Issues
Select Version
法护-Dhammapāla
中文
သာရဒဿီ-sāradassī
မြန်မာဘာသာ
胜嗣Jinadāyāda
中文
叶均居士
中文
Dhammapada-aṭṭhakathā
Dhammapada-aṭṭhakathā

ဝဂ္ဂုမုဒါတီရိယ ဘိက္ခုဝတ္ထု၌ဟောရာဖြစ်သော ဂါထာတို့၏အတ္တဝဏ္ဏနာကိုပြုပြီး၍ ခေမကသေဋ္ဌိပုတ္တဝတ္ထု၌ ဟောရာဖြစ်သောဂါထာတို့၏ အတ္ထဝဏ္ဏနာကိုပြုလိုသော အရှင်ဗုဒ္ဓဃောသဆရာသည် စတ္တာရိဋ္ဌာနာနိ၊ အစရှိသောပါဌ်ကို မိန့်သတည်း။

Author: သာရဒဿီ-sāradassī @ IAPT

ဝဂ္ဂုမုဒါတီရိယ ဘိက္ခုဝတ္ထု၌ဟောရာဖြစ်သော ဂါထာတို့၏အတ္တဝဏ္ဏနာကိုပြုပြီး၍ ခေမကသေဋ္ဌိပုတ္တဝတ္ထု၌ ဟောရာဖြစ်သောဂါထာတို့၏ အတ္ထဝဏ္ဏနာကိုပြုလိုသော အရှင်ဗုဒ္ဓဃောသဆရာသည် စတ္တာရိဋ္ဌာနာနိ၊ အစရှိသောပါဌ်ကို မိန့်သတည်း။

စတ္တာရိ ဌာနာနီတိ ဣမံ ဓမ္မဒေသနံ၊ စတ္တာရိ ဌာနိနဟူသော ဤတရားဟောခြင်းကို။ သတ္ထာ၊ သည်။ ဇေတဝနေ၊ ၌။ ဝိဟရန္တော၊ လျက်။ အနာထပိဏ္ဍိကဿ၊ အနာကပိဏ်သူဌေး၏။ ဘာဂိနေယျံ၊ တူဖြစ်သော။ ခေမကံ နာမသေဋ္ဌိ ပုတ္တံ၊ ခေမကအမည်ရှိသောသူဌေးသားကို။ အာရဗ္ဘ၊ ၍။ ကထေသိ၊ ၏။
သော၊ ထိုသူဌေးသားသည်။ အဘိရူပေါ၊ အလွန်အဆင်းလှသည်။ အဟောသိကိရ၊ ဖြစ်သတတ်။ ယေဘုယျေန၊ များသောအားဖြင့်။ ဣတ္ထိတော၊ မိန်းမတို့သည်။ တံ၊ ထိုသူဌေးသားကို။ ဒိသွာ၊ မြင်သည်ရှိသော်။ ရာဂါဘိသူတော၊ ရာဂဖြင့် နှိပ်စက်ကုန်သည်ဖြစ်၍။ သကဘာဝေန၊ မိမိသဘောဖြင့်။ သဏ္ဌာတုံ၊ တည်ခြင်းငှါ။ နာသက္ခိံသု၊ မတတ်နိုင်ကုန်။
သောပိ၊ ထိုခေမကမည်သောသူဌေးသားသည်လည်း။ ပရဒါရကမ္မာဘိရတောဝ၊ သူတစ်ပါးမယားကိုပြစ်မှားသော အမှု၌မွေ့လျော်သည်သာလျှင်။ အဟောသိ၊ ဖြစ်၏။ (အချို့သောစာ၌ ပရဒါကမ္မာဘိဘူတော၊ ဟုရှိ၏။ သူ့မယားပြစ်မှားခြင်းကံဖြင့် နှိပ်စက်သည်။ ဟုပေး)
အထ၊ ထိုအခါ၌။ နံ၊ ထိုသူဌေးသားကို။ ရတ္တံ၊ ညဥ့်အခါ၌။ ရာဇပုရိသာ၊ မင်း၏အချင်းတို့သည်။ ဂဟေတွာ၊ ဖမ်း၍။ ရညော၊ မင်းအား။ ဒေဿသုံ၊ ပြကုန်၏။
ရာဇာ၊ သည်။ မဟာသေဋ္ဌိ၊ သူဌေးကြီးအား။ လဇ္ဇာမီတိ၊ ရှက်၏ဟု။ ကိဉ္စိ၊ တစ်ခွန်းသော စကားကိုမျှ။ အဝတွာ၊ မဆိုမူ၍လျှင်။ ဝိဿဇ္ဇာပေသိ၊ လွှတ်စေ၏။
