၃-ဆန္နတ္ထေရဝတ္ထုဘာသာဋီကာ
န ဘဇေ ပါပကေ မိတ္တေတိ၊ ဟူသော။
ဣမံ ဓမ္မဒေသနံ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ ဆန္နတ္ထေရံ၊ ကို။
အာရဗ္ဘ ကထေသိ၊
ကိရ၊ ချဲ့။
သော အာယသ္မာ၊ ထိုအရှင်ဆန္နသည်။
"အဟံ၊ သည်။
အမှာကံ၊ ငါတို့၏ ။
အယျပုတ္တေန၊ အရှင့်သားနှင့်။
သဒ္ဓိံ၊ အတူ။
**မဟာဘိနိက္ခမနံ**၊ မြတ်သော တောထွက်ခြင်းကို။
မဟာဘိနိက္ခမနံ။ ။ရှေ့နည်းအလို မဟာဘိနိက္ခမနံနှင့် နိက္ခန္တော ၂ပုဒ်လုံးအရ တောထွက်ခြင်းကြိယာကို ရသောကြောင့် အဘေဒဘေဒူပစာရအားဖြင့် အရမပြားဘဲ ပြားသကဲ့သို့ ခွဲဆိုသည်၊ နောက်နည်းအလို အဘေဒဘေဒူပစာရကြံဖွယ်မလို၊ "မဟီယတေ ပူဇီယတေတိ မဟန္တံ၊ အဘိနိက္ခမီယတေ အဘိနိက္ခမနံ၊ (တစ်နည်း) အဘိမုခံ နိက္ခမတိ ဧတ္ထာတိ အဘိနိက္ခမနံ၊ မဟန္တံ+အဘိနိက္ခမနံ မဟာဘိနိက္ခမနံ-မြတ်သောတောထွက်တော်မူခြင်း၊ ဝါ-မြတ်သော ရှေးရှုထွက်ရာတော" ဟု ပြုပါ။ (မဋီ-၂, ၁၂၅၊ သုတ်မဟာဘာ-၁, ၅၂)
ဝါ၊ မြတ်သော ရှေးရှုထွက်ရာတောသို့။
နိက္ခန္တော၊ ထွက်ခဲ့သည်။
(ဟောမိ) ၊ တဒါ၊ ထိုအခါ၌။
အညံ၊ ငါမှတစ်ပါး အခြားသော။
ဧကမ္ပိ၊ တစ်ယောက်သူကိုသော်လည်း။
န ပဿာမိ၊ မမြင်။
ဣဒါနိ ပန၊ ယခုအခါ၌ကား။
'အဟံ၊ သည်။
သာရိပုတ္တော နာမ၊ သာရိပုတြာမည်၏ ။
အဟံ၊ သည်။
မောဂ္ဂလ္လာနော နာမ၊ လ္လာန်မည်၏ ။
မယံ၊ တို့သည်။
အဂ္ဂသာဝကာ နာမ၊ အဂ္ဂသာဝကတို့ မည်၏။'
ဣတိ၊ သို့။
ဝတွာ၊ ပြောဆို၍။
ဣမေ၊ ဤသူတို့သည်။
ဝိစရန္တိ၊ လှည့်လည်နေကုန်၏။"
ဣတိ၊ သို့။
ဒွေ၊ ၂ပါးကုန်သော။
အဂ္ဂသာဝကေ၊ တို့ကို။
အက္ကောသတိ၊ ဆဲရေးတိုင်းထွာ၏ ။
သတ္ထာ၊ သည်။
ဘိက္ခူနံ၊ တို့၏ ။
သန္တိကာ၊ မှ။
တံ ပဝတ္တိံ၊ ထိုဖြစ်ပုံကို။
သုတွာ၊ ၍။
ဆန္နတ္ထေရံ၊ ကို။
ပကောသာပေတွာ၊ ခေါ်စေတော်မူ၍။
ဩဝဒတိ၊ ဆုံးမ၏ ။
