နှစ်ခုမြောက်ဖြစ်သော အနိစ္စလက္ခဏာကို ဆိုရာဂါထာ၏အတ္ထဝဏ္ဏနာကို ပြုပြီး၍ သုံးခုမြောက်ဖြစ်သော ဒုက္ခလက္ခဏာကို ဆိုရာဂါထာ၏ အတ္ထဝဏ္ဏနာကို ပြုတော်မူလိုသော အရှင်ဗုဒ္ဓဃောသဆရာသည် ဒုတိယဂါထာယပိ အစရှိသောပါဋ္ဌ်ကို မိန့်သတည်း။
ဒုတိယဂါထာပိ၊ ဒုတိယဂါထာ၏လည်း။
ဝတ္ထု၊ ဝတ္ထုသည်။
ဧဝရူပမေဝ၊ ဤသို့ဆိုခဲ့ပြီးသော ပဋ္ဌမဂါထာနှင့်တူသည်သာလျှင်တည်း။
ဟိ၊ ထိုစကားသင့်စွ။
တဒါ၊ ထိုအခါ၌။
ဘဂဝါ၊ သည်။
တေသံ ဘိက္ခူနံ၊ ထိုရဟန်းတို့၏။
ဒုက္ခလက္ခဏေ၊ ဒုက္ခလက္ခဏာ၌။
ကတာဘိယောဂဘာဝံ၊ ပြုအပ်ပြီးသော နှလုံးသွင်းခြင်းရှိသည်၏အဖြစ်ကို။
ဥတွာ၊ သိ၍။
ဘိက္ခဝေ၊ ရဟန်းတို့။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
ခန္ဓာ၊ ခန္ဓာတို့သည်။
ပဋိဝီဠနဋ္ဌေန၊ အဖန်တလဲလဲ နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်။
ဒုကာဧဝ၊ ဒုက္ခမည်ကုန်သည်သာလျှင်တည်း။
ဣတိ၊ ဤသို့။
ဝတွာ၊ မိန့်တော်မူပြီး၍။
ဣမံ ဂါထံ၊ ဤဂါထာကို။
အာဟ၊ မိန့်တော်မူ၏။
သဗ္ဗ၊ ခပ်သိမ်းကုန်သော။
သင်္ခါရ၊ သင်္ခါရတို့သည်။
ဒုက္ခာ၊ ဆင်းရဲကုန်၏။
ဣတိ၊ ဤသို့။
ယဒါ၊ အကြင်အခါ၌။
ပညာယ၊ ဝိပဿနာ ပညာဖြင့်။
ပဿတိ၊ မြင်၏။
အထ၊ ထိုသို့မြင်သည်ရှိသော်။
ဒုက္ခော၊ သံသရာဆင်းရဲ၌။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ဧသ ဧသော၊ ဤသို့ငြီးငွေ့ခြင်းသည်။
ဝိသုဒ္ဓိယာ၊ ၏။
မဂ္ဂေါ၊ တည်း။
ဣတိ၊ ဤသို့။
အာဟ၊ မိန့်တော်မူ၏။
တတ္ထ တိဿံ ဂါထာယံ၊ ထိုဂါထာ၌။
ဒုက္ခာတိ၊ ဒုက္ခဟူသည်ကား။
ပဋီပီဠနဋ္ဌေန၊ အဖန်တလဲလဲ နှိပ်စက်တတ်သော အနက်ကြောင့်။
ဒုက္ခာ၊ ဒုက္ခမည်ကုန်၏။
တေသံ၊ ကြွင်းသောစကားသည်။
ပုရိမသဒိသမေဝ၊ ရှေးနှင့်တူသည်သာလျှင်တည်း။
ဣတိပရိသမာပနံ၊ နှစ်ဆယ်အတိုင်းအရှည်ရှိသော မဂ္ဂဝဂ်၌ သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဒုက္ခလက္ခဏ၏ ပြီးခြင်းကို။
ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
တတိယံ၊ သော။
ဒုက္ခလက္ခဏဝတ္ထု၊ တည်း။