Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Pañcakanipāta-aṭṭhakathā
Pañcakanipāta-aṭṭhakathā

7. Paṭhamaanāgatabhayasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

သတ္တမေ၊ ခုနစ်ခုမြောက်သောသုတ်၌။ **အာရညကေနာ**တိ၊ အာရညကေနဟူသည်ကား။ အရညဝါသိနာ၊ တော၌နေသော။
**အပ္ပတ္တဿာ**တိ၊ အပ္ပတ္တဿဟူသည်ကား။ အသံပတ္တဿ၊ မရောက်အပ်သော။ စျာနဝိပဿနာမဂ္ဂဖလပ္ပဘေဒဿ၊ စျာန်ဝိပဿနာမဂ်ဖိုလ်အပြားရှိသော။ ဝိသေသဿ၊ တရားအထူးသို့။ ပတ္တိယာ၊ ရောက်ခြင်းငှာ။
သေသပဒေသုပိ၊ ကြွင်းသောပုဒ်တို့၌လည်း။ ဧသေဝနယော၊ ဤနည်းလျှင်နည်းရှိ၏။
**သောမမဿအန္တရာယော**တိ၊ သောမမဿအန္တရာယောဟူသည်ကား။ သော၊ ထိုမြွေကင်းမြီးကောက်ကင်းခြေများသည်။ မမ၊ ငါ၏။ ဇီဝိတန္တရာယောစ၊ အသက်၏အန္တရာယ်သည်လည်းကောင်း။ ဗြဟ္မစရိယန္တရာယောစ၊ မြတ်သောအကျင့်၏အန္တရာယ်သည်လည်းကောင်း။ အဿ၊ ဖြစ်ရာ၏။ ပုထုဇ္ဇနကာလကိရိယံ၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏သေခြင်းကို။ ကရောန္တဿ၊ ပြုသောပုဂ္ဂိုလ်အား။ သဂ္ဂန္တရယောစ၊ နတ်ပြည်၏အန္တရာယ်သည်လည်းကောင်း။ မဂ္ဂန္တရာယောစ၊ မဂ်၏အန္တရာယ်သည်လည်းကောင်း။ ဘဝေယျ၊ ဖြစ်ရာ၏။
**ဟန္ဒာ**တိဧသောသဒ္ဒေါ၊ ဟန္ဒဟူသောဤသဒ္ဓါသည်။ ဝေါဿဂ္ဂဋ္ဌေ၊ ဝီရိယကိုအားထုတ်ခြင်းငှာစိတ်ကိုစွန့်လွတ်ခြင်းအနက်၌။ ပဝတ္တော၊ ဖြစ်သော။ နိပါတော၊ နိပါတ်ပုဒ်တည်း။
**ဝီရိယံအာရဗ္ဘတီ**တိ၊ ဝီရိယံအာရဗ္ဘတိဟူသည်ကား။ ဒုဝိဓမ္ပိ၊ နှစ်ပါးအပြားရှိသည်လည်းဖြစ်သော။ ဝီရိယံ၊ အားထုတ်ခြင်းကို။ ကရောတိ၊ ပြု၏။
**သတ္ထကဝါတာ**တိ၊ သတ္ထကဝါတာဟူသည်ကား။ သတ္ထံဝိယ၊ လက်နက်ကဲ့သို့။ သန္ဓိဗန္ဓနစ္ဆေဒကာ၊ အရိုးဆက်အဖွဲ့ကိုဖြတ်တတ်ကုန်သော။ ဝါတာ၊ လေတို့သည်။
**ဗာဠေတီ**တိ၊ ဗာဠေဟိဟူသည်ကား။ ကက္ခဠေဟိ၊ ကြမ်းကုန်သော။
**မာဏဝေဟီ**တိ၊ မာဏဝေဟိဟူသည်ကား။ စောရတိ၊ ခိုးလူတို့နှင့်။
**ကတကမ္မေဟိဝါ**၊ ပြုအပ်ပြီးသောခိုးမှုရှိသည်လည်းဖြစ်ကုန်သော။ **အကတကမ္မေဟိဝါ**၊ ပြုအပ်ပြီးသောခိုးမှုမရှိသည်လည်းဖြစ်ကုန်သော။ ဧတ္ထ၊ ကတကပ္ပေဟိဝါအကတကမ္မေဟိဝါဟူသောဤပါဌ်၌။ စောရိကံ၊ ခိုးမှုကို။ ကတွာ၊ ပြု၍။ နိက္ခန္တာ၊ ထွက်သောခိုးသူတို့သည်။ ကတကမ္မာနာမ၊ ပြုအပ်ပြီးသောခိုးမှုရှိသည်မည်ကုန်၏။ စောရိကံ၊ ခိုးမှုကို။ ကာတုံ၊ ပြုခြင်းငှာ။ ဂစ္ဆန္တာ၊ သွားကုန်သောသူခိုးတို့သည်။ အကတကမ္မာနာမ၊ ပြုအပ်ပြီးသောခိုးမှုမရှိသည်မည်ကုန်၏။
တတ္ထ၊ ထိုနှစ်ယောက်သောသူခိုးတို့တွင်။ ကတကမ္မာ၊ ပြုအပ်ပြီးသောခိုးမှုရှိသောခိုးသူတို့သည်။ ကမ္မဿ၊ မိမိပြုအပ်ပြီးသောခိုးမှု၏။ နိပ္ဖန္နတ္တာ၊ ပြီးသည်၏အဖြစ်ကြာင့်။ သတ္တာနံ၊ သတ္တဝါတို့၏။ ဂလလောဟိတံ၊ လည်ချောင်းသွေးကို။ ဂဟေတွာ၊ ယူ၍။ ဒေဝတာနံ၊ နတ်တို့အား။ ဗလိံ၊ ပူဇော်သကာကို။ ကရောန္တိ၊ ပြုကုန်၏။ အကတကမ္မာ၊ ပြုအပ်ပြီးသောခိုးမှုမရှိသောခိုးသူတို့သည်။ ဧဝံ၊ ဤသို့။ ကတေ၊ ပြုအပ်သည်ရှိသော်။ နော၊ ငါတို့၏။ ကမ္မံ၊ ခိုးမှုသည်။ နိပ္ပဇ္ဇိဿတိ၊ ပြီးလတ္တံ့။ ဣတိ၊ ဤသို့နှလုံးပိုက်၍။ ပဌမတရံ၊ ရှေးဦးစွာ။ ဒေဝတာနံ၊ နတ်တို့အား။ ဗလိံ၊ ပူဇော်သကာကို။ ကရောန္တိ၊ ပြုကုန်၏။
ဣဒံ၊ ဤသို့ပြုခြင်းကို။ သန္ဓာယ၊ ရည်၍။ **တေမံဇီတာဝေါရောပေယျုန္တိ**၊ တေမံဇီဝိတာဝေါရောပေယျုံဟူသောဤစကားကို။ ဝုတ္တံ၊ ဟောတော်မူအပ်၏။
**ဝါဠာအမနုဿာ**တိ၊ ဝါဠာအနုဿာဟူသည်ကား။ ကက္ခဠာ၊ ကြမ်းကုန်သော။ ရုဒ္ဓါ၊ သူတပါးတို့၏မျက်ရည်ကိုယိုစေတတ်ကုန်သော။ ယက္ခာဒယော၊ ဘီလူးအစရှိသည်တို့သည်။ အမနုဿာ၊ အမနုဿမည်ကုန်၏။