မေ၊ သည်။
ဧတံ၊ ဤမဟာကဿပသုတ်ကို(ထည့်)။
ဧဝံ၊ ဤသို့။
သုတံ၊ အပ်ပါပြီ။
ဧကံ သမယံ၊ ၌။
ဘဂဝါ၊ သည်။
ရာဇဂဟေ၊ ရာဇဂြိုလ်ပြည်၌(သာမညာဓာရ)။
ကာလန္ဒကနိဝါပေ၊ ရှဉ့်နက်တို့အား အစာပေး၍ မွေးမြူရာဖြစ်သော။
ဝေဠုဝနေ၊ ဝေဠုဝန်ကျောင်းတော်၌(ဝိသေသာဓာရ)။
ဝိဟရတိ၊ ၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။
အာယသ္မာ မဟာကဿပေါ၊ သည်။
အာဗာဓိကော၊ နှိပ်စက်တတ်သောရောဂါရှိသည်။
ဒုက္ခိတော၊ ဖြစ်သောကိုယ်ဆင်းရဲရှိခြင်းသည်။(သဒ္ဒတ္တ =ဝါ-သမာသလိင်္ဂတ္ထ)။
ဝါ၊ ဒုက္ခရောက်သည်။(ဘာဝတ္ထ =ဤ ဋ္ဌ-အလို။ဒုက္ခံ+ဣတော ပတ္တော =ဟု ဝစနတ္ထပြုလျှင် သဒ္ဒတ္ထ။ သမာသလိင်္ဂတ္ထပင်)။
ဗာဠှဂိလာနော၊ လွန်ကဲပြင်းပြစွာ မမာမကျန်းသည်။
ဟုတွာ၊ ဖြစ်၍။(အာဗာဓိကော =စသော၃-ပုဒ်သည် ကတ္တားပိုများဖြစ်၍ ဟုတွာထည့်စပ်ရသည်။
ပိပ္ပလိဂုဟာယံ၊ စရည်းပင်ပေါက်ရာ လိုဏ်ဂူ၌။
ဝိဟရတိ၊ သီတင်းသုံးတော်မူ၏။
အထခေါ၊ ထိုအခါ၌။
အာယသ္မာ မဟာကဿပေါ၊ သည်။
အပရေန သမယေန၊ နောက်အခါ၌။
တမှာ အာဗာဓာ၊ အခံခက်အောင်နှိပ်စက်တတ်သော ထိုအနာရောဂါမှ။
ဝုဋ္ဌာသိ၊ ဘုရားရှင့် ဗောဇ္စျင်သုတ်၏တန်ခိုးကြောင့် ထပြီ။
ဝါ၊ ရောဂါပျောက်ငြိမ်းပြီ။
အထ ခေါ၊ ထိုအခါ၌။
တမှာ အာဗာဓာ၊ မှ။
ဝုဋ္ဌိတဿ၊ ထသော။
ဝါ၊ ပျောက်ငြိမ်းပြီးသော။
အာယသ္မတော မဟာကဿပဿ၊ ၏။
"အဟံ၊ ငါသည်။
ရာဇဂဟံ၊ သို့။
ပိဏ္ဍာယ၊ ငှာ။
ပဝိသေယျံ၊ ဝင်ရောက်ရမူ။
ယံ နူန"၊ ကောင်းလေစွ။
ဣတိ၊ ဤသို့သော။
ဧတံ၊ ဤအကြံအစည်သည်။
အဟောသိ၊ ဖြစ်ပြီ။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။
ပဉ္စမတ္တာနိ ဒေဝတာသတာနိ၊ နတ်သ္မီးငါးရာတို့သည်။
ဝါ၊ နတ်သား နတ်သ္မီး ငါးရာတို့သည်။
အာယသ္မတော မဟာကဿပဿ၊ ၏။
ပိဏ္ဍပါတ-ပဋိလာဘာယ၊ ဆွမ်းရရှိရေးအတွက်။
ဥဿုက္ကံ၊ ကြောင့်ကြခြင်းသို့။
အာပန္နာနိ၊ ရောက်ကုန်သည်။
ဟောန္တိ၊ ကုန်၏။
အထခေါ၊ ထိုအခါ၌။
အာယသ္မာ မဟာကဿပေါ၊ သည်။
တာနိ ပဉ္စမတ္တာနိ ဒေဝတာသတာနိ၊ ထိုနတ်သမီးငါးရာတို့ကို။
ပဋိက္ခိပိတွာ၊ တားမြစ်၍။
ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။
နိဝါသေတွာ၊ ကျောင်းဝတ်သင်းပိုင်ကို ပြင်ဆင်လှည့်လည် မြဲမြံစွာ ဝတ်၍။
ပတ္တစီဝရံ၊ သပိတ်သင်္ကန်းကို။
အာဒါယ၊ ယူ၍။
ရာဇဂဟံ၊ သို့။
ပိဏ္ဍာယ၊ ငှာ။
ယေန၊ ဖြင့်။
ဒလိဒ္ဒဝိသိခါ၊ ဆင်းရဲသားရပ်ကွက်ကိုလည်းကောင်း။
ကပဏဝိသိခါ၊ စီးပွား ပျက်သဖြင့် အထီးကျန်ရပ်ကွက်ကိုလည်းကောင်း။
ပေသကာရ-ဝိသိခါ၊ ရက္ကန်းသည်ရပ်ကွက်ကို လည်းကောင်း။
အဝသရိတဗ္ဗာ၊ ဆိုက်ရောက်အပ် ဆိုက်ရောက်နိုင်၏။
(တဗ္ဗ၊ ပစ္စည်း သမတ္ထန =အနက်ကိုလည်းဟော၏။)
တေန၊ ထိုသုံးခုသောရပ်ကွက်သို့။
ပါဝိသိ၊ ဝင်တော်မူပြီ။
ဘဂဝါ၊ သည်။
အာယသ္မန္တံ မဟာကဿပံ၊ ကို(သာမညကံ)။
ရာဇဂဟေ၊ ရာဇဂြိုလ်မြို့၌(သာမညာဓာရ)။
ယေန၊ အကြင်အရပ်၌။
ဒလိဒ္ဒဝိသိခါ၊ သည်လည်းကောင်း။
ကပဏဝိသိခါ၊ သည်လည်းကောင်း။
ပေသကာရဝိသိခါ၊ သည်လည်းကောင်း။
အတ္ထိ၊ ရှိ၏(စယာသိတသင်္ချာ)။
တေန၊ ထိုရပ်ကွက်သုံးခုအနက် တစ်ခုသော ရပ်ကွက်၌(ဝိသေသာဓာရ)။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။
စရန္တံ၊ လှည့်လည်နေသည်ကို(ဝိသေသကံ)။
တစ်နည်းကား-ပိဏ္ဍာယ စရန္တံ၊ ဆွမ်းခံလှည့်လည်နေသည်ကို။
အဒ္ဒသ ခေါ၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် မြင်တော်မူပြီ။
အထခေါ၊ ထိုအခါ၌။
ဘဂဝါ၊ သည်။
ဧတမတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။
ဝိဒိတွာ၊ ၍။
တာယံ ဝေလာယံ၊ ထိုအခါ၌။
"အနညပေါသိ'မညာတံ၊ (လ) တမဟံ ဗြူမိ ဗြာဟ္မဏံ-ဟူသော။
ဣမံ ဥဒါနံ၊ ကို။
ဥဒါနေသိ၊ ပြီ။
အနညပေါသိံ၊ မိမိမှတစ်ပါး အခြားမည်သူကိုမျှ မကျွေးမွေး မမွေးမြူသော။
ဝါ၊ အခြားတစ်စုံတစ်ယောက်၏ ကျွေးမွေးမှုကို ခံယူသူမဟုတ်သော။
အညာတံ၊ ဟုတ်မှန်တိုင်းသောဂုဏ်ကြောင့် ပျံ့နှံ့ကျော်ကြားသော။
