သမ္ပယောဂေါ ဝိပ္ပယောဂေါ။ ။ သမ္ပယောဂေါ၊ အဘယ်မျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် သမ္ပယုတ် ဖြစ်သနည်း။ (ပုစ္ဆာ)။
ဤမျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် သမ္ပယုတ်ဖြစ်၏။
(ဝိသဇ္ဇန) ဝိပ္ပယောဂေါ၊ အဘယ်မျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် ဝိပ္ပယုတ် ဖြစ်သနည်း။ (ပုစ္ဆာ)။
ဤမျှသော ခန္ဓာ အာယတန ဓာတ်တို့နှင့် ဝိပ္ပယုတ်ဖြစ်၏။
(ဝိသဇ္ဇန)။
[ဤကား "သင်္ဂဟော အသင်္ဂဟော, သမ္ပယောဂေါ ဝိပ္ပယောဂေါတိ ဣမေ ဒွေ ပုစ္ဆိတဗ္ဗဝိသဇ္ဇိ တဗ္ဗဓမ္မ ဝိသေသံ အနိဒ္ဓါရေတွာ သာမညေန ဓမ္မာနံ ပုစ္ဆန ဝိသဇ္ဇန နယ ဥဒ္ဒေသာ" ဟူသော ဋီကာ အတိုင်း ပေးအပ်သော အနက်တည်း။ ကြွင်းသော နယတို့၌ "အဝသေသာ နိဒ္ဓါရေတွာ" ဟူသော ဋီကာအတိုင်း ပေးပါ။]
ဧကေန, အာယတနေန၊ ဓမ္မာယတနနှင့် ၎င်း။ ဧကာယ, ဓာတုယာ၊ ဓမ္မဓာတ်တို့နှင့်၎င်း။ ကေဟိစိ၊ ဓမ္မယတန ဓမ္မဓာတ်နှင့် အကျုံးဝင်သော စေတသိက်ဒွေပညာသဟု ဆိုအပ်သောအချို့တို့နှင့်။ ဝိပ္ပယုတ္တော၊ (ဣတိ၊ ဤကားအဖြေတည်း။) [ဤသို့ စသဖြင့် အရကောက်ကို မှီ၍ ပေးပါ။]
ဥဒ္ဒါန်းဂါထာအနက် ။ ။ ဓမ္မာယတနံ၊ ၎င်း။ ဓမ္မဓာတု၊ ၎င်း။ ဒုက္ခသစ္စဉ္စ၊ ၎င်း။ ဇီဝိတံ၊ ဇီဝိတ၎င်း။ သဠာယတနံ၊ ၎င်း။ နာမရူပံ၊ နာမရူပ၎င်း။ စတ္တာရော၊ ကုန်သော။ မဟာဘဝါ စ၊ ဥပပတ္တိဘဝ ကာမဘဝ သညီ ဘဝ ပဉ္စဝေါကာရဘဝတို့၎င်း။ [ဤ ၄ ပါး ကို တရားကိုယ် များသောကြောင့် "မဟာဘဝ" ဟု ဆိုသည်။] ဇာတိ၊ ၎င်း။ ဇရာ စ၊ ၎င်း။ မရဏံ၊ ၎င်း။ ကိလေသု၊ တိက်တို့၌။ ဧကူနဝီသတိ၊ တခုယုတ် နှစ်ဆယ်သော။ (ပဒါ၊ အဗျာတက အစရှိသော ခန္ဓာ အာယတန ဓာတ် အကုန်ရသော ပုဒ်တို့၎င်း။) ဂေါစ္ဆကေသု၊ ဂေါစ္ဆကတို့၌။ ပညာသ၊ ၅၀ သော။ (ပဒါ) စ၊ နဟေတု အဟေတုက အစရှိသော ခန္ဓာ အာယတန ဓာတ် အကုန်ရသော ပုဒ်တို့၎င်း။ စူဠန္တရေ၊ စူဠန္တရဒုက်၌။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ ပဒါ၊ သပ္ပစ္စယ သင်္ခတ အစရှိသော ခန္ဓာအာယတန ဓာတ်အကုန်ရသော ပုဒ်တို့၎င်း။ မဟန္တရေ၊ မဟန္တရဒုက်၌။ ပန္နရသ၊ ကုန်သော။ ပဒါ၊ နောစိတ္တ အစရှိသောပုဒ်တို့၎င်း။ တတော၊ ထို မဟန္တရဒုက်မှ။ အပရေ၊ နောက်ဖြစ်သော ပိဋ္ဌိဒုက်၌။ အဋ္ဌာရသ၊ ကုန်သော။ ပဒါ၊ န ဒဿနေန ပဟာတဗ္ဗာ အစရှိသော ခန္ဓာ အာယတန ဓာတ် အကုန်ရသော ပုဒ်တို့၎င်း။ (ဣတိ၊ သို့။) တေဝီသ၊ ၂၃ ပုဒ်အလွန်ရှိသော။ ဧတံ ပဒသတံ၊ ဤ ပုဒ်တရာကို။ သမ္ပယောဂေ၊ သမ္ပယောဂ ဝိပ္ပယောဂ နိဒ္ဒေသ၌ (ဆဋ္ဌနယ နိဒ္ဒေသ၌)။ န လဗ္ဘတိ၊ မရအပ်။ [ဤနယ၌ ၁၂၃ ပုဒ် ကြဉ်၍ ၂၄၈ ပုဒ်တို့ကို ဟောတော်မူသည်။ ထို့ကြောင့် "ဒေဝရာ ဆ" ဟု ရှေးဆရားတို့ ဆိုကြသည်။ ဆ၊ ဆဋ္ဌနယ၌။ ဒေဝရာ၊ ၂၄၈ ပုဒ်တို့ကို။ (ဝုတ္တာ)၊ ဋီကာအလို ၁၂၁ ပုဒ်တို့ကို ကြဉ်၍ ၂၅၀ ပုဒ်တို့ကို ဟောတော်မူ၏။ ထို့ကြောင့် "နိမက္ခာ ဝါ" ဟု တနည်းဆိုကြ၏။ ဝါ၊ တနည်း။ နိမက္ခာ၊ ၂၅၀ သော ပုဒ်တို့ကို။ (ဝုတ္တာ)၊ ]
အကျဉ်းဆောင်ပုဒ်
ရူ-ဝေ-ဝိ-စ, သ-သု-ဥ, ဖ-ရူ-အ-ဣ-ဈာ၊
အ-သု-အ-ဝိ-နေ, အ-သ-အ-အ-စေ။
ဆောင်ပုဒ် အကောက်လင်္ကာ
ရူပက္ခန္ဓာ ဓာတ်အာဩ, သစ္စနိရော ဣန္ဒြေ၊
ဘဝ ၂ ထွေ ဧကဝေါ, ပရိဒေဝေါ မှတ်ပါလေ၊
သနိ အနိ သပ္ပဋိဃေငယ်, အပ္ပစ္စယေ အသင်္ဂတနှင့်, အနိဒဿန အပ္ပဋိဃံ, ရူပီပုဒ်လည်း မချန်၊
မဟန္တရ အနာရမ္မဏံပါ, စိတ် ဝိယုတ္တံ ဝိသံသနှင့် ဥပါဒါဓမ္မ ပေါင်းမှတ်လေ, (ရူ) လေးဆယ့်သုံးပေ၊
စေတသိက်ခန္ဓာ ၃ ပါး အနေဝယ်, ပဋိစ္စမလေ ဝေဒနာ့နှင့်, ဖဿ သတ္တက ဝေဒနာ သညာ, ခြောက်ပါး (ဝေ) တွက်တာ၊
ဝိညာဉ် ခန္ူာ မနာယတနာငယ်, မနိန္ဒြာ ဝိညာဏနှင့် သတ္တက မဟန္တရ စိတ်နှစ်တန်, ခြောက်ပါး (ဝိ) ၌ ကြံ၊
ဝိညာဏဓာတ် ခုနစ်တန်သို့ , (စ) တွက်အမှန် မြဲမှတ်သားလို့၊
ငါးဆယ့် ကိုးပါး (သင်)အနေ, နည်းတတိယ ပေ၊
သင်္ခါရနှင့် ဖဿနှစ်ထွေငယ်, စေ ဓိမောက် မနသိကာရေ ခြောဖြာ နှုတ်လို့, ငါးဆယ့်သုံးပုဒ် ဤအရာ (သ) ဟု မှတ်လေပါ၊
သု ဒု သော ဒေါ ဣန္ဒြာငယ်, သောတ ဒုက္ခာ ဒေါမနတို့, (သု) အရလို့ မှတ်ကြလေ, (ဥ) ကား ဥပေက္ခိန္ဒြေ၊
ပဋိစ္စ သတ္တက ဖဿ ၂ ထွေငယ်, စေတနာ မနသိကာရေ (ဖ) အရတဲ့, ဘဝရူပ တပါး (ရူ), (အ) လေးဆယ့်ခြောက်မူ၊
နာမက္ခန္ဓ အရယူသည်, ဘဝသုံးဆူ တိဂေါစ္ဆက၌, နှစ်ဆယ့်သုံးဝ ဆယ့်တတန်, ပိဋ္ဌိဒုက် ကိုးတန်၊
