မေ၊ သည်။
ဧတံ၊ ဤအဇာတပလာပသုတ်ကို(ထည့်)။
ဧဝံ၊ ဤသို့။
သုတံ၊ အပ်ပါပြီ။
ဧကံ သမယံ၊ ၌။
ဘဂဝါ၊ သည်။
ပါဝါယံ၊ ပါဝါမြို့။
အဇကလာပကေ၊ "အဇကလာပ"မြည်သော။
စေတိယေ၊ အများလေးစားပူဇော်အပ်သော။
အဇကလာပကဿ ယက္ခဿ၊ "အဇကလာပ"မည်သော ဘီးလူး၏။
ဘဝနေ၊ ဘုံဗိမာန်၌။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။
ဘဂဝါ၊ သည်(ပကတိ)။
ရတ္တန္ဓကာရတိမိသာယံ၊ မဲမှောင်နေသောညချမ်းအခါ၌။
အဗ္ဘောကာသေ၊ လွင်တီးခေါင်ဟင်းလင်းပြင်၌။
နိသိန္နော၊ ထိုင်တော်မူသည်(ဝိကတိကတ္တား)။
ဟောတိ၊ ၏။
ဒေဝေါစ၊ မိုးသည်လည်း။
ဧကမေကံ၊ တစ်ပေါက်ခြင်း တစ်ပေါက်ခြင်း။
ဝါ၊ တစ်ပေါက်ပေါက်။
ဖုသာယတိ၊ ရွာချ၏။
အထခေါ၊ ထိုအခါ၌။
အဇကလာပကော ယက္ခော၊ အဇကလာပမြည်သောဘီလူးသည်။
ဘဂဝတော၊ ဘုရားရှင်၏။
ဘယံ၊ ကြောက်လန့်ခြင်းကို။
ဆမ္ဘိတတ္တံ၊ ကိုယ်ခက်တရော်ရှိသည်၏အဖြစ်ကို။
ဝါ၊ ကိုယ်တောင့်တင်းသည်၏အဖြစ်ကို။
လောမဟံသံ၊ အမွေးရွှင်ပြ ကြက်သီးမွေးညင်းထခြင်းကို။
ဥပ္ပါဒေတုကာမော၊ ဖြစ်စေလိုသည်ဖြစ်၍။
ယေန၊ အကြင်အကြောင်းကြောင့်။
ဘဂဝါ၊ ကို။
ဥပသင်္ကမိတဗ္ဗော၊ ကပ်ရောက်ထိုက်၏။
တေန၊ အကြောင်းကြောင့်။
ဥပသင်္ကမိ၊ ကပ်ရောက်ပြီ။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။
ဘဂဝတော၊ ၏။
အဝိဒူရေ၊ မဝေးလွန်းသော မလှမ်းမကမ်း အရပ်၌။
တိက္ခုတ္တုံ၊ သုံးကြိမ် "အက္ကုလော ပက္ကုလော"တိ၊"အက္ကုလ ပက္ကုလ"ဟူသော။
ဧဝရူပံ၊ ဤသို့သဘောရှိသော။
သဒ္ဒံ၊ အသံကို။
အကာသိ၊ ပြုပြီ။
အက္ကုလပက္ကုလိကံ၊ "အက္ကုလပက္ကလ"ဟူသော ဘီလူးကြိမ်း ကြိမ်းသံကို။
အကာသိ၊ ပြုပြီ။(ဤနှစ်ဝါကျ အဓိပ္ပါယ်ချင်းမထူးလှသော်လည်း "န ဟိ ပဗ္ဗဇိတော ပရံ ဝိဟေဌယန္တော၊န ဟိ ပဗ္ဗဇိတော ပရူပဃာတီ-ဟူသော သြဝါဒ ပါတိမောက်၌ ကဲ့သို့ အဓိပ္ပာယ်တူ နှစ်ချက်မိန့်သဖြင့် ပို၍ လေးနက်၏။ပိုလေးနက်အောင် ၂-ချက်ဆင့်ခြင်းဖြစ်သည်။)
သမဏ၊ ကိလေသာ ခပ်သိမ်း ကင်းငြိမ်းပြီဆိုတဲ့ အို-သမဏ။
ဧသော၊ ဤ သင်၏အနီး၌ ရပ်တည်နေသောသူသည်။
တေ၊ သင်သမဏ၏။
ပိသာစော၊ သင့်အသားကိုကြိတ်ချေကာ ဝါးစားတတ်သော ဘီလူးတည်း။
ဣတိ၊ ဤသို့။
ဝဒတိ၊ ပြော၏။
အထ ခေါ၊ ထိုအခါ၌။
ဘဂဝါ၊ သည်။
ဧတမတ္ထံ၊ ကို။
ဝိဒိတွာ၊ ၍။
"သဒါ သကေသု ဓမ္မေသု (လ)ပက္ကုလဉ္စာတိ ဝတ္တတီ"တိ၊ ဝတ္တတိ'ဟူသော။
ဣမံ ဥဒါနံ၊ ကို။
ဥဒါနေသိ၊ ပြီ။
ယော၊ အကြင်သူသည်(ထည့်)။
ယဒါ၊ အကြင်အခါ၌။
သကေသု၊ မိမိဥစ္စာဖြစ်ကုန်သော။
ဓမ္မေသု၊ ဥပါဒါနနက္ခန္ဓာငါးပါးတို့၌။
ပါရဂူ၊ ပရိညာဘိသမယပြည့်စုံသည်၏အစွမ်းဖြင့် သံသရာတစ်ဖက်ကမ်းသို့ ရောက်တော်မူပြီ။
တစ်နည်း-သကေတု ဓမ္မေသု၊ ကိုယ်ပိုင်ဥစ္စာ ဖြစ်ကုန်သော သီလ,သမာဓိ,ပညာ,ဝိမုတ္တိ,ဝိမုတ္တိဉာဏဒဿန တရားငါးပါးတို့၌။
ပါရဂူ၊ ငါးပါးလုံးပြည့်စုံခြင်းကြောင့် သံသရာ တစ်ဖက်ကမ်းသို့ရောက်ပြီ။
တစ်နည်း။ သကေသု ဓမ္မေသု၊ မိမိပိုင်သီလစသော ငါးမျိုးတို့၌။
ပါရဂူ၊ သောတာပတ္တိမဂ်,သကဒါဂါမိ-မဂ်ရခိုက် သီလပါရဂူ,အနာဂါမိမမဂ်ရခိုက် သမာဓိပါရဂူ,အရဟတ္တမဂ်ရခိုက် ပညာပါရဂူ ဝိမုတ္တိပါရဂူ ဝိမုတ္တိ-ဉာဏုဿန ပါရဂူသည်။
ဟောတိ၊ ၏။
တဒါ၊ ထိုအခါ၌။
ဗြာဟ္မဏော၊ မကောင်းမှုတို့ကို မျှောပြီးသော ဝိသုဒ္ဓိဗြာဟ္မဏ မည်သည်။
ဟောတိ၊ ၏။ပါရဂူ
ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ဒုက္ခသစ္စာ၌ ပရိညာဘိသမယ ပြည့်စုံသည်၏အစွမ်းဖြင့် တဖက်ကမ်းရောက်လျှင် ကျန်သမုဒယသစ္စာ၌ ပဟာနဘိသမယ,နိရောဓသစ္စာ၌ သစ္ဆိကိရိယာဘိသမယ,မဂ္ဂသစ္စာ၌ ဘာဝနာဘိသမယပြည့်စုံသည်၏ အစွမ်းအားဖြင့် သံသရာတစ်ဖက်ကမ်းသို့ရောက်တော့သည်သာ။
ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ဒုက္ခသစ္စာ၌ ပရိညာဘိသမယ ပြည့်စုံသည်၏အစွမ်းဖြင့် တဖက်ကမ်းရောက်လျှင် ကျန်သမုဒယသစ္စာ၌ ပဟာနဘိသမယ,နိရောဓသစ္စာ၌ သစ္ဆိကိရိယာဘိသမယ,မဂ္ဂသစ္စာ၌ ဘာဝနာဘိသမယပြည့်စုံသည်၏ အစွမ်းအားဖြင့် သံသရာတစ်ဖက်ကမ်းသို့ရောက်တော့သည်သာ။
အထ၊ သံသရာတစ်ဖက်ကမ်းသို့ ရောက်၍ပရမတ္တဗြာဟ္မဏ အဆင့်ထိဖြစ်သွားသော ထိုအခါ၌။
သော၊ ထိုသူသည်(ထည့်)။
ဧတံ ပိသာစဉ္စ၊ ကြောက်မက်ဖွယ်ဖန်ဆင်းပြသော ဤအသားစားဘီလူး ရုပ်အဆင်းကိုလည်းကောင်း။
ဧတံ ပက္ကုလဉ္စ၊ ကြေက်မက်ဖွယ် ဤအက္ကုလပက္ကုလဟူသော ဘီလူးကြိမ်း ကြိမ်းသံကိုလည်းကောင်း။
အတိဝတ္တတိ၊ လွန်မြောက်၏။
ဝါ၊ ဖန်ဆင်းပြသော ရုပ်အဆင်းရော,ကြိမ်းမောင်းသော ဘီလူးကြိမ်းသံရော နှစ်မျိုးလုံးကို မကြောက်တော့ပေ။