ဝါ၊ အခြားတစ်စုံတစ်ယောက်၏ ကျွေးမွေးမှုကိုခံယူသူမဟုတ်သည့်အတွက် အပ္ပိစ္ဆတာစသော ဂုဏ်တို့ကြောင့်သိသာထင်ရှားသော။
တစ်နည်း၊ အညာတံ၊ လာဘသက္ကာရသိလောကဟူသောအကြောင်းကြောင့် မိမိကိုယ်ကို လူသိများစေသည်၏ အစွမ်းအားဖြင့် ထင်ရှားသူ မဟုတ်သော။
ဒန္တံ၊ ဣန္ဒြေတို့ကို ဆုံးမထားသဖြင့်ယဉ်ကျေးသော။
သာရေ၊ အရဟတ္တဖိုလ်တည်းဟူသော အနှစ်သာရ၌။
ဝါ၊ ရဟန္တာတို့၏ သီလစသော အနှစ်သာရ၌။
ပတိဋ္ဌိတံ၊ တည်သော။အနညပေါသိ-ဂါထာ၌ သိမှတ်ဖွယ်
အနညပေါသိ။။ ။အညံ+ပေါသေတီတိ အညပေါသီ။မိမိမှတစ်ပါး အခြား တစ်စုံတစ်ယောက်ကိုလုပ်ကျွေးသူ။န အညပေါသီ အနညပေါသီ။ မိမိကိုယ်ကိုသာ မိမိလုပ်ကျွေးသည်။ မိမိမှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ လုပ်ကျွေးသူမဟုတ်။ အတ္တာနမေဝ ပေါသေန္တော(လ)အညံ ဉာတိမိတ္တာဒီသု ကဉ္စိ န ပေါသေတိ။ ဋ္ဌ။
တစ်နည်း။ ။အညေန အညတရေန ပေါသေတဗ္ဗောတိ အညပေါသော၊တစ်စုံတစ်ယောက်၏ ပြုစုကျွေးမှုကို ခံယူသူ ရ၏။အညပေါသ-ပုဒ်ကို ဘာဝလောပ၊သို့မဟုတ် ဘာဝပဓာန်ကြံ၍ အဿတ္ထိဆင့်။တိုက်ရိုက်ပြန်လျှင် တစ်စုံတစ်ယောက်သည် ကျွေးမွေးအပ်သူ၏ အဖြစ်ရှိသောသူဟု အဓိပ္ပါယ်ရ၏။ထိုပုဒ်၏ဆိုလိုရင်းကား တစ်စုံတစ်ယောက်၏ ကျွေးမွေးပြုစုမှုခံယူသူဟု ဆိုလိုသည်။န အညပေါသီ အနညပေါသီ၊တစ်စုံ တစ်ယောက်၏ အကျွေးအမွေးကို မခံယူဘဲ ခြေသလုံးအားကိုးဖြင့် ဆွမ်းခံဆွမ်း,ဘုံဆွမ်းဖြင့် မျှတကာ နေသူ,တစ်ဦးကောင်း နှစ်ဦးကောင်း၏ ပစ္စည်းလေးပါးကိုမှီ၍ နေသူမဟုတ် ဟူလိုသည်။ ဒကာတစ်ဦးတစ်ယောက်ထံမှ 'ကာဇဘတ္တ'ခေါ် ဆွမ်းအိုး ဆွမ်းချိုင့်ဖြင့်အသက်မွေးလျှင် ထိုဒကာဒကာမနှင့် ရင်းနှီးခင်မင်သဖြင့် ငါ့ဒကာ,ငါ့ဆွမ်းအမစသည်ဖြင့် သံယောဇဉ် တွယ်တတ်၏။တွယ်လျှင် အသစ်စက်စက် ဒကာမဟုတ်တော့၊ဒကာဟောင်း ဒကာမဟောင်းဖြစ်သွား၏။
ဆွမ်းခံဆွမ်း ဘုံဆွမ်းကို မှီဝဲလျှင် လှူသူကလည်း တစ်ဇွန်းတစ်ယောက်မဖြစ်၍ ဝန်မလေး၊ အလှူခံကလည်း သံယောဇဉ်မကြီးနိုင်ဘဲ "နိစ္စနဝကာ ဟောထ"ဟု စန္ဒူပမသုတ်၌ ဘုရားရှင် ဟောတော်မူသကဲ့သို့ အမြဲတမ်း ဒကာသစ် ဒကာမအသစ် ဖြစ်နေရာ၏။ဥပမာ၊ စန္ဒာလမင်းသည် လတန်း ၃-ရက်လနှင့် ၄-ရက်လမတူ၊ ၄-ရက်လနှင့် ၅-ရက်လမတူဘဲ တစ်ရက်ထက် တစ်ရက် ကြီးကြီးလာသောကြောင့် လ,ဟာ အမြဲသစ်၍ နေသည်။လ္ဆုတ်၌လည်း လပြည့်နေ့လနှင့် လ္ဆုတ် ၁-ရက်လ မတူ၊တစ်ရက်လနှင့် ၂-ရက်လ မတူ။ တစ်ရက်ထက်တစ်ရက် သေးသေး ငယ်ငယ်သွားသောကြောင့် အမြဲတမ်းသစ်၍နေ၏။မြင်ရသူအဖို့ လသည် အမြဲတမ်း သစ်လွင်နေသလို အလှူပေးပုဂ္ဂိုလ်အဖို့လည်း အလှူခံရဟန်းသည် အမြဲသစ်၍ နေ၏။ အလှူခံရဟန်းအဖို့လည်း အလှူပေးပုဂ္ဂိုလ်ကို အမြဲတမ်း သစ်၍ နေစေရမည်။
ခရီးပန်းနေသော တောသွားခရီးသည်လည်း တောလမ်းခရီးတစ်နေရာ၌ ရေတွင်းအို ရေတွင်းပျက်ကြီးကိုတွေ့နေသည်။ ရေ-မသောက်ရလျှင်လည်း သေနိုင်သည်။သောက်ချင်ဇောဖြင့် ရေတွင်းအို၏ နှုတ်ခမ်းနင်းကာ ရေကိုခပ်လျှင်လည်း ရေတွင်းပြိုကျ၍ သေနိုင်သည်။ သို့ဖြစ်၍ ရေတွင်းနှုတ်ခမ်း၏မလှမ်းမကမ်းမှ ကြိုးရှည်ရှည် မှုတ်ရှည်ရှည်ဖြင့် ခန္ဓာကိုယ်ကို နောက်သို့ခပ်ယို့ယို့ပြုကာ ရေခပ်သောက်လျှင် ရေတွင်းပြိုကျလည်းမသေ။ရေမသောက်ရလို့လည်းမသေဘဲ အသက်ချမ်းသာရသကဲ့သို့ ဒကာဒကာမများနှင့် ဆက်ဆံရာ၌ မရောလွန်း မကင်းကွာလွန်းဘဲ အလယ်အလတ် ချိန်ဆဆက်ဆံရာ၏။ဟောင်းနွမ်းသည်အထိ မဆက်ဆံဖြစ်၍ မဖြစ်သင့်တာ မဖြစ်။အမြဲတမ်းသစ်အောင် ဆက်ဆံသဖြင့် လိုအပ်သော ဆွမ်းကိစ္စ ပြီးစီးသည်။ဤအဓိပ္ပာယ်ကို ဝေရဉ္ဇာယံ နဠေရုပုစိမန္ဒမူလေအဖွင့် ပါရာဇိကဏ်စာဝါတက်စဉ်က ဝိသုဒ္ဓါရုံ စည်ရှင်ဆရာတော်၏ အဆိုအမိန့်ကို မှတ်သားခဲ့ဖူးသည်။စည်ရှင်ဆရာတော်က စန္ဒူပမသုတ်ဟု မသုံးဘဲ "ဇရုဓိပမ"သုတ်ဟု သုံးနှုန်း၏။
အညာတံ။ ။အာပုဗ္ဗ ဉာဓာတ် တ-ပစ္စည်း။အာ-သည် ဘုသတ္ထဖြစ်၍ အဘိညာတံ-ဟု အဘိဖြင့် ဋ္ဌ-ဖွင့်သည်။လွန်စွာသိအပ်သူဟု တိုက်ရိုက်အဓိပ္ပာယ်ရသော်လည်း လူတိုင်းက အလွန့်အလွန် သိအပ်သူ,အသိခံရသူဟုဆိုသဖြင့် နေရာအနှံ့အပြား ကျော်ကြားသူဟု အဓိပ္ပာယ်တစ်မျိုး ဖြစ်သွား၏။ထို့ကြောင့် ဋ္ဌ-၌ အညာတန္တိ အဘိညာတံ၊ယထာဘုစ္စဂုဏေဟိ ပတ္ထဋယသံ-ဟု ဘာဝတ္ထဖွင့်ပြလေသည်။
