မေ၊ သည်။
ဧတံ၊ ဤဒုတိယဗောဓိသုတ်ကို(ထည့်)။
ဧဝံ၊ ဤသို့။
သုတံ၊ အပ်ပါပြီ။
ဧကံ သမယံ၊ ၌။
ဘဂဝါ၊ သည်။
သာဝတ္ထိယံ၊ ၌။
အနာထပိဏ္ဍိ-ကဿ၊ ၏။
အာရာမေ၊ အာရာမ်ဖြစ်သော။
ဇေတဝနေ၊ ၌။
ဝိဟရတိ၊ ၏။
တေန ခေါ ပန သမယေန၊ ၌။
အာယသ္ဖာမဟာ မောဂ္ဂလ္လာနော၊ သည်။
ဘဂဝတော၊ ၏။
အဝိဒူရေ၊ ၌။
ပလ္လင်္ကံ၊ ကို။
အာဘုဇိတွာ၊ ၍။
ကာယံ၊ ကို။
ဥဇုံ၊ စွာ။၍။
အဇ္ဈတ္တံ၊ မိမိ, မိမိသန္တာန် ဟူသော နိယကဇ္ဈတ္တ-ကာယ၌။
ဝါ၊ သုံးဆယ့်နှစ်ကောဋ္ဌာသအပေါင်း ဖြစ်သော။
ဂေါစရဇ္ဈတ္တ၊ ၌။
သူပဋ္ဌိတာယ၊ နိယကစ္ဈတ္တကာယ,ဆံပင်မွေးညင်း စသော ကောဋ္ဌာသ ဂေါစရဇ္ဈတ္တကာယ၌ ကောင်းစွာတည်သော။ရှင်သာရိပုတ္တရာသည် သစ္စာလေးပါးကို ရှေးယခင်က ဝက်တူ လိုဏ်တုန်းကပင် ထိုးထွင်း၍ သိခဲ့ပြီ ယခုဘုရားအနီး၌ ထိုင်နေ၍ ပရိမုခသတိကရဏ အမှုပြုခြင်းသည် ဖလသမာပတ်ဝင်စားသောအားဖြင့် ထိုင်နေခြင်းသာဖြစ်သည်။
အဇ္ဈတ္ထံ ဥပဋ္ဌိတာယ။ ။ 'အဇ္ဈတ္တံ'သည် အဇ္ဈတ္တံ နာမ နိယကဇ္ဈတ္တံ၊တသ္မာ အတ္တနိ အတ္တသန္တာနေတိ အတ္ထော ဟူသည်နှင့်အညီ မိမိဟူ၍ လည်းကောင်း၊'ငါ'ဟူ၍လည်းကောင်း ခေါ်ဆိုအပ်သော နိယကဇ္ဈတ္တ ကာယတည်း။တစ်နည်း- အဇ္ဈတ္တဟူသည် အထ ဝါ ယသ္မာ ကမ္မဋ္ဌာနဘူတော ကေသာဒိကောဒွတ္တိံသကောဋ္ဌာသသမုဒါယော ဣဓ ကာယောတိ အဓိပ္ပေတော၊ တသ္မာ အဇ္ဈတ္တန္တိ ပဒဿ ဂေါစရဇ္ဈတ္တန္တိ အတ္ထော ဝေဒိတဗ္ဗော ဟူသည်နှင့်အညီ ဆံပင်မွေးညင်းစသော ကောဋ္ဌာသသမုဒါယ ဂေါစရဇ္ဈတ္တကာယတည်း။ထိုနိယကဇ္ဈတ္တ,ဂေါစရဇ္ဈတ္တကာယနှစ်ပါး၌ အာရုံပြုသောအားဖြင့် ကပ်၍ တည်သော သတိသည် အဇ္ဈတ္တကာယနှစ်ပါး၌ အာရုံပြုသောအားဖြင့် ကပ်၍ တည်သော သတိသည် အဇ္ဈတ္တဥပဋ္ဌိတသတိ မည်၏။

ကာယဂတာယ သတိယာ၊ ကယဂတာသတိ။
ဟုတွာ၊ အဆိုပါ ကာယနှစ်ပါးတည်းဟူသော အာရုံ၌ ဖြစ်သော သတိရှိသည် ဖြစ်၍။
နိသိန္နော၊ သည်။
ဟောတိ၊ ၏။
ပလ္လင်္ကံ၊ ကို။
အာဘုဇိတွာ၊ ၍။
ကာယံ၊ ကို။
ဥဇုံ၊ စွာ။
ပဏိဓာယ၊ ၍။
အဇ္ဈတ္တံ၊ မိမိ,မိမိသန္တာန် ဟူသော နိယကဇ္ဈတ္တကာယ၌။
ဝါ၊ ဆံပင်မွေးညင်းစသော။
ကောဋ္ဌာသ ဂေါစရဇ္ဈကာယ၊ ၌။
ကာယဂတာယ သတိ ယာကာယဂတာသတိ ဟုတွာ၊ ခန္ဓာကိုယ်တည်းဟူသော အာရုံ၌ဖြစ်သော သတိရှိသည်ဖြစ်၍။
အဝိဒူရေ၊ ၌။
နိသန္နံ၊ ထိုင်နေသော။
