Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Pañcakanipāta-aṭṭhakathā
Pañcakanipāta-aṭṭhakathā

(13) 3. Gilānavaggo

Author: miuthi-မိုးထိ @ IAPT

တတိယဿ၊ သုံးခုမြောက်သောဝဂ်၏။ စတုတ္ထေ၊ လေးခုမြောက်သောသုတ်၌။ **နပဋိဗလော**တိ၊ နပဋိဗလောဟူသည်ကား။ ကာယဗလေနစ၊ ကိုယ်အားနှင့်လည်းကောင်း။ ဉာဏဗလေနစ၊ ဉာဏ်အားနှင့်လည်းကောင်း။ အသမန္နာဂတော၊ မပြည့်စုံသည်။
အာမိသန္တရောတိ၊ အာမိသန္တရောဟူသည်ကား။ အာမိသဟေတုကော၊ အာမိသလျှင်အကြောင်းရှိသည်။ စီဝရာဒီနိ၊ သင်္ကန်းအစရှိသည်တို့ကို။ ပစ္စာသီသမာနော၊ တောင့်တသောစိတ်ရှိသည်။
ပဉ္စမေ၊ ငါးခုမြောက်သောသုတ်၌။ **အနာယုဿာ**တိ၊ အနာယုဿဟူသည်ကား။ အာယုပစ္ဆေဒါ၊ အသက်၏ပြတ်ကြောင်းတို့သည်။ နအာယုဝဍ္ဎနာ၊ အသက်၏မပွားကြောင်းတို့သည်။
ဆဋ္ဌေပိ၊ ခြောက်ခုမြောက်သောသုတ်၌လည်း။ ဧသေဝနယော၊ ဤနည်းလျှင်နည်းရှိ၏။
သတ္တမေ၊ ခုနစ်ခုမြောက်သောသုတ်၌။ **နာလံသံဃမှာဝပကာသိတုန္တိ**၊ နာလံသံဃမှာဝယကာသိတုံဟူသည်ကား။ သံဃတော၊ သံဃာမှ။ နိက္ခမိတွာ၊ ထွက်၍။ ဧကကော၊ တယောက်အထည်းတည်း။ ဝသိတုံ၊ နေခြင်းငှာ။ နယုတ္တော၊ မသင့်။
ဧသဧသော၊ ဤရဟန်းသည်။ အသံယသောဘဏတာယ၊ သံဃာ၌မတင့်တယ်သည်၏အဖြစ်ကြောင့်။ သံဃမဇ္စျေဝိ၊ သံဃာအလယ်၌လည်း၊ ဝသိတုံ၊ နေခြင်းငှာ။ ကာမဉ္စအယုတ္တောဝ၊ အကယ်၍ကားမသင့်မလျောက်ပတ်သည်သာလျှင်ဖြစ်၏ရှင့်။ ပနတထာပိ၊ ထိုသို့မသင့်မလျောက်ပတ်သော်လည်း။ ဩဝါဒါနုသာသနိပဋိဗန္ဓတ္တာ၊ ဆုံးမကံမြစ်ခြင်းနှင့်စပ်သည်၏အဖြစ်ကြောင့်။ နိပ္ပရိယာယေနေဝ၊ မုချအားဖြင့်သာလျှင်။ သံဃမှာ၊ သံဃာအလယ်မှ။ အဝပကာသိတုံ၊ ကင်း၍နေခြင်းငှာ။ နယုတ္တော၊ မသင့်။
**အလံသံဃမှာဝပကာသိတုန္တိ**၊ အလံသံဃမှာဝပကာသိတုံဟူသည်ကား။ စာတုဒ္ဒိသတ္တာ၊ အပိတ်အပင်မရှိသောအရပ်လေးမျက်နှာရှိသည်၏အဖြစ်ကြောင့်။ သံဃမှာ၊ သံဃာမှ။ နိက္ခမ္မ၊ ထွက်၍။ ဧကကော၊ တယောက်အထည်းတည်း။ ဝသိတုံ၊ နေခြင်းငှာ။ ယုတ္တော၊ သင့်၏။ ပန၊ ထိုသို့ပင်သင့်သော်လည်း။ သံဃသောဘဏတာယ၊ သံဃာ၌တင့်တယ်သည်၏အဖြစ်ကြောင့်။ သံဃမဇ္စျေပိ၊ သံဃာအလယ်၌လည်း။ ဝသိတုံ၊ နေခြင်းငှာ။ ယုတ္တာယေဝ၊ သင့်သည်သာလျှင်တည်း။
အဋ္ဌမံ၊ ရှစ်ခုမြောက်သောသုတ်သည်။ ဥတ္တာနတ္ထမေဝ၊ ပေါ်လွင်သောအနက်ရှိသည်သာလျှင်တည်း။
နဝမေ၊ ကိုးမြောက်သောသုတ်၌။ အာပါယိကာတိ၊ အာပါယိကာယူသည်ကား။ အပါယဂါမိနော၊ အပါယ်သို့သွားလတ္တံသောပုဂ္ဂိုလ်တို့သည်။
**နေရယိကာ**တိ၊ နေရယိကာဟူသည်ကား။ နိရယဂါမိနော၊ ငရဲသို့လားလတ္တံ့သောပုဂ္ဂိုလ်တို့သည်။
**ပရိကုပ္ပါ**တိ၊ ပရိကုပ္ပါဟူသည်ကား။ ပရိကုပ္ပနသဘာဝါ၊ တဖန်မြုံသောအနာနှင့်တူသောသဘောရှိသောပုဂ္ဂိုလ်တို့သည်။ ပုရာဏဝဏသဒိသာ၊ အမာဟောင်းနှင့်တူသောပုဂ္ဂိုလ်တို့သည်။
**အတေကိစ္ဆာ**တိ၊ အတေကိစ္ဆာဟူသည်ကား။ အကတ္တဗ္ဗပဋိကမ္မာ၊ မပြုအပ်သောကုစားခြင်းအမှုရှိသောပုဂ္ဂိုလ်တို့သည်။
ဒသမံ၊ ဆယ်ခုမြောက်သောသုတ်သည်။ ဥတ္တာနတ္ထမေဝ၊ ပေါ်လွင်သောအနက်ရှိသည်သာလျှင်တည်း။ ဣတိ၊ ဤသည်လျှင်ဒသမသုတ်အပြီးတည်း။
တတိယော၊ သုံးခုမြောက်သော။ ဝဂ္ဂေါ၊ ဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ။