၄-မဟာကပ္ပိနတ္ထေရဝတ္ထုဘာသာဋီကာ
ချဲ့ဦးအံ့-ကျောင်းဆောက်လုပ်ဖို့ ဟတ္တကမ်တောင်းရန် ပစ္စေဗုဒ္ဓါ တစ်ပါးမက ၈ပါးကို စေလွှတ်ခဲ့ခြင်းသည် ချီးမွမ်းဖွယ်ရာ သမ္ဘာဝနာတည်း၊ လယ်ထွန်မင်္ဂလာကျင်းပချိန်ကာလဖြစ်နေ၍ ယနေ့အဆင်မပြေသေးကြောင်း, နောက်၃ရက်နေ့မှ လုပ်ပေးမည်ဖြစ်ကြောင်း လျှောက်ထားကာ ပစ္စေကဗုဒ္ဓါတို့ကို မပင့်ဘဲ နန်းတော်ထဲဝင်သွားခြင်းသည် ကဲ့ရဲ့ဖွယ်ရာ ဂရဟာတည်း၊ ထိုကြောင့် ပနကို ဂရဟာအနက်ဟောယူ၍ "ပန-သို့သော်လည်း" ဟု ပေးသည်၊ "စေလွှတ်သည်မှန်သော်လည်း မပင့်သောကြောင့် ဟတ္ထကမ်မရဘဲ ပြန်လာခဲ့ရသည်" ဟူလို ၊ (တစ်နည်း) "ဟတ္ထကမ်တောင်းဖို့ စေလွှတ်ပါလျက် ဟတ္ထကမ်မရဘဲ အဘယ်ကြောင့် ပြန်လာရသနည်း" ဟူသော စောဒနာဖွယ်ကို ပယ်ဖျက်လို၍ ဆက်လက်အားထုတ်အပ်သောကြောင့် ဝါကျာရမ္ဘဝါကျယူ၍ "ပန-ဆက်ဦးအံ့" ဟုလည်း ပေးနိုင်သည်။ တဒါ၊ ထိုအခါ၌။ ရညော၊ ၏ ။ ဝပ္ပမင်္ဂလကာလော၊ စိုက်ပျိုးခြင်းကို ပြုလုပ်ရာ မင်္ဂလာအခါသည်။ ဝါ၊ လယ်ထွန်မင်္ဂလာ ပြုလုပ်ရာအခါသည်။ ဟောတိ၊ ၏ ။
သမာသ်ယူ။ ။ ဝဿံ၌ ဝိဘတ်မကျေသော အလုတ္တကိတန္တသမာသ်ပုဒ်ဟုလည်း ယူကြ၏ ၊ "ဝဿံ ဥပဂန္တွာ ဝသိံသူတိ ဝဿံဝုဋ္ဌာ" ဟု ပြု၊ (နိဒ္ဒေသ-၂၆၈၊ ပါစိယော-၃၉၃) ၊ "ဝဿတော ဝဿဝါသတော+ဥဋ္ဌော ဝဿံဝုဋ္ဌော-မိုးလပတ်လုံးနေခြင်းမှ ထမြောက်ကုန်သော၊ ဝါ- ဝါမှထကုန်သော" ဟုလည်း ဇာဋီသစ်-၁, ၂၄၃၌ ပြု၏ ၊ ဤအလို ဝဿ၌ ဝါသပုဒ်ချေ၊ (တစ်နည်း) ဌာနူပစာရအားဖြင့် နေခြင်းအထိယူ၊ ရွတ်လွယ်စေခြင်းငှာ နိဂ္ဂဟိတ်လာ၊ ဤအဆိုကို ဆရာတို့ နှစ်သက်တော်မမူပါ။
ဝဿံ ဝုတ္ထာနံ ။ ။ ရူ-၃၇၆၌ ဝသ+တ၊ ဝသတော ဥတ္ထသုတ်ဖြင့် ဓာတွန်သ်နှင့်တကွ တပစ္စည်းကို ဝုတ္ထပြု၍ ပြီးစေ၏ ၊ ထိုအလို ဒန္တဇ "တ္ထ"ဖြင့် "ဝဿံ ဝုတ္ထာနံ" ဟု ရှိရမည်၊ မောဂ်နိ-၂, ၂၆၁၌ကား မုဒ္ဓဇ "ဋ္ဌ" ဖြင့်ရှိသော "သာသဒိသတော တဿ ရိဋ္ဌော၊ သာဒိသန္တပုစ္ဆဘန္ဇဟံသာဒီဟိ ဋ္ဌော" ဟူသော သုတ်တို့နောင် ဆက်၍လာသော "ဝသတော ဥဋ္ဌ"သုတ်လည်း မုဒ္ဓဇ "ဋ္ဌ" ဖြင့် ရှိသင့်သည် ဆုံးဖြတ်တော်မူ၏ ။ [ ဝဿံ ဝုဋ္ဌာနံ၊ ဝါဆိုပြီးကုန်သော။ ] ပစ္စေကဗုဒ္ဓါနံ၊ တို့ဖို့။ စီဝရသာဋကေ၊ သင်္ကန်းလျာအဝတ်တို့ကို။ [ ဓမ္မဘာ-၂, ၂၈၃ရှု၊ ] သဇ္ဇေထ၊ စီစဉ်ကြလော။" ဣတိ၊ ဤသို့။ သမာဒပေတွာ၊ ကောင်းစွာ ယူစေ၍။ ဝါ၊ ဆောက်တည်စေ၍။ (တိုက်တွန်းနှိုးဆော်၍) ။ ဧကေကဿ၊ တစ်ပါးတစ်ပါးသော ပစ္စေကဗုဒ္ဓါအား။ သဟဿ သဟဿမူလံ၊ တစ်ထောင်တစ်ထောင်တန်ဖိုးရှိသော။ စီဝရံ၊ ကို။ ဒါပေသိ၊ ပေးလှူစေပြီ။
တစ်နည်း။ ။ အဍ္ဎတိယေန+ယုတ္တာနိ အဍ္ဎတေယျာနိ အဍ္ဎတေယျာနိ-အခွဲအားဖြင့် ၃ခုနှင့်ယှဉ်သော အရာတို့၊ (ပဋိဂံ-၃၃၈) ၊ (တစ်နည်း) တိဏ္ဏံ+ပူရဏော တေယျော၊ အဍ္ဎော+တေယျော ယေသန္တိ အဍ္ဎတေယျာနိ-အခွဲဟူသော ၃ခုမြောက်ရှိသော အရာတို့၊ (ဝိနိစ္ဆယဋီ-၂, ၆၀) ၊ ထိုနောင် ဝိစ္ဆာဘိက္ခညေသု ဒွေ (မောဂ်-၅၄) သုတ်ဖြင့် အဍ္ဎတေယျာနိကို "အဍ္ဎတေယျာနိ အဍ္ဎတေယျာနိ" ဟု ဒွိရုပ်ပြု၊ "အဍ္ဎတေယျာနိ အဍ္ဎတေယျာနိ-အခွဲအားဖြင့် ၃ခု, အခွဲအားဖြင့် ၃ခုဖြစ်ကုန်သော၊ ဝါ-အခွဲအားဖြင့် ၃ခုနှင့်ယှဉ်ကုန်, အခွဲအားဖြင့် ၃ခုနှင့် ယှဉ်ကုန်သော၊ ဝါ-အခွဲဟူသော ၃ခုမြောက်ရှိကုန်, အခွဲဟူသော ၃ခုမြောက်ရှိကုန်သော၊ သတာနိ-အရာတို့ကို " ဟု ပေး၊ အထက်၌ အလွယ်ပေးခဲ့သည်။ (မောဂ်နိ-၁, ၅၁၀၊ ကစ်ဘာ-၂, ၁၉၁၊ ၁၉၂) ဝါ၊ နှစ်ဆယ့်ငါးဆယ် နှစ်ရာ့ငါးဆယ်တို့ကို။ (အဒံသု၊ ကုန်ပြီ) ။
