အပုတ္တကသူဌေးဝတ္ထု၌ဟောရာဖြစ်သော ဂါထာတို့၏အတ္တဝဏ္ဏနာကိုပြုပြီး၍ အင်္ကုရနတ်သားဝတ္ထု၌ဟောရာဖြစ်သော ဂါထာတို့၏အတ္တဝဏ္ဏနာကိုပြုလိုသော အရှင်ဗုဒ္ဓဃောသဆရာသည် တိဏဒေါသာနီတိ စသောပါဌ်ကိုမိန့်သတည်း။
တိဏဒေါသာနီတိ ဣမံ ဓမ္မဒေသနံ တိဏဒေါသာနိစသော ဤတရားဟောခြင်းကို။
သတ္ထာ၊ သည်။
ပဏ္ဍုကမ္ဗလသိလာယံ၊ ပဏ္ဍုကမ္ဗလာကျောက်နေရာ၌။
ဝိဟရန္တော၊ နေတော်မူစဥ်။
အင်္ကုရံ၊ အင်္ကုရနတ်သားကို။
အာရဗ္ဘ၊ ၍။
ကထေသိ၊ ၏။
ဝတ္ထုံ၊ ဝတ္ထုကို။
ယေ ဈာနပ္ပသုကာ ဓီရာတိဂါထာယ၊ ယေ ဈာနပ္ပသုဘာ ဓီရာဟူသော ဂါထာ၌။
ဝိတ္ထာရီတမေဝ၊ ချဲ့အပ်ပြီးသည်သာလျှင်တည်း။
ဟိ၊ ထိုစကားသင့်စွ။
တတ္ထ၊ ထိုဂါထာ၌။
ဣန္ဒကံ၊ ဣန္ဒကနတ်သားကို။
အာရဗ္ဘ၊ အကြောင်းပြု၍။
ကထေသိ၊ ဟောတော်မူ၏။
ဧတံ၊ ဤစကားကို။
ဝုတ္တံ၊ ဆိုအပ်ပြီးလေပြီ။
သော၊ ထိုဣန္ဒကနတ်သားသည်။
အနုရုဒ္ဓတ္ထေရဿ၊ အနုရုဒ္ဓါမထေရ်အား။
အန္တောဂါမံ၊ ရွာတွင်းသို့။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ။
ပဝိဋ္ဌဿ၊ ဝင်သည်ရှိသော်။
အတ္တနောအာဘတံ၊ မိမိစားရဖို့အကျိုးငှါဆောင်ခဲ့သော။
တဋစ္ဆုမတ္တကံဘိက္ခံ၊ တယောက်မမျှသောဆွမ်းကို။
ဒါပေသိ၊ လှူခဲ့သတတ်။
တဿ၊ ထိုဣန္ဒနတ်သား၏။
ပုညံ၊ ကောင်းမှုသည်။
အင်္ကုရေန၊ အင်္ကုရနတ်သားသည်။
ဒသဝဿသဟဿာနိ၊ အနှစ်တစ်သောင်းတို့ပတ်လုံး။
ဒွါဒသယောဇနိကံ၊ တစ်ဆယ်နှစ်ယူဇနာတိုင်တိုင်။
ဥဒ္ဓနပန္တိံ၊ ခုံလောက်အစဥ်ကို။
ကတွာ၊ ပြု၍။
ဒိန္နဒါနတော၊ ပေးအပ်သောအလှူထက်။
မဟပ္ပလတရံ၊ အားကြီးသည်ထက်အားကြီးစွာ။
ဇာတံ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
ဧဝံအာဟ၊ ဤသို့ဟောတော်မူ၏။
ဧဝံဂုတ္ထေ၊ ဤသို့ဟောရာ၌။
သတ္ထာ၊ မြတ်စွာဘုရားသည်။
အင်္ကုရ၊ အင်္ကုရနတ်သား။
ဒါနံနာမ၊ အလှူမည်သည်ဤသို့စိစစ်၍လှူသည်ရှိသော်။
တံ၊ ထိုအလှူသည်။
သုခေတ္တေ၊ ကောင်းသောမြေဩဇာရှိသောအလယ်၌။
သုဝုတ္တဗီဇံဝိယ၊ ကောင်းစွာစိုက်ပျိုးအပ်သောမျိုးစေ့ကဲ့သို့။
မဟပ္ဖလံ၊ များမြတ်သောအကျိုးရှိသည်။
ဟောတိ၊ ဖြစ်၏။
တွံပန၊ သင်သည်ကား။
တထာ၊ ထိုအချင်းအရာဖြင့်။
နအကာသိ၊ မပြု။
တေန၊ ထိုကြောင့်။
တေ၊ သင်၏။
ဒါနံ၊ အလှူသည်။
မဟပ္ဖလံ၊ များမြတ်သောအကျိုးရှိသည်။
နဇာတံ၊ မဖြစ်။
ဣတိ ဣမ မတ္ထံ၊ ဤသို့သောအကြောင်းကို။
ဝိဘာဝန္တော၊ ထင်စွာပြုလိုသောကြောင့်။
အင်္ကုရ၊ အင်္ကုရ။
ကတ္ထ၊ အကြင်ပုဂ္ဂိုလ်၌။
ဝိစေယျ၊ ရွေးချယ်စိစစ်၍။
ဒါတဗ္ဗံ၊ ပေးလှူအပ်သော။
ယံဒါနံ၊ အကြင်အလှူသည်။
အတ္ထိ၊ ရှိ၏။
တံဒိန္နံ၊ ထိုပေးအပ်သောအလှူသည်။
မဟပ္ဖလံ၊ များမြတ်သောအကျိုးရှိ၏။
ဣဓ ဇီဝလောကေ၊ ဤသတ္တလောက၌။
ဒက္ခိဏေယျာ၊ မြတ်သောအလှူကိုခံထိုက်ကုန်သော။
ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။
သန္တိ၊ ရှိကုန်၏။
ဧသေသု၊ ထိုပုဂ္ဂိုလ်တို့၌။
ဒိန္နာနိ၊ ပေးအပ်သောအလှူတို့သည်။
မဟပ္ဖလာနိ၊ များမြတ်သောအကျိုးတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
သုခေတ္တေ၊ ကောင်းသောလယ်မြေ၌။
ဝုတ္တာနိ၊ စိုက်ပျိုးအပ်ကုန်သော။
ဗီဇာနိ၊ မျိုးစေ့တို့သည်။
မဟပ္ဖလာနိ၊ များသောအသီးရှိကုန်သည်။
ဟောန္တိယထာ၊ ဖြစ်ကုန်သကဲ့သို့။
တထာ၊ ထို့အတူ။
မဟပ္ဖလာနိ၊ များသောအကျိုးရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဝိစေယျ၊ ရွေးချယ်စိစစ်၍။
ဒါနံ၊ လှူခြင်းကို။
သုဂတပသတ္ထံ၊ မြတ်စွာဘုရားချီးမွမ်းအပ်၏။
ဣတိဝတွာ၊ ဤသို့မိန့်တော်မူ၍။
ဥတ္ထရိမ္ပိ၊ အလွန်ကိုလည်း။
ဓမ္မံ၊ တရားကို။
ဒေသေန္တော၊ ဟောတော်မူလိုသောမြတ်စွာဘုရားသည်။
ဣမာဂါထာ၊ ဤဂါထာတို့ကို။
အဘာသိ၊ ဟောတော်မူ၏။
ခေတ္တာနိ၊ လယ်တို့သည်။
တိဏဒေါသာနိ၊ မြက်ပေါက်သဖြင့်ပျက်စီးကုန်၏။
အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။
ရာဂဒေါသာ၊ အတွင်း၌ဖြစ်သောရာဂဖြင့်ဖျက်၏။
တသ္မာဟိ၊ ထို့ကြောင့်လျှင်။
ဝီတရာဂေသု၊ ရာဂကုန်ပြီးသောပုဂ္ဂိုလ်တို့၌။
ဒိန္နံ၊ ပေးအပ်သောအလှူသည်။
မဟပ္ဖလံ၊ များသောအကျိုးရှိသည်။
ဟောတိ၊ ဖြစ်၏။
ခေတ္တာနိ၊ လယ်တို့သည်။
တိဏဒေါသာနိ၊ မြက်ပေါက်သဖြင့်ပျက်စီးကုန်၏။
အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။
ဒေါသဒေါသာ၊ အတွင်း၌ဖြစ်သောဒေါသဖြင့်ဖျက်၏။
တသ္မာဟိ၊ ထို့ကြောင့်လျှင်။
ဝီတဒေါသေသု၊ ဒေါသကုန်ပြီးသောပုဂ္ဂိုလ်တို့၌။
ဒိန္နံ၊ ပေးအပ်သောအလှူသည်။
မဟပ္ဖလံ၊ များသောအကျိုးရှိသည်။
ဟောတိ၊ ဖြစ်၏။
ခေတ္တာနိ၊ လယ်တို့သည်။
တိဏဒေါသာနိ၊ မြက်တို့သည်ဖျက်စီးအပ်ကုန်၏။
အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။
မောဟဒေါသာ၊ အတွင်း၌ဖြစ်သောမောဟသည်ဖျက်ဆီးတတ်၏။
တသ္မာဟိ၊ ထို့ကြောင့်လျှင်။
ဝီတမောဟေသု၊ မောဟကုန်ပြီးသောပုဂ္ဂိုလ်တို့၌။
ဒိန္နံ၊ ပေးအပ်သောအလှူသည်။
မဟပ္ဖလံ၊ များသောအကျိုးရှိသည်။
ဟောတိ၊ ၏။
ခေတ္တာနိ၊ လယ်တို့သည်။
