သင်္ဂဟိတေန သမ္ပယုတ္တံ ဝိပ္ပယုတ္တံ
။ ။
သင်္ဂဟိတေန၊ သမုဒယသစ္စာ က ခန္ဓာ အာယတန ဓာတ်တို့ဖြင့်သိမ်းယူရေတွက်အပ်သော သမုဒယ သစ္စာကြဉ်သော သင်္ခါရက္ခန္ဓာ ၄၉ ပါး အစရှိသော။
သမ္ပယုတ္တံ၊ သမ္ပယုတ်ဖြစ်သော တရားသည်။
(သမ္ပယုတ္တံ၊ အဘယ်မျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် သမ္ပယုတ်ဖြစ်သနည်း။
ဤမျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် သမ္ပယုတ်ဖြစ်၏။)
သင်္ဂဟိတေန၊ သမုဒယသစ္စာက ခန္ဓာ အာယတန ဓာတ်တို့ဖြင့် သိမ်းယူရေတွက်အပ်သော သမုဒယသစ္စာကြဉ်သော သင်္ခါရက္ခန္ဓာ ၄၉ ပါး အစရှိသော။
[ဤပုဒ်ကို လိုက်စေသည်။]
ဝိပ္ပယုတ္တံ၊ ဝိပ္ပယုတ်ဖြစ်သော တရားသည်။
(ဝိပ္ပယုတ္တံ၊ အဘယ်မျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် ဝိပ္ပယုတ်ဖြစ်သနည်း။
ဤမျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် ဝိပ္ပယုတ်ဖြစ်၏။)
[သတ္တမနယ စသည်တို့၌ "သမ္ပယုတ္တံ ဝိပ္ပယုတ္တံ" အကျေကြံပုံကို ထောက်၍ ဤသို့ ပေးလိုက်ပါသည်။ ရှေးအကောက်တို့၌ကား
"သင်္ဂဟိတေန၊ ခန္ဓာ အာယတန ဓာတ်တို့ဖြင့် ရေတွက်အပ်သည် ဖြစ်၍" ဟုပေးလေ၏။ ထိုအနက်မှာ။
"ဧကာဒသမာဒိသု ပန စတူသု (ပေ) ဝိသေသနေ ဧဝ စေတ္ထ ကရဏဝစနံ ဒဋ္ဌဗ္ဗံ" ဟူသော ဋီကာ နှင့် မလျော်ပါ။ ထို ဝိသေသနဟူသည်လည်း တုလျာဓိကရဏ ဝိသေသန ဖြစ်ကြောင်းကို ရှေ့၌ ပြခဲ့ပြီ။ နောက်နယတို့၌လည်း နည်းတူ။]
အမှာ ။ ။ ဤနယဟောတော်မူအပ်သော တရားတို့သည် စတုတ္ထနယ၌ ဟောတော်မူအပ်သော တရားတို့နှင့် တူကုန်၏။ သို့သော် ဟောပုံအစဉ်ကား မတူပါ။ အနက်ကို ထို စတုတ္ထ နယအတိုင်း ပေးပါ။ ဆောင်ပုဒ် အကောက် လင်္ကာကို အရာမကျယ် အလွယ် ညွှန်ပြရမည် ဖြစ်သောကြောင့် စုဒ္ဒသမနယအဆုံးကျမှ ပေါင်း၍ ပြေတော့မည်။
အကျဉ်းဆောင်ပုဒ် ။ ။ သ မ ဣ သု ဥ ပ။
ဓာတုကထာ အိမ်မြှောက်ကဗျာ
ဧကာဒသ၊ နည်းကစ၍၊ နယလေးမှ၊ ယေ ဧကာချည်း။
ဧကာဒသမော၊
သင်္ဂဟိတေနသမ္ပယုတ္တဝိပ္ပယုတ္တပဒနိဒ္ဒေသော၊