊ ဆိုအပ်သော။
ဒါနံ၊ သည်။
ဒိဋ္ဌိယာ၊ ဒိဋ္ဌိ၏။)
တတ္ထု၊ တည်ရာတည်း။
ဧဝံဝါဒါ၊ (ပေးလှူခြင်းမရှိဟု) ဤသို့ဆိုသောဝါဒသည်။
မိစ္ဆာ၊ ဖောက်ပြန်မှားတည်း။
(ဧဝံ၊ ဤသို့။လိုက်ပုဒ်)
အဘိနိဝေသပရာမာသော၊ နှလုံးသွင်းခြင်း မှားသောအားဖြင့်သုံးသပ်ခြင်းသည်။
ဝါ၊ နှလုံးသွင်းလျက်မှားသောအားဖြင့် သုံးသပ်ခြင်းသည်။
ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။
[ ယခုလက်ရှိစာအုပ်တို့၌ "မိစ္ဆာဘိနိဝေသပရာမာသော"ဟု မိစ္ဆာပုဒ်ကို နောက်ပုဒ်နှင့်သမာသ်တွဲလျက်ရှိသည်မှာ "ဧဝံ ဝါဒေါ မိစ္ဆာတိ ဧဝံ နတ္ထိ ဒိန္နန္တိဝါဒေါ ဝစနံ မိစ္ဆာဝိပရီတောတိအတ္တော" ဟူသောအဋ္ဌကထာနှင့်မညီ။
အတ္တာနုဒိဋ္ဌိနိဒ္ဒေသ၌လည်း မိစ္ဆာပုဒ်နှင့်တဲစပ်ခြင်းမရှိဘဲ "အဘိနိဝေသပရာမာသော" ဟူ၍သာ ရှိ၏။
ထို့ကြောင့် ဤသက္ကယဒိဋ္ဌိနိဒ္ဒေသ၌လည်း "ဧဝံဝါဒေါ မိစ္ဆာ၊ အဘိနိဝေသပရာမာသော ဒိဋ္ဌ" ဟု မိစ္ဆာပုဒ်သည်နောက်ပုဒ်နှင့်မတွဲဘဲ သီးခြားသာ ရှိသင့်သည်။
ထိုသို့ ရှိသင့်သည့်အတိုင်း အနက်ပြန်ဆိုလိုက်သည်။
လက်ရှိစာမူအတိုင်း သင့်လျော်အောင် ပြန်လိုလျှင် "ဧဝံဝါဒေါ၊ ဤသို့ဆိုသောဝါဒသည်။
မိစ္ဆာဘိနိဝေသပရာမာသော၊ မှားသောအားဖြင့် နှလုံးသွင်းခြင်း မှားသောအားဖြင့် သုံးသပ်ခြင်းတည်း။
ဝါ၊ သုံးသပ်ခြင်းဖြစ်၍။
ဒိဋ္ဌိ၊ ဒိဋ္ဌိတည်း"ဟု ပြန်ရာ၏။
ဒိဋ္ဌိ နဝတ္ထု-စသည်၌ အနက်တူပြီ]။
ပိတာ၊ အဖသည်။
နတ္ထိ၊ မရှိ၏။ပ။
ဩပပါတိကာ၊ သေပြီးနောက် ဘဝသစ်၌ ကပ်ရောက်၍ဖြစ်ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
နတ္ထိ၊ မရှိကုန်။ပ။
ယေ၊ အကြင် ပုဂ္ဂိုလ်တို့သည်။
ဣမဉ္စ လောကံ၊ ဤမျက်လောက၎င်း။
ပရဉ္စ လောကံ၊ တပါးသော မျက်ကွယ်လောကကို၎င်း။
သယံ၊ ကိုယ်တိုင်။
အဘိညာ-အဘိညာယ၊ ထူးသောဉာဏ်ဖြင့်သိ၍။
သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။
ပဝေဒေန္တိ၊ ဟောကြားကုန်၏။
တေ၊ ထိုသို့သဘောာရှိကုန်သော။
သမ္မာပဋိပန္နာ၊ မှန်စွာကျင့်ကုန်သော။
သမ္မဂ္ဂတာ၊ မှန်စွာသွားကုန်သော။
ဝါ၊ မှန်စွာသိကုန်သော။
သမဏဗြာဟ္မဏာ၊ ရဟန်း ပုဏ္ဏားတို့သည်။
လောကေ၊ လောက၌။
နတ္ထိ၊ မရှိကုန်။
ဣတိ၊ ဤဆိုအပ်သော ပုဂ္ဂိုလ်ထူးသည်။
ဝတ္ထု၊ ဒိဋ္ဌိ၏တည်ရာတည်း။
ဧဝံဝါဒေါ၊ ဤသို့ဆိုသောဝါဒသည်။
မိစ်ဆာ၊ အမှားတည်း။
(ဧဝံ)အဘိနိဝေသပရာမာသော၊ (ဤသို့)နှလုံးသွင်းလျက်မှားသောအားဖြင့် သုံးသပ်ခြင်းသည်။
ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။ပ။
ဣမာနိ၊ ဤသည်တို့ကား။
သညောဇနာနိ၊ သံယောဇဉ်တို့သာ မည်ကုန်၏။
န စ ဒိဋ္ဌိယော၊ ဒိဋ္ဌိတို့ကား မမည်ကုန်၏။
မိစ္ဆာဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိ၏။
ဣမေဟိ ဒသာဟာရေဟိ၊ ဤဆယ်ပါးသော အခြင်းအရာတို့ဖြင့်။
အဘိနိဝေသော၊ နှလုံးသွင်းခြင်းသည်။
ဟောတိ၊ ဖြစ်၏။