၁-အညတရပုရိသဝတ္ထုဘာသာဋီကာ
အခြားဝိဂြိုဟ်များ။ ။ "(၁) ဒိဝသေ ဒိဝသေ ပရိဘုဉ္ဇိတဗ္ဗံ ဒေဝသိကံ-နေ့တိုင်းနေ့တိုင်းသုံးဆောင်အပ်သော (သီဋီသစ်-၂, ၃၀၂) ၊ (၂) ဒိဝသေ ဒိဝသေ ဒါတဗ္ဗံ ဒေဝသိကံ-နေ့တိုင်းနေ့တိုင်း ပေးအပ်သော (သီဋီသစ်-၃၀၅) ၊ (၃) ဒိဝသံ ဒိဝသံ ဗျာပေတွာ ပဝတ္တတီတိ ဒေဝသိကံ-နေ့တိုင်းတိုင်း ဖြစ်သော (ဇာဋီသစ်-၂, ၃၉၉)၊ (၄) ဒိဝသေသု ပရိဝတ္တံ ဒေဝသိကံ-နေ့တိုင်းနေ့တိုင်းတို့၌ လည်ပတ်နေသော (ဇာဋီ-၂၁, ၅၃၆)" လည်း ပြုကြသေး၏ ၊ ဤဝိဂြိုဟ်များအလို " ဒေဝသိကံ-နေ့တိုင်းနေ့တိုင်းသုံးဆောင်အပ်သော၊ တိဝဿိကဂန္ဓသာလိဘတ္တံ-၃နှစ်ပတ်လုံး သိုလှောင်သိမ်းဆည်းထားအပ်သော ကောက်မွှေးသလေးထမင်းကို" စသည် ပေးပါ **တိဝဿိကဂန္ဓသာလိဘတ္တံ**၊ ၃နှစ်တိုင်အောင် သိုလှောင်အပ်သော ကောက်မွှေးသလေးထမင်းကို။ တိဝဿိကဂန္ဓသာလိဘတ္တံ။ ။ တီဏိ+ဝဿာနိ တိဝဿံ၊ တိဝဿံ+နိဒဟိတဗ္ဗာတိဝဿိကာ-၃နှစ်ပတ်လုံး သိုလှောင်သိမ်းဆည်းထားအပ်ကုန်သော၊ [ တိဝဿ+ဏိက၊ ] (တစ်နည်း) တီဏိ+ဝဿနိ ယေသံ (သာလီနံ နိဒဟိတာန)န္တိ တိဝဿိကာ-၃နှစ်ရှိသော (၃နှစ်သိုလှောင်သိမ်းဆည်းထားအပ်သော) ကောက်မွှေးသလေးတို့၊ ဂန္ဓော+ယေသံ အတ္ထီတိ ဂန္ဓာ၊ ဂန္ဓာ စ+တေ+သာလီ စာတိ ဂန္ဓသာလီ-မွှေးသော အနံံ့ရှိသော သလေးတို့၊ တိဝဿိကာ+ဂန္ဓသာလီ တိဝဿိကဂန္ဓသာလီ-၃နှစ်ပတ်လုံးသိုလှောင်သိမ်းဆည်းထားအပ်သော ကောက်မွှေးသလေးတို့၊ တိဝဿိကဂန္ဓသာလီနံ+ဘတ္တံ တိဝဿိကဂန္ဓသာလိဘတ္တံ-၃နှစ်ပတ်လုံး သိုလှောင်သိမ်းဆည်းထားအပ်သောကောက်မွှေးသလေးတို့၏ထမင်း။ (ဇာဋီသစ်-၁, ၁၃၄၊ ဇာဋီသစ်-၂, ၃၁၃) နာနဂ္ဂရသေဟိ၊ အထူးထူး မွန်မြတ်သော အရသာတို့ဖြင့်။ [ နာနာ+အဂ္ဂါ နာနဂ္ဂါ-အထူးထူး မွန်မြတ်သောအရသာတို့။ (ဝိသေသနောဘယပဒ) ၊ နာနဂ္ဂါ စ+ တေ+ရသာ စာတိ နာနဂ္ဂရသာ။ ] ဘုဉ္ဇန္တာ၊ ကုန်လျက်။ ဝစရိဿာမ၊ ကုန်စို့။ " ဣတိ၊ ဤသို့ ပြောပြီ။
ဒုဇ္ဇီဝိတ မဇီဝိမှ, ယေ သန္တေ န ဒဒမှသေ၊ ဝိဇ္ဇမာနေသု ဘောဂေသု, ဒီပံ နာကမှ အတ္တနော။
ယေ (မယံ)၊ အကြင်ငါတို့သည်။ (ဒေယျဓမ္မေ စ၊ ပေးလှူထိုက်သောသဘောရှိသော ဝတ္ထုသည်လည်းကောင်း။ ဝါ၊ လှူဖွယ်ဝတ္ထုသည်လည်းကောင်း။ ပဋိဂ္ဂါဟကေ စ၊ အလှူခံပုဂ္ဂိုလ်သည်လည်းကောင်း။ ) ။ သန္တေ၊ ထင်ရှားရှိပါလျက်။ န **ဒဒမှသေ**၊ မပေးလှူခဲ့ကုန်။ ဒဒမှသေ။ ။ "ဒဒိမှ (ဇာ. ဋ္ဌ-၃, ၄၄)" ဟူသော အဖွင့်အလို ဒါဓာတ်, အဇ္ဇတနီမှာဝိဘတ်၊ သေကား ဂါထာပူရဏ နိပါတ်ပုဒ်တည်း၊ ဒါ၏ ဒွေဘော် ဒါလာ၊ ရှေ့ဒါ၌ ရဿပြု, ဣလာ၊ (ဒဒိမှာ) ၊ ကွစိ ဓာတုဖြင့် ဣကို အ-ပြု, မှာ၌လည်း ရဿပြု၊ သေကာရာဂမော အာချာတနာမေဟိ (နီတိ-၁၁၀၂) သုတ်ဖြင့် သေလာ၍ ရုပ်ပြီးစေရမည်၊ ဝိဗော-၂၄၆၌ ကွစိ ဓာတုဖြင့် သေလာ၏၊ "အဒမှ (ပေတ. ဋ္ဌ-၂၆၄) " ဟူသော အဖွင့်အလို ဟိယျတ္တနီမှာဝိဘတ်တည်း၊ ရှေ့နည်းထက် ဣ-မလာရခြင်းသာ ထူး၏ ၊ နီတိဓာတု-၈၁၌ ဟိယျတ္တနီ မှသေဝိဘတ်ဟု ဆို၏ ။ ဘောဂေသု၊ သုံးဆောင်ခံစားအပ်သော စည်းစိမ်ဥစ္စာတို့သည်။ ဝိဇ္ဇမာနေသု၊ ထင်ရှားရှိပါကုန်လျက်။ အတ္တနော၊ မိမိ၏ ။ ဒီပံ၊ ထောက်တည်ရာကျွန်းသဖွယ်ဖြစ်သော ကောင်းမှုကို။ နာကမှ (န+အကမှ)၊ မပြုခဲ့ကုန်။ (တေ မယံ၊ ငါတို့သည်။ ) ။ **ဒုဇ္ဇီဝိတံ**၊ စက်ဆုပ်အပ်စွာ ယုတ်မာသောအသက်မွေးခြင်းကို။ဒုဇ္ဇီဝိတံ။ ။ လာမကဇီဝိတံ (ဇာ. ဋ္ဌ-၃, ၄၄)၊ ဝိညူဟိ ဂရဟိတဗ္ဗံ ဇီဝိတံ (ပေတဋ္ဌ-၂၆၄)" ဟူသော အဖွင့်အရ ဒုသဒ္ဒါ ကုစ္ဆိတအနက်ဟောတည်း၊ မှန်၏-လာမက, ဂရဟိတဗ္ဗ (ဂါရယှ) တို့သည် ကုစ္ဆိတ၏ ပရိယာယ်များ ဖြစ်ကြသည် (ဓာန်-၆၉၉၊ ၇၀၁) ၊ ထိုကြောင့် "ကုစ္ဆိတံ+ဇီဝိတံ ဒုဇ္ဇီဝိတံ" ဟု ပြုပါ၊ ဆက်ဦးအံ့-ဒုဇ္ဇီဝိတံနှင့် အဇီဝိမှသည် အသက်မွေးခြင်းကြိယာကိုချည်း ရသောကြောင့် အဘေဒဘေဒူပစာ (ကံနှင့်ကြိယာ မပြားဘဲလျက် ပြားသကဲ့သို့ ခွဲဆိုအပ်သောစကား) တည်း။ တစ်နည်း။ ။ "ကတွာ"ဟု ထည့်၍ "ဒုဇ္ဇီဝိတံ-ကို၊ (ကတွာ-၍၊) အဇီဝိမှ-ကုန်ပြီ" ဟု ပေးပါ (သီဋီသစ်-၁, ၃၅၈)၊ (တစ်နည်း) ဓမ္မယော-၄၂အလို ကြိယာဝိသေသနကြံ၍ "ဒုဇ္ဇီဝိတံ-စက်ဆုပ်အပ်စွာ ယုတ်မာသော အသက်မွေးခြင်းဖြင့်၊ အဇီဝိမှ-ကုန်ပြီ" ဟု ပေးပါ။ [ ဓမ္မယော၌ "ယေ သန္တေ န ဒဒမှသေ" ကိုသာ "ဒုဇ္ဇီဝိတ မဇီဝိမှ" ၏ အနိယမဝါကျဟု ဆို၏ ၊ သို့သော် ပေတ. ဋ္ဌ-၂၆၄၌ "ယေ သန္တေ န ဒဒမှသေ" ကို ပို၍ထင်ရှားအောင် ပြခြင်းငှာ "ဝိဇ္ဇမာနေသု၊ ပေ၊ အတ္တနော" ကို ဆိုသည်-ဟု ဖွင့်သောကြောင့် "ယေ သန္တေ" မှ "အတ္တနော" တိုင်အောင် စကားသည် "ဒုဇ္ဇီဝိတ မဇီဝိမှ" ၏ အနိယမချည်းသာတည်း။ ] အဇီဝိမှ၊ အသက်မွေးခဲ့ကုန်ပြီ။
သဋ္ဌိဝဿသဟဿာနိ, ပရိပုဏ္ဏာနိ သဗ္ဗသော၊ နိရယေ ပစ္စမာနာနံ, ကဒါ အန္တော ဘဝိဿတိ။
သဗ္ဗသော၊ အလုံးစုံသော အခြင်းအရာအားဖြင့်။ **သဋ္ဌိဝဿသဟဿာနိ**၊ အနှစ်၆သောင်းတို့သည်။ သဋ္ဌိဝဿသဟဿာနိ။ ။ သဒ္ဒါကျမ်းတို့၌ "ဝဿာနံ+သဟဿာနိ ဝဿသဟဿာနိ-နှစ်တို့၏ အထောင်တို့၊ သဋ္ဌိယာ+ဂုဏိတာနိ+ဝဿသဟဿာနိ သဋ္ဌိဝဿသဟဿာနိ- (၆၀)ဖြင့် မြှောက်အပ်သော နှစ်အထောင်တို့၊ ဝါ-အနှစ်၆သောင်းတို့၊ (မဇ္ဈေလောပီတပ္ပုရိသ်)" ဟု ဆို၏၊ ပေတ. ဋ္ဌ-၂၆၄၌ "သဋ္ဌိ+သဟဿာနိ သဋ္ဌိသဟဿာနိ၊ (ဒိဂု)၊ဝဿာနံ+သဋ္ဌိသဟဿာနိ သဋ္ဌိဝဿသဟဿာနိ၊ (ဝိဿနှင့် သဋ္ဌိရှေ့နောက်ပြန်)" ဟု ပြုသည်။ ပရိပုဏ္ဏာနိ၊ ပြည့်ကုန်ပြီ။ နိရယေ၊ လောဟကုမ္ဘီငရဲ၌။ ပစ္စမာနာနံ၊ ကျက်နေရကုန်သော။ (အမှာကံ၊ ငါတို့၏။ ဝါ၊ တို့မှာ၊) ။ ကဒါ၊ အဘယ်အခါ၌။ အန္တော၊ ဤငရဲဒုက္ခ၏ အဆုံးသည်။ ဘဝိဿတိ၊ ဖြစ်လိမ့်မည်နည်း။ [ တစ်နည်း- (အမှာကံ၊ တို့သည်။ နိရယေ၊ ၌။ ပစ္စမာနံ၊ ကျက်နေရကုန်စဉ်။ သဗ္ဗသော၊ ဖြင့်။ သဋ္ဌိဝဿသဟဿာနိ၊ တို့သည်။ ပရိပုဏ္ဏာနိ၊ ကုန်ပြီ။ ကဒါ၊ ၌။ အန္တော၊ သည်။ ဘဝိဿတိ၊ နည်း။ ရှေ့နည်း ပေတ. ဋ္ဌ-၂၆၃၊ နောက်နည်း ဇာ. ဋ္ဌ-၃, ၄၄။ ]