တိဏဒေါသာနိ၊ မြက်တို့ကြောင့်ပျက်စီးကုန်၏။
အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။
ဣစ္ဆာဒေါသာ၊ အတွင်း၌ဖြစ်သော အလိုရမ္မက်ဖြင့် ဖျက်၏။
တသ္မာဟိ၊ ထို့ကြောင့်လျှင်။
ဝီဂတိစ္ဆေသု၊ အလိုရမ္မက်ကုန်ပြီးသောပုဂ္ဂိုလ်တို့၌။
ဒိန္နံ၊ ပေးအပ်သောအလှူသည်။
မဟပ္ဖလံ၊ များသောအကျိုးရှိသည်။
ဟောတိ၊ ၏။
ဣတိအဘာသိ၊ ဤသို့ဟောတော်မူ၏။
တတ္ထ၊ ထိုဂါထာတို့တွင်။
တိဏဒေါသာနီတိ၊ ကား။
ဟိ၊ ထိုစကားသင့်စွ။
သာမာကာဒီနိ၊ မြက်စပါးအစရှိကုန်သော။
(၎င်းမြက်စပါးဆန်ကို စားမူလေပူထ၍ ကိုယ်ကြုံလှီတတ်သည်။ ၎င်းမြက်စပါးသည် ကသ္မီရသာမန်းမြက်ဟူ၍၎င်း ပေးတတ်ကြ၏။)
တိဏာနိ၊ မြက်တို့သည်။
ဥဋ္ဌဟန္တာနိ၊ ပေါက်ကုန်သည်ရှိသော်။
ပုဗ္ဗဏ္ဏာပရဏ္ဏာနိ ခေတ္တာနိ၊ စပါးပင်၊ ပဲပင်ရှိသောလယ်တို့သည်။
ဒူသေန္တိ ယထာ၊ ပျက်ကုန်သကဲ့သို့။
တေန၊ ထိုမြက်စပါးကြောင့်။
တာနိ၊ ထိုစပါးပဲတို့သည်။
ဗဟုဖလာနိ၊ များသောအသီးအနှံရှိကုန်သည်။
နဟောန္တိ ယထာ၊ မဖြစ်ကုန်သကဲ့သို့။
ဧဝံ၊ ဤအတူ။
သတ္တာနံပိ၊ သတ္တဝါတို့၏လည်း။
အန္တောရာဂေါ၊ အတွင်း၌ဖြစ်သောရာဂသည်။
ဥပ္ပဇ္ဇန္တော၊ ဖြစ်သည်ရှိသော်။
သတ္ထေ၊ သတ္တဝါတို့ကို။
ဒူသေတိ၊ ဖျက်ဆီး၏။
တေန၊ ထို့ကြောင့်။
တေသု၊ ထိုရာဂမကင်းသောပုဂ္ဂိုလ်တို့၌။
ဒိန္နံ၊ ပေးအပ်သောအလှူသည်။
မဟပ္ဖလံ၊ များသောအကျိုးရှိသည်။
နဟောတိ၊ မဖြစ်။
ခီဏာသဝေသု၊ ရဟန္တာပုဂ္ဂိုလ်တို့၌။
ဒိန္နံပန၊ ပေးအပ်သောအလှူသည်ကား။
မဟပ္ဖလံ၊ များသောအကျိုးရှိသည်။
ဟောတိ၊ ၏။
ဣတိအတ္ထော၊ တည်း။
တေန၊ ထို့ကြောင့်။
တိဏဒေါသာနိခေတ္တာနိ၊ ရာဂဒေါသာအယံပဇာ၊ တသ္မာဟိ ဝီတရာဂေသု၊ ဒိန္နံဟောတိ မဟပ္ဖလန္တိ၊ မဟပ္ဖလံဟူ၍။
ဝုတ္တံ၊ ဆိုအပ်ပြီ။
သေသဂါထာသုပိ၊ ကြွင်းသောဂါထာတို့၌လည်း။
ဧသေဝနယော၊ ဤနည်းလျှင်နည်းရှိ၏။
ဒေသနာဝသာနေ၊ အဆုံး၌။
အင်္ကုရောစ၊ အင်္ကုရနတ်သားသည်လည်းကောင်း။
ဣန္ဒကောစ၊ ဣန္ဒကနတ်သားသည်လည်းကောင်း။
သောတာပတ္တိဖလေ၊ ဖိုလ်၌။
ပဘိဋ္ဌဟိံသု၊ တည်ကုန်၏။
သမ္ပတ္တာနမ္ပိ၊ တို့အားလည်း။
သာတ္ထိကာ၊ အကျိုးရှိသော။
ဒေသနာ၊ သည်။
အဟောသိ၊ ဖြစ်၏။
ဒွါဒသမံ၊ သော။
အင်္ကုရဝတ္ထု၊ သည်။
ဣတိသမတ္တံ၊ ပြီးပြီ။
တဏှာဝဂ္ဂပဏ္ဏနာ၊ တဏှာဝဂ်အဖွင့်သည်။
နိဋ္ဌိတော၊ ပြီးပြီ။
စတုဝီသတိမော၊ နှစ်ဆယ့်လေးခုတို့၏ပြည့်ကြောင်းဖြစ်သော။
ဝဂ္ဂေါ၊ တဏှာဝဂ်သည်။
နိဋ္ဌိတော၊ ပြီးပြီ။