တတိယေ၊ သုံးမြောက်သောသုတ်၌။
**ဗဟုဘဏ္ဍော**တိ၊ ဗဟုဘဏ္ဍောဟူသည်ကား။
ဗဟုပရိက္ခာရော၊ များသောပရိက္ခရာရှိသည်။
**ဗဟုဘေသဇ္ဇော**တိ၊ ဗဟုဘေသဇ္ဇောဟူသည်ကား။
သပ္ပိနဝနီတာဒီနံ၊ ထောပတ်ဆီဦးအစရှိသည်တို့၏။
ဗဟုတာယ၊ များသည်၏အဖြစ်ကြောင့်။
ဗဟုဘေသဇ္ဇော၊ များသောဆေးရှိသည်။
**ဗျတ္တော**တိ၊ ဗျတ္တောဟူသည်ကား။
ဗျာသတ္တော၊ ထက်မြက်သည်။
**သံသဋ္ဌော**တိ၊ သံသဋ္ဌောဟူသည်ကား။
ပဉ္စဝိဓေန၊ ငါးပါးအပြားရှိသော။
သံသဂ္ဂေန၊ ရောနှောခြင်းဖြင့်။
သံသဋ္ဌော၊ ရောနှောခြင်းရှိသည်။
ဟုတွာ၊ ဖြစ်၍။
**အနနုလောမိကေနာ**တိ၊ အနနုလောမိကေနဟူသည်ကား။
သာသနဿ၊ သာသနာတော်အား။
အနနုစ္ဆဝိကေန၊ မလျောက်ပတ်သော။
စတုတ္ထေ၊ လေးခုမြောက်သောသုတ်၌။
**ဝဏ္ဏမစ္ဆရီ**တိ၊ ဝဏ္ဏမစ္ဆရီဟူသည်ကား။
ဂုဏမစ္ဆရီ၊ ဂုဏ်ကျေးဇူး၌ဝန်တိုခြင်းရှိသည်။
**ဓမ္မမစ္ဆရီ**တိ၊ ဓမ္မမစ္ဆရီဟူသည်ကား။
ပရိယတ္တိမစ္ဆရီ၊ ပရိယတ်တရားတော်၌ဝန်တိုခြင်းရှိသည်။