ပဉ္စမေ၊ ငါးခုမြောက်သောသုတ်၌။
နေဂမဇာနပဒဿာတိ၊ နေဂမဇာနပဒဿဟူသည်ကား။
နိဂမဝါသိနောစ၊ နိဂုံး၌နေလေ့ရှိသည်လည်းဖြစ်သော။
ရဋ္ဌဝါသိနောစ၊ တိုင်း၌နေလေ့ရှိသည်လည်းဖြစ်သော။
ဇနဿ၊ လူအပေါင်းသည်။
**ဟတ္ထိသ္မိန္တိ**အာဒီဟိ၊ ဟတ္ထိသ္မိံဤသို့အစရှိသည်တို့ဖြင့်။
ဟတ္ထိအဿရထဓနုလေခါမုဒ္ဒါဂဏနာဒီဟိ၊ ဆင်အတတ် မြင်းအတတ် ရထားအတတ် လေးအတတ် စာရေးအတတ် လက်ဆစ်ချိုးရေတွက်သောအတတ်
ဂဏန်းအတတ်အစရှိကုန်သော။
သောဠသ၊ တစ်ဆယ့်ခြောက်ပါးကုန်သော။
မဟာသိပ္ပါနိ၊ အတတ်ကြီးတို့ကို။
ဒဿိတာနိ၊ ပြအပ်ကုန်၏။
**အနဝယော**တိ၊ အနပယောဟူသည်ကား။
သမတ္ထော၊ စွမ်းနိုင်၏။
ပရိပုဏ္ဏော၊ ပြည့်စုံ၏။
ဧတ္ထ၊ ဤပဉ္စမသုတ်၌။
သေသံ၊ ကြွင်းသောစကားရပ်ကို။
ဟေဋ္ဌာ၊ အောက်၌။
ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင်။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ဆဋ္ဌေပိ၊ ခြောက်ခုမြောက်သောသုတ်၌လည်း။
**ဥပရဇ္ဇန္တိ**၊ ဥပရဇ္ဇံဟူသည်ကား။
ဥပရာဇဘာဝံ၊ အိမ်ရှေ့မင်း၏အဖြစ်ကို။