Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Pañcakanipāta-aṭṭhakathā
Pañcakanipāta-aṭṭhakathā

6-7. Vaṇṇanāsuttādivaṇṇanā

Author: miuthi-မိုးထိ @ IAPT

ဆဋ္ဌေ၊ ခြောက်ခုမြောက်သောသုတ်၌။ **သဒ္ဓါဒေယျံဝိနိပါတေတီ**တိ၊ သဒ္ဓါဒေယျံဝိနိပါတေတိဟူသည်ကား။ ပရေဟိ၊ သူတပါးတို့သည်။ သဒ္ဓါယ၊ ကံကံ၏အကျိုးကိုယုံကြည်သဖြင့်။ ဒိန္နပိဏ္ဍပါတတော၊ ပေးလှူအပ်သောဆွမ်းမှ။ အဂ္ဂံ၊ အဦးကို။ အဂ္ဂဟေတွာ၊ မယူမူ၍။ ပရဿ၊ သူတပါးအား။ ဒေတိ၊ ပေး၏။
သတ္တမေ၊ ခုနှစ်ခုမြောက်သောသုတ်၌။ **ဣဿုကိနီ**တိ၊ ဣဿုကိနီဟူသည်ကား။ ဣဿာယ၊ ငြူစူခြင်းနှင့်။ သမန္နာဂတာ၊ ပြည့်စုံသည်။
သေသံ၊ ကြွင်းသောစကားရပ်သည်။ သဗ္ဗတ္ထ၊ အလုံးစုံသောပုဒ်တို့၌။ ဥတ္တာနမေဝ၊ ပေါ်လွင်သည်သာလျှင်တည်း။ ဣတိ၊ ဤသည်လျှင်အပြီးတည်း။
ဒုတိယော၊ နှစ်ခုမြောက်သော။ ဝဂ္ဂေါ၊ ဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ။