Issues
Select Version
သာရဒဿီ-sāradassī
မြန်မာဘာသာ
叶均居士
中文
法护-Dhammapāla
中文
Dhammapada-aṭṭhakathā
Dhammapada-aṭṭhakathā

သုံးခုမြောက်ဖြစ်သော ဒုက္ခလက္ခဏာကို ဆိုရာဂါထာ၏ အတ္ထဝဏ္ဏနာကိုပြုပြီး၍ လေးခုမြောက်ဖြစ်သော အနတ္တလက္ခဏာကို ဆိုရာဂါထာ၏ အတ္ထဝဏ္ဏနာကို ပြုတော်မူလိုသော အရှင် ဗုဒ္ဓဃောသဆရာသည် တတိယဂါထာယပိ၊ အစရှိသောပါဋ္ဌ်ကို မိန့်သတည်း။

Author: သာရဒဿီ-sāradassī @ IAPT

သုံးခုမြောက်ဖြစ်သော ဒုက္ခလက္ခဏာကို ဆိုရာဂါထာ၏ အတ္ထဝဏ္ဏနာကိုပြုပြီး၍ လေးခုမြောက်ဖြစ်သော အနတ္တလက္ခဏာကို ဆိုရာဂါထာ၏ အတ္ထဝဏ္ဏနာကို ပြုတော်မူလိုသော အရှင် ဗုဒ္ဓဃောသဆရာသည် တတိယဂါထာယပိ၊ အစရှိသောပါဋ္ဌ်ကို မိန့်သတည်း။

တတိယဂါထာယပိ၊ တတိယဂါထာ၌လည်း။ ဧသေဝ နယော၊ ဤနည်းလျှင် နည်းရှိ၏။
ဟိ၊ ထိုစကားသင့်စွ။ ကေဝလံ၊ သက်သက်။ ဧတ္ထု၊ ဤတတိယဂါထာ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ တေသံ ဘိက္ခူနံ၊ ထိုရဟန်းတို့၏။ ပုဗ္ဗေ၊ ရှေး၌။ အနတ္တလက္ခဏေ၊ အနတ္တလက္ခဏာ၌။ အနူယုတ္ထဘာဝံ၊ အဖန်တလဲလဲ ယှဥ်သည်၏အဖြစ်ကို။ ဥတွာ၊ သိ၍။ ဘိက္ခဝေ၊ ရဟန်းတို့။ သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ ခန္ဓာ၊ ခန္ဓာတို့သည်။ အဝသဝတ္တနနေဋ္ဌန၊ မိမိ၏အလိုသို့ မလိုက်တတ်သော အနက်ကြောင့်။ အနတ္တာဧဝ၊ အနတ္တမည်ကုန်သည်သာလျှင်တည်း။ ဤတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ဣမံဂါထံ၊ ဤဂါထာကို။ အာဟ၊ မိန့်တော်မူ၏။
သဗ္ဗေဓမ္မာ၊ အလုံးစုံသော တရားတို့သည်။ အနတ္တာ၊ အနတ္တာမည်ကုန်၏။ ဣတိ၊ ဤသို့။ ယဒါ၊ အကြင်အခါ၌။ ပညာယ၊ ဝိပဿနာပညာဖြင့်။ ပဿတိ၊ မြင်၏။
အထ၊ ထိုသို့မြင်သည်ရှိသော်။ ဒုက္ခေ၊ သံသရာဆင်းရဲ၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ဧသ ဧသော၊ ဤသို့ငြီးငွေ့ခြင်းသည်။ ဝိသုဒ္ဓီယာ၊ ၏။ မဂ္ဂေါ၊ တည်း။ ဣတိ၊ ဤသို့။ အာဟ၊ မိန့်တော်မူ၏။
တတ္ထ တိဿံ ဂါထာယံ၊ ထိုဂါထာ၌။ သဗ္ဗေ ဓမ္မာတိ၊ သဗ္ဗေဓမ္မာဟူသည်ကား။ ပဉ္စက္ခန္ခာဧဝ၊ ငါးပါးသော ခန္ဓာတို့ကိုသာလျှင်။ အဓိပ္ပေတာ၊ အလိုရှိအပ်ကုန်၏။
အနတ္တာတိ၊ အနတ္တ ဟူသည်ကား။ မာဇီယန္တု၊ မအိုစေကုန်သတည်း။ မာမီယန္တု၊ မသေစေကုန်သတည်း။ ဣတိ၊ ဤသို့။ သသေ၊ မိမိအလိုသို့။ ဝတ္တေတုံ၊ လိုက်စေခြင်းငှာ။ နသက္ကောတိ၊ မတက်နိုင်။ အဝသဝတ္တနဋ္ဌေန၊ မိမိအလိုသို့ မလိုက်တတ်သော အနက်ကြောင့်။ အနတ္တာ၊ အနတ္တမည်ကုန်၏။ အတ္တသုညာ၊ အတ္တမှ ဆိတ်သုဉ်းကုန်၏။ အဿာမိကာ အနိဿရာ၊ အစိုးမရကုန်။ ဣတိအယံ၊ ဤသည်လျှင်။ အတ္တော၊ အနက်တည်း။
သေသံ၊ ကြွင်းသောစကားသည်။ ပုရိမသဒိသမေဝ၊ ရှေးနည်းနှင်တူသည်သာလျှင်တည်း။ ဣတိပရိသမာပနံ၊ နှစ်ဆယ်အတိုင်း အရှည်ရှိသော မဂ္ဂဝဂ်၌ လေးခုမြောက်ဖြစ်သော အနတ္တံ လက္ခဏာကို ဆိုရာဝတ္ထု၏ ပြီးခြင်းကို။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
စတုတ္ထံ၊ သော။ အနတ္တလက္ခဏဝတ္ထု၊ တည်း။