သော၊ ထိုဆန္နထေရ်သည်။
တံခဏယေဝ၊ ထိုဆုံးမရာခဏ၌သာလျှင်။
တုဏှီ၊ ဆိတ်။
ဟုတွာ၊ ပုန၊ ဖန်။
ဂန္တွာ၊ ၍။
ထေရေ၊ တို့ကို။
အက္ကောသတိယေဝ၊ သည်သာ။
ဧဝံ၊ သို့လျှင်။
ယာဝတတိယံ၊ ၃ကြိမ်တိုင်အောင်။
**အက္ကောသန္တံ**၊ ဆဲရေးတိုင်းထွာသော အရှင်ဆန္နကို။
အက္ကောသန္တံ။ ။ အာ+ကုသ+အ+အန္တ၊ ကုသဓာတ်သည် အာရှေးရှိလျှင် ဆဲရေးခြင်းအနက်ကို ဟော၏ ၊ "ဆဲရေး" ဟူရာ၌လည်း ရုန့်ရင်းကြမ်းတန်းသော စကားတို့ဖြင့် ထိပါးပုတ်ခတ်ပြောဆိိုခြင်းမျိုးမဟုတ်၊ "ကံ-လက္ခဏ, ဟိတ်နက်ရ, မာန-အန္တဒုတိယာ (ကစ်ဘာ-၂, ၄၈၉)"နှင့်အညီ ဒုတိယာဝိဘတ်ဖြင့်ရှိသော အန္တပစ္စယန္တပုဒ်ကို ကံအနက်, လက္ခဏအနက်, ဟိတ်အနက်အားဖြင့် ၃နည်းပေးနိုင်သည်။
ဝါ၊ လသော်။
ဝါ၊ သောကြောင့်။
ပက္ကောသာပေတွာ၊ မူ၍။
သတ္ထာ၊ သည်။
ဩဝဒိတွာ၊ ၍။
"ဆန္န၊ န္န ! ။
ဒွေ၊ ကုန်သော။
အဂ္ဂသာဝကာ နာမ၊ တို့မည်သည်။
တုယှံ၊ ၏ ။
ကလျာဏမိတ္တာ၊ ကောင်းသော မိတ်ဆွေတို့တည်း။ (မိတ်ဆွေကောင်းတို့တည်း) ။
ဥတ္တမပုရိသာ၊ မြင့်မြတ်သော ယောက်ျားတို့တည်း။ (ယောက်ျားမြတ်တို့တည်း) ။
ဧဝရူပေ၊ ကုန်သော။
ကလျာဏမိတ္တေ၊ တို့ကို။
သေဝဿု၊ မှီဝဲလော။
ဘဇဿု၊ ဆည်းကပ်လော။"
ဣတိ ဝတွာ ဓမ္မံ ဒေသေန္တော ဣမံ ဂါထံ အာဟ၊ (ကိံ) ၊ "န ဘဇေ၊ ပေ ၊ ပုရိသုတ္တမေ" တိ၊ ၍။
(အာဟ)၊
န ဘဇေ ပါပကေ မိတ္တေ, န ဘဇေ ပုရိသာဓမေ၊ ဘဇေထ မိတ္တေ ကလျာဏေ, ဘဇေထ ပုရိသုတ္တမေ။
ပါပကေ၊ ယုတ်မာကုန်သော။ မိတ္တေ၊ မိတ်ဆွေတို့ကို။ န ဘဇေ၊ မမှီဝဲရာ။ ပုရိသာဓမေ၊ ယုတ်ညံ့သော ယောက်ျားတို့ကို။ န ဘဇေ၊ ရာ။ ကလျာဏေ၊ ကောင်းကုန်သော။ မိတ္တေ၊ တို့ကို။ ဘဇေထ၊ မှီဝဲရာ၏ ။ ပုရိသုတ္တမေ၊ မြင့်မြတ်သော ယောက်ျားတို့ကို။ ဝါ၊ ယောကျ်ားမြတ်တို့ကို။ ဘဇေထ၊ ၏ ။
တဿာ၊ ထိုဂါထာ၏ ။
အတ္ထော၊ ကား။