နတ္ထိ အန္တော ကုတော အန္တော, န အန္တော ပဋိဒိဿတိ၊ တဒါ ဟိ ပကတံ ပါပံ, မမ တုယှဉ္စ မာရိသာ။
**မာရိသာ**၊ မိတ်ဆွေတို့! ။ (ကိုယ့်လူတို့!) ။မာရိသာ။ ။ မာရိသကား ချစ်စနိုးအခေါ်တစ်မျိုးတည်း၊ "မရိသန္တိ ပါပေ ရောဂါဒိအနတ္ထေ အဘိဘဝန္တီတိ မာရိသာ၊ [ မရိသ+ဏ၊-သံဋီ-၁, ၄၄။ ]" ဟုပြု၊ မကောင်းသောရောဂါစသော အကျိုးမဲ့တို့ကို လွှမ်းမိုးဖျက်ဆီးတတ်သူ, ဒုက္ခကင်းသူတို့ ရ၏ ၊ ဤ၌ ဒုက္ခရောက်နေသူတို့ကို "မာရိသာ" ဟု ခေါ်သဖြင့် ရုဠှီသဒ္ဒါတည်း၊ "ပေါက္ခရံ+အဿအတ္ထီတိ ပေါက္ခရဏီ" အရ ကြာနှင့်ရေရှိသောကြောင့် ရေကန်သည် ပေါက္ခရဏီအမည်ရခဲ့ရာ ကြာနှင့် ရေမရှိရာအခါ၌လည်း ထိုရေကန်ကို "ပေါက္ခရဏီ" ဟု ခေါ်ရသကဲ့သို့တည်း။ (သံ. ဋ္ဌ-၁, ၁၆) [ မာရိသာတိ ပိယဝစနမေတံ၊ နိဒုက္ခာတိ ဝုတ္တံ ဟောတိ၊ -သုတ္တနိ. ဋ္ဌ-၂, ၂၅၀။ ]
ဇာ. ဋ္ဌ-၃, ၄၄။ ။ ထို၌ "မာရိသာတိ မယာ သဒိသာ၊ ပိယာလပနနမေတံ" ဟု ဖွင့်၏ ၊ ဤအလို "မမိဝ နံ ပဿန္တိ, အဟံ ဝိယ တေ ဒိဿန္တီတိ ဝါ မာရိသာ၊ [ အမှ+ဒိသ+ကွိ၊- ရူ-၃၆၃ ]" ဟု ပြု၍ "မာရိသာ-ငါနှင့်တူသူတို့, ကိုယ်လူတို့, မိတ်ဆွေတို့" ဟု ပေးပါ။
အမရကောသ။ ။ အမရကောသ၌ အယျ၏ ပရိယာယ်, မြင့်မြတ်သူအနက်ဟုဆို၏ ၊ "မာရိသာ-အရှင်တို့, အရှင်ဘုရားတို့" ဟု ပေးရ၏၊ ထိုအနက်သည် ဤနေရာနှင့်မလျော်ပါ။
ထောမ။ ။ ထို၌ "နတ္ထိ+ရိသော ဧတေသန္တိ မာရိသာ-ညှဉ်းဆဲခြင်းမရှိသူတို့, မိတ်ဆွေတို့" ဟု ဗဟုဗွီဟိသမာသ်ဝိဂြိုဟ် ပြု၏ ။ [ မာ+ရိသ၊ မာကား ပတိသေဓအနက်၊ ရိသာ၌ ရိသဓာတ် ဟိံသာအနက်, အပစ္စည်းတည်း။ ] မမ၊ ငါ၏လည်းကောင်း။
ဝါ၊ မှာလည်းကောင်း။
**တုယှဉ္စ**၊ သင်မိတ်ဆွေအပေါင်း၏လည်းကောင်း။တုယှံ။ ။ ဇာတ်ကိုငဲ့၍ မိတ်ဆွေ၃ယောက်ကို "တုယှံ"ဟု ဧကဝုစ်ဖြင့် ဆိုသည်၊ မှန်၏-ဗဟုဇနောကဲ့သို့ အပေါင်းကို ဆိုလိုရာ၌လည်းကောင်း, သဉ္စိစ္စ ပါဏောကဲ့သို့ ဇာတ်ကိုငဲ့ရာ၌လည်းကောင်း, "သာဝတ္ထိ သဒ္ဓါ အဟောသိ" မှ သာဝတ္ထိကဲ့သို့ ဌာနူပစာအရာ၌လည်းကောင်း, ကုသလာကုသလံကဲ့သို့ နပုံ, ဧကတ်ငဲ့သောအရာ၌လည်းကောင်း အများပင် ဖြစ်သော်လည်း ဧကဝုစ်ဖြင့် ထားနိုင်သည်။ (နီတိသုတ္တ-၁၇၂)
တစ်နည်း။ ။ "တုယှံ တုမှာကံ (နေတ္တိဝိ-၃၃၇)" အဖွင့်အလို ဆဋ္ဌီဗဟုဝုစ်တည်း၊
တုယှံ မယှဉ္စသုတ်၌ စသဒ္ဒါဖြင့် နံဝိဘတ်နှင့်တကွ တုမှကို တုယှံပြုပါ၊ (တစ်နည်း) ဗဟုဝုစ်မှ ဧကဝုစ်သို့ ပြန်နေသော ဝစနဝိပလ္လာသတည်း။ (ဇာဋီသစ်-၂, ၂၆၇၊ ဝိဗော-၆၃) ။ ဝါ၊ မှာလည်းကောင်း။
အန္တော၊ လွတ်မြောက်ဖို့ ကာလအဆုံးအပိုင်းအခြားသည်။
နတ္ထိ၊ မရှိ။
အန္တော၊ သည်။
ကုတော၊ အဘယ်ကြောင့်။
(ပညာယိဿတိ၊ ထင်ရှားအံ့နည်း၊ )
[ "ပဋိဒိဿတိ၊ ထင်ရှားအံ့နည်း" ဟုလည်း လှမ်းယူပေးနိုင်သည်။ ]
(နော၊ ငါတို့၏ ။
ဝါ၊ တို့အား၊ ) ။
အန္တော၊ သည်။
န **ပဋိဒိဿတိ**၊ မထင်ရှားနိုင်။