သောပန၊ ထိုခေမကမည်သောသူဌေးသားသည်ကား။ နေဝဝိရမိ၊ မကြဥ်။
အထ၊ ထိုနောင်မှ။ နံ၊ ထိုသူဌေးသားကို။ ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ ရာဇပုရိသာ၊ မင်း၏အချင်းတို့သည်။ ဂဟေတွာ၊ ဖမ်း၍။ ရညော၊ မင်းအား။ ဒေဿသုံ၊ ပြကုန်၏။
ရာဇာ၊ သည်။ ဝိဿဇ္ဇာပေသိယေဝ၊ လွှတ်စေအပ်သည်သာလျှင်တည်း။
မဟာသေဋ္ဌိ၊ သူဌေးကြီးသည်။ တံပဝတ္ထိံ၊ ထိုအကြောင်းကိုု။ သုတွာ၊ ကြား၍။ တံ၊ ထိုခေမကသူဌေးသားကို။ အာဒါယ၊ ခေါ်၍။ သတ္တုသန္တိကံ၊ ထံသို့။ ဂန္တွာ၊ သွား၍။ တံပဝတ္ထိံ၊ ကို။ အာရောစေတွာ၊ ကြား၍။ ဘန္တေ၊ ရား။ ဣမဿ၊ ဤခေမကသူဌေးသားအား။ ဓမ္မံ၊ တရားကို။ ဒေသေထ၊ ဟောတော်မူပါလော့။ ဣတိအာဟ၊ ဤသို့လျှောက်၏။
သတ္ထာ၊ သည်။ တဿ၊ ထိုခေမကသူဌေးအား။ သံဝေဂကထံ၊ ထိတ်လန့်စေတတ်သောတရားစကားကို။ ဝတွာ၊ ဟောတော်မူပြီး၍။ ပရဒါရသေဝနာယ၊ သူတစ်ပါးမယားကိုမှီဝဲခြင်း၏။ ဒေါသံ၊ အပြစ်ကို။ ဒေဿန္တော၊ ပြတော်မူလိုသည်ဖြစ်၍။ ဣမာဂါထာ၊ ဤဂါထာတို့ကို။ အဘာသိ၊ ဟောတော်မူ၏။
ပရဒါရူပသေဝီ၊ သူတစ်ပါးမယားကို မှီဝဲလေ့ရှိသော။ ပမေတ္ထော၊ သတိလွတ်ခြင်းနှင့်ပြည့်စုံသော။ နရော၊ လူသည်။ အပုညလာဘံ၊ မကောင်းမှုကိုရခြင်း၎င်း။ နနိကာမသေယျံ၊ အလိုရှိတိုင်း မအိပ်ရခြင်းလည်းကောင်း။ တတိယံ၊ သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော။ နိန္ဒံ၊ ကဲ့ရဲ့ခြင်းကိုရခြင်းလည်းကောင်း။ စတုတ္ထံ၊ လေးခုတို့၏ပြည့်ကြောင်းဖြစ်သော။ နိရယံ၊ ငရဲသို့လားရခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိဌာနာနိ၊ လေးပါးသောဒုက္ခ၏အကြောင်းတို့ကို။ အာဝဇ္ဇတိ၊ ရောက်၏။
အပုညလာဘောစ၊ မကောင်းမှုကို ရခြင်းသည်လည်း။ ဟောတိ၊ ၏။ ပါပိတာ၊ ယုတ်မာသော။ ဂတီစ၊ အပါယ်သို့လားရခြင်းသည်လည်း။ ဟောတိ၊ ၏။
ဘီတဿ၊ ကြောက်သောယောက်ျားအား။ ဘီတာယ၊ ကြောက်သောမိန်းမနှင့်။ သဒ္ဓိံ၊ တကွ။ ရတီစ၊ မွေ့လျော်ခြင်းသည်လည်း။ ထောတိကာ၊ အနည်းငယ်မျှဖြစ်၏။
ရာဇာစ၊ သည်လည်း။ ဂရုကံ၊ လေးသော။ ဒဏ္ဍံ၊ ဒဏ်ကို။ ယသ္မာ၊ အကြင်ကြောင့်။ ပဏေသိ၊ ဖြစ်စေ၏။
တသ္မာ၊ ထို့ကြောင့်။ နရော၊ လူသည်။ ပရဒါရံ၊ သူတစ်ပါးမယားကို။ နသေဝေ၊ မမှီဝဲရာ။ ဣတိ၊ ဤသို့။ အာဟ၊ ဟောတော်မူ၏။
တတ္ထ တာသု ဂါထာသု၊ ထိုဂါထာတို့၌။ ဌာနာနီတိ၊ ဟူသည်ကား။ ဒုက္ခကာရဏာနိ၊ ဆင်းရဲခြင်း၏အကြောင်းတို့ကို။
မပတ္တောတိ၊ ကား။ သတိဝေါဿဂ္ဂေန၊ သတိလွတ်ခြင်းနှင့်။ သမန္နာဂတော၊ ပြည့်စုံသောသူတည်း။
အာပဇ္ဇတီတိ၊ အာပဇ္ဇတိဟူသည်ကား။ ပါပုဏာတိ၊ ရောက်၏။
ပရဒါရူပသေဝီတိ၊ ကား။ ပရဒါရံ၊ သူတစ်ပါးမယားကို။ ဥပသေဝေန္တော၊ မှီဝဲလျက်။ ဥပ္ပထစာရီ၊ လွန်ကျူး၍ကျင့်သောသူတည်း။
အပုညလာဘန္တိ၊ ကား။ အကုသလလာဘံ၊ အကုသိုလ်ကံကို ရခြင်းတည်း။
နနိကာမေယျန္တိ၊ ကား။ ယထာ၊ အကြင်အခြင်းအားဖြင့်။ ဣစ္ဆိတိ၊ အလိုရှိ၏။ ဧဝံ၊ ဤအခြင်းဖြင့်။ သေယျံ၊ အိပ်ခြင်းကို။ အလဘိတွာ၊ မရ၍။ အနိစ္ဆိတံ၊ အလိုမရှိအပ်သော။ ပရိတ္တကမေဝကာလံ၊ အနည်းငယ်မျှသောကာလကိုသာလျှင်။ သေယျံ၊ အိပ်ခြင်းကို။ လဘတိ၊ ရ၏။
အပုညလာဘောစာတိ၊ ကား။ ဧဝံ၊ သို့။ တဿ၊ ထိုသူ့မယားကိုမှီဝဲသောသူအား။ အယဉ္စ အပုညလာဘော၊ ဤမကောင်းမှုကိုရခြင်းတည်း။ တေနစ အပုညေန၊ ထိုမကောင်းမှုကြောင့်လည်း။ နိရယသင်္ခါတာ၊ နိရယဟုဆိုအပ်သော။ ပါပိကာ၊ ယုတ်မာစွာသော။ ဂတိ၊ ထားခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ရတိစ ထောကိကာတိ၊ ဟူသည်ကား။း ဘီတဿ၊ ကြောက်လန့်သော။ တဿ၊ ထိုယောက်ျားအား။ ဘီဘာယ၊ ကြောက်လန့်သော။ ဣတ္ထိယာ၊ မိန်းမနှင့်။ သဒ္ဓိံ၊ တကွ။ ယာရတီစ၊ အကြင်မွေ့လျော်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ သာစရတီ၊ ထိုမွေ့လျော်ခြင်းသည်လည်း။ ထောကိကာ၊ ပရိတ္တာ= နည်းသည်။ ဟောတိ၊ ဖြစ်၏။
ဂရုကန္တိ၊ ဟူသည်ကား။ ရာဇစ၊ မင်းသည်လည်း။ ဟတ္ထစ္ဆေဒနာဒိဝသေန၊ လက်ဖြတ်ခြင်းအစရှိသည်တို့၏အစွမ်းဖြင့်။ ဂရုကံ၊ လေးသော။ ဒဏ္ဍံ၊ ဒဏ်ကို။ ပဏေတိ၊ ဖြစ်စေ၏။
