၁၅-ဝနဝါသီတိဿသာမဏေရဝတ္ထုဘာသာဋီကာ
အထ၊ ၌။ ဧကဒိဝသံ၊ ၌။ ဧကသ္မိံ၊ တစ်ခုသော။ **ဗြာဟ္မဏဝါစကေ**၊ ပုဏ္ဏားတို့၏ ဗေဒင်မန္တန်ရွတ်ဆိုပွဲ၌။ ဗြာဟ္မဏဝါစကေ။ ။ဝစန္တိ ဧတ္ထာတိ ဝါစကံ၊ ဝါစေန္တိ ဧတ္ထာတိ ဝါ ဝါစကံ၊ ဗြာဟ္မဏာနံ+ ဝါစကံ ဗြာဟ္မဏဝါစကံ-ပုဏ္ဏားတို့၏ ဗေဒင်မန္တန်ရွတ်ဆိုရာအရပ်၊ ဝါ-ပုဏ္ဏားတို့ကို ဗေဒင်မန္တန်ကို ရွတ်စေရာအရပ်၊ ဇာ. ဋ္ဌ-၁, ၃၃၆စသည်တို့၌ကဲ့သို့ "ဗြာဟ္မဏဝါစနက" ဟု ရှိလျှင် ပိုကောင်းသည်။ [ ဗြာဟ္မဏဝါစကန္တိ။ ။ ဗြာဟ္မဏေ နိမန္တေတွာ ဘောဇေတွာ ဝေဒဿ ပါဌနံ၊ (ဇာဋီသစ်-၁, ၃၂၃) ၊ ဗြာဟ္မဏဝါစနကန္တိ ဗြာဟ္မဏာနံ ဝေဒံ ဝါစာပေတွာ ဒိန္နဘတ္တံ (ဇာဋီသစ်-၃, ၃၅) ။ ]
ဝါ၊ ပုဏ္ဏားတို့ကို ဗေဒင်မန္တန်ကို ရွတ်စေရာပွဲ၌။ ထူလသာဋကေန၊ ထူထဲသော အဝတ်နှင့်။ သဒ္ဓိံ ၊ ပါယသပါတိံ၊ နို့ဃနာခွက်ကို။ လဘိတွာ၊ ရ၍။ အာဒါယ၊ ၍။ ဂေဟံ၊ သို့။ ဂန္တွာဝသာ၊ ထေရံ၊ ကို။ အနုဿရိ၊ အမှတ်ရပြီ။ (ကိံ) ၊ "ဣမံ ပိဏ္ဍပါတံ၊ ဤဆွမ်းကို။ မယာ၊ သည်။ ထေရဿ၊ အား။ ဒါတုံ၊ ငှာ။ ဝဋ္ဋတိ၊ သင့်၏ ။" ဣတိ၊ ဤသို့ အမှတ်ရပြီ။
တစ်နည်း။ ။ "သကံ သကံ ပဋိဝီသန္တိ အတ္တနော အတ္တနော ကောဋ္ဌာသံ (သာရတ္ထ-၁, ၄၂၈)" ဟူသော အဖွင့်ကို မှီး၍ ပဋိဝီသသဒ္ဒါ သမ္ဗန်ငဲ့ရကား "ဧကဿ+ပဋိဝီသော ဧကပဋိဝီသော-တစ်ယောက်တည်း၏အဖို့၊ ဝါ-တစ်ယောက်စာ" ဟု ပြု၍ ရှေ့နည်းအတိုင်း ဆက်တွဲပါ၊ "ဧကောဝ ပဋိဝီသော" ကိုလည်း "ဧကောဝ-တစ်ယောက်တည်း၏သာ၊ ပဋိဝီသော-အဖို့တည်း" ဟု ပေးပါ။ ဝါ၊ တစ်ယောက်စာမျှသာတည်း။ မေ၊ အား။ ဝါ၊ ကို။ ပရလောကသင်္ဂဟံ၊ တမလွန်လောက၌ ချီးမြှောက်ခြင်းကို။ ဝါ၊ နောက်ဘဝဖို့ ချီးမြှောက်မှုကို။ ကရောထ၊ ကုန်။ ဣဓ လောကသင်္ဂဟံ၊ ဤဘဝ၌ ချီးမြှောက်ခြင်းကို။ ဝါ၊ ယခုဘဝဖို့ ချီးမြှောက်မှုကို။ မာ (ကရောထ)၊ ကုန်နှင့်။ နိရဝသေသမေဝ၊ အကြွင်းအကျန်မရှိအောင်သာ။ ဝါ၊ အားလုံးကိုသာ။ ဒါတုကာမော၊ ပေးလှူခြင်းငှာ အလိုရှိသည်။ အမှိ၊ ၏ ။" ဣတိ၊ ဤသို့ လျှောက်၍။ သဗ္ဗံ၊ အလုံးစုံသောနို့ဃနာကို။ အာကိရိ၊ လောင်းပြီ။
ကွဲလွဲချက်။ ။ အချို့ကျမ်းများ၌ သိရောဒကမင်္ဂလာနှင့် နာမကရဏမင်္ဂလာတို့မပါဘဲ ထို၂မျိုးနေရာ၌ ဂေဟကရဏမင်္ဂလာ (အိမ်သစ်တက်မင်္ဂလာ) နှင့် တမ္ဗုလဘတ္တမင်္ဂလာ (ဖွားမြင်ပြီးနောက် ၃လမြောက်၌ ကွမ်းဦးခွံ့သောမင်္ဂလာ) ၂မျိုးကို ထည့်၏ ၊ အချို့ကျမ်းများ၌ သိရောဒကမင်္ဂလာနှင့် ဒုဿဂဟဏမင်္ဂလာတို့ မပါဘဲ ထို၂မျိုးနေရာ၌ မုခဒဿနမင်္ဂလာ-ရတနာ၃ပါး, ဘိုးဘွားဟူသော နန္ဒိမုခနတ်တို့ကို မျက်နှာပြခြင်းမင်္ဂလာနှင့် ရဝိန္ဒုဒဿနမင်္ဂလာ-နေလပြသည့်မင်္ဂလာတို့ကို ထည့်၏ ၊ လောကီမင်္ဂလာ၁၂ပါးကို ပြရာ၌ ဤသို့ တစ်ကျမ်းနှင့်တစ်ကျမ်း အနည်းငယ် ကွဲလွဲ၏ ၊ ဤဝတ္ထု၌ "ဂဗ္ဘဝါသမင်္ဂလာ, ဝိဇာတမင်္ဂလာ, နာမကရဏမင်္ဂလာ, အာဟာရပရိဘောဂမင်္ဂလာ, ကဏ္ဏဝိဇ္ဈနမင်္ဂလာ, ဒုဿဂဟဏမင်္ဂလာ, စူဠာကရဏမင်္ဂလာ, သာမဏေရပဗ္ဗဇ္ဇမင်္ဂလာ, ကေသစ္ဆေဒနမင်္ဂလာ" အားဖြင့် ၉ပါးပါဝင်သည်။ သာရိပုတ္တတ္ထေရပ္ပမုခါနံ၊ ကုန်သော။ ပဉ္စန္နံ ဘိက္ခုသတာနံ၊ တို့အား။ အပ္ပောဒကမဓုပါယသမေဝ၊ ကိုသာ။ အဒံသု၊
ဆက်ဦးအံ့-ဧကေကသည် ဝိစ္ဆာသဗ္ဗနာမ်တည်း၊ ဝိစ္ဆာသဗ္ဗနာမ်သည် လိင်၃ပါး, ဧကဝုစ်သာ ရှိ၏ ၊ ပါဠိတော်ပုံစံမရှိသောကြောင့် ဗဟုဝုစ်မရှိ၊ ဝိစ္ဆာပုဒ်တို့ကို ဝိဂြိုဟ်မပြုကောင်းသောကြောင့် သမာသ်လည်း မဖြစ်နိုင်ဟု နီတိပဒ-၃၇၈ဆို၏ ၊ ဝိစ္ဆာဘိက္ခညေသု ဒွေ (မောဂ်-၁, ၅၄) သုတ်ဖြင့် ဧကောကို "ဧကော ဧကော" ဟု ဒွိရုပ်ပြု၊ သျာဒိလောပေါ ပုဗ္ဗဿေကဿ (မောဂ်-၁, ၅၅) သုတ်ဖြင့် ရှေ့ပုဒ်၏ သိဝိဘတ်ကိုချေ, ကခွင်း, ချေ, ကပ်၊ ကောဋ္ဌေ သရီရေ သေန္တီတိ ကောဋ္ဌာသာ၊ [ ကောဋ္ဌ+သိ+အ၊ ဋ္ဌ၏ အ-ကို အာဒီဃပြု-ဓာန်ဋီ-၄၈၅၊ ] ကောဋ္ဌဿ သရီရဿ+ အံသာ ကောဋ္ဌာသာ ၊ [ ကောဋ္ဌ+အံသ၊ နိဂ္ဂဟိတ်ချေ၊ နောက်အ-ကို ဒီဃပြု၊- မဋီ-၂, ၁၉၄၊ အံဋီ-၃, ၃၆၅၊ ] ထိုနောင် "ဧကေကော+ကောဋ္ဌာသာ ဧကေကကောဋ္ဌာသာ" ဟု တွဲပါ။ (ပဋိကူလမနသိကာရဝသေန၊ စက်ဆုတ်ရွံရှာဖွယ်၏ အဖြစ်ကို နှလုံးသွင်းခြင်း၏ အစွမ်းဖြင့်။ ဝါ၊ ကြောင့်။) အရဟတ္တံ၊ သို့။ ကတ္တာနံ၊ ကုန်သော။ ဘိက္ခူနမ္ပိ၊ တို့၏လည်းကောင်း။ ဘိက္ခုနီနမ္ပိ၊ တို့၏လည်းကောင်း။ ဥပါသကာနမ္ပိ၊ တို့၏လည်းကောင်း။ ဥပါသိကာနမ္ပိ၊ တို့၏လည်းကောင်း။ ပရိစ္ဆေဒေါ၊ အပိုင်းအခြားသည်။ နတ္ထိ၊ မထက်မြက် မကျွမ်းကျင်ကုန်သော။
တစ်နည်း။ ။ ဥပဝသန္တိ ဧတ္ထာတိ ဥပေါသထော-ဥပုသ်နေ့၊ (ဒီ . ဋ္ဌ-၁, ၁၂၇) ၊ ဥပေါသထ+သမာဒိယိတွာ သမာစရိတဗ္ဗာနိ+ကမ္မာနိ ဥပေါသထကမ္မာနိ-ဥပုသ်နေ့၌ ဆောက်တည်ကျင့်သုံးထိုက်သော သီလကောင်းမှုတို့၊ သို့မဟုတ်, ဥပေါသထအရ မုချအားဖြင့် ဥပုသ်နေ့ကို ယူ၍ ဌာနူပစာရ, နာနန္တရိကနည်း, သဟစရဏနည်းအားဖြင့် ဥပုသ်နေ့၌ ဆောက်တည်ကျင့်သုံးအပ်သော ၈ပါးသီလတို့ကို ယူလျှင် ရှေ့နည်းအတိုင်း ကမ္မဓာရည်းတွဲပါ။ (ဒီဋီ-၃, ၁၀၆) ဥပဝသိဿာမ၊ စောင့်သုံးပါကုန်အံ့။ ဣဓ၊ ဤကျောင်း၌။ ဝသနတ္ထာယ၊ နေခြင်းအကျိုးငှာ။ နော၊ တို့အား။ ပဋိညံ၊ ကို။ ဒေထ၊ ကုန်။" ဣတိ၊ ဤသို့ လျှောက်ကုန်ပြီ။
တရားဟောစဉ် ယပ်ကိုင်ရခြင်း။ ။ ဆက်ဦးအံ့-တရားဟောစဉ် ယပ်ကိုင်ခြင်းသည် ပရိသတ်ထဲ၌ ဓမ္မကထိကတို့၏ ဟတ္တကုက္ကုစ္စကို ပယ်ရှားခြင်းနှင့် မျက်နှာဖောက်ပြန်မှုကို ဖုံးကွယ်ခြင်းငှာ ထုံးစံအရ ကျင့်သုံးအပ်သောကျင့်ဝတ် ဖြစ်သည်၊ ထိုကြောင့် ဧကန်စောင့်စည်းတော်မူနိုင်ကြသော ဗုဒ္ဓနှင့် ဗုဒ္ဓသာဝတို့သည်လည်း ဓမ္မကထိကတို့၏ ထုံးစံကို ဖော်ပြခြင်းငှာ ဆန်းကြယ်သော ယပ်ကို ကိုင်တော်မူကြသည်။ (သာရတ္ထ-၁, ၆၀၊ ဝိမတိ-၁, ၁၆၊ သီဋီသစ်-၁, ၈၀) ဂဟေတွာ၊ ကိုင်၍။ ဓမ္မာသနံ၊ တရားနေရာသို့။ ဝါ၊ တရားဟောပုဂ္ဂိုလ်၏နေရာသို့။ (တရားဟောပလ္လင်သို့) ။ အာရုယှ၊ တက်၍။ ပဉ္စဟိ၊ ကုန်သော။ နိကာယေဟိ၊ နိကာယ်တို့မှ။ အတ္ထဉ္စ၊ အကျိုးကိုလည်းကောင်း။ ကာရဏဉ္စ၊ အကြောင်းကိုလည်းကောင်း။ အာကဍ္ဎိတွာ၊ ဆွဲယူ၍။ **ဃနဝဿံ**၊ တစ်ခဲနက်သောမိုးကို။ (သည်းထန်စွာ မိုးရွာသွန်းခြင်းကို) ။ **ဝဿန္တော**၊ ရွာသွန်းစေသော။ ဃနဝဿံ ဝဿန္တော။ ။ ရှေးကပေးရိုးအတိုင်း ဃနသဒ္ဒါ နိရန္တရ (တစ်ခဲနက်) အနက်ဟော, ဝဿေန္တောကို ကာရိတ်ရုပ်ယူ၍ ပေးသည်၊ "ဃနဝဿံ" ကို "ကရကဝဿံ" ဟု ဖွင့်သော ဇာဋီသစ်-၁, ၃၇၆အလိုကား "ကရကာ တု ဃနောပလံ (ဓာန်-၅၀)" နှင့် ဃနသဒ္ဒါ မိုးသီးမိုးပေါက်ဟောတည်း၊ "ဃနဝဿံ-မိုးသီးမိုးပေါက်ရွာသွန်းခြင်းကို၊ ဝါ-ဖြင့်၊ ဝဿန္တော-ရွာသွန်းသော" ဟု ပေး၊ဝဿေန္တောကိုလည်း "ဝဿန္တော" ဟု ဖွင့်သဖြင့် ဝဿဓာတ်, အပစ္စည်း, အန္တပစ္စည်း၊ အပစ္စည်းကို ဧပြု၍ ဇာဋီသစ်အလို ပြီးစေရာ၏ ။ စာတုဒ္ဒီပကမဟာမေဃော ဝိယ၊ ၄ကျွန်းလုံး၌ ရွာသွန်းသော မိုးကြီးသည်ကဲ့သို့။ ခန္ဓဓာတုအာယတနဗောဓိပက္ခိယဓမ္မေ၊ ခန္ဓာ, ဓာတ်, အာယတန, ဗောဓိပက္ခိယတရားတို့ကို။ ဝိဘဇန္တော၊ ဝေဖန်လျက်။ အရဟတ္ထကူဋေန၊ အရဟတ္ထဖိုလ်အထွတ်ဖြင့်။ ဓမ္မကထံ၊ ကို။ ကထေတွာ၊ ၍။ "ဘန္တေ ! ဧဝံ၊ သို့လျှင်။ အရဟတ္ထပ္ပတ္တဿ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ၏ ။ သုခံ၊ သည်။ ဟောတိ၊ အရဟတ္တံ၊ သို့။ ပတ္တောယေဝ၊ ရောက်ပြီးသူသည်သာ။ ဒုက္ခာ၊ မှ။ မုစ္စတိ၊ ၏ ။ သေသဇနာ၊ ကြွင်းသော လူတို့သည်။ ဇာတိဒုက္ခာဒီဟိ စေဝ၊ ပဋိသန္ဓေနေခြင်းဆင်းရဲအစရှိသည်တို့မှလည်းကောင်း။ နီရယဒုက္ခာဒီဟိ စ၊ ငရဲဆင်းရဲအစရှိသည်တို့မှလည်းကောင်း။ န ပရိမုစ္စန္တိ၊ မလွတ်ကုန်။" ဣတိ၊ သို့။ အာဟ၊ လျှောက်ပြီ။
ဆက်ဦးအံ့-စိတ္တက္ခဏတစ်ခုအချိန်ဟူသော ကာလသည် သွားဖို့အားထုတ်ချိန်ကို ရည်ရွယ်၍ ဆိုသည်၊ သွားခြင်းကိစ္စပြီးဆုံးသည်ကို ရည်ရွယ်၍ ဆိုသည်မဟုတ်၊ မှန်၏-ရုပ်သည် စိတ်လောက်မမြန်၊ "ဤကိုယ်သည် စိတ်ကဲ့သို့ ဖြစ်စေသတည်း" ဟု အဓိဋ္ဌာန်စိတ် (အဘိညာဉ်စိတ်) ဖြင့် လဟုသညာကို ပြီးစီးစေအပ်သောကြောင့် ကိုယ်သည် ဖြည်းနှေးစွာ မဖြစ်တော့ဘဲ လျှင်မြန်စွာ စိတ်အကြိမ်၄ခု ၅ခုလောက်ဖြင့် လိုရာအရပ်သို့ ရောက်သွားခြင်းဖြစ်သည်၊ စိတ္တက္ခဏတစ်ခုမျှဖြင့် လိုရာအရပ်သို့ ရောက်သွားခြင်းမဟုတ်ပါ ။ (မဋီ-၁, ၁၈၈၊ သံဋီ-၂, ၅၁၅၊ ဝိသုဒ္ဓိဋီ-၂, ၃၃)
ချဲ့ဦးအံ့- အဓိဋ္ဌာန်စိတ်သည် ကိုယ်နှင့် ပါဒကဈာန်စိတ်ကို အာရုံပြု၏ ၊ အဓိဋ္ဌာန်စိတ်နှင့် ယှဉ်သောသညာကို "သုခသညာ, လဟုသညာ" ဟု ဆိုရ၏ ၊ စတုတ္ထဈာန်သညာကိုပင် တရားကိုယ်အားဖြင့် ဥပေက္ခာဖြစ်စေကာမူ ငြိမ်သက်သောကြောင့် "သုခသညာ-ကောင်းမွန်ငြိမ်သက်သောသညာ" ဟုလည်းကောင်း, နီဝရဏနှင့် ဝိတက်စသော ဆန့်ကျင်ဖက်တို့မှ လွတ်သောကြောင့် "လဟုသညာ- ပေါ့ပါးသောသညာ"ဟုလည်းကောင်း ဆိုသည်၊ သုခသညာ (ငြိမ်သက်သောသညာ)၏ အစွမ်းကြောင့် စိတ်အစဉ်ကို မမြန်စေဘဲ ငြိမ်ငြိမ်သက်သက်ဖြစ်စေ၍ ကိုယ်၏ဖြစ်ပုံကဲ့သို့ နှေးသောဖြစ်ခြင်းကို ပြီးစေ၏၊ လဟုသညာ၏အစွမ်းကြောင့်ကား စိတ်၏ လျင်မြန်ခြင်းကဲ့သို့ ကိုယ်၏လျင်မြန်ခြင်းကို ပြီးစေ၏ ။
သွားရောက်ပုံ။ ။ ထိုသို့ အဓိဋ္ဌာန် (အဘိညာဉ်) စိတ်ဖြင့် သွားရောက်ရာ၌ ခြေဖြင့်သွားလိုလျှင် ပထဝီကသိုဏ်း၏ အစွမ်းဖြင့် ကောင်းကင်၌ လမ်းကို ဖန်ဆင်း၍ ခြေဖြင့်သွားရောက်၏ ၊ လေဖြင့် သွားလိုလျှင် ဝါယောဂသိုဏ်း၏အစွမ်းဖြင့် လေကို အဓိဋ္ဌာန်၍ လဲဝါဂွမ်းကဲ့သို့ လေဖြင့် သွားရောက်၏ ၊ ထိုသို့ လေဖြင့် သွားရောက်ရာ၌ အဘိညာဉ်ကြောင့်ဖြစ်သော ဝါယောဓာတ်အဆက်ဆက်ဖြင့် သွားရောက်၏ ၊ စင်စစ်ကား ကိုယ်ထင်ပြ၍ သွားရောက်ရာ၌ သွားရောက်လိုသောအရပ်ကို မှန်း၍ သွားလိုခြင်း၏အစွမ်းဖြင့်ဖြစ်သော ပရိကံပြုခြင်း, အဓိဋ္ဌာန်ခြင်းတို့သာ ပဓာနဖြစ်သည်၊ ထိုသို့ ပရိကံပြုခြင်း, အဓိဋ္ဌာန်ခြင်းမျှဖြင့် လမ်းကိုဖန်ဆင်းခြင်း လေကို အဓိဋ္ဌာန်ခြင်းတို့နှင့် ကင်း၍လည်း သွားရောက်ခြင်းကိစ္စ ပြီးစီး၏ ။
ဆက်ဦးအံ့-သွားခြင်း၂မျိုးလုံး၌ လိုရာအရပ်မရောက်မီအကြားဝယ် တောတောင်ဥယျာဉ်စသော ရှုခင်းများကို ကြည့်လျက်လည်းကောင်း, ထင်လာသော အသံများကို နားထောင်လျက်လည်းကောင်း ကြွသွားသည်၊ ထိုသို့သွားရောက်ရာ၌ အဓိဋ္ဌာန်စိတ်၏ ဥပါဒ်, ဌီ, ဘင်ဟူသော ခဏ၃ပါးတွင် မည်သည့်ခဏ၌ သွားရောက်သနည်းဟု မေးခဲ့သော် ခဏ၃ပါးလုံး၌ ကြွသွားသည်ဟု ဆိုရမည်၊ ကိုယ်တိုင်သွားခြင်း, နိမ္မိတကို စေလွှတ်ခြင်း၂မျိုးလုံး ဖြစ်နိုင်သည်၊ ဤ၌ ကိုယ်တိုင်ကြွသွားသည်။