ကာယဒုစ္စရိတာဒိအကုသလကမ္မာဘိရတာ၊ ကာယဒုစရိုက်အစရှိသော အကုသိုလ်အမှု၌ ပျော်မွေ့သူတို့သည်။
ပါပမိတ္တာ နာမ၊ ပါပမိတ္တတို့မည်၏ ။ (ယုတ်မာကုန်သော မိတ်ဆွေတို့မည်၏) ။
**အဋ္ဌာနေ**၊ အရာမဟုတ်သော။
အဋ္ဌာနေ။ ။ တိဋ္ဌတိ ဧတ္ထ ဖလံ တဒါယတ္တဝုတ္တိတာယာတိ (ထိုအကြောင်းနှင့်စပ်သောဖြစ်ခြင်းရှိသည်၏အဖြစ်ကြောင့်) ဌာနံ၊ (သာရတ္ထ-၃, ၄၃၄) ၊ အဝိဇ္ဇမာနံ+ဌာနံ အဋ္ဌာနံ-မရအပ်, မရသင့်သောအရာ၊ နသဒ္ဒါ အနုပလဗ္ဘနအနက်၊ (တစ်နည်း) နတ္ထိ+ဌာနံ အဋ္ဌာနံ-မရှိ (မဟုတ်) သောအရာ၊ နသဒ္ဒါ အဘာဝ (မရှိ (မဟုတ်) ခြင်း) အနက်၊ ၂နည်းလုံးကို "န+ဌာနံ အဋ္ဌာနံ" ဟု ရိုးရာအတိုင်း ပြုနိုင်သည်။ (မူလဋီ-၂, ၂၀၇၊ အနုဋီ-၂, ၂၀၇၊ သမ္မောဘာ-၃, ၅၅၃) ၊ "သန္ဓိစ္ဆေဒနာဒိကေ ဝါ ဧကဝီသတိ-အနေသနာဒိဘေဒေ ဝါ" တို့ကား အဋ္ဌာနေ၏ သရုပ်တည်း၊ အဋ္ဌာနေကို ဝိသေသျယူ၍ "သန္ဓိစ္ဆေဒနာဒိကေ ဝါ-အိမ်အစပ်ကို ဖောက်ဖြတ်ခြင်းအစရှိသော အမှုသော်လည်းဖြစ်သော၊ ဧကဝီသတိအနေသနာဒိဘေဒေ ဝါ-၂၁ပါးသော အနေသနအစရှိသော အပြားရှိသော အမှုသော်လည်းဖြစ်သော၊ အဋ္ဌာနေ-မဟုတ်သောအရာ၌" ဟုလည်းပေးနိုင်သည်၊ အထက်၌ အဋ္ဌာနေကို ဝိသေသနယူ၍ ပေးခဲ့သည်။
**သန္ဓိစ္ဆေဒနာဒိကေ**ဝါ၊ အိမ်အစပ်ကို ဖောက်ဖြတ်ခြင်းအစရှိသော အမှု၌လည်းကောင်း။
သန္ဓိစ္ဆေဒနာဒိကေ။ ။ ဤ "သန္ဓိစ္ဆေဒနာဒိကေ ဝါ" ဖြင့် လူများအတွက် အဋ္ဌာန (မသင့်လျော်သောအမှု) ကိုပြသည်၊ "သန္ဓာတဗ္ဗာ ဧတ္ထာတိ သန္ဓိ၊ [ သံ+ဓာ+ဣ၊-အံ ဋီ-၃, ၃၅၀၊ ] သန္ဓိဿ+ဆေဒနံ သန္ဓိစ္ဆေဒနံ၊ သန္ဓိစ္ဆေဒနံ+အာဒိ ဧတဿာတိ သန္ဓိစ္ဆေဒနာဒိကံ-အိမ်အစပ်ကို ဖောက်ဖြတ်ခြင်းအစရှိသောအမှု" ဟု ပြု။
**ဧကဝီသတိအနေသနာဒိဘေဒေဝါ**၊ ၂၁ပါးသော အနေသနအစရှိသော အပြားရှိသော အမှု၌လည်းကောင်း။ဧကဝီသတိအနေသနာဒိဘေဒေ ဝါ။ ။ ဤ "ဧကဝီသတိအနေသနာဒိဘေဒေဝါ" ဖြင့် ရှင်ရဟန်းများအတွက် အဋ္ဌာနကို ပြသည်၊ "အယုတ္တာ+ဧသနာ အနေသနာ-မသင့်လျော်သော ရှာမှီးခြင်း၊ (ဒီဋီ-၃, ၂၂၇၊ အံဋီ-၂, ၂၇၀၊ ဝိသုဒ္ဓိဋီ-၁, ၆၈) ၊ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား မသင့်လျော်သော (ဝိနည်းတော်နှင့် မသင့်လျော်သော) မအပ်သော ရှာမှီးခြင်းကို "အနေသန"ဟု ခေါ်သည်၊ ဧကဝီသတိ+အနေသနာ ဧကဝီသတိအနေသနာ၊ ဧကဝီသတိအနေသနာ+အာဒိ ဧတဿာတိ ဧကဝီသတိအနေသနာဒိ-၂၁ပါးသောအနေသနအစရှိသောအပြား၊ ဧကဝီသတိအနေသနာဒိ+ဘေဒေါ ဧတဿာတိ ဧကဝီသတိအနေ သနာဒိဘေဒံ-၂၁ပါးသောအနေသနအစရှိသော အပြားရှိသောအမှု။
အနေသန၂၁ပါး။ ။ အနေသန ၂၁ပါးကား (၁) ဆေးကုပေးခြင်း, (၂) တမန်လုပ်ပေးခြင်း, (ခရီးရှည်သွားပေးခြင်း) , (၃) လူတို့စေခိုင်းသဖြင့် တစ်အိမ်မှတစ်အိမ်သို့ခရီးတိုသွားပေးခြင်း, (၄) အနာခွဲပေးခြင်း, (၅) အနာလိမ်းဆေးပေးခြင်း, (၆) အန်ဆေးပေးခြင်း, (၇) ဝမ်းနှုတ်ဆေးပေးခြင်း, (၈) နာနှပ်ဆီချက်ပေးခြင်း, (၉) မျက်စဉ်းဆီချက်ပေးခြင်း, (၁၀) ဝါးပေးခြင်း, (၁၁) ဓနိရွက်, ထန်းရွက်စသည်ပေးခြင်း, (၁၂) ပန်းပေးခြင်း, (၁၃) သစ်သီးပေးခြင်း, (၁၄) ဆပ်ပြာပေးခြင်း, (၁၅) ဒန်ပူပေးခြင်း, (၁၆) မျက်နှာသစ်ရေပေးခြင်း, (၁၇) မျက်နှာချေမှုန့်ပေးခြင်း, (၁၈) မြေညက်မှုန့်ပေးခြင်း, (၁၉) အလှူရှင်တို့ကို မြှောက်ပင့်, မိမိကိုယ်ကို နှိမ့်ချ၍ သနားချစ်ခင်အောင် ပြောဆိိုခြင်း, (၂၀) အမှန်နည်းပါး အမှားများသော စကားပြောဆိုခြင်း, (၂၁) ကလေးငယ်များ ချော့မြူခြင်းစသည်ဖြင့် အစေအပါးပြုခြင်းတို့တည်း။ (မူလဋီ-၁, ၉၇)
