၁၀- ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဘာသာဋီကာ
မဓု ဝါ မညတိ ဗာလော, ယာဝ ပါပံ န ပစ္စတိ၊ ယဒါ စ ပစ္စတိ ပါပံ, ဗာလော ဒုက္ခံ နိဂစ္ဆတိ။
ယာဝ၊ အကြင်မျှလောက်ကာလပတ်လုံး။ ပါပံ၊ မကောင်းမှုသည်။ န ပစ္စတိ၊ အကျိုးမပေးလတ္တံ့။ ဝါ၊ အကျိုးမပေးသေး။ တာဝ၊ ထိုမျှလောက်ကာလပတ်လုံး။ ဗာလော၊ လူမိုက်သည်။ (ပါပံ၊ ကို) ။ **မဓု ဝါ**၊ ပျားရည်ကိုကဲ့သို့။ ဝါ၊ ပျားရည်နှင့်တူစွာ။ မညတိ၊ မှတ်ထင်၏ ။ ယဒါ စ၊ အကြင်အခါ၌ကား။ ပါပံ၊ သည်။ ပစ္စတိ၊ အကျိုးပေး၏ ။ တဒါ၊ ထိုအခါ၌။ ဗာလော၊ သည်။ ဒုက္ခံ၊ ဆင်းရဲကို။ နိဂစ္ဆတိ၊ ရရှိလေ၏ ။
"မုဒ္ဒိကဿ စ ပုပ္ဖဿ, ရသေ ခုဒ္ဒေ မဓူရိတံ (ဓာန်-၉၇၅)" ဂါထာအရ မဓုသဒ္ဒါသည် သပျက်သီးရည်, ပန်းပွင့်ရည်, ပျားရည်တို့ကို ဟောရာ ဤ၌ ပျားရည်အနက်ဟောဟု သိစေလို၍ "မဓုရရသံ" ဟု မိန့်သည်၊ ပျားရည်အနက်ဟောဆိုသော်လည်း ပျားရည်တစ်မျိုးတည်းကို ယူရမည်မဟုတ်၊ ချိုမြိန်ကောင်းမွန်သည့်အရသာရှိသောစားသောက်ဖွယ်မှန်သမျှကို ယူရမည်၊ ထိုကြောင့် "ဣဋ္ဌံ ဝိယ" ဟု မိန့်သည်၊ ကန္တံ, မနာပံတို့ကား ဣဋ္ဌံ၏ ပရိယာယ်များတည်း။
"မဓုံ ဝါ" ကောင်း။ ။ "ဣတိ နံ (ပါပံ) သော (ဗာလော) မဓုံဝ မညတိ" ဟူသောအဖွင့်၌ "နံ (ပါပံ)" ဟူသော ဥပမေယျနှင့် "မဓုံဝ" ဟူသော ဥပမာနသည် ဝိဘတ်ချင်းတူ၏ ၊ ဥပမေယျနှင့် ဥပမာနသည် ဝိဘတ်ချင်းတူမှ ပါဠိသွားထုံးစံကျသောကြောင့် "မဓုံ ဝါ" ဟု ရှိလျှင် ပိုကောင်းသည်၊ လက်ရှိပါဌ်အလိုမူ "မဓုံဝါ" ဟု ဆိုလိုလျက် မဓုနောင် နိဂ္ဂဟိတ်အကျေကြံပါ၊ ဆရာတို့ကား "မဓုံ ဝါ" သာ ပါဌ်မှန်၊ "မဓု ဝါ, မဓူဝ" တို့ကားပါဌ်ပျက်ဟု မိန့်တော်မူ၏ ၊ (ရူဘာ-၁, ၉၅) ။ [ ဥပမာန, ဥပမေယျ ဟု, ပဒ၂ပါး, လိင်ဝုစ်ပြားလည်း, ဝိဘတ်ကားမူ, တူမြဲဟူ၏ ၊-ဘုရား-၇၄။ ]
