Issues
Select Version
汉译
中文
သာရဒဿီ-sāradassī
မြန်မာဘာသာ
法护-Dhammapāla
中文
Dhammapada-aṭṭhakathā
Dhammapada-aṭṭhakathā

နှစ်ဆယ်တို့၏ပြည့်ကြောင်းဖြစ်သော မဂ္ဂဝဂ်တို့၌ ကိသဂေါတမီ၏ အဋ္ဌုပ္ပတ္တိကို ဟောရာဖြစ်သော ဂါထာတို့၏ အတ္တဝဏ္ဏနာကိုပြုပြီး၍ ပဋာစရီဝတ္ထု၌ ဟောရာဖြစ်သော ဂါထာတို့၏ အတ္ထဝဏ္ဏနာကို ပြုတော်မူလိုသော အရှင်ဗုဒ္ဓဃောသဆရာသည် န သန္တိပုတ္တာတိ အစရှိသာပါဌ်ကို မိန့်သတည်း။

Author: သာရဒဿီ-sāradassī @ IAPT

နှစ်ဆယ်တို့၏ပြည့်ကြောင်းဖြစ်သော မဂ္ဂဝဂ်တို့၌ ကိသဂေါတမီ၏ အဋ္ဌုပ္ပတ္တိကို ဟောရာဖြစ်သော ဂါထာတို့၏ အတ္တဝဏ္ဏနာကိုပြုပြီး၍ ပဋာစရီဝတ္ထု၌ ဟောရာဖြစ်သော ဂါထာတို့၏ အတ္ထဝဏ္ဏနာကို ပြုတော်မူလိုသော အရှင်ဗုဒ္ဓဃောသဆရာသည် န သန္တိပုတ္တာတိ အစရှိသာပါဌ်ကို မိန့်သတည်း။

န သန္တိ ပုတ္တာတ ဣမံ ဓမ္မဒေသနံ၊ နသန္တိ ပုတ္တာ ဟူသော ဤဓမ္မဒေသနာကို။ သတ္ထာ၊ မြတ်စွာဘုရားသည်။ ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။ ဝိဟရန္တော၊ နေတော်မူလျက်။ ပဋာစာရိံ၊ ပဋာစာရီကို။ အရဗ္ဘ၊ အကြောင်းပြု၍။ ကထေသိ၊ ဟောတော်မူ၏။
ဝတ္ထု၊ ဝတ္ထုကို။ သဟဿဝဂ္ဂေ၊ သဟဿဝဂ်၌။
ဥဒယဗ္ဗယံ၊ အဖြစ်အပျက်ကို။ အပဿံ အပဿန္တော၊ မမြင်သော။ ယောစ၊ အကြင်သူသည်ကား။ ဝဿသဟံ၊ အနှစ်တရာပတ်လုံး။ ဇီဝေ၊ အသက်ရှည်အံ့။
သော၊ ထိုသူသည်။ န သေယျော၊ မြတ်သည်မမည်။ ဥဒယဗ္ဗယံ၊ အဖြစ်အပျက်ကို။ မဿတော ပဿန္တဿ၊ မြင်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျာ၊ မြတ်၏။
ဣတိ ဣမာယ ဂါထာဝဏ္ဏနာယ၊ ဤဂါထာအဖွဲ့၌။ ဝိတ္တာရေတွာ၊ ချဲ့၍။ ကထိတံ၊ ဟောတော်မူအပ်ပြီ။
တဒါနေ၊ ထိုအခါ၌ကား။ သတ္ထာ၊ မြတ်စွာဘုရားသည်။ ပဋာစာရိံ၊ ပဋာစာရီကို။ တနုဘုတသောကံ၊ ပါးသည်ဖြစ်၍ဖြစ်သော စိုးရိမ်ခြင်းကို။ ဉာတွာ၊ သိ၍။ ပဋာစာရေ၊ ပဋာစာရီ။ ပုတ္တာဒယောနာမ၊ သားအစရှိသာ သူတို့မည်သည်ကား။ ပရလောကံ၊ တမလွန်ဘဝသို့။ ဂစ္ဆန္တဿ၊ သွားသောသူအား။ တာဏံဝါ၊ စောင့်ရှောက်ရာသည်လည်းကောင်း။ လေဏံဝါ၊ ပုန်းအောင်းရာသည်လည်းကောင်း။ သရဏံဝါ၊ ကိုးကွယ်ရာသည်လည်းကောင်း။ ဘဝိတုံ၊ ဖြစ်ခြင်းငှါ။ နသက္ကောတိ၊ မတတ်နိုင်ကုန်။ တသ္မာ၊ ထို့ကြောင့်။ ဝိဇ္ဇမာနပိ၊ ထင်ရှားရှိသော် လည်း။ တေ၊ ထိုသားအစရှိသော သူတို့သည်။ နန္တိဃော၊ မရှိသည်မည်ကုန်သည်သာတည်း။