တသ္မာတိ၊ ဟူသည်ကား။ ပရဒါရံ၊ သူတပါးမယားကို။ သေဝန္တော၊ မှီဝဲသောသူသည်။ ဧတာနိ အပုညဒီနိ၊ ထိုမကောင်းမှုကံအစရှိသည်တို့ကို။ ယသ္မာ၊ အကြင်ကြောင့်။ ပါပုဏာတိ၊ ရောက်၏။ တသ္မာ၊ ထိုကြောင့်။ ပရဒါရံ၊ သူတစ်ပါးမယားကို။ နသေဝေယျံ၊ မမှီဝဲရာ။ ဣတိအတ္ထော၊ တည်း။
ဒေသနာဝသာနေ၊ ဒေသနာ၏အဆုံး၌။ ခေမကော၊ ခေမကသူဌေးသားသည်။ သောတာပတ္တိဖလေ၊ ၌။ ပတိဋ္ဌတိ၊ တည်၏။
တတော ပဋ္ဌာယ၊ ထိုနေ့မှစ၍။ မဟာဇနော၊ လူအပေါင်းသည်။ သုခံ၊ ချမ်းသာစွာ။ ဝီတိနာမေသိ၊ အချိန်ကိုလွန်စေ၏။
တဿ၊ ထိုခေမကသူဌေးသား၏။ ပုဗ္ဗကမ္မံ၊ ရှေး၌ပြုအပ်သောကုသိုလ်သည်။ ကိံ ပန၊ အဘယ်နည်း။ ဣတိ၊ ဤသို့။ ပုစ္ဆေယျ၊ မေးငြားအံ့။
ကိရ၊ ကြားဘူးသည်ကား။ သော၊ ထိုခေမကသူဌေးသားသည်။ ကဿပ ဗုဒ္ဓကာလေ၊ ကဿပဘုရားလက်ထက်တော်၌။ ဥက္ကမမလ္လော၊ ထူးချွန်ကဲလွန်သော လက်ပမ်းသည်သည်။ ဟုတွာ၊ ဖြစ်၍။ ဒွေသုဝဏ္ဏပဋာကာ၊ နှစ်ခုသောရွှေကုက္ကားတို့ကို။ ဒသဗလဿ၊ မြတ်စွာဘုရား၏။ ကဉ္စနထူပေ၊ ရွှေစေတီ၌။ အာရောပေတွာ၊ တင်၍။ ပတ္ထနံ၊ ဆုတောင်းခြင်းကို။ ပဋ္ဌပေသိ၊ ၏။ ဉာတိသာလောဟိတ္ထိယော၊ အဆွေတော်သောမိန်းမတို့ကို။ ဌပေတွာ၊ ၍။ အဝသေသာ၊ အဆွေမျိုးတော်သည်မှကြွင်းသောမိန်းမတို့သည်။ မံ၊ ငါ့ကို။ ဒိသွာ၊ မြင်သည်ရှိသော်။ ရဇ္ဇန္တု၊ တပ်နှစ်သက်စေကုန်သတည်း။ ဣတိ၊ ဤသို့။ ပတ္ထနံ၊ ကို။ ပဋ္ဌပေသိ၊ ၏။
ဣဒံ၊ ဤသည်ကား။ အဿ၊ ထိုခေမကသူဌေးသား၏။ ပုဗ္ဗကံ၊ ရှေး၌ပြုဘူးသောကောင်းမှုကံတည်း။ ဣတိ၊ ဤသို့။ ဝိဿဇ္ဇေတဗ္ဗော၊ ဖြေအပ်၏။
တေန၊ ထိုကံကြောင့်။ နံ၊ ထိုခေမကသူဌေးသားကို။ နိဗ္ဗတ္တနိဗ္ဗတ္တဌာနေ၊ ဖြစ်လေရာ ဖြစ်လေရာအရပ်၌။ ပရေသံ၊ တပါးသောသူတို့၏။ ဣတ္ထိယာ၊ မိန်းမတို့သည်။ သကဘာဝေန၊ ဖြင့်။ သဏ္ဌာတုံ၊ တည်ခြင်းငှါ။ နာသက္ခိံသု၊ မတတ်နိုင်ကုန်။ ဣတိ၊ ပရိသမာဝိနံ၊ နှစ်ဆယ့်နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သောနိရယဝဂ်၌ လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော ခေမကသေဋ္ဌိပုတ္တ ဝတ္ထု၏ပြီးခြင်းကို။
စတုတ္ထံ၊ သော။ အနာထပိဏ္ဍိဘာဝိနေယျ ခေမကသေဋ္ဌိပုတ္တ ဝတ္ထု၊ တည်း။