ပန၊ ဆက်။ ဇေဋ္ဌကကုဋုမ္ဗိကဿ၊ ၏ ။ ဘရိယာ၊ သည်။ သဗ္ဗေဟိ၊ အလုံးစုံသောသူတို့နှင့်။ သမာနံ၊ တူသည်ကို။ ဝါ၊ တူအောင်။ အကတွာ၊ မပြုမူ၍။ အတ္တနော၊ ၏ ။ ပညာယ၊ ပညာ၌။ ဌိတာ၊ လျက်။ "အတိရေကတရံ၊ သာ၍လွန်ကဲစွာ။ ကတွာ၊ ၍။ သတ္ထာရံ၊ ကို။ ပူဇေဿာမိ၊ မည်။" ဣတိ၊ ဤသို့ ကြံ၍။ **အနောဇပုပ္ဖဝဏ္ဏေန**၊ အနော်ဇာပန်းအဆင်းကဲ့သို့သော အဆင်းရှိသော။ အနောဇပုပ္ဖဝဏ္ဏေန။ ။ အနောဇပုပ္ဖဿ+ဝဏ္ဏော ဝိယ ဝဏ္ဏော ယသာတိ အနောဇပုပ္ဖဝဏ္ဏော-အနော်ဇာပန်း၏ အဆင်းကဲ့သို့သော အဆင်းရှိသောအဝတ်၊ [ အနောဇပုပ္ဖ+ဝဏ္ဏ+ဝဏ္ဏ၊ တေသု ဝုဒ္ဓိဖြင့် ရှေ့ဝဏ္ဏကိုချေ၊ ] အနောဇပုဒ်ကို ပါဠိသက္ကတအဘိဓာန်တို့၌ မတွေ့ရ ၊ "လိပ်ဆူးရွှေပန်း" ဟု မြန်မာပြန်ကြ၏ ၊ လိပ်ဆူးရွှေပင်သည် ပင်ငယ်ချုံမျိုးဖြစ်သည်၊ အပွင့်မှာ အညို, အနီ, အဖြူ, အဝါအားဖြင့် ၄မျိုးကွဲ၏ ၊ အဝါမျိုးသည် အများဆုံး ဖြစ်၏ ၊ "လိပ်ဆူးရွှေ, လိပ်စရွှေ, လိပ်သရွှေ" ဟု ဒေသအလိုက် ခေါ်ဝေါ်ကြ၏ ၊ မြန်မာပြည်အထက်ပိုင်းတွင် မိုးရာသီမှာ များစွာပေါက်ရောက်တတ်၏ ၊ စိုစွတ်သောဒေသများတွင်မူ ၁၂ရာသီလုံး စိမ်းလန်းစိုပြေ၍ ပေါက်နေသည်ကို တွေ့ရ၏ ၊ ဇာဋီသစ်-၃၁၌ "အနောဇပုပ္ဖ" ကို "ဇယသုမနပုပ္ဖ-ခေါင်ရမ်းပန်း, မိုးစွေပန်း" ဟု ဆို၏ ။
ဝါ၊ လိပ်ဆူးရွှေပန်းအဆင်းကဲ့သို့သော အဆင်းရှိသော။ သဟဿမူလေန၊ တစ်ထောင်သောအဖိုးရှိသော။ ဝါ၊ အဖိုးတစ်ထောင်တန်သော။ သာဋကေန၊ အဝတ်နှင့်။ သဒ္ဓိံ၊ အနောဇပုပ္ဖစင်္ကောဋကံ၊ အနော်ဇာပန်းကလပ်ကို။ ဂဟေတွာ၊ ၍။ အနုမောဒနကာလေ၊ အနုမောဒနာပြုရာအခါ၌။ သတ္ထာရံ၊ ကို။ အနောဇပုပ္ဖေဟိ၊ အနော်ဇာပန်းတို့ဖြင့်။ ဝါ၊ လိပ်ဆူးရွှေပန်းတို့ဖြင့်။ ပူဇေတွာ၊ ၍။ တံ သာဋကံ၊ ထိုအဝတ်ကို။ သတ္ထု၊ ၏ ။ ပါဒမူလေ၊ ခြေတော်ရင်း၌။ ဌပေတွာ၊ ထား၍။ "ဘန္တေ၊ ရား ! ။ နိဗ္ဗတ္တ နိဗ္ဗတ္တဋ္ဌာနေ၊ ဖြစ်ရာ ဖြစ်ရာဘုံဌာန၌။ မေ၊ တပည့်တော်၏ ။ သရီရံ၊ ကိုယ်သည်။ အနောဇပုပ္ဖဝဏ္ဏံယေဝ၊ အနော်ဇာပန်းအဆင်းကဲ့သို့သော အဆင်းရှိသည်သာလျှင်။ ဝါ၊ အနော်ဇာပန်းအဆင်းနှင့် တူသည်သာလျှင်။ ဟောတု၊ ဖြစ်ပါရစေ။ မေ၊ ၏ ။ နာမံ စ၊ အမည်သည်လည်း။ အနောဇော ဧဝ၊ အနောဇာသည်သာ။ ဟောတု၊ ဖြစ်ပါရစေ။" ဣတိ၊ သို့။ ပတ္ထနံ၊ ဆုတောင်းမှုကို။ ပဋ္ဌပေသိ၊ ဖြစ်စေပြီ။