ဣဒ္ဓိပါဒ ဈာန ဓမ္မံငယ်, အဓိဓောက္ခံ (ဣ-ဈာ-အ) တဲ့၊
သုခ ဒုက္ခ သမ္ပယုတ္တာ, သုခ သဟဂတော၊
ပိဋ္ဌိဒုက်က သုခပါသည့်, ပေါင်းတော့ လေးဖြာ (ယု) အရဟု, အဒုက္ခနှင့် ဥပေက် နှစ်ဖြာ, (အ) တွက် သုံးပါးသာ၊
(ဝိ) ခုနစ်ဝ ဝိပါကာငယ်, ပစ္စုပ် ပရိတ္တာ ရမ္မဏနှင့်, အဇ္ဈတ္တာရမ္မဏ တိက် ၃ တန်, သာရမ္မဏ မဟန်၊
နေဝဝိပါက် နဝိပါငယ်, အနုပါ ဒိန္နုပါဒနှင့်, အနုပ္ပန္ဣ အနုပါဒိန္နာ, (နေ) တွက် ၄ ပါးလာ၊
ဥပါဒိန္န သံကိလိဋ္ဌာဝယ်, ပုဒ်တတိယ အပ္ပမာဏနှင့်, ပဏီတဓမ္မ ဒုက်စူဠံ, လောကုတ္တရဓမ္မံ၊
ဂေါစ္ဆက၌ ဆယ့်ရှစ်တန်မှ, လောကုတ်နိဗ္ဗာန် ရသမျှတဲ့၊
ပိဋ္ဌိဒုက်က န ကာမာ, အပရိ အနုတ္တရာ၊
နှစ်ဆယ့်ခြောက်ဝ (အ) တွက်တာကို, ပေါင်း၍ မှတ်ပါ (သ) သုံးဝ မတော့, သဝိတက္က သဝိစာရာ, ပိဋ္ဌိဒုက်က ၂ ဖြာ၊
ဆယ့်ခုနစ်ဝ (အ) တွက်တာမှ, အဝိတက္ကာ ဝိစာရနှင့်, ပီတိသဟ-ဂတဓမ္မ, ဂေါစ္ဆက တရားကိုယ် ချန်၊
နာမက္ခန္ဓ လေးပါးမှန်သည်, ဆယ့်သုံးပဒံ အရ ထုတ်တော့၊
ပိဋ္ဌိဒုက်၌ သပ္ပီတိကာ, ပီတိ သဟဂတာ၊
နောက် (အ) အတွက် ၃ ပါးမှာမူ, အဝိတက္ကာ အဝိစာရနှင့်, ပိဋ္ဌိဒုက်က အဝိတက္ကာ, အဝိစာရ ပါ၊
(စေ) တွက် ခြောက်ဝ ဟူသည်မှာလျက်, စေတသိကာ စသည်ရှုတော့, မဟန္တရဒု သူ့အလာ, ကောက်ပြကြဖို့ရာ၊
ရူ ဝေ ဝိ စ သ သု ဥပါငယ်, ဖ ရူ အပါ ဣဈာ ထည့်လို့၊
အသုအဝိ တဖန်နေ, အသ အ အ စေ၊
ဗာဝီသတိ ဆောင်ပုဒ်တွေကို, နောက်မရှုပ်စေ ဖြေလိုက်ပြီကွဲ့လေး၊ ။
ဓာတုကထာ အိမ်မြှောင်ကဗျာ
ခြောက်နဲဟောရန်၊ ရုပ်နိဗ္ဗာန်နှင့်၊ နာမ်မရောက၊ ရောပြန်ကလည်း၊ ဝိပ္ပ-ရ ပုဒ်၊ ဟောဘို့ထုတ်လေ၊နာမ်ရုပ်နိဗ္ဗာန်၊ ဝိယုတ္တံ မှတ်၊ သန္တာန်ခါလွှဲ၊ဘုံဇာတ် ကွဲသည့်၊ နာမ်လဲ ဝိယုတ်၊ ရုပ်ချင်း ရုပ်မှာ၊ နိဗ္ဗုတာနှင့်၊ ဝေဒနာချင်းချင်း၊ သူ့စိတ်ချင်းတည်း၊ ချင်းချင်း သင်္ခါ၊ ယင်းတို့မှာကား ၊ ၂ဖြာသမ္ပ၊ ဝိပ္ပမရှိ၊ ကေဟိစိမှာ၊ စေသိတမ္ပယုတ်, ဝိပ္ပယုတ်လည်း၊ နာမ်ရုပ်ရောယှက်, မရောယှက်မှာ၊ စေတသိက်ကာတည်း။ နာမ်သာ ရမူ၊ ရုပ်နိဗ္ဗူဟု၊ မှတ်ယူဓမ္မ ဓာတ်သာတည်း။