သုတ္တနိ. ဋ္ဌ-၁, ၁၇၈၊ ခုဒ္ဒက. ဋ္ဌ-၂၁၃။ ။ ပြုအပ်ခဲ့သော ၂၁ပါးတွင် (၄-၅-၆-၇-၈-၉) နံပါတ်များကို နှုတ်၍ ထိုနံပါတ်အစား "တစ်အိမ်မှ တစ်အိမ်သို့ ခြေကျင်သွား၍ အစေအပါးခံခြင်း, လက်ဆောင်ပေးခြင်း, လက်ဆောင်ပြန်ခြင်း, မြေကြန်အတတ်ဖြင့် အသက်မွေးခြင်း, ဗေဒင်နက္ခတ်အတတ်ဖြင့် အသက်မွေးခြင်း, အင်္ဂဝိဇ္ဇာအတတ်ဖြင့် အသက်မွေးခြင်း" တို့ကို သုတ္တနိ. ဋ္ဌ၊ ခုဒ္ဒက. ဋ္ဌ-တို့၌ ထည့်၏ ။
ဓမ္မဋီ-၁၃၂။ ။ (၁) ဝါးပေးခြင်း, (၂) ဓနိရွက်, ထန်းရွက်စသည်ပေးခြင်း, (၃) ပန်းပေးခြင်း, (၄) သစ်သီးပေးခြင်း, (၅) ဆပ်ပြာပေးခြင်း, (၆) ဒန်ပူပေးခြင်း ၊ (၇) အလှူရှင်တို့ကို မြှောက်ပင့်, မိမိကိုယ်ကို နှိမ့်ချ၍ သနားချစ်ခင်အောင် ပြောဆိုခြင်း, (၈) အမှန်နည်းပါး အမှားများသော စကားပြောဆိုခြင်း, (၉) ကလေးငယ်များအား ချော့မြူခြင်းစသည်ဖြင့် အစေအပါးပြုခြင်း, (၁၀) တစ်အိမ်မှ တစ်အိမ်သို့ ခြေကျင်သွား၍ အစေအပါးခံခြင်းဟူသော မိစ္ဆာဇီဝ၁၀ပါး၊ အာဇီဝကြောင့် ပညတ်အပ်သော သိက္ခာပုဒ်၆ပုဒ်လွန်ကြူးမှု ၆ပါး, ကုဟန, လပန, နေမိတ္တိက, နိပ္ပေသိကတာ, လာဘေနလာဘံ ဇိဂီသနတာ ၅ပါးအားဖြင့် ၂၁ပါးကို အနေသန ၂၁ပါးဟု ဓမ္မဋီ၌ ဆို၏ ။ နိယောဇကာ၊ ယှဉ်စေသူတို့သည်။ ဝါ၊ တိုက်တွန်းသူတို့သည်။ **ပုရိသာဓမာ** နာမ၊ ပုရိသာဓမတို့မည်၏ ။ ပုရိသာဓမာ။ ။ အဓောဘာဂေ+ဇာတာ အဓမာ၊ [ အဓော+ဣမ၊ ဩကို အ-ပြု၊ ဣကိုချေ၊-ဓာန်ဋီ-၇၀၀ ] (တစ်နည်း) အသီယန္တိ စဇီယန္တိ အဓမာ၊ (ဓာတွတ္ထ) ၊ အဿန္တိဇနေဟိ စဇ္ဇန္တီတိ အဓမာ၊ [ အသ+မ၊ သကို ဓပြု၊-ဇာဋီသစ်-၃, ၂၇၄၊ ] ပုရိသာ စ+တေ+အဓမာ စာတိ ပုရိသာဓမာ၊ ဝိသေသနုတ္တရပဒကမ္မဓာရည်းတည်း၊ ဤနည်းအလို ဒုစရိုက်၌ မွေ့လျော်သူသည် ပါပမိတ္တမည်၏ ၊ ခိုးဆိုးတိုက်ခိုက်မှု၌ အားပေးအားမြှောက်ပြုသောလူတို့နှင့် အနေသန၂၁ပါးစသောအမှု၌ အားပေးအားမြှောက်ပြုသော ရှင်ရဟန်းတို့သည် ပုရိသာဓမတို့ မည်၏ ၊ ဤသို့ ပါပမိတ္တနှင့် ပုရိသာဓမ ထူးသည်၏ အဖြစ်ကို ပြပြီး၍ ပါပမိတ္တနှင့် ပုရိသာဓမတို့ အတူတူပင်ဟု ပြခြင်းငှာ "ဥဘောပိ ဝါ" စသော နောက်တစ်နည်းကို မိန့်သည်။

