Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhātukathāpāḷi
Dhātukathāpāḷi

8. Aṭṭhamanayo

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဝိပ္ပယုတ္တေန သမ္ပယုတ္တံ (သမ္ပယုတ္တံ) ။ ။ ဝိပ္ပယုတ္တေန၊ မယှဉ်သော တရားနှင့်။ သမ္ပယုတ္တံ၊ ယှဉ်သော တရားသည်။ (သမ္ပယုတ္တံ၊ အဘယ်မျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် ယှဉ်သနည်း။ ဤမျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် ယှဉ်၏။)

ရူပက္ခန္ဓေန၊ နှင့်။ ယေ ဓမ္မာ၊ အကြင် နာမက္ခန္ဓာ လေးပါး တရားတို့သည်။ ဝိပ္ပယုတ္တာ၊ ဝိပ္ပယုတ်ဖြစ်ကုန်၏။ တေ ဓမ္မာ၊ ထို နာမက္ခန္ဓာလေးပါးတရားတို့သည်။ ကတိဟိ ခန္ဓေဟိ (ပေ)၊ သမ္ပယုတ္တာ၊ ကုန်သနည်း။ ဣတိ၊ ဤကား အမေးတည်း။

နတ္ထိ၊ ယှဉ်ဘက်ခန္ဓာ အာယတန ဓာတ် မရှိ။ ဣတိ၊ ဤကား အဖြေတည်း။ [ဤသို့ စသည်ဖြင့် အရကောက်ကို မှီ၍ ပေးပါ။]

ဥဒ္ဒါန်းဂါထာအနက် ။ ။ ဓမ္မာယတနံ၊ ဓမ္မယတန၎င်း။ ဓမ္မဓာတု၊ ၎င်း။ အထ၊ ထိုမှ တပါး။ ဇီဝိတံ၊ ဇီဝိတိန္ဒြေ၎င်း။ နာမရူပံ၊ နာမရူပ၎င်း။ သဠာယတနံ၊ သဠာယတန၎င်း။ ဇာတိ၊ ၎င်း။ ဇရာ၊ ၎င်း။ မတံ၊ မရဏ၎င်း။ တိကေ၊ တိက်၌။ ဒွေ စ၊ နှစ်ပါးသော အဇ္ဈတ္တ ဗဟိဒ္ဓပဒ, အနိဒဿန အပ္ပဋိဃပဒတို့၎င်း။ ပဌမန္တ‌ရေ၊ ရှေးဦးစွာသော စူဠန္တရဒုက်၌။ သတ္တ၊ ခုနစ်ပါးသော သပ္ပစ္စယပဒ, သင်္ခတပဒ, အနိဒဿနပဒ, အပ္ပဋိဃပဒ, အရူပီပဒ, ကေနစိဝိညေယျ ပဒ, နကေကစိဝိညေယျပဒတို့၎င်း။ ဂေါစ္ဆကေ၊ ၌။ ဒသ၊ ဆယ်ပါးသော နဟေတု အစရှိသော ပဌမဒုက် ဒုတိယဒုက်တို့၎င်း။ အပရံ၊ တပါးသော။ အန္တေ၊ ပရာမာသဂေါစ္ဆက၏ နောက်၌ ဖြစ်သော မဟန္တဒုက်၌။ စုဒ္ဒသ၊ တဆယ့်‌လေးပါးသော နောစိတ္တ အစရှိသော ဝိပ္ပယုတ္တ မရသင့်သော ပုဒ်တို့၎င်း။ မတ္ထကေ၊ အဆုံးဖြစ်သော ပိဋ္ဌိဒုက်၌။ ဆ၊ ခြောက်ပါးသော အဝိတက္ကပဒ, အဝိစာရပဒ, အပ္ပီတိကပဒ, နပီတိသဟဂတပဒ, န သုခသဟဂတပဒ, န ဥပေက္ခာသဟဂတပဒတို့၎င်း။ (ဣတိ၊ သို့။ ဧတာနိ၊ ဤပုဒ်တို့ကို)။ န လဗ္ဘရေ၊ မရအပ်ကုန်။ ဣတိ (ဣမိနာ ပဘေ‌ဒေန)၊ ဤအပြားအားဖြင့်။ သတ္တစတ္တာသီလ၊ လေးဆယ့်ခုနစ်ပါးသော။ ဧတေ ဓမ္မာ၊ ဤ တရားတို့ကို။ ‌မောဃပုစ္ဆကေန၊ မောဃပုစ္ဆကမည်သော အဋ္ဌမနယနှင့်တကွ။ သမုစ္ဆေဒေ၊ အဆုံးဖြစ်သော စုဒ္ဒသမနယ၌။ န လဗ္ဘန္တိ၊ ကုန်။ [ဤန ယ၌ ဤလေးဆယ့်ခုနစ်ပုဒ်ကို ကြည်၍ သုံးရာ နှစ်ဆယ့်လေးပုဒ်တို့ကို ဟောတော်မူသည် ဟူလို။ ထို့ကြောင့် "ဝိဇရာ ပါဋ္ဌ" ဟု ‌ရှေးဆရာတို့ ဆိုကြသည်။ အဋ္ဌ၊ အဋ္ဌမနယ၌။ ဝိရာဂါ၊ သုံးရာနှစ်ဆယ်လေးပုဒ်တို့ကို။ (ဝုတ္တာ)၊ ဤ အဋ္ဌမနယနှင့် စုဒ္ဒသနယတို့၌ မရအပ်သော ပုဒ်ချင်းတူသောကြောင့် "သမုစ္ဆေဒေန လဗ္ဘန္တိ၊ မောဃပုစ္ဆကေန စ" ဟု မိန့်တော်မူသည်။]