ပဋိဒိဿတိ။ ။ ပဋိဒိဿတိသည် ကတ္တုရုပ်, ကမ္မရုပ်၂မျိုး ဖြစ်နိုင်ရာ အထက်၌ ကတ္တုရုပ်ယူ၍ ပေးခဲ့သည်၊ အန္တော၏ သမ္ဗန်, သို့မဟုတ် ပဋိဒိဿတိ၏ သမ္ဗဒါန်ကိုလည်း ဇာ. ဋ္ဌ-၃, ၄၄အတိုင်း "နော" ဟု ထည့်ပေးသည်၊ အန္တော၌စပ်ခိုက် သမ္ဗန်အနက်၌ ဆဋ္ဌီဝိဘတ်, ပဋိဒိဿတိ၌ စပ်ခိုက် သမ္ပဒါန်အနက် စတုတ္ထီဝိဘတ်ဟု ယူပါ၊ ပေတ. ဋ္ဌ-၂၆၄၌ကား "မမ, တုယှံ" တို့ကို ပဋိဒိဿတိ၌ စပ်စေသည်၊ "မမ-၏လည်းကောင်း၊ ဝါ-အားလည်းကောင်း၊ တုယှဉ္စ- ၏လည်းကောင်း၊ ဝါ- အားလည်းကောင်း၊ [ ရှေ့နည်း အန္တော၌စပ်၊ နောက်နည်း ပဋိဒိဿတိ၌စပ်၊ ] အန္တော- သည်၊ နပဋိဒိဿတိ"ဟု ပေးပါ၊ ကမ္မရုပ်ဟုယူလျှင် "မမ-၏လည်းကောင်း၊ ဝါ-သည်လည်းကြောင်း၊ တုယှဉ္စ- ၏လည်းကောင်း၊ ဝါ-သည်လည်းကြောင်း၊ [ ရှေ့နည်း အန္တော၏သမ္ဗန်၊ နောက်နည်း ပဋိဒိဿတိ၏ ကတ္တား၊ ] အန္တော- ကို၊ န ပဋိဒိဿတိ-မမြင်အပ်, မမြင်နိုင်" ဟု ပေးပါ။
**ဟိ**၊ မှန်၏ ။
**တဒါ**၊ ထိုဗာရာဏသီသူဋ္ဌေးသားဖြစ်ရာအခါ၌။တဒါ ဟိ။ ။ ဟိကို ဒဠှီကရဏယူ၍ ဇာ. ဋ္ဌ-၃, ၄၄အဖွင့်အတိုင်း ပေးခဲ့သည်၊ ကာရဏတ္ထယူ၍ "အန္တော-သည်၊ နတ္ထိ-မရှိ၊ အန္တော-သည်၊ ကုတော-ကြောင့်၊ (အတ္ထိ-ရှိအံ့နည်း၊) အန္တော-သည်၊ (အမှာကံ-တို့အား၊) န ပဋိဒိဿတိ-မထင်ရှား၊ (ကသ္မာ-ကြောင့်၊ အမှာကံ၊ န ပဋိဒိဿတိ-နည်း?) မာရိသာ-တို့! ဟိ (ယသ္မာ)-ကြောင့်၊ တဒါ-၌၊ မမ-သည်လည်းကောင်း၊ တုယှဉ္စ- သည်လည်းကောင်း၊ ပါပံ-ကို၊ ပကတံ-အမျိုးမျိုးအပြားပြားတို့ဖြင့် ပြုအပ်ခဲ့ပြီ၊ [ ပကာရေဟိ+ကတံ ပကတံ၊ ] (တသ္မာ-ကြောင့်၊ အန္တော-သည်၊ အမှာကံ၊န ပဋိဒိဿတိ)" ဟု ပေးပါ၊ တဒါ၏ အနိယမကို "ယဒါ တုမှေ စ အဟဉ္စ သေဋ္ဌိပုတ္တာ ဇာတာ" ဟု ထည့်ပါ။ (နေတ္တိဝိ-၃၃ရ၊ ဓမ္မယော- ၄၃)
ပေတ. ဋ္ဌ-၂၆၄။ ။ ထို၌ မမ, တုယှံတို့ကို "တယာ-သည်ကောင်း၊ မယာ-သည်ကောင်း၊ ပါပံ-ကို၊ ပကတံ-ပြီ" ဟု ဝိဘတ်ပြင်ပေးစေ၏ ၊ "မမ, တုယှံ" တို့၌ ဆဋ္ဌီဝိဘတ်ကို တတိယာအနက်ယူ၍ "မမ-သည်လည်းကောင်း၊ တုယှဉ္စ-သည်လည်းကောင်း" ဟုလည်း ပေးနိုင်သည်၊ "တဒါ ဟိ" နေရာ၌လည်း "တထာ ဟိ" ဟု ရှိသည်။ မမ၊ ငါသည်လည်းကောင်း။
တုယှဉ္စ၊ သင်မိတ်ဆွေအပေါင်းသည်လည်းကောင်း။
ပါပံ၊ မကောင်းမှုကို။
ပကတံ၊ အလွန်များစွာ ပြုအပ်ခဲ့ပြီ။
[ ပကဋ္ဌံ+ ကတံ ပကတံ။ -ပေတ. ဋ္ဌ- ၂၆၄။ ]
သောဟံ နူန ဣတော ဂန္တွာ, ယောနိံ လဒ္ဓါန မာနုသိံ၊ ဝဒညူ သီလသမ္ပန္နော, ကာဟာမိ ကုသလံ ဗဟုံ။
သော အဟံ၊ ထိုငါသည်။
ဣတော၊ ဤလောဟကုမ္ဘီငရဲမှ။
ဂန္တွာ၊ ဖဲခွာသွားရ၍။
**မာနုသိံ**၊ လူတို့၏ ဥစ္စာဖြစ်သော။
မာနုသိံ။ ။ မနန္တိ ဇာနန္တီတိ မာနုသာ၊ [ မနု+နုသ+ကွစိ ဓာတုဖြင့် န်ကို အာပြု၊ ရူ-၄၂၀ ] မနုနော+အပစ္စာနိ မာနုသာ၊ [ မနု+သဏ် (မောဂ်-၄, ၈) ၊ မနု+ဉသဏ် (နီတိသုတ္တ-၂၃၂) ၊ ] ယောနိကိုရအောင် "မာနုသာနံ+အယံ မာနုသီ- လူတို့၏ ဥစ္စာဖြစ်သော အမျိုးဇာတ်၊ [ မာနုသီ+ဏ၊ ] " ဟု ဆက်ပါ။
ယောနိံ၊ အမျိုးဇာတ်ကို။
(တစ်နည်း) မာနုသိံ ယောနိံ၊ လူ့ဘဝလူ့ခန္ဓာကို။
လဒ္ဓါန၊ ရ၍။
ဝါ၊ ရလသော်။
**ဝဒညူ**၊ အလှူခံတို့၏ စကားကို သိနားလည်သည်။ဝဒညူ။ ။ ဝဒံ ဝစနံ ဇာနာတီတိ ဝဒညူ၊ [ ဝဒ+ဉာ+ရူ၊ဒီဋီ-၃, ၁၄၆၊ ] တောင်းရမ်းသူတိို့၏ မျက်နှာအမူအရာကို မြင်လျှင်ပင် ၎င်းတို့၏ အလိုဆန္ဒကို ဖြည့်ပေးသောကြောင့် တောင်းရမ်းသူ (အလှူခံ) တို့၏ စကားကို (ဆိုလိုရင်းကို) သိသူ (အလိုက်တသိပေးလှူတတ်သူ)ကို ဝဒညူဟု ခေါ်သည်၊ (တစ်နည်း) တောင်းရမ်းသူတို့၏ "ပေးကမ်းစွန့်ကြဲခဲ့ပါ" ဟူသော စကားကို ကြားရလျှင် "ဒီလူတွေဟာ ရှေးက မလှူခဲ့လို့ ယခုလိုသူတောင်းစားဖြစ်ခဲ့ရတာပဲ၊ ငါကတော့ ဒီလို မဖြစ်ထိုက်ဘူး" ဟု တွေး၍ တောင်းရမ်းသူတို့အား ပေးစွန့်ခြင်းဖြင့် တောင်းရမ်းသူတို့၏ စကားအဓိပ္ပာယ်ကို သိသူ (တောင်းရမ်းသူဖြစ်ရခြင်း၏ သဘောကို သိနားလည်သူ) ကို ဝဒညူဟု ခေါ်သည်၊ (တစ်နည်း) ပညာရှိတို့၏ ကမ္မဿကတာဒိဋ္ဌိစသည်ကို ဖော်ပြသောစကားကို သိနားလည်သူကို ဝဒညူဟု ခေါ်သည်။ (ဣတိ. ဋ္ဌ-၂၂၅) ။
တစ်နည်း။ ။ "ဝဒညူတိ ဝုတ္တဝစနညူ၊ဝစနီယော ဝါ (နေတ္ထိ. ဋ္ဌ-၂၆၅)၊ ဝစနီယောယာစကာနန္တိ ယောဇနာ၊ ယာစိတဗ္ဗယုတ္တောတိ အတ္ထော (နေတ္တိဋီ-၁၄၅)။ ဤအဖွင့်တို့တွင် ရှေ့နည်းကား ပြအပ်ခဲ့သော နည်းများအတိုင်းပင်၊ သက္ကတ၌ ဝဒဓာတ်, အနျပစ္စည်းဖြင့် ပြီးသော "ဝဒနျ (ဝဒါနျ)" ဟူသော ပုဒ်ရှိ၏ ၊ ထိုပုဒ်သည် "များစွာပေးကမ်းရက်ရောသူ" ဟူသောအနက်ကို ဟော၏ ၊ "ဝစနီယော" ဟူသော နောက်နည်းအဖွင့်အလို"ဝဒနျ (ဝဒါနျ)" ဟူသောပုဒ်သည် ပါဠိ၌ ဝဒဓာတ်, အညပစ္စည်း၊ အ-ကိုဦပြု၍ "ဝဒညူ" ဖြစ်သည်ဟု ကြံပါ၊ "မံ ယာစဿူတိ ဝဒတီတိ ဝဒညူ (ငါ့ဆီ တောင်းပါဟု ပြောဆိုတတ်သူ)" ဟု ပြုပါ၊ (အမရဗျာချာ) ၊ သို့မဟုတ် "ဝဒိတဗ္ဗောတိ ဝဒညူပြောဆို (တောင်းဆို) ထိုက်သူ" ဟု ပြုပါ၊ "တောင်းခံသူများက အားမနာတမ်း ပြောနိုင် (တောင်းဆိုနိုင်) လောက်အောင် အလွန်ရက်ရောသူ, ရင်းနှီးသူ" ဟူလို။ (ထောမ၊ သဒ္ဒ သာဂရ၊ အမရဗျာချာ)
ပဒညူ။ ။ "ပဒညူ" ဟုလည်း ရွတ်ဖတ်ကြကြောင်းကို ဣတိ. ဋ္ဌ-၂၂၅၌ "
"ပဒညူတိ စ ပဌန္တိ၊ ပဒါနိယာ (ပေးကမ်းခြင်းရှိသူတို့) ပရိစ္စာဂသီလာတိ အတ္ထောတိ" ဟု ဆို၏ ၊ "ပဒဇ္ဇတီတိ ပဒညူ-ပေးကမ်းတတ်သူ၊ [ ပ+ဒါ+အည၊ အ-ကို ဦပြု၊ ] " ဟု ပြုပါ၊ "ပဒါနိယာပရိစ္စာဂသီလာ" ဟု ဖွင့်ပုံနှင့် ပေတ. ဋ္ဌ-၂၆၄၌ "ဝဒညူတိ ပရိစ္စာဂသီလော" ဟု ဖွင့်ပုံကိုထောက်၍ ပဒညူမှ ပကို ဝပြု၍ "ဝဒညူ" ဖြစ်သည်ဟုကြံပါ။
