Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhātukathāpāḷi
Dhātukathāpāḷi

သမ္ပယုတ္တေန သင်္ဂဟိတံ အသင်္ဂဟိတံ ။ ။ သမ္ပယုတ္တေန= ဝေဒနာက္ခန္ဓာနှင့် သမ္ပယုတ်ဖြစ်သော သညာသင်္ခါရ ဝိညာဏ် အစရှိသော တရားဟူသော။ သင်္ဂဟိတံ= ခန္ဓာ အာယတန ဓာတ်တို့ဖြင့် သိမ်းယူရေတွက်အပ်သော တရားကို။ (သင်္ဂဟိတံ= အဘယ်မျှသော ခန္ဓာ အာယတန ဓာတ်တို့ဖြင့် သိမ်းယူရေတွ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

သမ္ပယုတ္တေန သင်္ဂဟိတံ အသင်္ဂဟိတံ ။ ။ သမ္ပယုတ္တေန၊ ဝေဒနာက္ခန္ဓာနှင့် သမ္ပယုတ်ဖြစ်သော သညာသင်္ခါရ ဝိညာဏ် အစရှိသော တရားဟူသော။ သင်္ဂဟိတံ၊ ခန္ဓာ အာယတန ဓာတ်တို့ဖြင့် သိမ်းယူရေတွက်အပ်သော တရားကို။ (သင်္ဂဟိတံ၊ အဘယ်မျှသော ခန္ဓာ အာယတန ဓာတ်တို့ဖြင့် သိမ်းယူရေတွက်အပ်သနည်း။ ဤမျှသော ခန္ဓာ အာယတန ဓာတ်တို့ဖြင့် သိမ်းယူရေတွက်၏)။ သမ္ပယုတ္တေန၊ သော။ အသင်္ဂဟိတံ၊ ခန္ဓာ အာယတန ဓာတ်တို့ဖြင့် မသိမ်းယူ မရေတွက်အပ်သော တရားကို။ (အသင်္ဂဟိတံ၊ အဘယ်မျှသော ခန္ဓာ အာယတန ဓာတ်တို့ဖြင့် မသိမ်းယူ မရေတွက်အပ်သနည်း။ ဤမျှသော ခန္ဓာအယတန ဓာတ်တို့ဖြင့် မသိမ်းယူ မရေတွက်အပ်။)

အမှာ ။ ။ ဤနယ၌ ဟောတော်မူအပ်သော တရားတို့သည် နဝမနယ၌ ဟောတော်မူအပ်သော တရားတို့နှင့် တူကုန်၏။သို့သော် ဟောတော်မူအပ်သော တရားတို့နှင့် တူကုန်၏။ သို့သော်ဟောပုံ အစဉ်ကား မတူပါ။ အနက်ကို ထို နဝမနယအတိုင်းပေးပါ။ ဆောင်ပုဒ် အကောက်လင်္ကာကိုလည်းစုဒ္ဒသမနယအဆုံးကျမှပင် ပေါင်း၍ ပြပါမည်။

အကျဉ်းဆောင်ပုဒ် ။ ။ ဝေ ဝိ သ သု ဥ ပ အ သု ဝေ။

ဒွါဒသမော၊ သမ္ပယုတ္တေန သင်္ဂဟိတာ သင်္ဂဟိတပဒနိဒ္ဒေသော၊ ။