ဒသမေ၊ ဆယ်ခုမြောက်သောသုတ်၌။
**ဃောရဝိသော**တိ၊ ဃောရဝိသောဟူသည်ကား။
ကက္ခဠဝိသော၊ ခက်ထန်သောအဆိပ်ရှိသည်။
**ဒုဇိဝှေါ**တိ၊ ဒုဇိဝှေါဟူသည်ကား။
ဒွီဓာ၊ နှစ်ဖြာ။
ဘိန္နဇိဝှေါ၊ ကွဲသောလျှာရှိသည်။
**ဃောရဝိသတာ**တိ၊ ဃောရဝိသတာဟူသည်ကား။
ဃောရဝိသတာ၊ ကြမ်းသောအဆိပ်ရှိသည်၏အဖြစ်၌။
သေသဒွယေပိ၊ ကြွင်းသောပုဒ်နှစ်ခုအပေါင်း၌လည်း။
ဧသေဝနယော၊ ဤနည်းလျှင်နည်းရှိ၏။
တတိယော၊ သုံးခုမြောက်သော။
ဝဂ္ဂေါ၊ ဝဂ်တည်း။