ကေစိ အပရေ။ ။ ကေစိဆရာတို့ကား စိတ္တက္ခဏတစ်ခုတည်းဖြင့်သာလျှင် လိုရာအရပ်သို့ ကြွသွားရာ၌ ကိုယ်ဖျောက်ပြီး ကြွသွားသည်ဖြစ်စေ ကိုယ်ထင်ပြပြီး ကြွသွားသည်ဖြစ်စေ အဘိညာဉ်စိတ်ကြောင့် ဖြစ်သော ကာယဝိညတ်၏ လှုပ်ရှားမှုဖြင့် ကြွသွားခြင်း ဖြစ်သည်ဟု ဆိုကြ၏ ၊ အပရေဆရာတို့ကား "အဘိညာဉ်စိတ်က ဝိညတ်ကိုဖြစ်စေခြင်းကိစ္စမရှိ" ဟု ဆိုကြ၏။ (ပဋိသံ . ဋ္ဌ-၂, ၂၇၄၊ ဝိသုဒ္ဓိ-၂, ၃၃၊ မူလဋီကာ-၁, ၁၉၂၊ အနုဋီ-၁, ၂၁၈၊ ဝိသုဒ္ဓိဋီ-၃၂၊ နီဘာ-၄, ၄၈၅) ဂန္တွာ၊ ၍။ ဘိက္ခူနံ၊ တို့၏ ။ ပုရတော၊ ရှေ့၌။ ဝါ၊ က။ ဌိတမေဝ၊ ရပ်နေတော်မူသည်သာလျှင်ဖြစ်သော။ ဝါ၊ ရပ်တော်မူလျက်သာ။ အတ္တာနံ၊ ကိုယ်တော်ကို။ ဒဿေသိ၊ ပြီ။
ဆက်ဦးအံ့-ဗုဒ္ဓဝံဋ္ဌ-၅၄၌ ပီတိသောမနဿအစွမ်းဖြင့် တက်ကြွသော စိတ်ကို ဥဒဂ္ဂစိတ်ဟု ဖွင့်၏၊ များစွာသော အဋ္ဌကထာဋီကာတို့၌ကား ပီတိအစွမ်းဖြင့် တက်ကြွသော စိတ်ကို ဥဒဂ္ဂစိတ်ဟု ဖွင့်၏ ၊ ပီတိနှင့် သောမနဿသည် အမြဲတမ်း ယှဉ်သောကြောင့် အတူတူပင် ဖြစ်သည်၊ ဤ၌ မဟာကုသိုလ်သောမနဿစိတ်ကို ယူပါ။ (ဟုတွာ)၊ ဗုဒ္ဓပ္ပမုခံ၊ သော။ ဘိက္ခုသံဃံ၊ ကို။ နိသီဒါပေတွာ၊ ထိုင်စေ၍။ ယာဂုံ၊ ကို။ ဒတွာ၊ ၍။ ခဇ္ဇကံ၊ ခဲဖွယ်ကို။ အဒံသု၊ ကုန်ပြီ။
စတူသု သမုဒ္ဒေသု ဇလံ ပရိတ္တကံ, တတော ဗဟုံ အဿုဇလံ အနပ္ပကံ၊ ဒုက္ခေန ဖုဋ္ဌဿ နရဿ သောစနာ, ကိံ ကာရဏာ သမ္မ တုဝံ ပမဇ္ဇသိ။။
စတူသု၊ ၄စင်းကုန်သော။ သမုဒ္ဒေသု၊ သမုဒြာတို့၌။ (သမုဒြာတွေထဲက) ။ ဇလံ၊ ရေသည်။ ပရိတ္တကံ၊ နည်း၏ ။ ဒုက္ခေန၊ ဒုက္ခသည်။ ဖုဋ္ဌဿ၊ ထိရောက်အပ်သော။ နရဿ၊ သတ္တဝါ၏ ။ သောစနာ၊ ဝမ်းနည်းခြင်းကြောင့်။ (ပဝတ္တံ၊ ဖြစ်သော။) အဿုဇလံ၊ မျက်ရည်သည်။ တတော၊ ထိုသမုဒြာရေထက်။ ဗဟုံ၊ များ၏ ။ အနပ္ပကံ၊ မနည်း။ သမ္မ၊ မိတ်ဆွေ ! ။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ တုဝံ၊ သင်သည်။ ပမဇ္ဇသိ၊ မေ့လျော့ဘိသနည်း ? ။
ဥပသာလကနာမာနိ သဟဿာနိ စတုဒ္ဒသ၊ အသ္မိံ ပဒေသေ ဒဍ္ဎာနိ, နတ္ထိ လောကေ အနာမတံ။
ဥပသာလကနာမာနိ၊ ဥပသာလကအမည်ရှိကုန်သော။
**စတုဒ္ဒသ**၊ ၁၄လီကုန်သော။
**သဟဿာနိ**၊ ဘဝအထောင်တို့ကို။သဟဿာနိ စတုဒ္ဒသ။ ။ ဂါထာအထက်နား၌ "တတေဝ ပိတာ. . . ဥပသာဠကောယေဝ နာမ ဟုတွာ ဣမသ္မိံယေဝ ပဗ္ဗတန္တရေ စုဒ္ဒသ ဇာတိသဟဿာနိ ဈာပိတော (ဇာ. ဋ္ဌ-၂, ၅၀)" ဟု ရှိ၏ ၊ ဈာပိတောအရ မီးအရှို့ခံရသူသည် "ပိတာ ဥပသာဠကော"တည်း၊ "စုဒ္ဒသ ဇာတိသဟဿာနိ" ကား ကာလအစ္စန္တသံယောဂတည်း၊ ဤအတူ ဂါထာပါ "သဟဿာနိ စတုဒ္ဒသ" သည်လည်း ကာလအစ္စန္တသံယောဂတည်း၊ သို့သော် အခြားဟောစရာကံမရှိလျှင် ထိုကာလသည်ပင် ကံဖြစ်နိုင်ရကား"သဟဿာနိ စတုဒ္ဒသ" သည် ဂါထာ၌ ကံဖြစ်ရ၏ ။ (ကစ္စာ၊ ကစ္စာဘာ-၁၅၊ ၁၆)
တစ်နည်း။ ။ "စတုဒ္ဒသ-ကုန်သော၊ သဟဿာနိ-ဘဝအထောင်တို့သည်၊ ဥပသာလကနာမာနိ-ကုန်သည် ၊ (ဟုတွာ)၊ အသ္မိံ ပဒေသေ-ဤအရပ်၌၊ ဒဍ္ဎာနိ-မီးသင်ဂြိုဟ်အပ်ခဲ့ကုန်သည်၊ (အဟေသုံ-ကုန်ပြီ)" ဟု ပကတိ ဝိကတိနည်းဖြင့် ပေးပါ။ (တစ်နည်း) **စတုဒ္ဒသ သဟဿာနိ**၊ တစ်သောင်းလေးထောင်သော ဘဝတို့ကို။
အသ္မိံ ပဒေသေ၊ ဤအရပ်၌။
ဒဍ္ဎာနိ၊ မီးသင်္ဂြိုဟ်အပ်ခဲ့ကုန်ပြီ။
ဝါ၊ မီးသင်္ဂြိုဟ်ရာကာလပြုအပ်ခဲ့ကုန်ပြီ။
လောကေ၊ ဩကာသလောက၌။
**အနာမတံ**၊ သေရာသင်္ချိုင်းအရပ်သည်။အနာမတံ။ ။ "အနာမတန္တိ မတဋ္ဌာနံ (ဇာ . ဋ္ဌ-၂, ၅၀)" ဟု ဖွင့်၏၊ ဤသို့ ဖွင့်ရခြင်းမှာလည်း အနာမတံ၌ "န+အ"ဟု ပဋိသေဓ ၂ပုဒ်ပါနေသဖြင့် "ဒွိပဋိသေဓောပကတျတ္ထော-ပဋိသေဓ၂မျိုးပါသောပုဒ်သည် ပကတိအနက်ရှိ၏" ဟူသော ပရိဘာသာအရ "မတ" ဟူသော ကပတိအနက်ရအောင် ဖွင့်ခြင်းဖြစ်သည်၊ "မရတိ ဧတ္ထာတိမတံ-သေရာသင်္ချိုင်းအရပ်၊ န+မတံ အမတံ-သင်္ချိုင်းမဟုတ်သောအရပ်၊ န+အမတံ အနာမတံ-သင်္ချိုင်းမဟုတ်သည်+မဟုတ်သောအရပ်-သေရာသင်္ချိုင်းအရပ်" ဟု ပြု။
ဆက်ဦးအံ့-သံသရာ၌ မသေဖူးသောအရပ်မရှိသောကြောင့် ဤကမ္ဘာတစ်မြေပြင်လုံးသည် သင်္ချိုင်းအရပ် (မတဋ္ဌာန) ချည်းသာ ဖြစ်၏ ၊ ယခုပစ္စက္ခ၌ သေရာသင်္ချိုင်းမဟုတ်သောအရပ်ကို "အမတ"ဟု ဆိုအပ်သော စကားသည် တဒ္ဓမ္မူပစာရ (မရှိကို အရှိလုပ်၍ ဆိုအပ်သော) စကားဖြစ်သည်၊ ထိုအမတဟူသောစကားကို တားမြစ်လိုသောကြောင့် ပဋိသေဓတစ်ခုတိုး၍ "အနာမတံ" ဟု ဆိုသည်။ (ဇာ . ဋ္ဌ-၂, ၅၀)