တစ်နည်း။ ။ မဓုဝ (မဓု+ဣဝ၊ မဓုံ+ဣဝ)" ဟု ကွစာဒိမဇ္ဈုတ္တရာနံစသောသုတ်ဖြင့် ဝ၏ အ-ကို အာဒီဃပြု၊ (ရူ-၂၀၃၊ ရူဋီ-၁၅၃) ၊ ဆက်ဦးအံ့-ရှေ့နည်းအတိုင်း ဝါသဒ္ဒါ သဒိသအနက်ဟောယူလျှင် ဝ၌ ဒီဃပြုသော ဤနောက်နည်းနှင့် မညီ ၊ ဤနောက်နည်းအတိုင်း ဝ၌ဒီဃပြုလျှင် ဝါသဒ္ဒါ သဒိသအနက်ဟောယူသော ရှေ့နည်းနှင့်မညီ၊ ထိုသို့မညီသော်လည်း သူ့နည်းနှင့်သူ ယုတ္တိရှိသည့်အပြင် စာသင်သားတို့ကို ဉာဏ်တိုးပွားစေနိုင်သောကြောင့် ၂နည်းလုံးကို ကောင်းစွာ မှတ်သားသင့်သည်။ **မဓုရရသံ ဝိယ**၊ ချိုသောအရသာရှိသောပျားရည်သည်ကဲ့သို့။ **ဣဋ္ဌံ** (ဝိယ)၊ အလိုရှိအပ်သော အရာသည်ကဲ့သို့။ **ကန္တံ** (ဝိယ)၊ နှစ်သက်အပ်သောအရာသည်ကဲ့သို့။ **မနာပံ** ဝိယ၊ စိတ်ကိုတိုးပွားစေတတ်သော အရာသည်ကဲ့သို့။ ဝါ၊ မြတ်နိုးဖွယ်ရာသည်ကဲ့သို့။ ဥပဋ္ဌာတိ၊ ထင်ရ၏ ။
တစ်နည်း။ ။ ဣတိကို ကာရဏအနက်ကြံပါ၊ ထိုသို့ကြံလျှင် ရှေ့ဝါကျ၌ရှိသော ဟိကို ကာရဏအနက်ယူ၍ "ဟိ (ယသ္မာ)-ကြောင့်၊ ဗာလဿ-သည်၊ ပါပံ-သော၊ အကုသလကမ္မံ-ကို၊ ကရောန္တဿ-စဉ်၊ တံ ကမ္မံ-သည်၊ မဓု ဝိယ- ကဲ့သို့၊ မဓုရရသံဝိယ-ကဲ့သို့၊ ဣဋ္ဌံ (ဝိယ)-ကဲ့သို့၊ ကန္တံ (ဝိယ)-ကဲ့သို့၊ မနာပံ ဝိယ-ကဲ့သို့၊ ဥပဋ္ဌာတိ-ထင်နေ၏ ၊ ဣတိ (တသ္မာ)-ထိုသို့ထင်နေသည်၏ အဖြစ်ကြောင့်၊ ဗာလော၊ နံ-ကို၊ မဓုံဝ-ကိုကဲ့သို့၊မညတိ" ဟု ပေး၊ ဤအလို "ဗာလဿ" စသော ရှေ့ဝါကျသည် ကာရဏဝါကျ, "ဣတိ" စသော ဝါကျသည် ဖလဝါကျတည်း၊ လူမိုက်သည် မကောင်းပြုနေစဉ် ထိုမကောင်းမှုသည် လူမိုက်စိတ်ထဲ၌ ပျားရည်ပမာ ချိုမြိန်ကောင်းမွန်သလို ထင်နေသောကြောင့် မကောင်းမှုကို ပျားရည်ကဲ့သို့ မှတ်ထင်သည်-ဟူလို။
မဓုဝါ၌ အနက်အမျိုးမျိုး။ ။ "ဣတိ နံ (ပါပံ) သော (ဗာလော) မဓုံဝ မညတိ" ဟူသော အဖွင့်၌ "နံ (ပါပံ) မဓုံဝ" ကို ကြည့်၍ "မဓုဝါ-ပျားရည်ကိုကဲ့သို့" ဟု ကံအနက်ပေးသည်၊ သီဋီသစ်နိ-၁, ၆၉၇၌ ကြိယာဝိသေသနကြံ၍ "မဓုဝါ-ပျားရည်နှင့်အတူ၊ (ပျားရည်နှင့်တူစွာ)" ဟု ပေး၏ ၊ နီတိသုတ္တနိ-၂, ၂၈၆၌ မဓုကို လိင်အနက်ဟော ပဌမန္တယူ၍ "မဓုဝါ-ပျားရည်အတူ ချိုသည်ဟူ၍" ဟု ပေး၏ ။
ဝါရိ ပေါက္ခရပတ္တေဝ, အာရဂ္ဂေရိဝ ဘာသပေါ၊ ယော န လိမ္ပတိ ကာမေသု, တမဟံ ဗြူမိ ဗြာဟ္မဏံ။
