မေ၊ သည်။
ဧတံ၊ ဤဒုတိယဒဗ္ဗသုတ်ကို(ထည့်)။
ဧဝံ၊ ဤသို့။
သုတံ၊ အပ်ပါပြီ။
ဧကံ သမယံ၊ ၌။
ဘဂဝါ၊ သည်။
သာဝတ္ထိယံံ၊ သာဝတ္ထိမြို့၌။
အနာထပိဏ္ဍိကဿ၊ ၏။
အာရာမေ၊ အရံအခြံဖြစ်သော။
ဇေတဝနေ၊ ဇေတဝန်ကျောင်း၌။
ဝိဟရတိ၊ ၏။
ဘဂဝါ၊ သည်။
ဘိက္ခူ၊ တို့ကို။
ဝါ၊ ဘိက္ခုတို့ဟူ၍။
အာမန္တေသိ ခေါ၊ ခေါ်တော်မူသည်သာ။**တတြ ခေါအနက်**။ ။ တတြ နိပါတ်ကား "ဘဂဝါ ဘိက္ခူ အာမန္တေသိ"ဟူသော ဆိုအပ်လတ္တံံ့ စကားကို ထွန်းပြရုံသာ။သီးခြားအနက်မရှိ၊ နိပါတ်မျှ။ခေါ-ကား အဝဓာရဏတ္တ။ယင်းခေါ-နိပါတ်ဖြင့် ဘုရားရှင်၏ ရဟန်းတို့ကို ခေါ်တော်မူရာ၌ ထိုခေါ်တော်မူခိုက်ဝယ် သက်ရှိသက်မဲ့အသံတွေ ဆူညံ နေခြင်းကြောင့် မကြားရခြင်း။တစ်စုံတစ်ခုသော အကြောင်းကြောင့် ခေါ-မဖြစ်ခြင်း မကြားရခြင်း-ဟူသော အန္တရာယ် လုံးဝမဖြစ်-ဟု သိစေသည်။တစ်နည်း- တတြ၊ တသ္မိံ၊ ထိုအနာထပိဏ်၏ အာရာမ်ခြံ၌။ဘဂဝါ၊ သည်။ ဘိက္ခူ၊ တို့ကို။အာမန္တေသိ၊ ခေါ်တော်မူပြီ=ဟု ပေးလေ။တတြ-ဖြင့် အရာမ် ခြံကိုစွဲ။ခေါကား ဝစနာလင်္ကာရအနက်မဲ့။ ဋ္ဌ။
အခေါ်နှင့် အထူးကွဲပြားပုံ။ ။ ဘိက္ခဝေါ-ဖြင့် ဘုရားရှင်၏ ရဟန်းတို့အား ခေါ်တော်မူပုံကို ပြသည်။ဘဒန္တေဖြင့် ဘုရားရှင်အား ရဟန်းတို့က စကားတုံ့ပြန်ပုံကို သိစေသည်။ဘုရားရှင်က ရဟန်းတို့အား ဘိက္ခဝေါ-ဟု နှုတ်မြွက်ခြင်းကို ခေါ်-သည်ဟု လောက၌ အသိအမှတ်ပြုသည်။အခေါ်ခံရသော ရဟန်းတို့က ဘုရားရှင်အား ဘဒန္တေ-ဟု တုံ့ပြန်ခေါ်ခြင်းကိုပင် ထူး-သည်ဟု လောက၌ အသိအမှတ်ပြု၏။ခေါ်သည် ထူးသည်ဟူသည် စင်စစ်အားဖြင့် ဘိက္ခဝေါ-ဟု ဘုရားရှင်က ခေါ်သလို အခေါ်ခံရသောရဟန်းတို့ကလည်း ခေါ်သောဘုရားရှင်အား တုံ့ပြန်ခေါ်ခြင်းပင်။တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ခေါ်ခြင်းကိုပင်ခေါ်သည် ထူးသည်-ဟု လောက၌ သုံးနှုန်းကြ၏။ဥပမာ-တကယ် မင်းသား မင်းသမီးဖြစ်ဖြစ်, ပွဲထဲမှ မင်းသားမင်းသမီးဖြစ်ဖြစ် တစ်ဦးနှင့်တစ်ဦး " မောသလား မောသလား မောင်ရေ့၊ မမောပေါင် မမောပေါင် မမောပေါင်ခင်ရေံ"ဟု အမေးအဖြေပြုလုပ်ရာ၌ မောင်ရေဟူသော စကားလုံးရော ခင်ရေ ဟူသော စကားလုံးရော နှစ်ခုလုံးသည် ခေါ်သော စကားလုံးချည်းဖြစ်သည်။သို့သော် စတင်ခေါ်သူ၏စကားလုံးကို ခေါ်သည် အခေါ်ခံရသူ၏ တုံ့ပြန်သောစကားကိုတော့ ထူးသည်ဟု ခွဲခြားအသိအမှတ်ပြုကြသည်။ ဋ္ဌ။

**"ဘိက္ခဝေါ"တိ**၊ ရဟန်းတို့ဟူ၍။
တေ ဘိက္ခူ၊ ထိုအခေါ်ခံရသော ရဟန်းတို့၏။
ဘဂဝတော၊ ၏။
ဝစနံ၊ ခေါ်တော်မူအပ်သောစကားကို။
"ဘဒန္တေ"တိ၊ အရှင်ဘုရားဟူ၍။
ဝါ၊ ဘဒန္တေ'ဟူ၍။
ပစ္စဿောသုံ၊ ရှေုးရှုနာကြကုန်ပြီ။
ဘဂဝါ၊ သည်။
ဧတံ၊ ဤ ဒုတိယဒဗ္ဗသုတ်ကို။
အဝေါစ၊ ဟောတော်မူပြီ။
ဘိက္ခဝေ၊ တို့။
မလ္လပုတ္တဿ၊ သော။
ဒဗ္ဗဿ၊ ၏။
ဝေဟာသ၊ ကောင်းကင်သို့။
အဗ္ဘုဂ္ဂန္တွာ၊ ပျံတက်၍။
အန္တလိက္ခေ၊ သော။
အာကာသေ၊ ထက်ကောင်းကင် ၌။
ပထဝိံ၊ မြေကြီးကို။
နိမ္မိနိတွာ၊ ဖန်ဆင်း၍။
ပလ္လင်္ကေန၊ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့်။
နိသီဒိတွာ၊ ထိုင်နေ၍။
တေဇောဓာတုံ၊ တေဇောကသိုဏ်းကို။
သမာပဇ္ဇိတွာ၊ ဝင်စား၍။
ဝုဋ္ဌဟိတွာ၊ ထိုသမာပတ်မှထ၍။
ပရိနိဗ္ဗုတဿ၊ အပူခပ်သိမ်း ကင်းငြိမ်းပြီးသော။
သရီရဿ၊ ဥတုဇရုပ်ကလာပ်က်ို။
ဈာယမာနဿ၊ အလျှံတပြောင်ပြောင် တောက်လောင်အောင် ပြုအပ်စဉ်။
ဒယှမာနဿ၊ ရှို့မြှိုက်အပ်စဉ်။
ဆာရိကာ၊ ပြာသည်။
နေဝ ပညာယိတ္တ၊ မထင်ရှား။
ဝါ၊ မမြင်ရ။
မသိ၊ မီးသွေးသည်လည်း။
န ပညာယတ္တိ၊ မထင်ရှား။
ဝါ၊ မမြင်ရ။
သပ္ပိဿဝါ၊ ထောပတ်ကိုလည်းကောင်း။
ဝါ၊ သည်လည်းကောင်း။
တေလဿဝါ၊ ဆီကိုလည်းကောင်း။
ဝါ၊ သည်လည်းကောင်း။
ဈာယမာနဿ-ဇာလိယမာနဿ၊ အလျှံပြောင်ပြောင်တောက်လောင်နေစဉ်။
ဒယှမာနဿ၊ ရှို့မြှိုက်အပ်စဉ်။
ဝါ၊ အလျှံရဲရဲ မီးကြီးစွဲနေစဉ်။
ဆာရိကာ၊ ပြာသည်။
နေဝပညာယတိ သေယျထာပိနာမ၊ မထင်ရှားမမြင်ရသကဲ့သို့။
မသိ၊ မီးသွေးသည်။
နပညာယတိ သေယျထာပိနာမ၊ မထင်ရှားမမြင်ရသကဲ့သို့။ဈာယမာနဿ အနက်ပေး
ဈာယမာနဿာတိ ဇာလိယမာနဿ၊ ဒယှမာနဿာတိ တဿေဝ ဝေစနံနှင့်အညီ ပေးသည်။" အဂ္ဂိနာ ကုဋိံ ဈာပေတိ"၌ ကုဋိံဟူသော ကာရီတ်ကံကို ထောက်လျှင် "ဈာယမာနဿ"သည် သကာရိကမဟုတ်သော အကမ္မက သုဒ္ဓကတ္တုရုပ်သာ ဖြစ်သင့်သည်။ယင်းသို့ဖြစ်သော် "ဈာယမာနဿ" ပုဒ်ကို "သရီရဿ၊ သည်။ဈာယမာနဿ၊ လောင်ကျွမ်းသည်ရှိသော်"ဟု သာပေးရမည်ကဲ့သို့ ဖြစ်၏။သို့သော် အထက်ပါ ဇာလိယမာနဿ, ဒယှမာနဿာတိ တဿေဝ ဝေဝစနံ-ဟု ဖွင့်ဆိုသောကြောင့်နှစ်ပုဒ်လုံးကို ကမ္မရုပ် အနေဖြင့် အနက်ယောဇနာလိုက်သည်။အထ ဝါ ဈာယမာနဿာတိ ဇာလာပဝတ္တိက္ခဏံ သန္ဓာယ ဝုတ္တံ။ ဒယှမာနဿာတိ ဝီတစ္စိတင်္ဂါရက္ခဏံ-ဟူသော ဋ္ဌ-ဒုဝိကပ်အလို သရီရဿ၊ သည်။ဈာယမာနဿ၊ အလျှံပြောင်ပြောင် တောက်လောင်နေစဉ်။ဒယှမာနဿ၊ အလျှံရဲရဲ မီးကြီးစွဲကာ လောင်မြှိုက်နေစဉ်-ဟု ကတ္တုရုပ်ချည်းပေးရမည်ကဲ့သို့ ရှိ၏။အဋ္ဌကထာ နှစ်ဝိကပ်လုံးကြိုက်ကြိုက် တစ်ဝိကပ်သာကြိုက်ကြိုက် တစ်ခုခု စိတ်ကြိုက်ပေးလေ။ ။

ဧဝမေဝံ ခေါ၊ ဤအတူသာလျှင်။လ။
ဆာရိကာ၊ ပြာသည်။
နေဝ ပညာယိတ္တ၊ မထင်ရှား။
ဝါ၊ မမြင်ရ။
မသိ၊ မီးသွေးသည်လည်း။
န ပညာယိတ္တ၊ မထင်ရှား။
ဝါ၊ မမြင်ရ။
အထ ခေါ၊ ၌။
ဘဂဝါ၊ သည်။
ဧတမတ္ထံ၊ မလ္လမင်း၏သား အရှင်ဒဗ္ဗ၏ ပရိနိဗ္ဗာန်စံပုံ အခြင်းအရာဟူသော ဤအနက် အဓိပ္ပါယ်ကို။
ဝိဒိတွာ၊ ၍။
တာယံ ဝေလာယံ၊ ၌။
ဣမံ ဥဒါနံ၊ ကို။
ဥဒါနေသိ၊ ပြီ။
အယောဃန ဟတဿေဝ (လ) အပတ္တံ အစလံ သုခ"န္တိ၊ သုခံဟူသော။
အယောဃနဟတဿ၊ တစ်ခဲနက်သောသံတူဖြင့် ရိုက်ခတ်အပ်သော။
ဇာလတော၊ အလျှံထိန်ညီးနေသော။
ဇတဝေဒဿ၊ မီးသည်။
အနုပုဗ္ဗံ၊ အစဉ်အတိုင်း။
ဝါ၊ တဖြည်းဖြည်း။
ဥပသန္တဿ၊ ငြိမ်းအေးချုပ်ပျောက်သွားသည်ရှိသော်။
တစ်နည်း-အယောဃနဟတဿ၊ တစ်ခဲနက်သောသံတူဖြင့် ရိုက်ခတ်အပ်သည်ဖြစ်၍။
ဥပ္ပန္နဿ၊ ဖြစ်ပေါ်သော။
သဒ္ဒဿ၊ ထုနှက်ရိုက်ခတ်သံသည်။
အနုက္ကမံ၊ အစဉ်အတိုင်း။
ဝါ၊ တဖြည်းဖြည်း။
ဥပန္တဿ၊ ချုပ်ငြိမ်းပျောက်သွားသည်ရှိသော်။
တဿ၊ ထိုမီး၏။
ဝါ၊ အသံ၏။
ဂတိ၊ ဖြစ်ရာ အရပ်ကို။
န ဉာယတေ ယထာ၊ မသိအပ်သကဲ့သို့။
ဧဝံ၊ ဤအတူ။
သမ္မာဝိမုတ္တာနံ၊ မှန်ကန်သော အရိယာမဂ်လမ်းစဉ်ဖြင့် ဥပါဒါန် အာသဝေါတို့မှ လွတ်မြောက်တော်မူကြကုန်သော။
ကာမဗန္ဓော-ဃတာရိနံ၊ ကာမအနှောင်အဖွဲ့ဟူသော ဿြဃလေးပါးကို ကူးမြောက်တော် မူပြီးကုန်သော။
အစလံ၊ ကိလေသာ မုန်တိုင်းတို့ မတိုက်ခတ်အပ်သည်ဖြစ်၍ တုန်လှုပ်ခြင်းမရှိသော။
သုခံ၊ အနုပါဒိသေသ တည်းဟူသော နိဗ္ဗာန်ချမ်းသာကို။
ဝါ၊ သို့။
ပတ္တာနံ၊ ရရောက်တော်မူကြသော ရဟန္တာအရှင်မြတ်တို့၏။
ပညာပေတုံ၊ ခေါ်ဝေါ် ပညတ်ခြင်းငှာ။
ဂတိ၊ လားရောက်ရာသည်။
နတ္ထိ၊ ဘယ်လိုပင် ရှာဖွေရှာဖွေ မရှိရိုးအမှန်ပါပေ။
တဿုဒ္ဓါန နှင့် ဥဒါနေ ဝဂ္ဂါနမုဒ္ဒါန နှစ်မျိုးလုံး ခေါင်းစဉ်မာတိကာကြည့်ကာ သိနိုင်၏။လွယ်ပြီ။