သီလသမ္ပန္နော၊ သီလနှင့် ပြည့်စုံသည်။ (ဟုတွာ၊ ၍။) **နူန**၊ စင်စစ်။ နူန။ ။ နူနာတိ ဧကံသတ္ထေ နိပါတော (ဇာ. ဋ္ဌ-၃, ၄၅)။ နူနာတိ ပရိဝိတက္ကေ နိပါတော (ပေတ. ဋ္ဌ-၂၆၄) ။ နူနာတိ ပရိဝိတက္ကေ၊ အနုဝိဂဏေတီတိ ဧတ္ထ. . . "နာနုဝိဂဏေတိ နူနာ" တိ၊ န စိန္တေသိ မညေ, "နာနုယုဉ္ဇတီ"တိ တက္ကေမီတိ အတ္ထော (ထေရ. ဋ္ဌ-၁, ၂၇၆) ။ ဗဟုံ၊ များစွာသော။ ကုသလံ၊ ကုသိုလ်ကို။ ကာဟာမိ၊ ပြုတော့အံ့။ (တစ်နည်း) ဗဟုံ၊ သော။ ကုသလံ၊ ကို။ ကာဟာမိ **နူန**၊ ပြုတော့မည်ဟု တွေးတော ကြံစည်နေ၏ ။
ဒီဃာ ဇာဂရတော ရတ္တိ, ဒီဃံ သန္တဿ ယောဇနံ၊ ဒီဃော ဗာလာန သံသာရော, သဒ္ဓမ္မံ အဝိဇာနတံ။
ဇာဂရတော၊ နိုးနေသူဖို့။
ဝါ၊ အတွက်။
ရတ္တိ၊ ညဉ့်သည်။
ဒီဃာ၊ ရှည်သည်။
ဝါ၊ ရှည်သကဲ့သို့။
(ဟောတိ၊ ဖြစ်၏၊ ) ။
သန္တဿ၊ ခရီးပန်းနေသူဖို့။
ဝါ၊ အတွက်။
**ယောဇနံ**၊ တစ်ယူဇနာခရီးသည်။ယောဇနံ။ ။ ယုဇ္ဇတေ မနော ယသ္မိန္တိ ယောဇနံ၊ (ကပ္ပဒ္ဒုမ) ၊ ပရိစ္ဆေဒံ ယုဇ္ဇတိ ဧတ္ထ ဧတေန ဝါတိ ယောဇနံ၊ (ကင်္ခါမဟာဋီ-၃, ၁၆၁) ၊ သာသနာကျမ်းအလို တစ်ယူဇနာ၌ ၁၂ မိုင် ၅ ဖာလုံ အတောင် - ၃၆၀ (ပေ-၅၄၀) ရှိ၏၊ လီလာဝတီကျမ်းအလို ၉မိုင် အတောင် ၃၂၀ ရှိ၏ ၊ မတန္တရအလို ၁မိုင် ၁ဖာလုံ အတောင် ၄၀ရှိ၏ ၊ ထို၃မျိုးတို့တွင် သာသနာယူဇနာဖြင့် မြင့်မိုရ်တောင်, စကြာဝဠာတောင်အမြင့်ကို ရေတွက်အပ်၏ ၊ မြို့ရွာအကွာအဝေးစသည်တို့၌ သင့်လျော်ရာ ယူဇနာဖြင့် ရေတွက်သင့်၏ ။ တစ်မိုင်မှာ ပေအားဖြင့် ၅၂၈၀ပေ, အတောင်အားဖြင့် ၃၅၂တောင်, မီတာအားဖြင့် ၁၆၀၉.၃၅ မီတာ, ကီလိုမီတာအားဖြင့် ၁.၆၀၉ ကီလိုမီတာ ရှိ၏ ။ (ဓာန် နိသစ်-၇၉၊ မြန်ဓာန်)
အခြားအဆိုများ။ ။ တစ်ယူဇနာသည် အင်္ဂလိပ်မိုင် ၄မိုင်, သို့မဟုတ် ၅မိုင်ဟု လည်းကောင်း, ၉မိုင်ခန့်ဟုလည်းကောင်း, ၂မိုင်ခွဲ (၂မိုင် ၄ဖာလုံ) ဟုလည်းကောင်းဆို၏ ၊ (ဝီလျံ. S-E-D ဝီလျံ. E-S-D)၊ ထို့ပြင် U-B-E-P-D နှင့် C-P-E-D၌ ၇မိုင်ဟု လည်းကောင်း, M-E-D နှင့် မြန်ဓာန်ချုပ်၌ ၁၂.၇၂မိုင်ဟုလည်းကောင်း ဆို၏ ။ [ Yojana, measure of distance, sometime regarded as equal to 4 or 5 English miles, but more correctly-about 9 miles; according to other calculations- 2 ½ English miles, (ဝီလျံ.S-E-D). Yojana, measure of distance, equal to 5 miles, or, according to some, to nine miles (ဝီလျံ. E-S-D). distance of about 7 miles (U-B-E-P-D). measure of length, which is about, 7 miles. (C-P-E-D) measure of distance equal to 12.72 English miles (M-E-D). ]
ဗုသာဝီ-၅၄အဆို။ ။ ဒီ. ဋ္ဌ-၁, ၃၆၌ နာလန္ဒာနှင့် ရာဇဂြိုဟ်သည် တစ်ယူဇနာဝေးကွာသည်ဟုဆိုရာ ထိုအကွာအဝေးကို ယခုအခါ မီးရထား လမ်းမိုင်တိုင် အမှတ်သားမှာ ၈မိုင်အတိအကျအမှတ်အသားရှိကြောင်း ဗုသာဝီ-၅၄၌ ဆို၏ ၊ ထို၌ ယူဇနာတွက်နည်း ၄နည်းကိုလည်း ပြထား၏ ။ ဒီဃံ၊ သည်။
(ဟောတိ၊ ၏ ၊ ) ။
သဒ္ဓမ္မံ၊ (ဗောဓိပက္ခိယ၃၇ပါးဟူသော) သူတော်ကောင်းတရားကို။
အဝိဇာနတံ၊ မသိကုန်သော။
ဗာလာနံ၊ လူမိုက်တို့ဖို့။