အနပေါသိံ-ကို အညာတံ၏ ဟေတုမန္တိဝိသေသနကြံ၍ တေနဝ ဝါ အနညပေါသိဘာဝေန ကပ္ပိစ္ဆတာ သန္တုဋ္ဌိတာဟိ ဉာတံ။အနညပေါသိ ပုဂ္ဂိုလ်ဖြစ်သည့်အတွက် အပ္ပိစ္ဆာစသောဂုဏ်တို့ကြောင့် 'ထင်ရှားသူ'ဟုကျော်ဇောခြင်း ယသအနက်မှတစ်ပါး ထင်ရှားခြင်းပါကဋအနက်ကို ပြောင်းလွှဲဖွင့်ဆို၏။ဤနည်း၌ အာ-အနက်မဲ့။ဗဟူဟိ ဇနေဟိ ဉာယိတ္ထာတိ ဉာတော၊တံ-ဟုပြု။
တစ်နည်း။ ။တဏှာမှန်သမျှ ပယ်ပြီးဖြစ်၍ လညဘသက္ကာရသိလောကတို့ကိုလိုလားမှုဟူသော အကြောင်းကြောင့် မိမိကိုယ်ကို မိမိ အများသိအောင် ပြုလုပ်သည့်အတွက် ထင်ရှားသူ မဟုတ်။လုလ္လပယောဂမဖက် အလိုအလျောက်စင်စင်ကုယ်ကုယ် ထင်ရှားသောပုဂ္ဂိုလ် ဟူလို။ဉာယိတ္ထာ ဉာတော။န+ဉာတော+အညာတော၊တံ-ဟပြု။

ခီဏာသဝံ၊ အာသဝေါလေးပါး ကုန်ခန်းပြီးသော။
ဝန္တဒေါသံ၊ အာသဝေါလေးပါး ကုန်ခန်းပြီးသောကြောင့် ရာဂစသော အပြစ်တို့ကိုထွေးအန်ပြီးသော။
တံ၊ ထိုပုဂ္ဂိုလ်ကို။
ဗြာဟ္မဏံ၊ 'ဗြာဟ္မဏ'ဟူ၍။
ဝါ၊ မကောင်းသောကိလေသာတို့ကို မျှောပြီးသော အရိယာရဟန္တာ ဗြာဟ္မဏ,ပရမတ္တဗြာဟ္မဏ,ဝိသုဒ္ဓိဗြာဟ္မဏဟူ၍။
အဟံ၊ ငါဘုရားသည်။
ဗြူမိ၊ ဟောတော်မူ၏။ဒန္တ-အရ စက္ခုစသော ဣန္ဒြေခြောက်ပါးတို့ကို သတိသမ္ပဇဉ်ဖြင့် ဆုံးမ-ထားသည့်အတွက် မျက်စိနားနှာ စသည်ကို အလွဲသုံးစားမပြုတော့၊ဣန္ဒြေရ၍ ယဉ်ကျေးသောပုဂ္ဂိုလ်ဟု ဆိုလိုသည်။
သာရေ ပတိဋ္ဌိတံ-၌ သာရ-အရ အရဟတ္တဖိုလ်ဟူသော အနှစ်သာရ၊တစ်နည်း-အသေက္ခ၏ သီလက္ခန္ဓစသော သီလာဒိ အနှစ်သာရကို ယူ။
ခီဏာသဝံ-သည် ဝန္တဒေါသံ-၏ ဟေတုမန္တဝိသေသန။အာသဝေါလေးပါးကုန်ခန်းပြီးဖြစ်သောကြောင့် ရာဂါဒိအပြစ်ဒေါသကို အန်ထုတ်ပြီးသော ပုဂ္ဂိုလ်ဟုဆိုလိုသည်။
(အယမ္ပိ ဥဒါနော ဘဂဝတာ ဝုတ္တော၊ ဝတိ မ သုတံ-ကိုလည်း ပေးမြဲပေးလေ)။ ဆဋ္ဌ ။