အာယသ္မံန္တံ မဟာမောဂ္ဂလ္လာနံ၊ ကို။
ဘဂဝါ၊ သည်။
အဒ္ဒသာ ခေါ၊ မြင်တော်မူသည်သာ။"ကာယဂတာယ သတိယာ"။ ။ ဤကာယဂတာသတိနှင့် ပက်သက်၍ ကာပနာယံ သတိဟု မေးခွန်းထုတ်၍ ယာ 'အဇ္ဈတ္တံ သူပဋ္ဌိတာ'တိ ဝုတ္တာ။ ယွာယံ ဘဂဝတာ အတ္ထိ ဣမသ္မိံ ကာယေ လောမာတိ အာဒိနာ အဇ္ဈတ္တကေသာဒိကော ဒွတ္တိံသာကာရော ကာယော ဝုတ္တော။တတ္ထ ယာ ပဋိကူလ မနသိကာရံ ပဝတ္တေန္တဿ ဥပစာရပ္ပနာဝသေန ကာယေ ဥပဋ္ဌိတာ သတိ၊သာ"ကာယဂတာ သတီ" တိ ဝုစ္ဏတိ။ ယထာ စာယံ ဧဝံ အာနာပါနစတုဣရိယာပထ သတိသမ္ပဇညာနံ ဝသေန, ဥဒ္ဓုမာတကဝိနီလကာဒိသေနစ မနသိကာရံ ပဝတ္တေန္တဿ ယထာရတံ ဥပစာရပ္ပနာဝသေန ကာယေ ဥပဋ္ဌိတာသတိ"ကာယဂတာ သတီ"တိ ဝုစ္စတိ။အဇ္ဈတ္တံ သူပဋ္ဌိတာဟု ဟောတော်ခြင်း။ဆံပင်မွေးညင်းစသော ကောဋ္ဌာသကို 'ကာယ'ဟု ဟောတော်မူခြင်းကြောင့် ထိုကောဋ္ဌာသကာယ၌ စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းပွားများခြင်းဖြင့် ဖြစ်ပေါ်လာသော ဥပစာရသမာဓိ အပ္ပနာသမာဓိ၏ အစွမ်းအားဖြင့် ကောဋ္ဌာသကာယ၌ ကပ်၍ တည်သော သတိသည် ကာယဂတာသတိဟု ဖြေဆိုတော်မူ၏။
အထခေါ၊ ၌။
ဘဂဝါ၊ သည်။
တမတ္ထံ၊ ကို။
ဝိဒိတွာ၊ ၍။
တာယံ ဝေလာယံ၊ ၌။
ဣမံ ဥဒါနံ၊ ကို။
ဥဒါနေသိ၊ ပြီ။သို့သော် ဣဓ ပန အဇ္ဈတ္တံ ကာယဂတာ သတိ ပထဝီအာဒိကာ စတဿော ဓာတုယော သသမ္ဘာရသင်္ခေပါဒီသု စတူသု ယေန ကေနစိ ဧကေနာကာရေန ဝဝတ္ထပေတွာ တေသံ အနိစ္စာဒိလက္ခဏသလ္လက္ခဏဝသေန ဥပဋ္ဌိတာ ဝိပဿနာသမ္ပယုတ္တာ သတိ " ကာယဂတာ သတီ"တိ အဓိပ္ပေတာ ဟူသောဋ္ဌ၊၁၇၁နှင့်အညီ ဓာတ်လေးပါးလုံးနှင့် သက်ဆိုင်သော အနိစ္စဒုက္ခအနတ္ထာ ဟူသော သာမညလက္ခဏာ ဓာတ်တစ်ပါးစီနှင့်သာ သက်ဆိုင်သော ကက္ခဠစသော ဝိသေသလက္ခဏာ၏ အစွမ်းအားဖြင့် ကပ်၍တည်သော ဝိပဿနာနှင့် ယှဉ်သော သတိကို"ကာယဂတာ သတိ"ဟု ဆိုအပ်ခဲ့ ဟု ဖွင့်တော်မူသောကြောင့် ဤနောက်ဆုံး ကာယဂတာသတိကိုသာ ဤ၌ ယူလေ။
"သတိ ကာယဂတာ ဥပဋ္ဌိတာ(လ)ဇညာ နိဗ္ဗာနမတ္တနော"တိ၊ နိဗ္ဗာနမတ္တနော"ဟူသော။
ကာယဂတာ၊ ပထဝီစသော ဓာတ်လေးပါတို့၌ အာရုံပြုသောအားဖြင့် ဖြစ်သော။
သတိ၊ အဇ္ဈတ္တကာယဂတာသတိသည်။
