နိဂမနကထာ
ဧတ္တာဝတာစဧတ္တကေနဝစနက္ကမေန၊ ဤမျှအတိုင်းအရှည်ရှိသောသဒ္ဒါအစဉ်ဖြင့်။
သုဝိမုတ္တဘဝါဒါနော၊ ကောင်းစွာကင်းလွတ်သောဘဝ၌ စွဲလမ်း၍ယူခြင်းရှိတော်မူထသော။
ဒေဝဒါနဝမာနိတော၊ နတ်ဒါနဝတို့သည် မြတ်နိုးအပ်မြတ်နိုးခြင်းငှါ ထိုက်တော်မူထသော။
ပစ္ဆိန္နတဏှာသန္တာနော၊ ဖြတ်အပ်ပြီးသော တဏှာအစဉ်ရှိတော်မူထသော။
ပီတိသံဝေဂဒီပနော၊ ပီတိသံဝေဂကိုပြတော်မူတတ်ထသော။
သဒ္ဒမ္မဒါနနိရတော၊ သူတော်ကောင်းတရားအလှူ၌ အမြဲမွေ့လျော်လေ့ရှိတော်မူထသော။
ဥပါဒါနက္ခယာဝတော၊ ဥပါဒါန်တရားလေးပါးတို့၏ ကုန်ရာအရဟတ္တဖိုလ်ကို ရွက်ဆောင်တော်မူတတ်ထသော။
ဝိနာယကော၊ လူသုံးဦးတို့၏ အကြီးအမှူးဖြစ်တော်မူသောမြတ်စွာဘုရားသည်။
တတ္ထတတ္ထ၊ ထိုထိုဒေသတိုင်းဋ္ဌာန၌။
ယေဥဒါနေယျေ၊ အကြင်ဥဒါန်းတရားတို့ကို။
ဥဒါနေသိ၊ ကျူးရင့်မြွက်ဖော်မိန့်တော်မူ၏ ။
တေသဗ္ဗေ၊ ထိုအလုံးစုံသော ဥဒါန်းတရားတော်တို့ကို။
ဧကတောကတွာ၊ တပေါင်းတည်းပြု၍။
သင်္ဂဟံ၊ ပဌမသင်္ဂါယတနာသို့။
အာရောပေန္တေဟိ၊ တင်တော်မူကုန်သော။
ဓမ္မသင်္ဂါဟကေဟိ၊ အရှင်မဟာကဿပ အစရှဝိသောမထေရ်ငါးရာတို့သည်။
နာမေန၊ အမည်အားဖြင့်။
ဥဒါနံ နာမ၊ ဥဒါန်းမည်သော။
ယံပနပကရဏံ၊ အကြင်ကျမ်းကို။
သင်္ဂဟိတံ၊ ပဌမသင်္ဂါယနာသို့တင်တော်မူခဲ့၏ ။
တဿဥဒါနပကရဏဿ၊ ထိုဥဒါန်းကျမ်း၏ ။
အတ္ထံ၊ အနက်ကို။
ပကာသေတုံ၊ ထင်စွာပြခြင်းငှါ။
ပေါရာဏဋ္ဌကထာနယံ၊ ရှေးမဟာအဋ္ဌကထာဟောင်း၌လာသောသဒ္ဒနယအတ္ထနယကို။
နိဿာယ၊ ဉာဏ်ဖြင့်မှီ၍။
ယာအတ္တသံဝဏ္ဏနာ၊ အကြင်အနက်ဖွင့်ရာအဋ္ဌကထာကို။
မယာ၊ ငါဓမ္မပါလမထေရ်သည်။
သမာရဒ္ဓါ၊ ကောင်းစွာအားထုတ်အပ်၏ ။
သာအဋ္ဌကထာ၊ ထိုငါယခုစီရင်ခဲ့သော ဥဒါန်းပါဠိတော်၏ဖွင့်ရာ အဋ္ဌကထာသည်။
တတ္ထတေသုသုတ္တန္တေသု၊ ထိုသုတ္တန်ပါဠိတို့၌။
ပရမတ္ထာနံ၊ မဖောက်မပြန်မြတ်သောအနက်တို့၏ ။
ယထာရဟံ၊ ထိုက်သည်အားလျော်စွာ။
ပကာသနာပကာသနေန၊ ပြသဖြင့်။
နာမသော၊ အမည်အားဖြင့်။
ပရမတ္ထဒီပနီနာမ၊ ပရမတ္ထဒီပနီမည်၏ ။
သာအဋ္ဌကထာ၊ ထိုဥဒါန်းပါဠိတော်၏ဖွင့်ရာအဋ္ဌကထာသည်။
