ပဉ္စကနိပါတဿ၊ ပဉ္စကနိပါတ်၏။
ပဌမေ၊ ရှေးဦးစွာသောသုတ်၌။
သတ္တန္နံ၊ ခုနှစ်ပါးကုန်သော။
သေခါနံ၊ သေခပုဂ္ဂိုလ်တို့၏။
ဗလာနိ၊ အားအစွမ်းတို့တည်း။
ဣတိတသ္မာ၊ ထိုကြောင့်။
**သေခဗလာနိ**၊ သေခဗလတို့မည်ကုန်၏။
သဒ္ဓါဗလာဒီသု၊ သဒ္ဓါဗလအစရှိသည်တို့၌။
အဿဒ္ဓိယေ၊ မယုံကြည်သောသူ၏အဖြစ်တည်းဟူသောအကုသိုလ်ကြောင့်။
န ကမ္ပတိ၊ မတုန်လှုပ်တတ်။
ဣတိတသ္မာ၊ ထိုကြောင့်။
**သဒ္ဓါဗလံ**၊ သဒ္ဓါဗလမည်၏။
အဟိရိကေ၊ ကာယဒုစရိုက် အစရှိသည်တို့ကိုမရှက်တတ်သော သူ၏အဖြစ်တည်းဟူသော အကုသိုလ်ကြောင့်။
န ကမ္ပတိ၊ မတုန်လှုပ်တတ်။
ဣတိတသ္မာ၊ ထိုကြောင့်။
**အဟိရိကဗလံ**၊ အဟိရိကဗလမည်၏။
အနောတ္တပ္ပေ၊ ကာယဒုစရိုက် အစရှိသည်တို့ကြောင့် မထိတ်လန့်သောသူ၏အဖြစ်တည်းဟူသော အကုသိုလ်ကြောင့်။
နကမ္ပတိ၊ မတုန်လှုပ်တတ်။
ဣတိတသ္မာ၊ ထိုကြောင့်။
**ဩတ္တပ္ပဗလံ**၊ ဩတ္တပ္ပဗလမည်၏။
ကောသဇ္ဇေ၊ ပျင်းသောသူ၏အဖြစ်တည်းဟူသောအကုသိုလ်ကြောင့်။
န ကမ္ပတိ၊ မတုန်လှုပ်တတ်။
ဣတိတသ္မာ၊ ထိုကြောင့်။
**ဝီရိယဗလံ**၊ ဝီရိယဗလမည်၏။
အဝိဇ္ဇာယ၊ အဝိဇ္ဇာကြောင့်။
န ကမ္ပတိ၊ မတုန်လှုပ်တတ်။
ဣတိတသ္မာ၊ ထိုကြောင့်။
**ပညာဗလံ**၊ ပညာဗလမည်၏။
**တသ္မာ**တိ၊ တသ္မာဟူသည်ကား။
ယသ္မာ၊ အကြင်ကြောင့်။
ဣမာနိ၊ ဤငါးပါးသောဗိုလ်တို့သည်။
သတ္တန္နံ၊ ခုနှစ်ပါးကုန်သော။
သေခါနံ၊ သေခတို့၏။
ဗလာနိ၊ ဗိုလ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။