ဥပဋ္ဌိတာ၊ ကိုယ်ကို စောင့်စည်းခြင်း, တစ်ခုတည်းသော အာရုံ၌ စုဝေးခြင်း၏ အစွမ်းဖြင့် မဖောက်မပြန် မှန်ကန်သော သဘာဝကို ကောင်းစွာ မှတ်လျက် ကပ်၍ တည်၏။သတိ ကာယဂတာ ဥပဋ္ဌိတာ။ ။ တေသံ အနိစ္စာဒိလက္ခဏသလ္လက္ခဏဝသေန ဥပဋ္ဌိတာ ဝိပဿနာသမ္ပယုတ္တ သတိ"ကာယဂတာ သတီ"တိ အဓိပ္ပေတာ ဟုပြဆိုအပ်သော အဆိုပါသတိသည် သဒ္ဓါပြဌာန်းသော သမာဓိဝိရိယ ပညာတို့၏အသီးသီးသော ကိစ္စကိုပြီးစေသဖြင့် ထိုကဒ္ဓါပြဌာန်းသော သမာဓိစသည်တို့၏ အဖေါ်သဟဲအဖြစ်သို့ ရောက်သောကြောင့် ဆန့်ကျင်ဘက် အဘိဇ္ဈာစသည်ကို ပယ်ရှား၏။ထိုသို့ ပယ်ရှားနိုင်သဖြင့် ထိုကာယဂတာသတိသည် ထက်လည်းထက်မြက်, သန့်လည်းသန့်ရှင်း၏။ ထို့ကြောင့် ဓာတ်လေးပါးတည်းဟူသော ကာယကို စောင့်ရှောက်ခြင်း၏ အစွမ်းသတ္တိ,တစ်ခုတည်းသော အကြောင်းအရာ၌ စုပေါင်းခြင်း သတ္တိထူး၏ အစွမ်းအားဖြင့် မှန်ကန်တိကျသော သဘာဝကို ကောင်းစွာ မှတ်လျက် ကပ်ရောက်တည်နေ၏။
ဖဿာယတနေသု၊ ဖဿ၏ အကြောင်းဖြစ်ကုန်သော။
ဆသု၊ စက္ခုစသော ခြောက်ပါးသော အာယတနာတို့၌။
သံဝုတော၊ တားမြစ်ပိတ်ဆို့၏။ဧတေန ကယာသင်္ခါတာနံ စတုန္နံ ဓာတူနံ,တန္နိဿိတာနဉ္စ ဥပါဒါနရူပါနံ သလ္လက္ခဏဝသေန-ဟူသည်နှင့်အညီ ဓာတ်လေးပါး ဥပါဒါရဒပ်တို့၏ ကက္ခဠစသော ဝိသေသလက္ခဏာ ကိုသိခြင်း နာမရူပပရိစ္ဆေဒဉာဏ် ပစ္စေယ ဝဝတ္ထပေတွာ-ဟူသည်နှင့်အညီ ဓာတ်လေးပါး ဥပါဒါရုပ်တို့၏အကြောင်းကို ပိုင်းခြား၍ သိခြင်း ပစ္စယပရိဂ္ဂဟဉာဏ်,တတော ပရံ တေသံ အနိစ္စာဒိလက္ခဏသလ္လက္ခဏဝသေနစ ပဝတ္တံ ဉာဏမ္ပရပ္ပရာဂတံ သတိံ ဒဿေတိ-ဟူသည်နှင့်အညီ အနိစ္စာဒိသာမညလက္ခဏာ,တက္ခဠတ္တာဒိဝိသေသလက္ခဏာကို သိခြင်း သမ္မသနဉာဏ်သို့ အဆက်ဆက်ဖြစ်ပုံကို ဤ"သတိ ကာယဂတာ ဥပဋ္ဌိတာ"ဟူသော ပဌမပါဒ-ကပြသည်၊ သိစေသည်။
**ဆသု ဖဿာယတနေသု သံဝုတော။ ။ ကာယာနာပဿနာမပွားများသော်ဖြစ်ထိုက်,ဖြစ်နိုင်သော အဘိဇ္ဈာစသော ပါပဓမ္မတို့ကို ကာယာနုပဿနာပွားများခြင်းဖြင့် ပယ်ရှားခြင်းသည် စက္ခုစသော ဒွါရခြောက်ပါးတို့ကို ပိတ်ဆို့စောင့်စည်းခြင်းပင်တည်း။ဤဒု-ပါဒဖြင့် ဉာဏသံဝရကို ပြသည်။
သတတံ ဘိက္ခု သမာဟိတော။ ။ ဥပဋ္ဌိတသတိရှိသော ဘိက္ခုသည် ဒွါရခြောက်ပါးလုံးကို အကုသိုလ် မဖြစ်အောင် စောင့်စည်း ပိတ်ဆို့ကာ ထိုထိုအာရုံသို့ စိတ်ကိုလွှတ်မပေးဘဲ အနိစ္စစသည်ဖြင့် သုံးသပ်လျက် ဝိပဿနာကို ဂရုစိုက်ပွားများသဖြင့် ထိုဝိပဿနာဉာဏ်သည် ပိုမိုထက်မြက် ရဲရင့်ခြင်းသို့ ရောက်၏။ထိုအခါ ဝိပဿနာခဏိကသမာဓိဖြင့် အကြာ အလပ်မရှိ တစ်ဆက်တည်း သမာဓိတည်သဖြင့် ဥဒယဗ္ဗယဉာဏ်အစ အနုလောမဉာဏ် အခြားမဲ့သော ဂေါတြဘုဉာဏ်အထိ တိုးတက်ဖြစ်ပေါ်လေ၏။