ပေါက္ခရပတ္တေ၊ ပဒုမ္မာကြာရွက်၌။ ဝါရိ၊ ရေပေါက်သည်။ န လိမ္ပတိ ဣဝ၊ မလိမ်းကျံ, မကပ်ငြိသကဲ့သို့လည်းကောင်း။ အာရဂ္ဂေ၊ အပ်ဖျား၌။ သာသပေါ၊ မုန်ညင်းစေ့သည်။ န လိမ္ပတိ ဣဝ၊ လည်းကောင်း။ (ဧဝမေဝ၊ သာလျှင်) ။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာမေသု၊ ဝတ္ထုကိလေသာ, ၂ဖြာသောကာမတို့၌။ နလိမ္ပတိ၊ မလိမ်းကျံမကပ်ငြိ။ (တစ်နည်း) ကာမေသု၊ ဝတ္ထုအာရုံ, ကာမဂုဏ်တို့၌။ န လိမ္ပတိ၊ ကိလေသာကာမတို့ဖြင့် မလိမ်းကျံမကပ်ငြိ။ [ ရှေ့ဓမ္မ . ဋ္ဌ-၂, ၄၁၀၊ သာရတ္ထ-၂, ၁၀၁၊ နောက် ဝဇိရ-၁၁၂၊ ] အဟံ၊ ငါဘုရားသည်။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဝါ၊ မကောင်းမှုကို မျှောပြီးသူဟူ၍။ ဝဒါမိ၊ ဟောတော်မူ၏ ။
ဝသေနအနက်အမျိုးမျိုး။ ။ "ဝသေန" ဟုရှိလျှင် ကရိုဏ်းအနက်, ဟိတ်အနက်, ကတ္တားအနက်, ဝိသေသနအနက်တို့တွင် ထိုက်သည်အားလျော်စွာ တစ်မျိုးမျိုး ပေးနိုင်၏ ၊ ဝသသဒ္ဒါသည် သတ္တိ-အစွမ်းအနက်၊ ပကာရ-အပြားအနက်, သမ္ဗန္ဓ-စပ်ခြင်းအနက်, ဣစ္ဆာ-အလိုအနက်, ဝိသေသ-အထူးအနက်တို့ကို ဟောနိုင်၏ ။
ထိုတွင် ဝသေနကို ဟိတ်အနက်, ဝိသေသနအနက်ပေးရာ၌ ဝသသဒ္ဒါသည် သတ္တိ-အစွမ်းအနက်, ပကာရ-အပြားအနက်, သမ္ဗန္ဓ-စပ်ခြင်းအနက်, ဝိသေသ-အထူးအနက်တို့တွင် တစ်မျိုးမျိုးကို ဟော၏ ၊ ကရိုဏ်းအနက်, ကတ္တားအနက်ပေးရာ၌ သတ္တိအနက်, ဝိသေသအနက်တို့တွင် တစ်မျိုးမျိုးကို ဟော၏ ၊ ဤ၌ ကရိုဏ်းအနက်, ဟိတ်အနက် ဖြစ်သင့်သည်၊ ဝသသဒ္ဒါလည်း သတ္တိ-အစွမ်းအနက်ကို ဟော၏ ။ "အောက်ကျခက်ထန်သည့်မာနဖြင့် သို့မဟုတ်, အောက်ကျခက်ထန်သည့်မာနကြောင့် ညှင်းဆဲကြသည်၊ အကျင့်မြတ်၏ အန္တရာယ်သို့ ကျရောက်စေသည်-ဟူလို။ [ ဝသေနပုဒ်, အနက်ထုတ်က, ကရဏ-ဟေတု, ကတ္တု-ဝိသေ, ဤလေးထွေ, ဟောလေထိုက်သင့်စွာ။ ဟိတ်-ဝိသေကား, စွမ်း-ပြား-စပ်ပိုင်း, ကရိုဏ်းစွမ်း-ထူး, ကတ္တားကြူး, စွမ်း-ထူး-အလို ဟောမြဲတည်း။- ရွှေ-၂၈၉, ၂၉၀။ ] ဝါ၊ ကြောင့်။ ဝိဟေဌေန္တိပိ၊ ညှင်းဆဲလည်း ညှင်းဆဲကုန်၏ ။ ဗြဟ္မစရိယန္တရာယမ္ပိ၊ မြတ်သောအကျင့်၏ အန္တရာယ်သို့လည်း။ ပါပေန္တိ၊ ရောက်စေကုန်၏ ။ တသ္မာ၊ ကြောင့်။ ဘိက္ခုနိသံဃဿ၊ ဖို့။ ဝါ၊ အတွက်။ အန္တောနဂရေ၊ မြို့၏ အတွင်း၌။ ဝသနဋ္ဌာနံ၊ နေရာအရပ်ကို။ (နေစရာကျောင်းကို) ။ ကာတုံ၊ ဝဋ္ဋတိ၊" ဣတိ၊ ဤသို့မိန့်တော်မူပြီ။