သင်္ဂဟိတေန အသင်္ဂဟိတံ (အသင်္ဂဟိတံ)။ ။ သင်္ဂဟိတေန၊ စက္ခာယ တန အစရှိသော တရားည် ခန္ဓာဖြင့်သာ သိမ်းယူရေတွက်အပ်သော။
အသင်္ဂဟိတံ၊ အာယတန ဓာတ်တို့ဖြင့် မသိမ်းယူ မရေတွက်အပ်သော စက္ခာယတန ကြဉ်သော ရုပ်သတ္တဝီသ အစရှိသော တရားကို။
(အသင်္ဂဟိတံ၊ အဘယ်မျှသော ခန္ဓာ အာယတန ဓာတ်တို့ဖြင့် မသိမ်းယူ မရေတွက်အပ်နည်း။ ဤမျှသော ခန္ဓာ အာယတန ဓာတ်တို့ဖြင့် မသိမ်းယူ မရေတွက်အပ်။)
[ဤကား "သင်္ဂဟိတေန အသင်္ဂဟိတန္တိ ဟိ "သင်္ဂဟိတေန အသင်္ဂဟိတံ အသင်္ဂဟိတန္တိ ဝတ္တဗ္ဗေ ဧကဿ အသင်္ဂဟိတသဒ္ဒဿ လောပေါ ဒဋ္ဌဗ္ဗော။ (ပေ) သင်္ဂဟိတေနာတိ စ ဝိသေသန ကရဏဝစနံ ဒဋ္ဌဗ္ဗံ" ဟူသော ဋီကာအတိုင်း ပေးအပ်သော အနက်တည်း။ ဤ၌ "ဝိသေသနေ" ဟု သာမညဆိုသော်လည်း နောက်နား၌ "န ဒုတိယ တတိယေသု ဝိယ သမာနာဓိကရဏေ ဝိသေသနေ" ဟု ဆိုအပ်လတ္တံ့ဖြစ်သောကြောင့် "တုလျာဓိကရဏ ဝိသေသန" ဟု မှတ်ပါ။ တတိယ နယ မှ စ၍ (ဆဋ္ဌနယမှ တပါး) ဒသမနယတိုင်အောင်သော နယတို့၌ ဤနည်းအတိုင်း အပိုထည့်၍ အနက်ပေးလိမ့်မည်။]
တေ ဓမ္မာ၊ စက္ခာယတနသည် ကြဉ်အပ်သော ထို ရုပ်သတ္တဝီသ တရားတို့ကို။ စတူဟိ၊ ကုန်သော။ ခန္ဓေဟိ၊ နာမက္ခန္ဓာ တို့ဖြင့်။ အသင်္ဂဟိတာ၊ မသိမ်းယူ မရေတွက်အပ်ကုန်။ ဒွီဟိ၊ ကုန်သော။ အာယတနေဟိ၊ စက္ခာယတန, မနာယတန တို့ဖြင့်။ အသင်္ဂဟိတာ၊ ကုန်။ အဋ္ဌဟိ၊ ကုန်သော။ ဓာတူဟိ၊ စက္ခုဓာတ်, သတ္တဝိညာဏဓာတ်တို့ဖြင့်။ အသင်္ဂဟိတာ၊ ကုန်။ [နောက်၌လည်း အရကောက်ကို မှီ၍ ပေးပါ။ "ခန္ဓသင်္ဂဟေန၊ ခန္ဓာ ဟူသော အရေအတွက်ဖြင့်" စသည်ဖြင့် မပေးပဲ "သိမ်းယူရေတွက်ကြောင်း ခန္ဓာဖြင့်" စသည် ပေးရပုံကို လည်း သတိပြုပါ။] ဥဒ္ဒါန်းဂါထာအနက် ။ ။ ဒသ၊ ကုန်သော။ အာယတနာ၊ အာယတနတို့၎င်း။ သတ္တရသ၊ ကုန်သော။ ဓာတုယော၊ ဓာတ်တို့၎င်း။ သတ္တ၊ ကုန်သော။ ဣန္ဒြိယာ၊ ဣန္ဒြေတို့၎င်း။ အသညာဘဝေါ၊ အသညာဘဝ၎င်း။ ဧကဝေါကာရဘဝေါ၊ ဧကဝေါကာရဘဝိ၎င်း။ ပရိဒေဝေါ၊ ပရိဒေဝ၎င်း။ သနိဒဿနသပ္ပဋိဃံ၊ သနိဒဿန သပ္ပဋိသ၎င်း။ အနိဒဿနံ၊ အနိဒဿန သပ္ပဋိဃ၎င်း။ ပုနရေဝ၊ တဖန် သနိဒဿန ၎င်း။ သပ္ပဋိဃံ၊ သပ္ပဋိဃ၎င်း။ ဥပါဒါ၊ ဥပါဒါ၎င်း တည်း။ ဣတိ၊ သို့။ (ဧတာနိ၊ ဤ ၄၂ ပုဒ်တို့ကို။ ဣမသ္မိံ ဝါရေ၊ ဤ ဒုတိယနယဝါရ၌။ ဘဂဝတာ၊ သည်။ ဝုတ္တာနိ၊ ) [ထို့ကြောင့် "ဒုမှိ ရဂ္ဃါ" ဟု ရှေးဆရာတို့ ဆိုကြသည်။ ဒုမှိ၊ ဒုတိယနယ၌။ ရဂ္ဃါ၊ ၄၂ ပုဒ်တို့ကို။ (ဝုတ္တာ)၊ စာအုပ်တို့၌ "ပုနဒေဝ" ဟု ရှိ၏။ သက္ကတ၌ "ပုနရိ" ဟု ရှိသောကြောင့် "ပုနရေဝ" ဟူသော မူကွဲက မှန်သည်။ဤဒုတိယ နယ၌ ခန္ဓာတူ အာယတနကွဲ ဓာတ်ကွဲ, တနည်း ခန္ဓာတူ အာယတနတူ ဓာတ်ကွဲတရားတို့ကို ဟောတော်မူသည်။] အမှာ ။ ။ ဤနယ၌ (၁) ဥဒ္ဒါးဂါထာ၊ (၂) အကျဉ်း ဆောင်ပုဒ်၊ (၃) ထိုဆောင်ပုဒ်၏ အကောက်လင်္ကာ၊ (၄) ဓာတုကထာ အိမ်မြှောင် ကဗျာတို့ကို ကျေပွန်စွာ ရစေရမည်၊ နောက်နောက် နယတို့၌လည်း ဤ အစီအစဉ်အတိုင်း လေ့လာရမည်။
အကျဉ်းဆောင်ပုဒ် ။ ။ စ-ဖော-စ-ဣ, အ-အ-သ-ဥ။
ဆောင်ပုဒ် အကောက်လင်္ကာ
အာ ဓာတ် ဩဠာ ပသာဒ, ဣန္ဒြိယ ပရိဒေ၊
သနိ ပဋိ သနိဒသ်, နှစ်ဆဲ့ခြောက်ရပ် (စ) မှတ်လေ၊
(ဖော) ၂ ထွေ ဖောဋ္ဌဗ္ဗ, သတ်ဝိညာဏ (စ) ယူစေ၊
ဘာဝိန္ဒြေ (ဣ)မှာ (အ)တော့, အသညသည့် ဘဝ ၂ ထွေ၊
အနိဒသ် ကပ္ပဋိဃေမှာ (အ) မှတ်လေ သပ္ပဋိဃော မတော့၊
(သ) ဟော၍ ဥပါဒါ, (ဥ) မှတ်ဘို့ရာ၊
စ ဖော စ ဣ အ အ သာငယ်, ဥ ရောကောက်ကာ ပြလိုက်ပြီကွဲ့လေး၊ ။
ဒုမှာ ဟောဘို့၊ ရုပ်တချို့နှင့်၊ တချို့စိတ်ရ (ယေ) စွဲ ပြသော်၊ ရုပ်က ခန်တူ၊ စိတ်က မူကား၊မတူ ဓာတ်သာ၊ ဒုတိယော၊ သော။ သင်္ဂဟိတေန အသင်္ဂဟိတပဒနိဒ္ဒေသော၊ တည်း။