Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Pañcakanipāta-aṭṭhakathā
Pañcakanipāta-aṭṭhakathā

4. Dussīlasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

စတုတ္ထေ၊ လေးခုမြောက်သောသုတ်၌။ **ဟတူပနိသော**တိ၊ ဟတူပနိသောဟူသည်ကား။ ဟတဥပနိဿယော၊ ပျက်စီးသောအားကြီးစွာသောအကြောင်းရှိသည်။ ဟတကာရဏော၊ ပျက်စီးသောအားဖြင့်သေသောအကြောင်းရှိသည်။
**ယထာဘူတဉာဏဒဿနန္တိ**၊ ယထာဘူတဥာဏဒဿနဟူသည်ကား။ နာမရူပပရိစ္ဆေဒဉာဏံ၊ နာမ်ရုပ်ကိုပိုင်းခြားတတ်သောဥာဏ်ကို။ အာဒိံကတွာ၊ အစပြု၍။ တရုဏဝိပဿနာ၊ နုသောဝိပဿနာတည်း။
**နိဗ္ဗိဒါဝိရာဂေါ**တိ၊ နဗ္ဗိဒါဝိရာဂေါဟူသည်ကား။ နိဗ္ဗိဒါစ၊ ငြီးငွေ့ခြင်းသည်လည်းကောင်း။ ဝိရာဂေါစ၊ တပ်မက်ခြင်းကင်းခြင်းသည်လည်းကောင်း။
တတ္ထ၊ ထိုနိဗ္ဗိဒါဝိရာဂနှစ်ပါးတို့တွင်။ နိဗ္ဗိဒါ၊ နိဗ္ဗိဒါဟူသည်ကား။ ဗလဝဝိပဿနာ၊ အားကြီးသောဝိပဿနာတည်း။ ဝိရာဂေါ၊ ဝိရာဂဟူသည်ကား။ မဂ္ဂေါ၊ အရိယမဂ်တည်း။
**ဝိမုတ္တိဉာဏဒဿနန္တိ**၊ ဝိမုတ္တိဉာဏဒဿနံဟူသည်ကား။ ဖလဝိမုတ္တိစ၊ အရဟတ္တဖိုလ်ဟုဆိုအပ်သောဝိမုတ္တိသည်လည်းကောင်း။ ပစ္စဝေက္ခဏဉာဏဉ္စ၊ ပစ္စဝေက္ခဏာဉာဏ်သည်လည်းကောင်း။