Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Pañcakanipāta-aṭṭhakathā
Pañcakanipāta-aṭṭhakathā

2. Dutiyacakkānuvattanasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ဒုတိယ၊ နှစ်ခုမြောက်သောသုတ်၌။ **ပိတရာပဝတ္တိတံစက္ကန္တိ**၊ ပိတရာပဝတ္တိတံစက္ကံဟူသည်ကား။ စက္ကဝတ္တိမှိ၊ စကြာဝတေးမင်းသည်။ ပဗ္ဗဇိတေဝါ၊ ရဟန်းပြုသော်လည်းကောင်း။ ကာလင်္ကတေဝါ၊ သေလွန်သော်လည်းကောင်း။ စက္ကရတနံ၊ စကြာရတနာသည်။ သတ္တာဟမတ္တံ၊ ခုနစ်ရက်မျှ။ ဌတွာ၊ တည်၍။ အန္တရဓာယတိ၊ ကွယ်ပျောက်၏။ ဧသဧသော၊ ဤစကြာဝတေးမင်း၏သားကြီးသည်။ ကထံ၊ အဘယ်သို့လျှင်။ တံ၊ ထိုအဘစကြာဝတေးမင်းသည်ဖြစ်စေအပ်သောစကြာရတနာကို။ အနုပတ္တေတိနာမ၊ တဖန်ဖြစ်စေအပ်သည်မည်သနည်း။
ပိတု၊ အဘ၏။ ပဝေဏိယံ၊ အစည်အဆက်၌။ ဌတွာ၊ တည်၍။ စက္ကဝတ္တိဝတ္တံ၊ စကြာမင်း၏အဖြစ်ကိုဆောင်တတ်သောဆယ်ပါးသောအကျင့်ဝတ်ကို။ ပူရေတွာ၊ ပြည့်စေ၍။ စက္ကဝတ္တိရဇ္ဇံ၊ စကြာဝတေးမင်း၏အဖြစ်ကို။ ကရောန္တောပိ၊ ပြုသော်လည်း။ ပိတရာ၊ အဘသည်။ ပဝတ္တိတမေဝ၊ ဖြစ်စေအပ်သောစကြာရတနာကိုသာလျှင်။ အနုပဝတ္တေတိနာမ၊ တဖန်ဖြစ်စေသည်မည်၏။