ဝါ၊ စောင့်စည်း၏။
ဘိက္ခု၊ ကပ်၍တည်သော သတိရှိသော ရဟန်းသည်။
သတတံ-နိရန္တရံ၊ အမြဲမပြတ်။
သမာဟိတော၊ ဝပဿနာ သမာဓိဖြင့် ကောင်းစွာတည်ကြည်၏။
အတ္တနော၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် တည်းဟူသော မိမိ၏။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
မဂ္ဂဖလဉာဏေဟိ၊ တို့ဖြင့်။
ဇညာ၊ ထိုးထွင်း၍သိရာ၏။**ဇညာ နိဗ္ဗာနမတ္ထန**။ ။နိဗ္ဗာန်ကို ပုထုဇဉ်မှန်သမျှ အိပ်မက်ပင် မမက်နိုင် မသိနိုင်။အရိယာများသာ ၎င်းတို့၏ မဂ်ဖိုလ်ဉာဏ်ဖြင့် သိနိုင်အာရုံပြုနိုင်သည်။ထို့ကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို အတ္တမဟုတ်သော်လည်း အတ္တအနေဖြင့်"အတ္တနော နိဗ္ဗာနံ၊ မိမိ၏ နိဗ္ဗာန်,မိမပိုင် နိဗ္ဗာန်"ဟု သုံးနှုန်းထားသည်။ယင်းသို့ သုံးနှုန်းထားသည့်အတွက် "အတ္တနော၊မိမိမဟုတ်သော်လည်း မိမိသဖွယ်ဖြစ်သော မဂ်ဉာဏ်ဖိုလိဉာန်၏။ဝါ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်တည်းဟူသော မိမိ၏။နိဗ္ဗာနံ၊ ကို။ မဂ္ဂဖလ ဉာနေဟိ၊မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် ဇညာ=ဇာနေယျ ပဋိဝိဇ္ဈေယျ ထိုးထွင်း၍ သိရာ၏"ဟု မိန့်ဆိုတော်မူအပ်၏။
အကြင်သူသည် သန္တာန်၌ ကာယဂတာသတိသည် ကပ်၍ တည်၏၊ထိုသူသည် ဖဿ၏ အကြောင်းဖြစ်သော အာယတနခြောက်ပါးတို့၌ စောင့်စည်းသောအားဖြင့် အကုသိုလ်မဖြစ်အောင် ပိတ်ဆို့နိုင်၏။ထိုပိတ်ဆို့နိုင်ခြင်းကြောင့် အကြာအလပ်မရှိ အဆက်မပြတ် သမာဓိကောင်းကောင်းကြီးတည်၏၊ ဤသို့ အားကောင်းလျှင် ဥဒယဗ္ဗယစသော ဉာဏ်တိုးတက်ကာ အနုလောမဉာဏ်၏ အခြားမဲ့ဖြစ်သော ဂေါတြဘုဉာဏ်ရပြီးလျှင် မိမိပိုင်ဟု ဆိုနိုင်သော နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုလေတော့၏။ဤသို့ဂါထာကို ဆက်စပ်ကာ ပိဏ္ဍတ္ထကို သိလေ။(ဋ္ဌ၊ ၁၇၁)။

ပဉ္စမံ။ ။