ပဏ္ဍိ​တေပန၊ ပညာရှိသောသူသည်ကား။ သီလံ၊ စတုပါရိသုဒ္ဓိသီလကို။ ဝိသောဓေတွာ၊ သုတ်သင်၍။ အတ္တနော၊ မိမိ၏။ နိဗ္ဗာနဂါမိမဂ္ဂမေဝ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သောမဂ်ကိုသာလျှင်။ သောဓေတုံ၊ သုတ်သင်ခြင်းငှါ။ ဝဋ္ဋတိ၊ သင့်၏။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ဓမ္မံ၊ ကို။ ဒေသေန္တော၊ ဟော်တော်မူလိုသည်ဖြစ်၍။ ဣမာဂါထာ၊ ဤဂါထာတို့ကို။ အဘာသိ၊ ဟောတော်မူ၏။
တာဏာယ၊ မိမိအားစောင့်ရှောက်ခြင်းငှါ။ ပုတ္တာ၊ သားအစရှိသောသူတို့သည်။ နသန္တိံ၊ မရှိကုန်။ ပိတာ၊ မိဘတို့သည်။ နသန္တိ၊ မရှိကုန်။ ဗန္ဓဝါပိ၊ အဆွေခင်ပွန်းနှလုံးအကျွမ်းဝင်သော သူတို့သည်လည်း။ နသန္တိ၊ မရှိကုန်။
အန္တကေန၊ သေမင်းသည်။ အဓိပန္နဿ၊ နှိပ်စက်သောသူအား။ ဉာတီသု၊ အဆွေခင်ပွန်းအစရှိသောသူတို့တွင်။ တာဏတာ၊ တစ်ယောက်ယောက်မျှ စောင့်ရှောက်နိုင်သည်၏အဖြစ်သည်။ နတ္ထိ၊ မရှိ။
ဝသံ၊ အလိုဟူသော။ ဧမတ္ထံ၊ ထိုစောင့်ရှောက်ခြင်းငှါမစွမ်းနိုင်သောအကြောင်းကို။ ဉတွာ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ သီလသံဝုသော၊ စတုပါရိသုဒ္ဓိသီလကိုစောင့်ရှောက်သည်ဖြစ်၍။
နိဗ္ဗာနဂမနံ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။ မဂ္ဂံ၊ မဂ်ကို။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ ဝိသောဓယေ၊ သုတ်သင်ရာ၏။ ဣတိ၊ ဤသို့။ အာဟ၊ ဟောတော်မူ၏။
တတ္ထ တာသု ဂါထာသု၊ ထိုဂါထာတို့၌။ တာဏာယတိ၊ တာဏာယဟူသည်ကား။ တာဏတာဝါယ၊ စောင့်ရှောက်ခြင်းငှါ။ ပတိဋ္ဌာနတ္ထာယ၊ တည်ရာဖြစ်ခြင်းငှါ။
ဗန္ဓဝါဟိ၊ ဗန္ဓဝါဟူသည်ကား။ ပုတ္တော၊ သားသမီးတို့ကိုလည်းကောင်း။ မာတာပိတရောစ၊ အမိအဘတို့ကိုလည်းကောင်း။ ဌပေတွာ၊ ထား၍။ အဝသေသာ၊ ကြွင်းကုန်သော။ ဉာတိသုဟဇ္ဇာ၊ အဆွေခင်ပွန်းနှလုံးအကျွမ်းဝင်သော သူတို့သည်။
အန္တကေနာဓိပန္နဿာတိ၊ အန္တကေနာဓိ ပန္နဿ ဟူသည်ကား။ မရဏေန၊ သေမင်းသည်။ အတိဘူတဿ၊ နှိပ်စက်သောသူအား။