ပီတိ၅မျိုး။ ။ ပီတိ၅မျိုးဟူသည် (၁) ခုဒ္ဒိကာပီတိ-ကြက်သီးမွှေးညှင်းထရုံမျှ သေးငယ်စွာ ဖြစ်သောပီတိ, (၂) ခဏိကာပီတိ-လျှပ်စစ်ပြက်သလို ခဏခဏဖြစ်၍ ခဏခဏပျက်သောပီတိတိ, (၃) ဩက္ကန္တိကာပီတိ-ဒီရေလှိုင်းလုံးကြီး လွှမ်းဖုံးလာသကဲ့သို့ တစ်ကိုယ်လုံး၌ လွှမ်းဖုံးသက်ရောက်သောပီတိ, (၄) ဥဗ္ဗေဂါပီတိ-မိမိအဟုန်ဖြင့် ကိုယ်ကို အထက်သို့ မြှောက်နိုင်သောပီတိ, (၅) ဖရဏာပီတိ-ဥဗ္ဗေဂါထက် ကြာရှည်စွာ တစ်ကိုယ်လုံးမှာ ပျံ့နှံ့သောပီတိတို့တည်း။ (အဘိ. ဋ္ဌ-၁, ၁၅၈) ဝါ၊ ဖြင့်။ ဖုဋ္ဌသရီရော၊ တွေ့ထိအပ်သောကိုယ်ရှိသည်။ (ဟုတွာ) ၊ ကိဉ္စိ၊ တစ်စုံတစ်ခုကို။ သလ္လက္ခေတုံ၊ မှတ်သားခြင်းငှာ။ အသက္ကောန္တော၊ မစွမ်းနိုင်လသော်။ မုဟုတ္တံ၊ တစ်မုဟုတ်မျှ။ ဝီတိနာမေတွာ၊ ကုန်လွန်စေ၍။ "တာတာ၊ မောင်မင်းတို့ ! ။ ကိံ၊ ဘာကို။ ဝဒေထ၊ ပြောလိုက်ကုန်သနည်း?" ။ ဣတိ၊ သို့။ ပုစ္ဆိ၊ မင်းမြတ် ! ။
တစ်နည်း။ ။ သန့်ရှင်းဖြူစင်သော သဲသောင်ပြင်ကြောင့်လည်းကောင်း အရောင်အဆင်းနှင့် ပြည့်စုံ၍ ကြည်လင်ချိုမြိန်သော ရေတို့ဖြင့် ပြည့်နေသောကြောင့်လည်းကောင်း လရောင်ဆန်း၍ ကျက်သရေရှိသောအရောင်ရှိလျက် စီးဆင်းသွားသောကြောင့် စန္ဒဘာဂါမြစ်ခေါ်သည်ဟု အပ. ဋ္ဌ-၂, ၄၄၌ ဆို၏၊ ထိုအလို "စန္ဒဿ+ဘာစန္ဒဘာ၊ စန္ဒဘာ+ဧတိဿံ အတ္ထီတိ စန္ဒဘာ-လရောင်ရှိရာမြစ်၊ [ စန္ဒဘာ+ဏ+အာ၊ ] စန္ဒဿ+ဘာ ဧတိဿန္တိ ဝါ စန္ဒဘာ၊ [ စန္ဒ+ဘာ၊ ] စန္ဒဘာ+ဂစ္ဆတီတိ စန္ဒဘာဂါ-လရောက်ရှိလျက် စီးသွားသောမြစ်၊ [ စန္ဒဘာ+ဂမု+ကွိ၊ ] ၊ (တစ်နည်း) စန္ဒဘာ ကိရဏသဿိရီကာဘာ+ဂစ္ဆတီတိ စန္ဒဘာဂါ-လရောင်ကြောင့် ကျက်သရေရှိသောအရောင်ရှိလျက် စီးသွားသောမြစ်၊ [ စန္ဒဘာကိရဏသဿိရိကာဘာ+ဂါ၊ (ဂမု+ကွိ+အာ) ၊ ကိရဏသဿိရိကာဘာကိုချေ၊ ]" ဟု ပြုပါ၊ [ "စန္ဒဘာကိရဏသဿိရိကာဘာ" ကိုကား "စန္ဒောဝ+ဘာ၊ စန္ဒဘာ-တောက်ပသောလ၊ (အံ . ဋ္ဌ-၂, ၃၃၉) ၊ စန္ဒဘာယ+ကိရဏောစန္ဒဘာကိရဏော-လ၏အရောင်၊ သဟ+သိရိယာ ယာ ဝတ္တတီတိ သဿိရိကာ-ကျက်သရေရှိသော အရောင်၊ သဿိရိကော စ+သာ+အာဘာ စာတိ သဿိရိကာဘာ၊ စန္ဒဘာကိရဏေန၊ သဿိရိကာဘာ ဧတိဿန္တိ စန္ဒဘာကိရဏသဿိရိကာဘာ-လရောင်ကြောင့် ကျက်သရေရှိသော အရောင်ရှိရာမြစ်" ဟု ပြုပါ။ ]
တစ်နည်း။ ။ ရေပြင်၌ လဝန်းအရိပ်နှင့်လည်းကောင်း, ကြည်လင်သန့်ရှင်း အညစ်အကြေးကင်းသော ရေနှင့်လည်းကောင်း ပုလဲပွင့်ပမာ ဖြူဖွေးသော သဲသောင်ပြင်အခင်းနှင့်လည်းကောင်း ပြည့်စုံသောကြောင့် လနှင့်တူရကား စန္ဒဘာဂါမြစ်ခေါ်သည်ဟု အပ. ဋ္ဌ-၂, ၁၄၈၌ ဆို၏ ၊ ထိုအလို "စန္ဒံ မနံ ရုစိံ အဇ္ဈာသယံ ဉ တွာ ဝိယ ဇာတောတိ စန္ဒော-စိတ်အလိုလို သိ၍ ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်ပေါ်လာသောလ၊ [ စန္ဒ+ဏ၊ ] စန္ဒေန+ဘာဂါ သဒိသာတိ စန္ဒဘာဂါ-လနှင့်တူသောမြစ်၊ [ စန္ဒ+ဘာဂ၊ ]" ဟုပြုပါ။ နဒိယာ၊ မြစ်၏ ။ တီရေ၊ ကမ်းနား၌။ နိဂြောဓရုက္ခမူလေ၊ ပင်ညောင်ပင်ရင်း၌။ **ဆဗ္ဗဏ္ဏရသ္မိယော**၊ ၆ပါးသော အဆင်းရှိသော ရောင်ခြည်တော်တို့ကို။ဆဗ္ဗဏ္ဏရသ္မိယော။ ။ ဆ+ဝဏ္ဏာ ယာသန္တိ ဆဗ္ဗဏ္ဏာ၊ ရသန္တိ သတ္တာ ဧတာဟီတိ ရသ္မိယော၊ [ ရသ-အဿာဒေ+မိ၊-မောဂ်-၇, ၁၃၉၊ ] ဆဗ္ဗဏ္ဏာ စ+တေ+ရသ္မိယော စာတိ ဆဗ္ဗဏ္ဏရသ္မိယော-၆ပါးသော အဆင်းရှိသော ရောင်ခြည်တော်တို့၊ စိတ္တဇရုပ်သည် ကိုယ်မှ အပြင်သို့ မထွက်နိုင်ရကား ရောင်ခြည်တော်တို့သည် စိတ္တဇရုပ်မဟုတ်၊ စိတ္တပစ္စယဥတုသမုဋ္ဌာန်ရုပ် (စိတ်လျှင်အကြောင်းရင်းရှိသော ဥတုဇရုပ်) တည်း။
ချဲ့ဦးအံ့-ဘုရားရှင်၏ စိတ်တော်ကြောင့် စိတ္တဇရုပ် ဖြစ်၏ ၊ ထိုစိတ္တဇရုပ်တွင် ဥတုပါဝင်၏ ၊ ထိုဥတုသည် ရုပ်ကို ဖြစ်စေနိုင်၏ ၊ ထိုဥတုဇရုပ်တွင် ဥတုပါဝင်ပြန်၏ ၊ ထိုဥတုကလည်း ရုပ်ကို ဖြစ်စေပြန်၏ ၊ ဤသို့အားဖြင့် ဥတုဇရုပ်အဆက်ဆက် ဖြစ်သောအခါ ကိုယ်တော်မှ အပြင်သို့ ဥတုဇဝဏ္ဏဓာတ်တွေ ထွက်ပေါ်လာသည်၊ ထိုကြောင့် "စိတ္တပစ္စယဥတုသမုဋ္ဌာနာ ဝဏ္ဏဓာတု-စိတ်လျှင် အကြောင်းရင်းရှိသော ဥတုဟူသောဖြစ်ကြောင်းရှိသော အဆင်းတော်ဓာတ် (မူလဋီ-၁၈)" ဟု ဆိုသည်၊ အဘိဓမ္မာတရားကိုယ်မှာ ဝဏ္ဏဓာတ်လွန်ကဲသော အဝိနိဗ္ဘောဂရုပ်တည်း။ (နီဘာ-၁, ၄၆၇) ။ ဝါ၊ ရောင်ခြည်တော်၆သွယ်တို့ကို။ ဝိဿဇ္ဇေန္တော၊ လွှတ်တော်မူလျက်။ နိသီဒိ၊ ထိုင်နေတော်မူပြီ။
တစ်နည်း။ ။ ဗုဒ္ဓဿ+ဘာဝေါ ဗုဒ္ဓေါ-ဘုရား၏ဖြစ်ကြောင်းဂုဏ်တော်၊ ဗုဒ္ဓဿ+အယံ ဝါ ဗုဒ္ဓေါ-ဘုရားရှင်၏ဥစ္စာဖြစ်သောဂုဏ်တော်၊ [ ဗုဒ္ဓ+တ္တ၊ လောပေါ (မောဂ်-၄, ၁၂၃)သုတ်ဖြင့် တ္တပစ္စည်းချေ၊ (နိဒီ-၃၄၁)၊ ဗုဒ္ဓဿ (ဗုဒ္ဓဂုဏဿ)+အနုဿတိ ဗုဒ္ဓါနုဿတိ-ဘုရားဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ဆင်ခြင်ခြင်း။ (ဒီ. ဋ္ဌ-၃, ၂၂၀၊ မဏိ-၂, ၄၈၂) ဝါ၊ ဘုရားဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ဆင်ခြင်ခြင်းကို။ (ဗုဒ္ဓါနုဿတိကို)။ **အနုဿရန္တော**၊ အဖန်ဖန် အောက်မေ့ဆင်ခြင်လျက်။အနုဿရန္တော။ ။ "အနုဿရန္တော" ဟူသည် ဘုရားဂုဏ်တော်ကို အာရုံပြု၍ ဖြစ်သောသတိကို တိုး၍ တိုး၍ ပွားစေသောအားဖြင့် အောက်မေ့ဆင်ခြင်ခြင်း, ထိုသတိကို တိုးပွားစေသောအားဖြင့် ဖြစ်စေခြင်းပင်တည်း၊ ဆက်ဦးအံ့-ဤအဋ္ဌကထာနှင့် အပ. ဋ္ဌ-၂၂၂တို့၌ အောက်မေ့ဆင်ခြင်ခြင်းလောက်သာ လာရှိသော်လည်း သံ. ဋ္ဌ-၂, ၂၂၅၊ အံ .ဋ္ဌ-၁, ၂၄၈၊ ထေရ . ဋ္ဌ-၂,၁၈၀တို့၌ အောက်မေ့ဆင်ခြင်ရုံမျှမက သစ္စာဆိုမှုပါ ပါသည်၊ ထိုသို့ သစ္စာဆိုမှုပါမှ မဟာကပ္ပိနတ္ထေရအပဒါန်ပါဠိတော်နှင့်ညီသည်။
မှန်၏ - မဟာကပ္ပိနတ္ထေရအပဒါန်ပါဠိတော်၌ ဘုရားရှင်၏ ဂုဏ်တော်ကို "ဘဝ-သောတံ သစေ ဗုဒ္ဓေါ" စသော ဂါထာဖြင့်လည်းကောင်း, တရားဂုဏ်တော်ကို "ယဒိသန္တိဂမော မဂ္ဂေါ" စသော ဂါထာဖြင့်လည်းကောင်း, သံဃာ့ဂုဏ်တော်ကို "သံဃောစေ တိဏ္ဏကန္တာရော" စသော ဂါထာဖြင့်လည်းကောင်း သစ္စာဆိုသော ဂါထာ၃ပုဒ်ပါရှိသည်၊ ထိုကြောင့် "အနုဿရန္တော" ဖြင့် အောက်မေ့ဆင်ခြင်ရုံမျှမက သစ္စာဆိုခြင်းအထိ ယူပါ။ (အပ-၂, ၁၂၀)၊ [ အနုဿရန္တိ ဥပရူပရိဘာဝနာဝသေန အနုဿရန္တော၊ အထ ဝါ. . .ဥပရူပရိဘာဝနာဝသေန အနုဿရန္တော အနုဗြူဟနဝသေန ပ-ဝတ္တေန္တော၊-ဣတိ.ဋ္ဌ-၂၅၇။ ] ဝါ၊ တိုးပွားစေသောအားဖြင့် ဖြစ်စေလျက်။ သပရိဝါရော၊ အခြံအရံနှင့် တကွဖြစ်သော။ (ရာဇာ၊ မဟာကပ္ပိနမင်းသည်) ။ အဿသဟဿေန၊ မြင်းတစ်ထောင်ဖြင့်။ ဥဒကပိဋ္ဌိံ၊ ရေပြင်ကို။ ပက္ခန္ဒိ၊ ဖြတ်ကူးပြီ။
မြင်းသီလာ။ ။ မနောသိလာကို "ဆေးဒန်း" ဟုလည်းကောင်း, "မြင်းသီလာ" ဟုလည်းကောင်း, "ဆေးဒန်းမြင်းသီလာ" ဟုလည်းကောင်းဟု မြန်မာပြန်ကြ၏ ၊ P-S-E-D.P-T-S တို့၌ "Red arsenic-စိန်နီ" ဟု ဘာသာပြန်၏ ၊ ထိုတွင် "မြင်းသီိလာ" ကား သက္ကတ၌ "မနးသိလာ " မှ မကို ရရစ်, နကို တံခွန်တင် (အသတ်လုပ်) ၍ "မြန်းသီလာ" ဟု ဖြတ်ပြီး ကာလကြာသောအခါ "မြင်းသီလာ" ဖြစ်လာသည် ဟုလည်း ဆို၏ (ဝေါဒီ-၁၃၅) ။
ဆေးဒန်း။ ။ ဆေးဒန်းသည် စိန်သတ္တုနှင့် ကန့်ရောစပ်ထားသော စိန်သတ္တုရိုင်းတစ်မျိုးဖြစ်သည်၊ ဆေးဒန်းကို ဆေးဝါးဖော်စပ်ရာ၌လည်းကောင်း, အဂ္ဂိရတ်ထိုးရာ၌လည်းကောင်း, ဆိုးဆေးပြုလုပ်ရာ၌လည်းကောင်း အသုံးပြုသည်၊ (စွယ်စုံ) ၊ ဆေးဒန်းသည် (၁) ကျောက်ဆေးဒန်း, (၂) ဆေးဒန်းမြင်းသီလာ, (၃) ဆေးဒန်းရွှေဝါ, (၄) ဆေးဒန်းဖြူဟု ၄မျိုးရှိကြောင်းကို မြန်ဓာန်၌ ဆိုသည်၊ အမရနိ-၁၉, ၁၀၈၊ စွယ်စုံတို့၌ကား "ဟရိတာလ-ဆေးဒန်းရွှေဝါ, မနောသိလာ-ဆေးဒန်းနီ" ဟု ၂မျိုးရှိကြောင်းကို ဆို၏ ၊ ဤအဆိုများအရမူ မနောသိလာအရ ဆေးဒန်းနီကို ယူသင့်သည်၊ အမရနိ၌ "ဆေးဒန်းနီ" ဟုပင် မြန်မာပြန်၏ ။ နိမုဇ္ဇန္တော ဝိယ၊ ငုတ်လျှိုးသူကဲ့သို့။ ဗုဒ္ဓရသ္မီနံ၊ ဘုရားရှင်၏ ရောင်ခြည်တော်တို့၏ ။ အန္တော၊ အတွင်းသို့။ ပဝိသိတွာ၊ ဝင်၍။ သတ္ထာရံ၊ ကို။ ဝန္ဒိတွာ၊ ၍။ ဧကမန္တံ၊ ၌။ အမစ္စသဟဿေန၊ အမတ်တစ်ထောင်နှင့်။ သဒ္ဓိံ၊ တူ။ နိသီဒိ၊ ပြီ။ သတ္ထာ၊ တဿ၊ ထိုမဟာကပ္ပိနမင်းအား။ အနုပုဗ္ဗိံ၊ သော။ ကထံ၊ ကို။ ကထေသိ၊ ပြီ။
ရညာ၊ သည်။ မယံ၊ ကျွန်တော်မျိုးတို့ကို။ **တုမှာကံ**၊ သင်မိဖုရားတို့၏ ။ တုမှာကံ။ ။ တစ်ယောက်တည်းပင်ဖြစ်သော်လည်း ကိုယ့်ကိုယ်ကို ပြောသောအရာ, လေးစားအပ်သူကို ပြောသောအရာစသည်ဖြင့် ဗဟုဝုစ်သုံးနိုင်ရာဌာန ၁၆ဌာနရှိ၏ ၊ ဤ၌ မိဖုရားတစ်ပါးတည်းဖြစ်သော်လည်း လေးစားအပ်သောကြောင့် ဗဟုဝုစ်ဖြင့် "တုမှာကံ" ဟု ဆိုသည်၊ ကွစိ ဇာတိအတ္တဂရူသု စ (နီတိ-၆၇၀) သုတ်ဖြင့် တုမှနောင် ဆဋ္ဌီဗဟုဝုစ်နံဝိဘတ်သက်။ (သံဋီ-၂, ၁၉၉၊ နီတိသုတ္တ-၁၇၂၊ ဘေဒဘာ-၁၅၇)
သန္တိကံ၊ သို့။ ပဟိတာ၊ စေလွှတ်အပ်ပါကုန်ပြီ။ နော၊ တို့အား။ တီဏိ သတသဟဿာနိ၊ ၃သိန်းတို့ကို။ ဒေထ ကိရ၊ ပေးပါကုန်တဲ့။" ဣတိ၊ လျှောက်တင်ကြပြီ။
သဒ္ဓါ၄မျိုး။ ။ သဒ္ဓါသည် (၁) အာဂမနီယ (အာဂမ) သဒ္ဓါ, (၂) အဓိဂသဒ္ဓါ, (၃) ပသာဒသဒ္ဓါ, (၄) ဩကပ္ပနသဒ္ဓါဟူ၍ ၄မျိုးရှိ၏ ၊ အာဂမသဒ္ဓါဟူသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ဖြစ်ပေါ်လာကြောင်း သဒ္ဓါတည်း၊ ဤသဒ္ဓါသည် ဘုရားဆုပန်သည်မှစ၍ သဗ္ဗညုတဘုရားအလောင်းတော်တို့သန္တာန်၌ ဖြစ်ပေါ်လာသည်၊ ဤစကားသည် ဥက္ကဋ္ဌနိဒ္ဒေသ (အမြတ်ဆုံးကို ညွှန်ပြသော) အားဖြင့် ဆိုခြင်းဖြစ်သည်၊ ပစ္စေကဗုဒ္ဓအလောင်းတော် အဂ္ဂသာဝကမဟာသာဝကအလောင်းတော်တို့၏ သန္တာန်၌ ဆုပန်သည်မှစ၍ ဖြစ်ပေါ်လာသော သဒ္ဓါကိုလည်း အာဂမနီယသဒ္ဓါဟု ဆိုနိုင်သည်၊ ဤသဒ္ဓါကို "အာဂသဒ္ဓါ, အာဂမနသဒ္ဓါ' ဟုလည်း သုံး၏ ။
အဓိဂမသဒ္ဓါ။ ။ အဓိဂမသဒ္ဓါဟူသည် သုပ္ပဗုဒ္ဓ, သုရမ္ဗဋ္ဌတို့၏ သဒ္ဓါကဲ့သို့ သစ္စာ၄ပါးကို ထိုးထွင်းသိခြင်းကြောင့် ဖြစ်သောသဒ္ဓါတည်း၊ အရိယာတို့၏သန္တာန်၌သာဖြစ်သည်။