ဘာဏဝါရတော၊ ဘာဏဝါရအားဖြင့်။
စတုတိံ သပ္ပမာဏာယ၊ သုံးဆယ့်လေးဘာဏဝါရပမာဏရှိသော။
ပါဠိယာ၊ ပါဠိဖြင့်။
အနာကုလဝိနိစ္ဆယာ၊ အနှောက်အယှက်မရှိသော အဆုံးအဖြတ်ရှိသည်ဖြစ်၍။
ပရိနိဋ္ဌာနံ၊ ထက်ဝန်းကျင်မှပြီးဆုံးခြင်းသို့။
သမ္ပတ္တာ၊ ကောင်းစွာရောက်၏ ။
ဣတိဣမိနာ အာကာရေန၊ ဤသို့သောအခြင်းအရာဖြင့်။
တံပကရဏံ၊ ထိုဥဒါန်း အဋ္ဌကထာကျမ်းကို။
သင်္ခရောန္တေန၊ မကျဉ်းမကျယ်ဆောင်လွယ်သိလောက် အဓိပ္ပါယ်ထောက်လျက် နှစ်သက်ကြည်စွာ ပညာရှေ့သွားပြုထားရသဖြင့်။
ယံတံပုညံ၊ အကြင်သို့သဘောရှိသော ထိုမဟာကုသလညာဏ သမ္ပယောဇောဥက္ကဋ္ဌတ် ကုသိုလ်မြတ်ကို။
မယာ၊ ငါဓမ္မပါလဆရာသည်။
အဓိဂတံ၊ ရအပ်ပြီ။
တဿပုညဿ၊ ထိုမဟာကုသလဉာဏသမ္ပယုတ် ဥက္ကဋ္ဌကုသိုလ်တရား၏ ။
အာနုဘာဝေန၊ အာနုဘော်အားဖြင့်။
သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။
ဒေယိနော၊ သတ္တဝါအပေါင်းတို့သည်။
လောကနာထဿ၊ ဗြဟ္မာနတ်လူသုံးဘုံသူတို့သည် ကြည်ဖြူစင်ကြယ်ကိုးကွယ်ရာအစစ် တို့ရှင်ချစ်၏ ။
သာသနံ၊ သုံးတန်သိက္ခာဖြင့် ဆုံးမရာဆုံးမကြောင်းဖြစ်သော သာသနာတော်သို့။
ဩဂါဟိတွာ၊ ကိုယ်တိုင်သက်ဆင်းကြ၍။
ဝိသုဒ္ဓါယ၊ အထူးသဖြင့်စင်ကြယ်စွာသော။
သီလာဒိပဋိပတ္တိယာ၊ သီလအစရှိသောအကျင့်ဖြင့်။
ဝိမုတ္တိရသဘာဂိနော၊ အရဟတ္တဖိုလ်နိဗ္ဗာန်ဟူသော ဝိမုတ္တိကိစ္စအဖို့ရှိကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
လောကသ္မိံ၊ သတ္တလောက၌။
သမ္မာသမ္ဗုဒ္ဓသာသနံ၊ ညေယျဓမ္မဟူသမျှတရား ခပ်သိမ်းအားကို လက်ဝါးပြင်ဝယ် တင်၍ထားသောပတ္တမြား ရှစ်ရှားအသွင် ပိတ်ပင်မရှိ မိမိလိုလိုသာ ကောင်းစွာသိမြင်တို့ချစ်ရှင်၏ ကြည်လင်သာသနာ မြတ်သုံးဖြာသည်။
စိရံ၊ ငါးထောင်ရှည်ကြာနှစ်ကောဇာလုံး။
တိဋ္ဌတု၊ အက္ခရာပုဒ် လိင်ဝုစ်မပျက် နှုတ်တော်ထွက်မယွင်းတည်လျှင်းပါစေသတည်း။
သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။
ပါဏိနော၊ သတ္တဝါအပေါင်းတို့သည်။
တသ္မိံ၊ ထိုမြတ်စွာဘုရားသာသနာတော်၌။
နိစ္စံ၊ အမြဲ။
သဂါရဝါ၊ ရိုသေကိုင်းညွတ်ခြင်းရှိကြကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
ဒေဝေါပိ၊ ပဇ္ဇုန် မည်လတ်မိုးတိမ်နတ်သည်လည်း။
ကာလေန၊ ရွာချိန်သင့်စွာ မိုးအခါ၌။
သမ္မာ၊ ငါးရက်တစ်ကြိမ် ဆယ်ရက်တစ်ကြိမ် လခွဲတစ်ကြိမ်ကို မလွန်စေသဖြင့်ကောင်းစွာ။
ဝဿတု၊ အရည်ထန်စွာရွာပါစေသတည်း။
ဇဂတိပ္ပတိပိ၊ သတ္တဝါတို့အရှင်ဘုရင်ဟူခြင်း တရားမင်းအပေါင်းသည်လည်း။
သဒ္ဒမ္မနိရတော၊ သူတော်ကောင်းတရား မြတ်ဘုရား၏ သုံးပါးသောသာသနာတော်၌ အမြဲနှစ်ခြိုက်ပျော်ပိုက်မွေ့လျော်ကြည်ညိုတော်မူသော စိတ်ရှိသည်ဖြစ်၍။
လောကံ၊ သတ္တလောကကို။
ဓမ္မေနေဝ၊ မင်းကျင့်တရားဆယ်ပါး သင်္ဂဟတရားလေးပါးနာယကဂုဏ်ခြောက်ပါးစသောတရားဖြင့်သာလျှင်။
ပသာသတု၊ ကြည့်ရှုစောင့်ထ ဆုံးမကြစေကုန်သတည်း။
ဣတိဣမိနာအာကာရေန၊ ဤသို့သောအခြင်းအရာဖြင့်။
ပဒရတိတ္ထဝိဟာရဝါသိနာ၊ ဆီးတောဆိပ်ကမ်းဝယ် တင့်တယ်ဖွယ်ရာ သက္ကာကျွန်ယုံ ဝိသကြုံဖန်ဆင်းသည်တွင် လူရှင်ရဟန်းတို့၏မွေ့လျော်ဖွယ်ရာပဒရာရုံကျောင်း၌ လေးလီဣရိယာမျှကာမရွေ့ နေလေ့ရှိသော။
အာစရိယဓမ္မပါလေန၊ ဂိုဏ်းတို့၏ဆရာ သိက္ခာသုံးရပ် စောင့်အပ်သောတရားအပါးပါးကို စွန့်ထားအသက် ငဲ့ကွက်မရှိစောင့်ဘိမြဲလတ် အနွတ်ထက်ကြောင့် ကျွန်းမြတ်သီဟိုဠ် ထိုထိုဇမ္ဗူဒိပ်တခွင်ဝယ် ကောင်းကင်ခုလတ် လပြာသာဒ်အသွင် အလွန်ထင်ရှားသော ငါဓမ္မပါလဆရာ မဟာထေရ်သည်။
ကတာ၊ သုံးဖြာဓမ္မ ပိဋကအတွင်း ဉာဏ်ကိုသွင်းသဖြင့် စဉ်းစားမျှော်ထောက်၍ ဝမ်းမြောက်သာရွှင်စီရင်အပ်သော။
ဥဒါနဿ၊ သုံးလောကနတ်ပုဂ္ဂိုလ်မြတ်၏ သောမနဿ အာရုံတွေ့ကြုံသဖြင့် ကျူးရင့်မြွက်ဖော် မိန့်တော်မူလတ် ဥဒါန်းကျမ်းမြတ်၏ ။
အဋ္ဌကထာ၊ သဒ္ဒနယအတ္ထလုံးစုံ ဥဿုံမကြွင်းဖွင့်လင်းပြရာ သံဝဏ္ဏနာအဋ္ဌကထာသည်။
သမတ္တာ၊ ရောဂါဘယ ဥပဒ္ဒဝသဘော မရောမယှက် သက်သက်သောအားဖြင့် အခြင်းခပ်သိမ်းတိမ်းယိမ်းသောပုဒ်ပါဌ် မရှိလတ်သဖြင့် ပြီးစီးခြင်းသို့ မချို့လုံးစုံအကုန်ရောက်လတ်ပြီ။