ဝါ၊ ယုတ်ညံ့သောယောက်ျားတို့မည်၏ ။
ဝါ၊ တစ်နည်း။
ဥဘောပိ၊ ၂ယောက်လည်းဖြစ်ကုန်သော။
ဧတေ၊ ဤသူတို့သည်။ (မကောင်းမှု၌ မွေ့လျော်သူ, အရာမဟုတ်သည်၌ ယှဉ်စေသူတို့သည်) ။
ပါပမိတ္တာ စေဝ၊ ပါပမိတ္တတို့သည်လည်းကောင်း။
ပုရိသာဓမာ စ၊ ပုရိသာဓမတို့သည်လည်းကောင်း။
(ဟောန္တိ၊ ကုန်၏ ။)
တေ၊ ထိုပါပမိတ္တ ပုရိသာဓမတို့ကို။
န ဘဇေယျ၊ မဆည်းကပ်ရာ။
န ပယိရုပါသေယျ၊ မချဉ်းကပ်ရာ။
ပန၊ အနွယကား။
ဝိပရီတာ၊ ထိုမှပြောင်းပြန်ဖြစ်သော ပုဂ္ဂိုလ်တို့သည်။
ကလျာဏမိတ္တာ၊ ကလျာဏမိတ္တတို့သည်လည်းကောင်း။
သပ္ပုရိသာ စ၊ သပ္ပုရိသတို့သည်လည်းကောင်း။
(ဟောန္တိ) ၊ တေ၊ ထိုပုဂ္ဂိုလ်တို့ကို။
**ဘဇေထ**၊ ဆည်းကပ်ရာ၏ ။
ဘဇေထ။ ။ ဘဇ+အ+ဧထ၊ ဘူဝါဒိ ဘဇဓာတ်သည် ဘာဂအနက်, သေဝအနက်တို့ကို ဟောရာ ဤ၌ သေဝအနက်ဟောကြောင်းကို ပြလို၍ "ပယိရုပါသေထ" ဟု ဖွင့်သည်၊ "ဘဇေထ-ဆည်းကပ်ကုန်ရာ၏" ဟု ဗဟုဝုစ်ပေးကြသေး၏ ၊ ဘဇ+အ+ ဧယျာထ၊ ကွစိ ဓာတုဖြင့် ယျာကိုချေ၍ ပြီးစေလိုဟန် တူ၏ ၊ သို့သော် ရှေ့ပါဒများ၌ "န ဘဇေ " ဟု ဧကဝုစ်ရှိခြင်းကို ထောက်၍ ဧကဝုစ် ဧထဝိဘတ်သာ ကောင်းသည်။
ပယိရုပါသေထ၊ ချဉ်းကပ်ရာ၏ ။
ဣတိ၊ ဂါထာဖွင့်အပြီးတည်း။
ဒေသနာဝသာနေ၊ ၌။
ဗဟူ၊ တို့သည်။
သောတာပတ္တိဖလာဒီနိ၊ တို့ကို။
ပါပုဏိံသု၊ ကုန်ပြီ။
ဣတိ၊ ဆန္နဝတ္ထုအပြီးတည်း။
ပန၊ ဆက်။
ဆန္နတ္ထေရော၊ သည်။
တံ ဩဝါဒံ၊ ထိုဩဝါဒကို။
သုတွာပိ၊ ကြားနာပြီး၍လည်း။
ပုရိမနယေနေဝ၊ ရှေးနည်းဖြင့်သာလျှင်။
ဘိက္ခူ၊ တို့ကို။
အက္ကောသတိ၊ ဆဲရေး၏ ။
