Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Pañcakanipāta-aṭṭhakathā
Pañcakanipāta-aṭṭhakathā

3. Mahācorasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

တတိယေ၊ သုံးခုမြောက်သောသုတ်၌။ **ဣတောဘောဂေနပဋိသန္ဓရိဿာမီ**တိ၊ ဣတောဘောဂေနပဋိသန္ဓရိဿာမိသည်ကား။ ဣတောမမသာပတေယျတော၊ ဤငါ၏ဥစ္စာနှစ်မှ။ ဘောဂံ၊ စည်းစိမ်ကို။ ဂဟေတွာ၊ ယူ၍။ တေန၊ ထိုငါ၏အပြစ်ကိုဆိုသောသူနှင့်။ ပဋိသန္ဓာရံ၊ အစေ့အစပ်ကို။ ကရိဿာမိ၊ ပြုအံ့။ တဿစ၊ ထိုငါ၏အပြစ်ကိုဆိုသောသူ၏လည်းကောင်း။ မမစ၊ ငါ၏လည်းကောင်း။ အန္တရံ၊ အကြားကို။ ပိဒဟိဿာမိ၊ ပိတ်ဆို့အံ့။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
**ဂဟဏာနီ**တိ၊ ဂဟဏာနိဟူသည်ကား။ ပရသန္တကာနံ၊ သူတပါးဥစ္စာဖြစ်ကုန်သော။ ဘဏ္ဍာနံ၊ ဘဏ္ဍာတို့ကို။ ဂဟဏာနိ၊ ယူခြင်းတို့သည်။
**ဂုယှမန္တာ**တိ၊ ဂုယှမန္တာဟူသည်ကား။ ဂုဟိတဗ္ဗမန္တာ၊ လျှို့ဝှက်အပ်သောအတိုင်အပင်တို့သည်။
**အန္တဂ္ဂါဟိကာယာ**တိ၊ အန္တဂ္ဂါဟိကာယဟူသည်ကား။ သဿတန္တံဝါ၊ သဿတအယူအပိုင်းအခြားကိုလည်းကောင်း။ ဥစ္ဆေဒန္တံဝါ၊ ဥစ္ဆေဒအယူအပိုင်းအခြားကိုလည်းကောင်း။ ဂဟေတွာ၊ ယူ၍။ ဌိတာယာ၊ တည်သော။
သေသံ၊ ကြွင်းသောစကားရပ်သည်။ ဧတ္ထ၊ ဤသုတ်၌။ ဥတ္တာနတ္ထမေဝ၊ ပေါ်လွင်သောအနက်ရှိသည်သာလျှင်တည်း။
စတုတ္တေ၊ လေးခုမြောက်သောသုတ်၌။ သဗ္ဗံ၊ အလုံးစုံသည်။ ဝုတ္တနယမေဝ၊ ဆိုအပ်ပြီးသောနည်းရှိသည်သာလျှင်တည်း။