တစ်နည်း။ ။ "မရိတ္ထ ဧတ္ထာတိ မတံ၊ န+မတံ အမတံ၊ အမတံယေဝ အနာမတံ-မသေဖူးရာအရပ်-သင်္ချိုင်းမဟုတ်ဖူးရာအရပ်" ဟု ပြု၊ အ-ကား အနက်မရ တဗ္ဘာဝဝုတ္တိတည်း၊ (တစ်နည်း) တဒမိနာဒီနိ (မောဂ်-၄၇)သုတ်ကြီးဖြင့် အ-လာ (နိဒီ-၄၀) ၊ သဒ္ဒ သင်္ဂဟ၌ အဋ် ဗျဉ္ဇနေသု နံယုဋ် စသုတ်ဖြင့် အ-လာ၏ ။ ဆက်ဦးအံ့-အမတသဒ္ဒါသည် နိဗ္ဗာန်, နတ်သုဓာကို ဟောသဖြင့် တင့်တယ်သောသဒ္ဒါဖြစ်သော်လည်း "န+အမတံ အနာမတံ" ဟူသော ဝစနတ္ထကြောင့် အနာမတသဒ္ဒါက သူသေ၏အရပ် (သုသာန်) ကို ဟောသည့်အတွက် မတင့်တယ်သော အနက်ရှိသောသဒ္ဒါဖြစ်ရတော့သည်ဟု နီတိသုတ္တ-၂၆၅၌ ဆို၏ ။ နတ္ထိ၊ သီးခြားမရှိ။
(တစ်နည်း) အနာမတံ နတ္ထိ၊ အလုံးစုံ သင်္ချိုင်းမြေ ဖြစ်၏ ။
ယမှိ သစ္စဉ္စ ဓမ္မော စ, အဟိံသာ သံယမော ဒမော၊ ဧတံ အရိယာ သေဝန္တိ, ဧတံ လောကေ အနာမတံ။
ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။
သစ္စဉ္စ၊ ပုဗ္ဗဘာဂသစ္စဉာဏ်သည်လည်းကောင်း။
ဓမ္မော စ၊ လောကုတ္တရာတရားသည်လည်းကောင်း။
အဟိံသာ၊ သူတစ်ပါးကို မညှဉ်းဆဲခြင်းသည်လည်းကောင်း။
သံယမော၊ သီလကို စောင့်ထိန်းခြင်းသည်လည်းကောင်း။
ဒမော၊ ဣန္ဒြေတို့ကို ဆုံးမခြင်းသည်လည်းကောင်း။
(အတ္ထိ၊ ၏ ။)
အရိယာ၊ အရိယာတို့သည်။
**ဧတံ**၊ ဤသစ္စဓမ္မ, စသည်၅ပါး, ထင်ရှားရှိရာ ပုဂ္ဂိုလ်တည်းဟူသော ဌာနသို့။
သေဝန္တိ၊ ဆည်းကပ်ကုန်၏ ။
ဧတံ၊ ဤသစ္စဓမ္မ, အစရှိ၅လီ, ဤဂုဏ်ရည်သည်။
**လောကေ**၊ လောက၌။
**အနာမတံ**၊ သေခြင်းမရှိ။ဧတံ လောကေ အနာမတံ။ ။ဤအနာမတံ၌ ပဋိသေဓ ၂ပုဒ်ရှိသော်လည်း ရှေ့ဂါထာပါ အနာမတံကဲ့သို့ ပကတိအနက်မပေးရ၊ ပကတိအနက်ပေးလျှင် "သစ္စာစသော ဂုဏ်သည် သေရာဌာန ဖြစ်၏" ဟူသော မလိုရာအနက် ထွက်သွားလိမ့်မည်၊ "မရဏံ မတံ၊ နတ္ထိ+ဧတဿ မတံ, ဧတသ္မိံ အဓိဂတေ ဝါ နတ္တိ ပုဂ္ဂလဿ မတံ မရဏန္တိ အမတံ (သာရတ္ထ ၂, ၇၇၊ ဓာန်ဋီ-၇) ၊အမတမေဝ အနာမတံ" ဟု ပြု၊ အ-ကား ရှေ့အနာမတံနောက်နည်းကဲ့သို့ တဗ္ဘာဝုတ္တိ, သို့မဟုတ် အာဂုံတည်း။
ဆက်ဦးအံ့-သစ္စာစသောတရား၅ပါးသည် ဥပါဒ်, ဌီ, ဘင်သဘောအရ ပျက်စီးခြင်းသဘောရှိသောကြောင့် "အမတ (အနာမတ)" မဟုတ်နိုင်ရကား "အနာမတံ" ဟူသော စကားသည် အကျိုးမသေရာနိဗ္ဗာန်၏ အနာမတအမည်ကို အကြောင်းသစ္စာစသော တရားအပေါ်၌ တင်စားထားသော ဖလူပစာစကားတည်း၊ ထိုကြောင့် "အမတဘာဝသာဓနတော အနာမတံ နာမ (ဇာ . ဋ္ဌ-၂, ၅၀)" ဟု ဖွင့်သည်။ (အလင်္ကာ ဋီ-၂၂၉၊ အလင်္ကာဘာ-၃၆၅၊ ဝိနိစ္ဆယဋီ-၂, ၃၀) ။ [ လူသေသော်လည်း ဂုဏ်မသေ-ဟူလို။ ]
ဇီဝိတိန္ဒြေယူ။ ။ ဤ၌ ဇီဝိတိန္ဒြေကို ယူ၍ "ကမ္မုနာ သင်္ခရီယတေတိ သင်္ခါရော၊ အာယု စ+တံ+သင်္ခါရော စာတိ အာယုသင်္ခါရော-ကံသည် ပြုစီမံအပ်သော ဇီဝိတိန္ဒြေ၊ (ဒီဋီ-၂, ၁၄၅) ၊(တစ်နည်း) အာယုဿ+သင်္ခါရော ရာသိဘာဝေါ အာယုသင်္ခါရော-အသက်၏ ပေါင်းစုခြင်း၊ (အပ . ဋ္ဌ-၂, ၁၃၄)၊ (တစ်နည်း) သဟဇာတဓမ္မေ သင်္ခရောတီတိ သင်္ခါရော၊ အာယု ဧဝ+သင်္ခါရော အာယုသင်္ခါရော-တကွဖြစ်ဖက်တရားတို့ကို ပြုစီမံတတ်သော ဇီဝိတိန္ဒြေ၊ (မဋီ-၂, ၂၇၃) ၊ (တစ်နည်း) အာယုံ သင်္ခရောတိ ဧတေနာတိ အာယုသင်္ခါရော-အတ္တဘောကို ပြုစီမံကြောင်း (ဖြစ်စေကြောင်း) ဇီဝိတိန္ဒြေ၊ (သံဋီ-၂, ၁၉၀)" ဟု ပြုပါ။
ဆက်ဦးအံ့-ဇီဝိတိန္ဒြေကိုရသော ဝိဂြိုဟ်၄မျိုးတို့တွင် "အာယုံ သင်္ခရောတိ ဧတေနာတိ အာယုသင်္ခါရော" ဟူသော ဝိဂြိုဟ်၌ အာယုအရ အစိတ်ဖြစ်သော ဇီဝိတိန္ဒြေ၏ အမည်ကို အပေါင်းအတ္တဘော (ခန္ဓာကိုယ်)၌ တင်စားသော ဧကဒေသူပစာရ ဥပလက္ခဏနည်းအားဖြင့် အပေါင်းအတ္တဘော (ခန္ဓာကိုယ်) ကို ယူပါ၊ (သံဋီ-၂, ၁၉၀) [ ဧန္တိ ဂစ္ဆန္တိ ပဝတ္တန္တိ သတ္တာ ဧတေနာတိ အာယု၊ [ ဣ+ဏု၊-ရူ-၄၀၄၊] အယန္တိ ပဝတ္တန္တိ ဧတေနာတိ အာယု၊ [ အယ+ဏု၊ ပု+န၊- မောဂ်-၇, ၁၊ ] အာယဝန္တိ မိဿီဘဝန္တိ သတ္တာ ဧတေနာတိ အာယု၊ အာယဝန္တိ အာဂစ္ဆန္တိ ပဝတ္တန္တိ တသ္မိံ သတိ အရူပဓမ္မာတိ ဝါအာယု၊ [ အာ+ယု+ဏု၊-နီတိဓာတု-၁၃၈ ] အာ သမန္တတော ယုနောတိ ပါလေတိ သတ္တတိ အာယု၊ (အပ . ဋ္ဌ-၂, ၁၃၄) အာယန္တိ ပတိဋ္ဌဟန္တိ ဧတေနာတိဝါ အာယု၊ (အာယ+ဥ၊-ဂဠုန်-၃၀) ။ ] ဝါ၊ ကံသည် ပြုစီမံအပ်သော ဇီဝိတိန္ဒြေကို။ ဩလောကေန္တော၊ သော်။ ပရိက္ခီဏဘာဝံ၊ ကုန်သည်၏အဖြစ်ကို။ ဉတွာ၊ သိ၍။ "ဣတော၊ ဤနေ့မှ။ သတ္တမေ၊ ၇ရက်မြောက်ဖြစ်သော။ ဒိဝသေ၊ ၌။ ပရိနိဗ္ဗာယိဿာမိ၊ ပရိနိဗ္ဗာန်ပြုမည်။" ဣတိ၊ သို့။ အာရောစေသိ၊ ပြီ။
အရကောက်။ ။ တေဇောဓာတုအရ မုချအားဖြင့် ဆီမီး, တောမီးအစရှိသော မီးကသိုဏ်း (တေဇောကသိုဏ်း) ကို ရ၏ ၊ သဒိသူပစာရ, ဌာနူပစာရအားဖြင့် ထိုတေဇောကသိုဏ်းကို အာရုံပြု၍ ရအပ်သော ပဋိဘာဂနိမိတ်ကို ရ၏ ၊ အကြောင်း အာရုံ၏အမည်ကို အကျိုးရမ္မဏိကဈာန်၌ တင်စား၍ ကာရဏူပစာရအားဖြင့် ထိုပဋိဘာဂနိမိတ်ကို အာရုံပြုသော ဈာန်ကို ရ၏ ၊ သို့မဟုတ်, "တေဇောဓာတု+ကသိဏာရမ္မဏံ ဧတဿာတိ တေဇောဓာတ်ဟူသော ကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထဈာန်" ဟု ပြု၍ ကသိဏာရမ္မဏပုဒ်အကျေကြံပါ။ (ဝိ . ဋ္ဌ-၂, ၁၆၄၊ ဥဒါန . ဋ္ဌ-၃၈၉၊ သာရတ္ထ-၁, ၁၃၇၊ ပါရာဂံသစ်-၁, ၂၃၄) သမာပဇ္ဇိ၊ ဝင်စားပြီ။ ဇာလာ၊ မီးတောက်တို့သည်။ ဥဋ္ဌဟိံသု၊ ထွက်ကုန်ပြီ။
ပထမနည်း။ ။ ကိလေသေ ဓုနာတီတိ ဓုတော-ကိလေသာတို့ကို ခါထုတ်ဖျက်ဆီးတတ်သောရဟန်း ၊ (သုတ္တနိ . ဋ္ဌ-၂, ၁၀၃)၊ အာရညိကာဒိ စ+သော+ဓုတော စာတိ အာရညိကာဒိဓုတော-ကိလေသာတို့ကို ခါထုတ်ဖျက်ဆီးတတ်သော တော၌ နေလေ့ရှိသောရဟန်းအစရှိသည်၊ အာရညိကာဒိဓုတဿ+အင်္ဂံ အာရညိကာဒိဓုတင်္ဂံ- ကိလေသာတို့ကို ခါထုတ်ဖျက်ဆီးတတ်သော တော၌ နေလေ့ရှိသောရဟန်းအစရှိသည်၏ အကြောင်းအင်္ဂါသမာဒါနစေတနာ။
ဒုတိယနည်း။ ။ ကိလေသေ ဓုနာတီတိ ဓုတံ၊ ဓုတံ+အင်္ဂံ ဧတဿာတိ ဓုတင်္ဂံ-ကိလေသာတို့ကို ခါထုတ်ဖျက်ဆီးတတ်သော ဉာဏ်ဟူသော အကြောင်းရှိသော သမာဒါနစေတနာ၊ အာရညိကာဒိဿ+ဓုတင်္ဂံ အာရညိကာဒိဓုတင်္ဂံ-တော၌ နေလေ့ရှိသော ရဟန်းအစရှိသည်၏ ကိလေသာတို့ကို ခါထုတ်ဖျက်ဆီးတတ်သော ဉာဏ်ဟူသော အကြောင်းရှိသော သမာဒါနစေတနာ။ လာဘူပနိသံ၊ လာဘ်ရခြင်း၏ အကြောင်းဖြစ်သောအကျင့်ကို။ ရက္ခန္တဿ၊ စောင့်ရှောက်သော။ ဘိက္ခုနော၊ ဖို့။ ဝါ၊ အတွက်။ စတ္တာရော၊ ၄ပါးကုန်သော။ အပါယာ၊ တို့သည်။ ဝိဝဋဒွါရာ ဧဝ၊ ဖွင့်ထားအပ်သော တံခါးရှိကုန်သည်သာ။ ဝါ၊ တံခါးပွင့်နေကုန်သည်သာ။ (ဟုတွာ) ၊တိဋ္ဌန္တိ၊ တည်နေကုန်၏ ။ ပန၊ အဖို့တစ်ပါးကား။ နိဗ္ဗာနဂါမိနိယာ၊ နိဗ္ဗာန်သို့ ရောက်စေနိုင်သော။ ဝါ၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော။ ပဋိပဒါယ၊ အကျင့်ကြောင့်။ [ ဂဏှာတိ၌စပ်၊ ] ဥပ္ပန္နံ၊ ဖြစ်ပေါ်လာသော။ လာဘသက္ကာရံ၊ ကို။ ပဟာယ၊ ပယ်စွန့်၍။ အရညံ၊ သို့။ ပဝိသိတွာ၊ ၍။ ဃဋေန္တော၊ စေ့ဆော်လသော်။ ဝါယမန္တော၊ အားထုတ်လသော်။ အရဟတ္တံ၊ ကို။ ဂဏှာတိ၊ ရယူနိုင်၏ ။" ဣတိ၊ သို့။ အနုသန္ဓိံ၊ ကို။ ဃဋေတွာ၊ ၍။ ဓမ္မံ၊ ကို။ ဒေသေန္တော၊ သော်။ ဣမံ ဂါထံ၊ ကို။ အာဟ ၊ (ကိံ) ၊ "အညာ ဟိ၊ ပေ၊ မနုဗြူဟယေ" တိ၊ ၍။ (အာဟ)၊