ပရိဘာသတိ၊ ခြိမ်းခြောက်၏ ။
ပုနပိ၊ တစ်ဖန်လည်း။
သတ္ထု၊ အား။
အာရောစေသုံ၊ ကုန်ပြီ။
သတ္ထာ၊ သည်။
"ဘိက္ခဝေ၊ တို့ ! ။
မယိ၊ သည်။
ဓရန္တေ၊ သက်တော်ထင်ရှားရှိနေစဉ်။
ဆန္နံ၊ ကို။
သိက္ခာပေတုံ၊ သင်ယူစေခြင်းငှာ။
ဝါ၊ ကျင့်စေခြင်းငှာ။
န သိက္ခိဿထ၊ စွမ်းနိုင်ကြလိမ့်မည်မဟုတ်ကုန်။
ပန၊ အနွယကား။
မယိ၊ သည်။
ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန်စံပြီးလသော်။
ဝါ၊ လျှင်။
သက္ခိဿထ၊ စွမ်းနိုင်ကြလိမ့်မည်။"
ဣတိ၊ သို့။
ဝတွာ၊ ၍။
ပရိနိဗ္ဗာနကာလေ၊ ပရိနိဗ္ဗာန်စံတော်မူခါနီးအခါ၌။
အာယသ္မတာ အာနန္ဒေန၊ သည်။
"ဘန္တေ၊ ရား ! ။
ဆန္နတ္ထေရေ၊ ဆန္နထေရ်၌။
အမှေဟိ၊ တပည့်တောတို့သည်။
ကထံ၊ အဘယ်သို့လျှင်။
ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်သုံးထိုက်ပါသနည်း? ။
ဣတိ၊ သို့။
ဝုတ္တေ၊ အပ်သော်။
"အာနန္ဒ၊ န္ဒာ ! ။
ဆန္နဿ၊ မည်သော။
ဘိက္ခုနော၊ အား။
**ဗြဟ္မဒဏ္ဍော**၊ ဗြဟ္မဒဏ်ကို။
ဗြဟ္မဒဏ္ဍော။ ။ ဗြဟ္မာ စ+သော+ဒဏ္ဍော စာတိ ဗြဟ္မဒဏ္ဍော-မြတ်သော နှိပ်ကွပ်ဆုံးမမှုဒဏ်၊ သဲဒဏ်ရေဒဏ်ပေးခြင်းမျိုးမဟုတ်ဘဲ သူဘာလုပ်လုပ်, ဘာပြောပြော၊ မပြောဆို, မဆုံးမဘဲ ပစ်ပယ်ထားခြင်းကို "ဗြဟ္မဒဏ်" ဟု ခေါ်သည်၊ ထိုသို့ မဆုံးမဘဲ ပစ်ပယ်ခြင်းသည် ဒဏ်ပေးခြင်း တစ်မျိုးပင်တည်း၊ မာန်ကျစေခြင်းငှာ ဗြဟ္မဒဏ်ကို ခွင့်ပြုအပ်သောကြောင့် ထိုဒဏ်အခတ်ခံရသော ရဟန်းကို လမ်းတွေ့လျှင် မျက်နှာလွှဲ၍ စောင်းငဲ့ကြည့်မှုကိုပင် မပြုဘဲ ရှောင်ရှားရမည်၊ ဗြဟ္မဒဏ်အခတ်ခံထားသော ရဟန်းမှန်းသိလျက် ထိုရဟန်းနှင့် ပေါင်းသင်းကာ မရှောင်ရှားဘဲနေသော ရဟန်းမှာ ဒုက္ကဋ်အာပတ်သင့်သည်၊ အရှင်ဆန္နသည် ဥက္ခေပနီယစသော ကံအပြုခံရစဉ်က မကြောက်ဘဲ ဗြဟ္မဒဏ်ကို ခတ်လိုက်မှသာ စိတ်ဆင်းရဲပြီး မူးမေ့လဲကျသည်အထိ ဖြစ်ခဲ့ရသည်။ (ဝိမတိ-၂, ၃၁၆)
ကာတဗ္ဗော၊ ပြုထိုက်၏ ။"
ဣတိ၊ သို့။
အာဏာပေသိ၊ စေခိုင်းတော်မူပြီ။
သော၊ ထိုဆန္နထေရ်သည်။
သတ္ထရိ၊ သည်။
ပရိနိဗ္ဗုတေ၊ သော်။
အာနန္ဒတ္ထေရေန၊ သည်။
အာရောစိတံ၊ မေးလျှောက်အပ်သော။
ဗြဟ္မဒဏ္ဍံ၊ ဗြဟ္မဒဏ်ကို။
သုတွာ၊ ၍။
**ဒုက္ခီ**၊ စိတ်ဆင်းရဲခြင်းရှိသည်။
**ဒုမ္မနော**၊ မကောင်းသောစိတ်ရှိသည်။
ဒုက္ခီ ဒုမ္မနော။ ။ ဒုက္ခီတိ စေတောဒုက္ခေန ဒုက္ခီ၊ ဒုမ္မနောတိ ဒေါသေန ဒုဋ္ဌမနော၊ ဝိရူပမနော ဝါ ဒေါမနဿာဘိဘူတတာယ၊- ဒီ. ဋ္ဌ-၁, ၁၈၂၊ သာရတ္ထ-၂, ၁၀၂။
ဝါ၊ ဖောက်ပြန်သော စိတ်ရှိသည်။
(ဟုတွာ) ၊ တိ-က္ခတ္တုံ၊ ၃ကြိမ်။
**မုစ္ဆိတော**၊ လွန်စွာဖြစ်သော တွေဝေခြင်းရှိလျက်။
မုစ္ဆိတော။ ။ မုစ္ဆိတောကို ပဏ္ဍိတောကဲ့သို့ သမာသ်ပုဒ်, တဒ္ဓိတ်ပုဒ်, ကိတ်ပုဒ်အားဖြင့် ၃မျိုးယူနိုင်သည်၊ "မုစ္ဆံ+ဣတော မုစ္ဆိတော-တွေဝေခြင်းသို့ ရောက်သည်၊ [ မုစ္ဆာ+ဣတ၊ ဒုတိယာတပ္ပုရိသ်သမာသ်၊-ထေရ. ဋ္ဌ-၂, ၅၂၄စသည်၊ ] မုစ္ဆာ+သဉ္ဇာတာ အဿာတိ မုစ္ဆိတော၊ [ သဉ္ဇာတတဒ္ဓိတ်၊ သဉ္ဇာတံ တာရကာဒိတွိတော (မောဂ်-၄, ၄၅) သုတ်ဖြင့် သဉ္ဇာတအနက်၌ ဣတပစ္စည်းသက်၊-နိဒီ-၃၃၅၊ ] မုစ္ဆတီတိ မုစ္ဆိတော၊ [ ကိတ်ပုဒ်၊ မုစ္ဆ+ တ၊ -နီတိဓာတု-၃၉၊ ]" ဟု ပြုပါ။
ဝါ၊ မူးမေ့လျက်။
ပတိတွာ၊ လဲကျပြီး၍။
ဝါ၊ သော်။
"ဘန္တေ၊ တို့ ! ။
မံ၊ တပည့်တော်ကို။
မာ နာသယိတ္ထ၊ မဖျက်ဆီးကြပါနှင့်။
ဣတိ၊ ဤသို့။
ယာစိတွာ၊ တောင်းပန်၍။
သမ္မာ၊ ကောင်းစွာ။
ဝတ္တံ၊ ကျင့်ဝတ်ကို။
ပရိပူရေန္တော၊ ဖြည့်ကျင့်လသော်။
န စိရဿေဝ၊ မကြာမြင့်မီပင်။
ပဋိသမ္ဘိဒါဟိ၊ တို့နှင့်။
သဟ၊ ကွ။
အရဟတ္တံ၊ သို့။
ပါပုဏိ၊ ပြီ။
ဣတိ၊ ပြီးပြီ။
ဆန္နတ္ထေဝတ္ထုဘာသာဋီကာ ပြီးပြီ။