ပသာဒသဒ္ဓါ။ ။ ပသာဒသဒ္ဓါဟူသည် မဟာကပ္ပိနမင်းစသည်တို့၏ ကြည်ညိုခြင်းကဲ့သို့ ဘုရား, တရား, သံဃာဟု ပြောပြလျှင် ("ဘုရား တရား သံဃာ" ဟူသော အသံကို ကြားလျှင်) ကြည်ညိုသော သဒ္ဓါတည်း။
ဩကပ္ပနသဒ္ဓါ။ ။ ဩကပ္ပနသဒ္ဓါဟူသည် "ဤအတိုင်း ဟုတ်လောက်၏" ဟု သက်ဝင်ယုံကြည်သော သဒ္ဓါတည်း၊ အံ . ဋ္ဌ-၂၇၌ကား "ဘုရား တရား, သံဃာဟု ပြောပြလျှင် မတုန်လှုပ်သည်၏အဖြစ်ဖြင့် သက်ဝင်ယုံကြည်ခြင်းသည် ဩကပ္ပနသဒ္ဓါ, ကြည်ညိုမှုဖြစ်ခြင်းသည် ပသာဒသဒ္ဓါဟု ဆို၏ ။ (ဒီ . ဋ္ဌ-၂, ၁၁၉၊ မ . ဋ္ဌ-၃, ၂၂၅၊ အံ . ဋ္ဌ-၂၆၊ ၂၇၊ မဋီ-၂, ၁၂၈၊ အံဋီ-၃, ၂၃) ပတိဋ္ဌိတကာလေ၊ တည်ရာအခါ၌။ တာသံ၊ ထိုအမျိုးသမီးတို့ကို။ ဝါ၊ တို့အား။ အရဟတ္တပ္ပတ္တေယေဝ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးကုန်သည်သာလျှင်ဖြစ်ကုန်သော။ တေ ဘိက္ခူ၊ ထိုရဟန်းတို့ကို။ ဒဿေသိ ကိရ၊ တွေ့မြင်စေတော်မူခဲ့ပြီတဲ့။ ဝါ၊ ပြတော်မူခဲ့ပြီတဲ့။ [ ကိရကို အနုဿဝနအနက်ဟော ယူ၍ ပေးခဲ့သည်၊ နောက်ဆုံးဝါကျ၌ "တသ္မာ" ရှိပုံကို ကြည့်၍ ကာရဏအနက်ဟောယူကာ "ကိရ (ယသ္မာ)၊ အကြင်ကြောင့်။ တာသံ၊ တို့၏ ။ အာဂတက္ခဏေယေဝ၊ ပေ၊ န သက္ကုဏေယျုံ၊ ကုန်ရာ။ တသ္မာ၊ ကြောင့်။ ပေ၊ ဒဿေသိ၊ ပြီ" လည်း ပေးပါ။ ]
ဓမ္မပီတိ သုခံ သေတိ, ဝိပ္ပသန္နေန စေတသာ၊ အရိယပ္ပဝေဒိတေ ဓမ္မေ, သဒါ ရမတိ ပဏ္ဍိတာ။
ပဏ္ဍိတော၊ မညာရှိသည်။ ဓမ္မပီတိ၊ (သစ္စာထွင်းဖောက်, လောကုတ်ရောက်လျက်, သောက်ဖွယ်အလား) တရားကို သောက်သုံးရခြင်းရှိသည်။ ဝါ၊ တရားကိုသောက်သုံးရသည်။ (သုတွာ၊ ၍) [ (တစ်နည်း) ဓမ္မပီတိ၊ တရားကို သောက်သုံးရခြင်းရှိသော။ ဝါ၊ တရားကို သောက်သုံးရသော။ ပဏ္ဍိတော၊ သည်။ ] ဝိပ္ပသန္နေန၊ ကိလေသာကင်းစင်, အထူးသဖြင့် ကြည်လင်သော။ စေတသာ၊ စိတ်ဖြင့်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရနေရ၏ ။ အရိယပ္ပဝေဒိတေ၊ အရိယာတို့သည် အပြားအားဖြင့် သိစေအပ်သော။ ဝါ၊ အရိယာတို့သည် ဟောကြားတော်မူအပ်သော။ ဓမ္မေ၊ ဗောဓိပက္ခိယတရား၌။ သဒါ၊ အခါခပ်သိမ်း။ ရမတိ၊ မွေ့လျော်၏ ။ [ နီတိဓာတုနိ-၂, ၁၉၂၌ "ပဏ္ဍိတော၊ သည်။ ဓမ္မပီတိ၊ တရားကို သောက်လျက်။ သုခံ၊ စွာ။ သေတိ၊ ၏ ။ (ဝါ) သုခံ၊ ကာယိကသုခ စေတသိကသုခကို။ သေတိ၊ မှီဝဲ၏ ။ (ဖြစ်စေ၏) ။ (ဝါ) သုခံ၊ ချမ်းသာအလွန် နိဗ္ဗာန်ကို။ သေတိ၊ သိ၏" ဟု ပေးသည်။ ]
ယေဘုယျဝုတ္တိယာ, လိင်္ဂံ, ဒဿိတံ ဘတ္ထ သဗ္ဗသော၊ ဝိသေသော ပန ဝိညူဟိ, ဉေယျော ပါဌာနုသာရတော။
တစ်နည်း။ ။ "ဓမ္မပါယကော၊ ဓမ္မံ ပိဝန္တော" ၌ ပါယကော, ပိဝန္တောတို့ကား ကတ္တုသာဓ်တည်း၊ ကတ္တုသာဓ်သည် ဗဟုဗ္ဗီဟိသမာသ်, အဿတ္ထိတဒ္ဓိတ်တို့နှင့် သဘာဝချင်းတူ၏ ၊ ထိုကြောင့် "ပီယတေ ပီတိ၊ ဓမ္မံ+ပီတိ အသာတိ ဓမ္မပီတိ-တရားကို သောက်သုံးခြင်းရှိသော ပညာရှိ၊ (ဘိန္နာဓိကရဏဗဟုဗ္ဗီဟိ) ၊ (တစ်နည်း) ဓမ္မံ+ပီတိ ဓမ္မပီတိ-တရားကို သောက်သုံးခြင်း၊ ဓမ္မပီတိ+အဿ အတ္ထီတိ ဓမ္မပီတိ-တရားကို သောက်သုံးခြင်းရှိသောပညာရှိ၊ (အဿတ္ထိတဒ္ဓိတ်)" ဟု ပြုရန် ပြသည်ဟု ကြံပါ၊ ဤသို့ယူလျှင် သဒ္ဒါနည်းလည်း ကျ၍ ပုံလိင်ဖြင့်ဖွင့်သည့် "ဧဝရူပေါ ဓမ္မပီတိ" ဟူသော အဖွင့်နှင့်လည်း ညီသည်။
တစ်နည်း။ ။ ဂါထာ၏ အထက်နား၌ "ပုတ္တဿ ပန မေ ဓမ္မပီတိ နာမ ဓမ္မရတိ နာမ ဥပ္ပဇ္ဇတိ" ဟူသော ဝါကျ၌ ဓမ္မပီတိနှင့် ဓမ္မရတိကို တွဲဆိုထား၏၊ ရတီတိ. . .ပီတိ (ပဋိသံ. ဋ္ဌ-၂, ၁၈၃)" ဟူသော အဖွင့်ကို ထောက်၍ ရတိအရ ပီတိကို ယူနိုင်ရကား ဓမ္မပီတိနှင့် ဓမ္မရတိသည် အနက်တူပရိယာယ်တည်း၊ ပီတိ၌ ပါဓာတ်ဟု မယူဘဲ ပီဓာတ်ဟု ယူ၍ ပီတိအရ ပီတိစေတသိက်ကို ယူပါ၊ "ပီနယတီတိ ပီတိ၊ ဓမ္မေ+ဥပ္ပန္နာ+ပီတိ အဿာတိ ဓမ္မပီတိ-တရား၌ ဖြစ်သော ပီတိရှိသူ၊ ပီဏနံ ပီတိ၊ ဓမ္မေ+ပီတိ အဿာတိ ဓမ္မပီတိ-တရား၌ နှစ်သက်ခြင်းရှိသူ" ဟု တစ်နည်းကြံပါ။ ဓမ္မပါယကော၊ တရားကို သောက်သုံးသူသည်။ ဓမ္မံ၊ တရားကို။ ပိဝန္တော၊ သောက်သုံးသောသူသည်။ ဣတိ၊ ကား။ အတ္ထော၊ အနက်တည်း။
ချဲ့ပါဦးမည်-လောကုတ္တရာတရား၉ပါးတွင် မဂ်ဖိုလ်တို့ကို သမ္ပယုတ္တနာမကာယ (ဆိုင်ရာယှဉ်ဖက်တရား) ဖြင့် တွေဝေမှုမရှိဘဲ ရှင်းလင်းစွာသိခြင်း, ပစ္စဝေက္ခဏာဉာဏ်ဟူသော နာမကာယဖြင့် ဆင်ခြင်ခြင်းကို "နာမကာယေန ဖုသန္တော" ဟု ဆိုလိုသည်၊ နိဗ္ဗာန်ကို မဂ်, ဖိုလ်, ပစ္စဝေက္ခဏာဉာဏ်တို့ဖြင့် အာရုံပြုသောအားဖြင့် မျက်မှောက်ပြုခြင်းကို "အာရမ္မဏတော သစ္ဆိကရောန္တော" ဟု ဆိုလိုသည်။ ဝါ၊ ပြုလျှင်။ **ပရိညာဘိသမယာဒီဟိ**၊ ပိုင်းခြား၍ သိခြင်းဟူသော ထိုးထွင်း၍သိခြင်းအစရှိသည်တို့ဖြင့်။ပရိညာဘိသမယာဒီဟိ။ ။ပရိညာဘိသမယာဒီဟိစသည်ဖြင့် သစ္စာ၄ပါးကို မဂ်ဖြင့် ထိုးထွင်း၍ သိခြင်း (မဂ်ရခြင်း) သည် တရားသောက်သုံးခြင်းမည်ကြောင်းကို ပြသည်၊ အာဒိဖြင့် ပဟာနာဘိသမယ (ပယ်ခြင်းဟူသော ထိုးထွင်း၍သိခြင်း) , သစ္ဆိကိရိယာဘိသမယ (မျက်မှောက်ပြုခြင်းဟူသော ထိုးထွင်း၍သိခြင်း) , ဘာဝနာဘိသမယ (ပွားစေခြင်းဟူသော ထိုးထွင်း၍သိခြင်း) တို့ကို ယူပါ။
ချဲ့ပါဦးမည်-ဆီမီးသည် မီးစာကို လောင်ခြင်း, အမှောင်ကို ပယ်ခြင်း, အလင်းကိုပြခြင်း, ဆီကို ကုန်စေခြင်း ဤကိစ္စ၄ချက်တို့ကို တစ်ပြိုင်နက် ပြီးစေသကဲ့သို့ မဂ်တရားလည်း ဒုက္ခသစ္စာကို "ဤမျှသာ ရှိ၏ ၊ ဤလောကီစိတ်, စေတသိက်, ရုပ်ထက် အပိုမရှိ" ဟု ပိုင်းခြား၍ သိခြင်းဟူသော ပရိညာကိစ္စ, သမုဒယသစ္စာ, တဏှာလောဘကိုပယ်ခြင်းဟူသော ပဟာနကိစ္စ, နိရောဓသစ္စာ (နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်းဟူသော သစ္ဆိကိရိယာကိစ္စ, မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပွားစေခြင်းဟူသော ဘာဝနာကိစ္စ ဤကိစ္စ၄ချက်တို့ကို တစ်ပြိုင်နက် ပြီးစေသည်။ (ဝိသုဒ္ဓိ-၂, ၃၃၁) ။ ဒုက္ခဒီနိ၊ ဒုက္ခအစရှိကုန်သော။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ ပဋိဝိဇ္ဈန္တော၊ ထိုးထွင်းသိလသော်။ ဝါ၊ သိလျှင်။ ဓမ္မံ၊ တရားကို။ ပိဝတိ နာမ၊ သောက်သုံးသည်မည်၏ ။