အကျဉ်းဆောင်ပုဒ် ။ ။ ရူ‌ ဝေ စ ဒု သ ဥ ဥ ကာ ပ။

ဆောင်ပုဒ် အကောက်လင်္ကာ

ရှစ်ဆယ့်နှစ်ဆူ၊ အရူအရ ဆဋ္ဌနည်းက ရူ နှစ်ထေ၊

"နေ" လေး "အ"မှာ ဆဗ္ဗီသ, ဥပ္ပန်တီက တိက်အနေ၊

အဇ္ဈတ္တ ဗဟိဒ္ဓေကို, ကြိတ်ရေပါလေ ဝေ အရမတော့၊

သတ္တမက ဝေ၌တွင်, သာရမ္မဏ ယှဉ်၊

နှစ်ဆယ့်သုံးတဲ့ လုံးကွဲရှင်ရယ်, (စ) ဆယ့်တစ်အင် နည်းဆဋ္ဌက၊

စသတ် အ အက် သ သုံးတန်, ပေါင်းလိုက်ပါတော့ မကျန်၊

(ဒု) ပုဒ်အရ ခြောက်ဆယ့်နှစ်တန်မှာ ဒုက္ခသစ္စံ ကုသလနှင့်၊

သံကိလိဋ္ဌ ဒဿန ဟေပါ, အာစယနောက် သေက္ခာ၊

ပုဒ်တတိယ ယူပြီးကာငယ်, ပရိတ္တပါ မဇ္ဈိမနှင့်၊

အနိယတ တိကယူကာ, အဟေတုကာဒိ ဓမ္မာ၊

နာမ်လေးဝနှင့် ဝိပ္ပယုတ်ပါသည်, ဂေါစ္ဆကလာ လေးဆယ်ပုဒ်နှင့်၊

စူဠန္တရဒုက် လောကိယာ , ပိဋ္ဌိဒုက်မှ မှာ၊

နာမ်လေးဝနှင့် ဝိပ္ပယုတ္တကို, တဆယ့်တဖြာ ပေါင်းမှတ်ရစ်တော့၊

ရာ သုံးဆယ့် တစ်(သ) ၌မှာ, ဆဋ္ဌနည်း အလာ၊

ငါးဆယ်သုံးသ သုသတ္တာငယ်, လေးဆယ့်ခြောက်ဖြာ တဖန်အနှင့်၊

ဣဈာနှစ်ဝ တပါးစီ, နောက် အ ဆယ့်ခုနစ်လီ၊

နောက်သူအရ စတုတ္ထီဝယ်, အဇ္ဈတိက်ဆီ အာရမ္မဏ၌၊

ရှေ့ပုဒ်နှစ်ဝ ထည့်စွက်မှန်မှန်, ပေါင်းလိုက်ပါတော့ မကျန်၊

(ဥ) ပုဒ်အရ အင်ငါးတန်မှာ, ဆဋ္ဌနယံ ဥ အရနှင့်၊

အကား သုံးဝ ဝါပါကာ, ပေါင်း၍မှတ်ယူပါ၊

နောက် ဥ အရ ဥပပတ် ဘဝါငယ်, သညီတဖြာ ပဉ္စဝေါနှင့်၊

ဥပါဒိန္နော ပါဒါနီ, ဝိတက် တတိယီ၊

ဥပါဒိန္န မဟန္တရီ ပါ, ပေါင်းတော့ ခြောက်လီ ညီညာပြ၍၊

ကာမဘဝ (ကာ) အနေ, ၃ ပါး (ပ) မှတ်လေ၊

ပရိတ် ပစ္စုပ် အဇ္ဈ ဗဟေကို, အာရမဏေ ယှဉ်ကာစပ်လို့၊

သတိချပ်၍ မှတ်လိုက်ပါ, မောဃနည်း အလာ၊

ရူ ဝေ စ ဒု-သ ဥ ဥ ကာငယ်, (ပေ) ရောကောက်ကော ပြလိုက်ပြီးကွဲ့လေး၊ ။

ဓာတုကထာ အိမ်မြှောက်ကဗျာ

အဋ္ဌမ၌၊ သုဒ္ဓကို ဟော၊ နာမ်ရုပ်ရောလည်း၊ ဝိယောဂ ရ၊ ဟောပြန်ရ၏၊ ဖြေချပုံမှာ၊ နတ္ထိသာတည်း။

အဋ္ဌမော ဝိပ္ပယုတ္တေန သမ္ပယုတ္တပဒနိဒ္ဒေသော၊