Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Pañcakanipāta-aṭṭhakathā
Pañcakanipāta-aṭṭhakathā

9. Paṭhamasekhasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

နဝမေ၊ ကိုးခုမြောက်သောသုတ်၌။ **သေခဿာ**တိ၊ သေခဿဟူသည်ကား။ သိက္ခကဿာ၊ ဖြည့်ကျင့်တတ်သော။ သကရဏီယဿ၊ ပြုဖွယ်ကိစ္စရှိသော။
**ပရိဟာနာယာ**တိ၊ ပရိဟာနာယဟူသည်ကား။ ဥပရိဥပရိ၊ အထက်အထက်၌။ ဂုဏေဟိ၊ ဂုဏ်ကျေးဇူးတို့မှ။ ပရိဟာပနတ္ထာယ၊ ယုတ်စေခြင်းငှာ။
**ကမ္မာရာမတာ**တိ၊ ကမ္မာရာမတာဟူသည်ကား။ နဝကမ္မေ၊ အမှုသစ်၌။ ရမနဘာဝေါ၊ မွေ့လျော်သည်၏အဖြစ်သည်။
**ဘဿာရာမတာ**တိ၊ ဘဿာရာမတာဟူသည်ကား။ အလ္လာပသလ္လာပေ၊ ရှေးဦးစွာပြောဆိုခြင်းစကားတုံပြောဆိုးခြင်း၌။ ရမနဘာဝေါ၊ မွေ့လျော်သည်၏အဖြစ်တည်း။
**နိဒ္ဒါရာမတာ**တိ၊ နိဒ္ဒါရာမတာဟူသည်ကား။ နိဒ္ဒါယနေ၊ အိပ်မွေ့ခြင်း၌။ ရမနဘာဝေါ၊ မွေ့လျော်သောအဖြစ်တည်း။
**သံဂဏိကာရာမတာ**တိ၊ သံဂဏိကာရာမတာဟူသည်ကား။ ဂဏသံဂဏိကာယ၊ ကိလေသာတည်းဟူသောအပေါင်းအဖော်ခြွေရံပရိသတ်စုဝေးခြင်း၌။ ရမနဘာဝေါ၊ မွေ့လျော်သည်၏အဖြစ်တည်း။
**ယထာဝိမုတ္တံစိတ္တံနပစ္စဝေက္ခတီ**တိ၊ ယထာဝိမုတ္တံစိတ္တံနပစ္စဝေက္ခတိဟူသည်ကား။ ယထာယေဟိဒေါသေဟိ၊ အကြင်အပြစ်တို့မှ။ ယံစိတ္တံ၊ အကြင်စိတ်သည်။ ဝိမုတ္တံ၊ လွတ်၏။ ယေဒေါသာ၊ အကြင်ဒေါသတို့ကို။ ပဟီနာ၊ ပယ်အပ်ကုန်၏။ ယေစဂုဏာ၊ အကြင်ဂုဏ်ကျေးဇူးတို့ကိုလည်း။ ပဋိလဒ္ဓါ၊ ရအပ်ကုန်၏။ တေ၊ ထိုအပြစ်ဂုဏ်ကျေးဇူးတို့ကို။ ပစ္စဝေက္ခိတွာ၊ စွန့်၍။ ဥပရိ၊ အထက်၌။ ဂုဏပဋိလာဘာယေဝ၊ ဂုဏ်ကျေးဇူးကိုရခြင်းငှာသာလျှင်။ ဝါယာမံ၊ လုံ့လကို။ နကရောတိ၊ မပြု။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဣတိ၊ ဤသို့။ ဣမသ္မိံသုတ္တေ၊ ဤသုတ်၌။ သတ္တန္နံ၊ ခုနှစ်ပါးကုန်သော။ သေခါနံ၊ သေခတို့၏။ ဥပရိဥပရိ၊ အထက်အထက်၌။ ဂုဏေဟိ၊ ဂုဏ်ကျေးဇူးတို့မှ။ ပရိဟာနိကာရဏဉ္စ၊ ယုတ်ခြင်း၏အကြောင်းကိုလည်းကောင်း။ ဝုဒ္ဓိကာရဏဉ္စ၊ ပွါးစီးခြင်း၏အကြောင်းကိုလည်းကောင်း။ ကထိတံ၊ ဟောအပ်၏။
စ၊ ဆက်၍ဆိုဦးအံ့။ သေခဿ၊ သေခပုဂ္ဂိုလ်၏။ ယံပရိဟာနကာရဏံနာမ၊ အကြင်ယုတ်ခြင်း၏အကြောင်းမည်သည်။ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုသေခပုဂ္ဂိုလ်၏ယုတ်ခြင်း၏အကြောင်းသည်။ ပုထုဇ္ဇနဿ၊ ပုထုဇဉ်၏။ ပဌမမေဝ၊ ရှေးဦးစွာကပင်လျှင်။ ပရိဟာနကာရဏံ၊ ယုတ်ခြင်း၏အကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသည်လျှင်နဝမသုတ်အပြီးတည်း။