အနက်ပေးပုံ။ ။ဝိပ္ပသန္နေန၌ နာဝိဘတ်သည် ကင်္ခါဋီသစ်-၁၂၁အလို ကရိုဏ်းအနက်, ထေရ. ဋ္ဌ-၂, ၁၀၈အလိုဣတ္ထမ္ဘူတလက္ခဏအနက်နည်း၊ "သဒါ ရမတိ"၏ အဖွင့်ဖြစ်သော "ဧဝရူပေါ ဓမ္မပီတိ ဝိပ္ပသန္နေန စေတသာ ဝိဟရန္တော ပဏ္ဍိစ္စေန သမန္နာဂတော သဒါ ရမတိ" ဟူသော ဝါကျအလိုမူ "ဝိပ္ပသန္နေန စေတသာ" သည် ဝိဟရန္တော၌ ကရိုဏ်းအဖြစ်ဖြင့် စပ်ရသကဲ့သို့ ဂါထာ၌လည်း သေတိ၌ နည်းတူစပ်ရမည်၊ ဘာကြောင့်နည်း? "သေတီတိ. . .ဝိဟရတိ" ဟူသော အဖွင့်နှင့် "ဝိဟရန္တော" ဟူသော အဖွင့်သည် သဘောတူသောကြောင့်တည်း၊ ဆက်ဦးအံ့-"ဧဝရူပေါ" စသော အဖွင့်၌ ပဏ္ဍိတောသည်ပင် တရားကို သောက်သုံးသူ (ဓမ္မပီတိ) , ကြည်လင်သော စိတ်ဖြင့် တေသူဖြစ်ရကား ဒီပကနည်းအရ ပဏ္ဍိတောသည် ဂါထာ၌ "သေတိ, ရမတိ" ဟူသော ကြိယာ၂ပုဒ်လုံး၏ ကတ္တားတည်း။
တစ်နည်း။ ။ဓမ္မပီတိကို သေတိ၏ ကတ္တား, ဝိပ္ပသန္နေန စေတသာကို ဣတ္ထမ္ဘူတလက္ခဏယူ၍လည်း ပေး၏ ၊ "ဓမ္မပီတိ-တရားကို သောက်သူသည်၊ သုခံ-စွာ၊ သေတိ-၏ ၊ ပဏ္ဍိတော-သည်၊ အရိယပ္ပဝေဒိတေ-သော၊ ဓမ္မေ-၌၊ ဝိပ္ပသန္နေန စေတသာ (ဝိပ္ပသန္နစေတော ဟုတွာ) အထူးသဖြင့် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍၊ သဒါရမတိ-၏ ၊ (တစ်နည်း) ဝိပ္ပသန္နေန-သော၊ စေတသာ-ဖြင့်၊ (ဥပလက္ခိတော-မှတ်သားအပ်သော) ပဏ္ဍိတော-သည်၊ အရိယပ္ပဝေဒိတေ-သော၊ ဓမ္မေ-၌၊ သဒါ၊ ရမတိ-၏" ဟု ပေးပါ၊ဤသို့ပေးရာ၌ "စေတသာကား ပဏ္ဍိတော၌ ဣတ္ထမ္ဘူတလက္ခဏ, ပဏ္ဍိတောကား ဣတ္ထမ္ဘူတလက္ချ"ဟု စပ်ပါ၊ ပြအပ်ခဲ့သော "ဝိပ္ပသန္နေန စေတသာ ဝိဟရန္တော" ဟူသော အဖွင့်အလိုမူ "သေတိ" ၌ စပ်စေလို၏ ။
သမန္နာဂတောဖြင့် "သဉ္ဇာတာ+ပဏ္ဍာ ဧတဿာတိ ဝါ ပဏ္ဍိတော၊ [ သဉ္ဇာတံတာရကာဒိတွိတော (မောဂ်-၄, ၄၅) သုတ်ဖြင့် သဉ္ဇာတအနက်, ဣတသက်၊ ]" ဟု သဉ္ဇာတအဿတ္ထိတဒ္ဓိတ်ဖြစ်စေ, "ပဏ္ဍာ+ဣတာ ဂတာ သဉ္ဇာတာ ယဿာတိ ပဏ္ဍိတော၊ [ ပဏ္ဍာ+ဣတာ၊-မဏိ-၁, ၂၉၀၊ ] ပဏ္ဍာ+ဣတာ ဂတာ ပဝတ္တာ အသ္မိန္တိ ပဏ္ဍိတော၊ [ ဂဠုန်-၃၊ ] ဣတာ သဉ္ဇာတာ+ပဏ္ဍာ ဧတဿာတိ ပဏ္ဍိတော၊ [ ဣတာ+ပဏ္ဍာ၊ ရှေ့နောက်ပြန်၊-သီဋီသစ်-၁, ၁၆၇၊ ]" ဟု ဗဟုဗ္ဗီဟိသမာသ်ဖြစ်စေ, "ပဏ္ဍတိ ဉာဏဂတိယာ ဂစ္ဆတီတိ ပဏ္ဍိတော၊ [ ပဍိ+တ ]" ဟု ကတ္တုသာဓနဖြစ်စေ ပြုစေလိုသည်၊ မှန်၏- "သမန္နာဂတော, သမ္ပန္နော "စသည်ဖွင့်လျှင် တစ်ပုဒ်တည်းဖြစ်မူ အဿတ္ထိ တဒ္ဓိတ်ဝိဂြိုဟ်, သို့မဟုတ်, ကတ္တုသာဓနဝိဂြိုဟ်, ၂ပုဒ်ဖြစ်မူ ဗဟုဗ္ဗီဟိသမာသ်ဝိဂြိုဟ်ပြုရိုးထုံးစံရှိသည်။
တစ်နည်း။ ။ပဏ္ဍိတောကို "ပဏ္ဍ+ဣတော" ဟု ခွဲ၍ ပဏ္ဍိစ္စေနကား ပဏ္ဍာ၏အဖွင့်, သမန္နာဂတောကား ဣတော၏ အဖွင့်ဟု ယူလျှင် "ပဏ္ဍိစ္စေန+သမန္နာဂတော"ဖြင့် "ပဏ္ဍာယ+ဣတော ဂတော ပဝတ္တော သမန္နာဂတောတိ ပဏ္ဍိတော၊ [ ပဏ္ဍာ+ဣတ၊-မဋီ၂, ၈၀၊ သံဋီ-၂, ၃၀၇၊ နီတိဓာတု-၅၈၊ မဏိ-၁, ၂၉၀ ]" ဟု တတိယာ တပ္ပုရိသ်ဝိဂြိုဟ်ပြုရန် ပြသည်၊ မှန်၏-ဤသို့ ရှေ့ပုဒ်အဖွင့်နှင့် နောက်ပုဒ်အဖွင့်ဝိဘတ်ခြင်းမတူအောင် ဖွင့်လျှင် "နာနာဝိဘတ္တိက, ဖွင့်၍ပြ, တပ္ပုရိသကြံစရာ" နှင့်အညီ တပ္ပုရိသ်သမာသ်ဝိဂြိုဟ် ပြုရိုးထုံးစံရှိသည်။ သဒါ၊ အခါ ခပ်သိမ်း။ ရမတိ၊ မွေ့လျော်၏ ။ အဘိရမတိ၊ အလွန် မွေ့လျော်၏ ။ ဣတိ၊ ဂါထာဖွင့်အပြီးတည်း။