ဝိပ္ပယုတ္တေန ဝိပ္ပယုတ္တံ (ဝိပ္ပယုတ္တံ)
။ ။
ဝိပ္ပယုတ္တေန၊ မယှဉ်သော တရားနှင့်။
ဝိပ္ပယုတ္တံ၊ မယှဉ်သော တရားသည်။
(ဝိပ္ပယုတ္တံ၊ အဘယ်မျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် မယှဉ်သနည်း။
ဤမျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် မယှဉ်။)
ဧကေန, အာယတနေန၊ ဓမ္မာယတနနှင့်။ ဧကာယ, ဓာတုယာ၊ ဓမ္မဓာတ်နှင့်။ ကေဟိစိ၊ ဓမ္မာယတန ဓမ္မဓာတ်၌ အကျုံးဝင်သော စေတသိက် ဒွေပညာသဟူသော အချို့တို့၌။ ဝိပ္ပယုတ္တာ၊ [ဤသို့ စသည်ဖြင့် အရကောက်ကို မှီ၍ပေးပါ။ ဥဒ္ဒါန်းဂါထာလည်း ဆဋ္ဌနယနှင့် တူပြီ။ ထို့ကြောင့် "ဒသာဒီသု ကမာ ဆ စ နဝေသွိဝ" ဟု ရှေးဆရားတို့ ဆိုကြသည်။ ဒသာဒီသု၊ ဒသမနယ အစရှိသည်တို့၌။ ကမာ၊ အစဉ်အတိုင်း။ ဆစ နဝေသွိဝ၊ ဆဋ္ဌနယ, စတုတ္ထနယ နဝမနယတို့၌ကဲ့သို့။ (ဝုတ္တာ၊ ) ဤနယနှင့် ဆဋ္ဌနယတို့၌ ဟောအပ်သော တရားချင်း တူသောလည်း ဟောပုံ အစဉ်အားဖြင့် မတူပါ။]
အကျဉ်းဆာင်ပုဒ် ။ ။ ရူ ဝေ စ ရ ရူ အ ဝိ နေ အ အ။
ဆောင်ပုဒ် အကောက်လင်္ကာ
ဆဋ္ဌနည်းတူ ရူအရ (ဝေ) သတ္တမ နည်းမကွာ၊
ရာသုံးဆယ်နှစ် (စ) အလာမှာ, ဆဋ္ဌနယာ (စ) ခုနစ်ဝနှင့်၊
ငါးဆယ့်သုံဝ (သ) အလာ, သုလည်း ခုနစ်ဖြာ၊
လေးဆယ့်ခြောက် အ ဣ နှင်ဈာန ပါ, တစ်စီ (အ) မှာ ဆယ့်ခုနစ်ဝတို့၊
ပေါင်းလိုက်ကြတော့( ဥ) လေးဖြာ, ဥ တစ် အသုံး လုံးလိုက်ပါ၊
ရူပုဒ်အရ ရူပဘဝငယ်, ထို့နောက်ရှစ်ဖြာ အ အရတော့၊
ဆဋ္ဌနည်းက အ တဖြာ, သုလည်း လေးပါးသာ၊
သသုံးထည့်စွက် ပေါင်းပြီးကာဝယ်, ဝိ ခုနစ်ဖြာ နေ လေးဝနှင့်၊
နှစ်ဆယ့်ခြောက် အ နောက် အ သုံးတန်, ဆဋ္ဌနည်းတူ ကြံ၊
ရူ ဝေ စ ဥ ရူ အ ဝိ မှန်တယ်, နေ အ နှစ်တန် လှန်လှောပီ ကွဲ့ကလေး၊ ။
ဓာတုကထာ အိမ်မြှောက်ကဗျာ
ကြဉ်ပဲတေရ၊ ဆယ်ကို စ၍၊ လေးဝ ပိုဒ်ဟော၊ ဆ စော နော ဋ္ဌဖ၊ စဉ်တိုင်းကြ၏၊ ဒသမန၌၊ နှစ်ဝယေမှာ ဝိယုတ္တာစွဲ၊