ဝါ၊ တို့အတွက်။
**သံသာရော**၊ သံသရာသည်။
သံသာရော။ ။ သံသရဏံ သံသာရော (သံဋီ-၂, ၁၅၀)၊ သံ ပုနပ္ပုနံ သရန္တိ ပဝတ္တန္တိ ဧတ္ထ သတ္တာတိ ဝါ သံသာရော၊ (မဏိ၊၂, ၂၆၀)၊ ခန္ဓာအာယတနာနံ အညမညသမ္ဗန္ဓေနသံ ပုနပ္ပုနံ သရတိ ဂစ္ဆတိ ပဝတ္တတီတိ သံသာရော၊ သံပုဗ္ဗသရဓာတု ဂတိမှိ ဏ၊ အထ ဝါ ခန္ဓာအာယတနဓာတုယော သံ အဗ္ဗောစ္ဆိန္နံ သရန္တိ ဂစ္ဆန္တိ ပဝတ္တန္တိ ဧတ္ထာတိ သံသာရော။ (နမက္ကာရဋီ-၃၄)
ဒီဃော၊ မှန်စွာမသွေ, ရှည်လျားလှချေသည်။
(ဟောတိ၊ ၏ ။ )
ဧကိဿာ ကဏ္ဌံ ဆေတွာန, လောမဂဏနာယ ပစ္စိသံ၊ ဗဟူနံ ကဏ္ဌေ ဆေတွာန, ကထံ ကာဟသိ ခတ္တိယ။
ခတ္တိယ၊ ရေမြေ့သနည်း, ပြည့်ရှင်မင်း! ။
(အဟံ၊ ကျွန်တော်မျိုးမသည်၊ ) ။
ဧကိဿာ၊ တစ်ကောင်သောသိုးမ၏ ။
ကဏ္ဌံ၊ လည်ပင်းကို။
ဆေတွာန၊ ဖြတ်ခဲ့၍။
ဝါ၊ ခြင်းကြောင့်။
လောမဂဏနာယ၊ သိုးမ၏ အမွေးအရေတွက်ဖြင့်။
**ပစ္စိသံ**၊ ငရဲ၌ ကျက်ခဲ့ရပြီ။ပစ္စိသံ။ ။ ပစ+ယ+ဣံ၊ "ဂါထာယ မတီတတ္ထေ ဣမိဿံ (နီတိ-၁၁၀၃) သုတ်ဖြင့် ဣံကို ဣဿံပြု၊ ကွစိ ဓာတုဖြင့် သ်တစ်လုံးကိုချေ၊ (တစ်နည်း) အနာဂတေ ဘဝိဿန္တိ၌ "ဘဝိဿန္တိ" ဟူသော ယောဂဝိဘာဂဖြင့် အတိတ်အနက်၌ ဘဝိဿန္တိ ဿံဝိဘတ်သက်၊ (နိဒီ-၃၈၀၊ ဝိဗော-၂၁၆) ၊ ရူပသိဒ္ဓိ၌ကား အတိတ်ကို အနာဂတ်အနေဖြင့် ဆိုလိုသောကြောင့် အတိတ်အနက်၌ အနာဂတ်ဝိဘတ်သက်သည်ဟု ဆို၏၊ ဤသဘောကို မောဂ္ဂလ္လာန်၌ ကာလဝိပလ္လာသ (အတိတ်မှ အနာဂတ်သို့ ပြောင်းနေသည်) ဟု ဆို၏ ။ (ရူ-၂၈၁၊ မောဂ်-၆, ၁)
ပစ္စိသံအရ။ ။ နိရယေ ပစ္စိတွာ ပက္ကာဝသေသေန တဿာ လောမဂဏနာယသီသစ္ဆေဒံ ပါပုဏိံ (ဓမ္မ. ဋ္ဌ-၁, ၂၉၁)" စကားအရ အမွေးအရေအတွက်ဖြင့် ငရဲ၌ကျက်ခဲ့ရခြင်းမဟုတ်၊ ငရဲကျပြီးနောက် အမွေးအရေအတွက်ဖြင့် ခေါင်းဖြတ်ခံခဲ့ရခြင်းဖြစ်သည်၊ ထိုကြောင့် ပစ္စိသံအရ ငရဲကျပြီးနောက် ခေါင်းဖြတ်ခံရခြင်းအထိ ယူပါ။ ဝါ၊ ငရဲ၌ကျက်ပြီးနောက် ခေါင်းအဖြတ်ခံခဲ့ရပြီ။
ဗဟူနံ၊ များစွာသော မင်း, မိဖုရားတို့၏ ။
ကဏ္ဌေ၊ လည်ပင်းတို့ကို။
ဆေတွာန၊ ဖြတ်၍။
ဝါ၊ ခြင်းကြောင့်။
ကထံ၊ အဘယ်သို့လျှင်။
ကာဟသိ၊ (ဒုက္ခမှ လွတ်မြောက်အောင်) ပြုနိုင်တော့အံ့နည်း။
ဝါ၊ ဒုက္ခမှ လွတ်မြောက်နိုင်တော့အံ့နည်း။
တစ်နည်း။ ။ ဇာဋီသစ်-၁, ၁၆၇၌ "သမာ (အကျဉ်းအားဖြင့်)+ဩဓံ (ချုံးလျက်)+အာနေသိ" ဟု ပုဒ်ဖြတ်၏ ၊ ထိုအလို "သမောဓာနေသိ-အကျဉ်းချုံးလျက် ဆောင်ပြတော်မူပြီ၊ ဝါ-အတိတ်ပစ္စုပ္ပန်ဖြစ်ရပ်တို့ကို ပေါင်းစပ်ပြတော်မူပြီ" ဟု ပေးပါ၊ "အတိတ်က ဗာရာဏသီမင်းသည် ယခု ကောသလမင်း ဖြစ်လေပြီ" စသည်ဖြင့် အတိတ်ဇာတ်ကြောင်းနှင့် ပစ္စုပ္ပန်ဇာတ်ကြောင်းကို ပေါင်းစပ်ပြတော်မူသည်-ဟူလို။
တစ်နည်း။ ။ သမောဓာနေတွာတိ သမ္မဒေဝ ဩဒဟိတွာ (မဋီ-၃, ၂၅၉)" ဟူသော အဖွင့်အလိုမူ "သံ+အဝ+ဓာ+အ+ဤ၊ အဝကို ဩပြု, နိဂ္ဂဟိတ်ကို မ-ပြု, အပစ္စည်းကိုဧပြု, ကွစိ ဓာတုဖြင့် န-လာ, ဤကို ရဿပြု, သ-လာ၍ ပြီးစေကာ "သမောဓာနေသိ-ကောင်းစွာ ထားတော်မူပြီ" ဟု ပေးရာ၏ ။ (တစ်နည်း) သံ+အဝ+ဓန (သဒ္ဒ-အသံပြုခြင်းအနက်)+စုရာဒိဏေ+ဤ+ဓ ၌ ဒီဃပြု၍ ပြီးသည်ဟု ကြံကာ "သမောဓာနေသိ-ကောင်းစွာ ဟောတော်မူပြီ" ဟု ပေးပါ။
ဣဓ သောစတိ ပစ္စ သောစတိ, ပါပကာရီ ဥဘယတ္ထ သောစတိ၊ သော သောစတိ သော ဝိဟညတိ, ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။
ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသူသည်။ ဣဓ၊ ဤ ပစ္စုပ္ပန်ဘဝ၌။ သောစတိ၊ ဝမ်းနည်းရ၏ ။ ပစ္စ၊ တမလွန်ဘဝ၌။ သောစတိ၊ ၏ ။ ဥဘယတ္ထ၊ ပစ္စုပ္ပန်တမလွန်, ၂တန်သောဘဝ၌။ သောစတိ၊ ၏ ။ အတ္တနော၊ မိမိ၏ ။ ကမ္မကိလိဋ္ဌံ၊ ညစ်နွမ်းသော အကုသိုလ်ကံကို။ ဒိသွာ၊ မြင်ရ၍။ ဝါ၊ ခြင်းကြောင့်။ သော၊ ထိုမကောင်းမှုကို ပြုသူသည်။ သောစတိ၊ ၏ ။ သော၊ သည်။ ဝိဟညတိ၊ ပင်ပန်းရ၏ ။
ဧဝံ စေ သတ္တာ ဇာနေယျုံ, ဒုက္ခာ' ယံ ဇာတိသမ္ဘဝေါ၊ န ပါဏော ပါဏိနံ ဟညေ, ပါဏဃာတီ ဟိ သောစတိ။
**အယံ ဇာတိသမ္ဘဝေါ**၊ ဤပဋိသန္ဓေနေရခြင်း, (ပဋိသန္ဓေနေပြီးနောက်) အစဉ်သဖြင့် ကြီးရင့်ခြင်းသည်။
**ဒုက္ခော**၊ ဆင်းရဲ၏ ။ဒုက္ခာယံ ဇာတိသမ္ဘဝေါ။ ။ "ဒုက္ခာယံ ဇာတ်ိသမ္ဘဝေါ" သည် "ဧဝံ စေ သတ္တာ ဇာနေယျုံ" ဟူသော ပထမပါဒ၏ သိပုံခြင်းအရာကိုပြသော အာကာရဝါကျတည်း၊ ဒုက္ခာယံကို "ဒုက္ခော+အယံ" ဟု ဖြတ်၊ ဒုက္ခသဒ္ဒါသည် "ဇာတိပိ ဒုက္ခာ" ၌ကဲ့သို့ ဒုက္ခဝတ္ထု (ဒုက္ခ၏တည်ရာ) အနက်ဟောတည်း၊ အကျိုးကာယိကဒုက္ခ စေတသိကဒုက္ခ၏ အမည်ကို အကြောင်းဇာတိသမ္ဘဝ၌ တင်စား၍ ဖလူပစာရအားဖြင့် ဇာတိသမ္ဘဝကို ဒုက္ခဟုဆိုသည်။ (အဘိဋ္ဌ-၁, ၈၄၊ နီဘာ-၁, ၃၀၃)
ဇာတိသမ္ဘဝေါ။ ။ ဇနနံ ဇာတိ၊ (ဒီ. ဋ္ဌ-၂, ၃၈၆) ၊ ထိုထိုဘဝ၌ စ၍ဖြစ်ခြင်း (စ၍ဥပါဒ်ခြင်း) ကို ဇာတိဟု ခေါ်သည်၊ သမ္ဘဝနံ သမ္ဘဝေါ၊ [ သံ+ဘူ (ဝုဒ္ဓိအနက်)+အ၊ ] ဆက်လက်၍ အစဉ်အားဖြင့် တိုးပွားခြင်းကို သမ္ဘဝဟု ခေါ်သည်၊ ထိုနောင် "ဇာတိ စ+သမ္ဘဝေါ စ ဇာတိသမ္ဘဝေါ" ဟု ဆက်ပါ၊ ထိုထိုဘဝ၌ စ၍ဖြစ်ခြင်း, ဆက်လက်၍ တိုးပွားခြင်းဟူသော ပဋိသန္ဓေသည် အိုခြင်း, နာခြင်း, သေခြင်း, မုန်းသူနှင့်တွဲရခြင်း, ချစ်သူနှင့် ကွဲရခြင်း, ခြေလက်ပြတ်ခြင်းစသော ဒုက္ခတို့၏ တည်ရာအကြောင်းတည်း၊ ထိုကြောင့် "ဒုက္ခာယံ ဇာတိသမ္ဘဝေါ" ဟု မိန့်သည်။ (ဇာ. ဋ္ဌ-၁, ၁၈၄၊ ဇာဋီသစ်-၁, ၂၀၆) ဝါ၊ ဆင်းရဲကြောင်းဖြစ်၏ ။
ဧဝံ၊ ဤသို့။
သတ္တာ၊ သတ္တဝါတို့သည်။
စေ ဇာနေယျုံ၊ အကယ်၍ သိကုန်အံ့။
(ဧဝံသတိ၊ သော်၊ ) ။
ပါဏော၊ သတ္တဝါတစ်ယောက်သည်။
ပါဏိနံ၊ အခြားသတ္တဝါတစ်ယောက်ကို။
န ဟညေ (န ဟညေယျ)၊ မညှင်းဆဲမသတ်ဖြတ်ရာ။
(ကသ္မာ၊ နည်း?) ။
ဟိ (ယသ္မာ)၊ အကြင်ကြောင့်။
ပါဏဃာတီ၊ သူတစ်ပါးကို သတ်လေ့ရှိသူသည်။
သောစတိ၊ ဝမ်းနည်းပူဆွေးရ၏ ။
(တသ္မာ၊ ထိုကြောင့်တည်း။ )