တတိယေ၊ သုံးခုမြောက်သောသုတ်၌။
**အဇ္ဇဝေနာ**တိ၊ အဇ္ဇဝေနဟူသည်ကား။
ဥဇုဘာဝေနိ၊ ဖြောင့်မတ်သည်၏အဖြစ်ကြောင့်။
အဝင်္ကဂမနေန၊ အကောက်မသွားခြင်းနှင့်။
**ဇဝေနာ**တိ၊ ဇဝေနဟူသည်ကား။
ပဒဇဝေန၊ ခြေ၏လျှင်မြန်ခြင်းနှင့်။
**မဒ္ဒဝေနာ**တိ၊ မဒ္ဒဝေနဟူသည်ကား။
သရိရမုဒုတာယ၊ ကိုယ်နူးညံ့သည်၏အဖြစ်နှင့်။
**ခန္တိယာ**တိ၊ ခန္တိယာဟူသည်ကား။
အဓိဝါသနခန္တိယာ၊ သည်းခံခြင်းဟုဆိုအပ်သောခန္တီနှင့်။
**သောရစ္စေနာ**တိ၊ သောရစ္စေနဟူသည်ကား။
သုစိသီလာတာယ၊ စင်ကြယ်သောသီလရှိသည်၏အဖြစ်နှင့်။
ဘိက္ခုဝါရေ၊ ဘိက္ခုဝါရ၌။
**အဇ္ဇဝန္တိ**၊ အဇ္ဇဝံဟူသည်ကား။
ဉာဏဿ၊ ဉာဏ်၏။
ဥဇုကဂမနံ၊ ဖြောင့်မတ်စွာသွားခြင်းတည်း။
**ဇဝေါ**တိ၊ ဇဝေါဟူသည်ကား။
သူရံ၊ ရဲရင့်သည်။
ဟုတွာ၊ ဖြစ်၍။
ဉာဏဿ၊ ဉာဏ်ကို။
ဝဟနဘာဝေါ၊ ဆောင်နိုင်သည်၏အဖြစ်သည်။
**မဒ္ဒဝန္တိ**၊ မဒ္ဒဝံဟူသည်ကား။
သီလမဒ္ဒဝံ၊ သီလတည်းဟူသောနူးညံ့သောအဖြစ်တည်း။
**ခန္တီ**တိ၊ ခန္တိဟူသည်ကား။
အဓိဝါသနခန္တိယေဝ၊ သည်းခံခြင်းဟုဆိုအပ်သောခန္တိသည်ပင်လျှင်တည်း။
**သောရစ္စန္တိ**၊ သောရစ္စံဟူသည်ကား။
သုစိသီလတာယေဝ၊ စင်ကြယ်သောသီလရှိသည်၏အဖြစ်သည်သာလျှင်တည်း။
စတုတ္ထေ၊ လေးခုမြောက်သောသုတ်၌။
ပဉ္စ၊ ငါးပါးကုန်သော။
ဖလာနိ၊ ဖိုလ်တို့ကို။
မိဿကနိ၊ မိဿကတို့ကို။
ကထိတာနိ၊ ဟောအပ်ကုန်၏။