အညာ ဟိ လာဘူပနိသာ, အညာ နိဗ္ဗာနဂါမိနီ၊ ဧဝမေတံ အဘိညာယ, ဘိက္ခု ဗုဒ္ဓဿ သာဝကော၊ သက္ကာရံ နာဘိနန္ဒေယျ, ဝိဝေက မနုဗြူဟယေ။
လာဘူပနိသာ၊ လာဘ်၏အကြောင်း မကောင်းသောအကျင့်သည်။ အညာ ဟိ (အညာ ဧဝ)၊ နိဗ္ဗာန်ရောက်ကြောင်း, အကျင့်ကောင်းမှ, ရွဲ့စောင်းသောအား, တစ်မျိုးတစ်ခြားသာတည်း။ နိဗ္ဗာနဂါမိနီ၊ နိဗ္ဗာန်ရောက်ကြောင်း, အကျင့်ကောင်းသည်။ အညာ ဟိ၊ ဂုဏ်လာဘ်မျှော်ကိုး, အကျင့်ဆိုးမှ, တစ်မျိုးတစ်ခြားသာတည်း။ ဧဝံ၊ သို့။ ဧတံ၊ ဤအကျင့်၂မျိုးကို။ အဘိညာယ၊ သိ၍။ ဗုဒ္ဓဿ၊ သိရန်မှန်က, မကျန်ရအောင်, လုံးဝသိမြင်, ဘုရားရှင်၏။ သာဝကော၊ အဆုံးအမကို လိုက်နာသော။ ဘိက္ခု၊ ရဟန်းသည်။ သက္ကာရံ၊ ကောင်းစွာပြုအပ်, အဓမ္မိလာဘ်ကို။ န အဘိနန္ဒေယျ၊ မနှစ်သက်ရာ။ ဝိဝေကံ၊ ကာယစိတ္တဥပဓိဝိဝေကကို။ (ပေါင်းဖော် ကိလေသ, သင်္ခါရဟု , သုံးဝကင်းဝေး, ငြိမ်းချမ်းရေးကို) ။ အနုဗြူဟယေ၊ တိုးပွားစေရာ၏ ။
နီတိဓာတု-၂၄၂။ ။ နီတိဓာတုအလို "သဝနန္တေ ဇာတဋ္ဌေန" ဖြင့် "သဝနန္တေ (အရိယာယ ဇာတိယာ)+ဇာတော သာဝကော-ကြားနာရသောအဆုံး၌ အရိယာဇာတ်အားဖြင့် ဖြစ်သူ၊ [ သဝနန္တ+ဏပစ္စည်း၊ နန္တကို ကပြု၊ ]" ဟုလည်းကောင်း, "ဩဝါဒါနုသာသနိံ ဝါ သဝနဋ္ဌေန" ဖြင့် "ဩဝါဒါနုသာနိံ သုဏာတီတိ သာဝကော" ဟုလည်းကောင်း ပြုရန် ပြသည်ဟု ယူပါ၊ ရှေ့နည်းဖြင့် အာဂတပ္ဖလသာဝကကို ယူ၍ နောက်နည်းဖြင့် အနာဂတပ္ဖလသာဝက (ပုထုဇဉ်သာဝက) ကို ယူပါဟု ဆို၏ ။ ဝါ၊ တစ်နည်း။ **ဩဝါဒါနုသာသနိံ**၊ ဆုံးမသွန်သင်ခြင်းကို။ ဩဝါဒါနုသာသနိံ။ ။ ဩဝါဒါနုသာသနိန္တိ ဩဝါဒဘူတမနုသာသနိံ၊ ပဌမံ ဝါ ဩဝါဒေါ၊ ပစ္ဆာ အနုသာသနီ (သီဋီသစ်-၂, ၃၉)၊ ရှေ့နည်းအလို ဩဝါဒနှင့် အနုသာသနီ တူ၏ ၊ "ဩဝါဒေါ ဧဝ+အနုသာသနီ ဩဝါဒါနုသာသနီ" ဟု ပြု၊ နောက်နည်းအလို ပထမအဆုံးအမကို ဩဝါဒ, နောက်ထပ် သွန်သင်မှုကို အနုသာသနီဟု ခေါ်၏ ၊ "ဩဝါဒေါ စ+အနုသာသနီ စ ဩဝါဒါနုသာသနီ" ဟု ပြုပါ။ ဝါ၊ ရှေးဦးစွာ ဆုံးမခြင်း, နောက်တစ်ဖန်သွန်သင်ခြင်းကို။ သဝနဋ္ဌေန၊ နားထောင်တတ်သည်၏အဖြစ်ဟူသော အနက်သဘောကြောင့်လည်းကောင်း။ သာဝကော၊ သာဝကမည်သော။ ဘိက္ခု၊ သည်။ အဓမ္မိကံ၊ တရား၌ မယှဉ်သော။ ဝါ၊ တရားမဲ့သော။ စတုပစ္စယသက္ကာရံ၊ ပစ္စည်း၄ပါးဟူသော ပူဇော်သက္ကာရကို။ နာဘိနန္ဒေယျ၊ မနှစ်သက်ရာ။ ဓမ္မိကံ၊ တရား၌ ယှဉ်သော။ ဝါ၊ တရားသဖြင့် ဖြစ်သော။ (စတုပစ္စယသက္ကာရံ၊ ကို။) န စေဝ ပဋိက္ကောသေယျ၊ မတားမြစ်ရာ။ ကာယဝိဝေကာဒိကံ၊ ကာယဝိဝေကအစရှိသော။ ဝိကေကံ၊ ဝိဝေကကို။ အနုဗြူဟယေ၊ တိုးပွားစေရာ၏ ။
ဆက်ဦးအံ့-မဟာနိ-၂၂၊ ဒီဋီ-၃, ၂၁၁၊ မဋီ-၂, ၁၁၂တို့အလို "ဝိဝေကဋ္ဌကာယာနံ နေက္ခမ္မာဘိရတာနံ" တို့ဖြင့် ကာယဝိဝေကဖြစ်သူတို့ကို ပြ၍ "ပရိသုဒ္ဓစိတ္တာနံ, ပရမဝေါဒါနပ္ပတ္တာနံ" တို့ဖြင့်စိတ္တဝိဝေကဖြစ်သူတို့ကို ပြသည်၊သီဋီသစ်-၂, ၅၅အလို "ဝိဝေကဋ္ဌကာယာနံ" ဖြင့် ကာယဝိဝေကဖြစ်သူတို့ကို ပြ၍ "နေက္ခမ္မာဘိရတာနံ, ပရိသုဒ္ဓစိတ္တာနံ, ပရမဝေါဒါနပ္ပတ္တာနံ" တို့ဖြင့် စိတ္တဝိဝေကဖြစ်သူတို့ကို ပြသည်။ ဝါ၊ ကာမမှ ထွက်မြောက်တတ်သောရှင်ရဟန်းအဖြစ်၌ မွေ့လျော်ကုန်သော ပုဂ္ဂိုလ်တို့၏ ။ ကာယဝိဝေကော စ၊ ကာယဝိဝေကသည်လည်းကောင်း။ ဝါ၊ ကိုယ်အားဖြင့် အပေါင်းအဖော်တို့မှ ကင်းဆိတ်ခြင်းသည်လည်းကောင်း။ ပရိသုဒ္ဓစိတ္တာနံ၊ (နီဝရဏစစော အညစ်အကြေးမှ) ထက်ဝန်းကျင် စင်ကြယ်သော စိတ်ရှိကုန်သော။ [ ပရိသုဒ္ဓစိတ္တာနန္တိ နီဝရဏာဒိသံကိလေသတော ဝိသုဒ္ဓစိတ္တာနံ၊-မဋီ-၂, ၁၁၂၊ ] **ပရမဝေါဒါနပ္ပတ္တာနံ**၊ မြတ်သော စင်ကြယ်ခြင်းသို့ ရောက်ကုန်သော။ ပရမဝေါဒါနပ္ပတ္တာနံ။ ။ ဝေါဒါယနံ ပရိသုဇ္ဈနံ ဝေါဒါနံ၊ [ ဝိ+အဝ+ဒါ (သုဒ္ဓိ-စင်ကြယ်ခြင်းအနက်)+ယု၊ ] ပရမံ+ဝေါဒါနံ ပရမဝေါဒါနံ-မြတ်သောစင်ကြယ်ခြင်း၊ ပရမဝေါဒါနံ+ပတ္တာ ပရမဝေါဒါနပတ္တာ၊ မဟာနိ . ဋ္ဌ၌ ပရမဝေါဒါနအရ ဖိုလ်ကို ယူ၍ သံဋီ-၁, ၁၆၅၊ သီဋီသစ်တို့၌ ဈာန်သမာပတ်ကို ယူ၏ ၊ စိတ္တဝိဝေကအရ မဟဂ္ဂုတ်, လောကုတ္တရာ၂မျိုးလုံးကို ယူနိုင်သောကြောင့် အဖွင့်၂မျိုးလုံး သင့်သည်သာ။ (မဟာနိ-၂၀၊ မဟာနိ . ဋ္ဌ-၈၈၊ သီဋီသစ်-၂, ၅၅၊ မဋီ-၂, ၁၁၂၊ သံဋီ-၁,၁၆၅) ဝါ၊ အလွန်ဖြူစင်သူ၏အဖြစ်သို့ ရောက်ကုန်သော ပုဂ္ဂိုလ်တို့၏ ။ **စိတ္တဝိဝေကော** စ၊ စိတ္တဝိဝေကသည်လည်းကောင်း။ စိတ္တဝိဝေကော။ ။ ဝိဝိစ္စနံ ဝိဝေကော၊ စိတ္တဿ+ဝိဝေကော စိတ္တဝိဝေကော-စိတ်၏ ကိလေသာတို့မှ ကင်းဆိတ်ခြင်း၊ ကိလေသာတို့နှင့် ပေါင်းသင်းနေထိုင်ခြင်းကိုပယ်၍ စိတ်၏ ကိလေသာတို့မှ ကင်းဆိတ်ခြင်းကို စိတ္တဝိဝေကဟု ခေါ်သည်၊ စိတ်၏ ကိလေသာတို့မှ ကင်းဆိတ်ခြင်းသည် ဈာန်ဝိမောက္ခစသည်တို့၏အစွမ်းကြောင့် ဖြစ်သည်၊ ထိုကြောင့် "ပရိသုဒ္ဓစိတ္တာနံ ပရမဝေါဒါနပ္ပတ္တာနံ" ဟု မိန့်သည်။ (ဒီဋီ-၃, ၂၁၁) ဝါ၊ စိတ်၏ ကိလေသာတို့မှ ကင်းဆိတ်ခြင်းသည်လည်းကောင်း။ **နိရုပဓီနံ**၊ ကိလေသုပဓိ, အဘိသင်္ခါရုပဓိမရှိကုန်သော။ နိရုပဓီနံ။ ။ နတ္ထိ+ဥပဓယော ယေသန္တိ နိရူပဓီ၊ [ နိ+ဥပဓိ၊ ] သီဋီသစ်၌ နိရုပဓိအရ ရဟန္တာတို့ကို ယူ၍ ဥပဓိအရ ခန္ဓာ၅ပါးရှိနေဆဲဖြစ်သောကြောင့် ခန္ဓုပဓိကို မယူဘဲ ကိလေသုပဓိ, အဘိသင်္ခါရုပဓိတို့ကိုသာ ယူ၏ ၊ ဒီဋီ-၃, ၂၁၁၌ နိရုပဓိအရ ဖလဋ္ဌာန် အားလုံးကို ယူ၏ ။ **ဝိသင်္ခါရဂတာနံ**၊ သင်္ခါရကင်းရာနိဗ္ဗာန်သို့ အာရုံပြုသောအားဖြင့် ရောက်ကုန်သော။ ဝိသင်္ခါရဂတာနံ။ ။ ဝိဂစ္ဆန္တိ+သင်္ခါရာ ဧတ္ထာတိ ဝိသင်္ခါရံ-သင်္ခါရတို့၏ ကင်းရာနိဗ္ဗာန်၊ (မအူပါရာနိ-၁, ၁၃၃)၊ ဝိသင်္ခါရံ+ဂတာ ဝိသင်္ခါရဂတာ-သင်္ခါရတို့၏ ကင်းရာနိဗ္ဗာန်သို့ ရောက်သောပုဂ္ဂိုလ်တို့၊ သင်္ခါရအာရုံကို စွန့်ပယ်၍ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ရောက်နေသော ဖလဋ္ဌာန်ပုဂ္ဂိုလ်များကို ဆိုလိုသည်။ (မဟာနိ . ဋ္ဌ-၈၈) ပုဂ္ဂလာနံ၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ။ **ဥပဓိဝိဝေကော** စ၊ ဥပဓိဝိဝေကသည်လည်းကောင်း။ ဥပဓိဝိဝေကော။ ။ ဥပဓီယန္တိ ဧတ္ထ ယထာသကံ ဖလာနီတိ ဥပဓယော၊ ဥပဓိသည် ကာမုပဓိ, ခန္ဓုပဓိ, ကိလေသုပဓိ, အဘိသင်္ခါရုပဓိဟု ၄မျိုးရှိ၏ ၊ ကာမသုခ၏ တည်ရာဖြစ်သောကြောင့် ကာမဂုဏ်၅ပါးကို ကာမုပဓိဟု ခေါ်သည်၊ ခန္ဓာအရင်းခံရှိသော ဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ခန္ဓာ၅ပါးကို ခန္ဓုပဓိဟု ခေါ်သည်၊ အပါယ်ဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ကိလေသာတို့ကို ကိလေသုပဓိဟု ခေါ်သည်၊ ဘဝဒုက္ခ၏ တည်ရာဖြစ်သောကြောင့် ကုသိုလ်ကံ အကုသိုလ်ကံတို့ကို အဘိသင်္ခါရုပဓိဟု ခေါ်သည်၊ "ဥပဓီဟိ+ဝိဝေကော ဥပဓိဝိဝေကော" အရ ထိုဥပဓိတို့မှ ကင်းဆိတ်သောကြောင့် နိဗ္ဗာန်ကို ဥပဓိဝိဝေကဟု ခေါ်သည်။ (သာရတ္ထ-၁, ၃၁၃၊ ဝိမတိ-၁, ၆၂) ဝါ၊ ဥပဓိတို့မှ ကင်းဆိတ်ခြင်းသည်လည်းကောင်း။ (ဟောတိ) ။ ]