ဟိ၊ ထိုစကားသင့်စွ။ ပဝတ္ထိယံ၊ ပဝတ္ထိအခါ၌။ ပုတ္တာဒယော၊ သားအစရှိသော သူတို့သည်။ အန္နဗာနာဒိနေနစေဝ၊ ထမင်းအဖျော်စသည်ကိုပေးသဖြင့်လည်းကောင်း။ ဥပ္ပန္နကိစ္စတ္ထရဏေနစ၊ ဖြစ်သောကိစ္စကို ထုတ်ပေးသဖြင့်လည်းကောင်း။ တာဏာ၊ စောင့်ရှောက်အပ်သည်။ ဟုတွာပိ၊ ဖြစ်၍လည်း။ မရဏကာလေ၊ သေသောအခါ၌။ ကေနစိဥပါယေန၊ တစုံတခုသော အကြောင်းဖြင့်။ မရဏံ၊ သေခြင်းကို။ ပဋိဗာဟိတုံ၊ တားမြစ်ခြင်းငှါ။ အသမတ္ထတာယ၊ မစွမ်းနိုင်သည်၏အဖြစ်ကြောင့်။ လေဏတ္ထာယ၊ ပုန်းအောင်းခြင်းငှါ။ နသန္တိ၊ မရှိကုန်။
တေနေဝ၊ ထို့ကြောင့်လျှင်။
နတ္ထိဉာတီသုတာဏေတာတိ၊ နတ္ထိဉာတီသုတာဏတာ ဟူ၍။ ဝုတ္ထံ၊ ဟောတော်မူအပ်၍။
ဧတမတ္ထဝသန္တိ၊ ဧတမတ္ထဝသံ ဟူသည်ကား။ ဧဝံ၊ ဤသို့။ တေသံ၊ ထိုဆွေမျိုးစသောသူတို့တွင်။ အညမညဿ၊ တစ်ယောက်သည် တစ်ယောက်အား။ တာဏံ၊ စောင့်ရှောက်ရာကို။ ဘဝိတုံ၊ ဖြစ်ခြင်းငှါ။ အသမတ္ထဘာဝသင်္ခါတံ၊ မစွမ်းနိုင်သည်၏အဖြစ်ဟု ဆိုအပ်သော။ ကာရဏံ၊ အကြောင်းကို။ ဇာနိတွာ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသာသူသည်။ စတုပါရိသုဒ္ဓိသီလေန၊ လေးပါးသော စတုပါရီသုဒ္ဓိသီလဖြင့်။ သံဝုတော ရက္ခိတဂေါပိစော၊ စောင့်ရှောက်လုံခြုံစေအပ်သည်။ ဟုတွာ၊ ဖြစ်၍။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။ အဋ္ဌင်္ဂိကံ မဂ္ဂံ၊ အင်္ဂါရှစ်ပါးရှိသော မင်ကို။ သီဃံသီဃံ၊ လျင်စွာလျင်စွာ။ ဝိသောဓေယျ၊ သုတ်သင်ရာ၏။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဒေသနာဝသာနေ၊ ဒေသနာတော်၏အဆုံး၌။ ပဋာစာရီ၊ ပဋာစာရီသည်။ သောတာပတ္တိဖလေ၊ သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌတိ၊ တည်၏။ အညေ၊ တစ်ပါးကုန်သော။ ဗဟူ၊ များစွာသောသူတို့သည်လည်း။ သောတာပတ္တိဖလာဒီနိ၊ သောတာပတ္တိဖိုလ် အစရှိသည်တို့ကို။ ပါပုဏိံသု၊ ရောက်ကုန်၏။ ဣတိပရိသမာပနံ၊ နှစ်ဆယ်တို့၏ပြည့်ကြောင်းဖြစ်သော မဂ္ဂဝဂ်၌ တစ်ဆယ့်နှစ်ခုမြောက်ဖြစ်သော ပဋာစာရီဝတ္ထု၏ပြီးခြင်းကို။ အဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
ဒွါဒသမံ၊ သော။ ပဋာစာရာဝတ္ထု၊ ပဋာစာရီဝတ္ထုတည်း။
မဂ္ဂဝဂ္ဂဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။
ဝီသတိမော၊ သော။ ဝဂ္ဂေါ၊ သည်။ နိဋ္ဌိတော၊ ပြီ။